အခန်း ၁၃
Vol. 2 Ch. 13
13 01
Chapter 13 ရှင်က လူကောင်းတစ်ယောက်ပဲ။
သူမဆီကို လျှောက်သွားရင်း ရှန်ရန်ချင်း၏ ရင်ထဲ အနည်းငယ်တင်းကျပ်နေသည်။ “နန်ကော”
သူ သူမနာမည်ကို ထပ်ခေါ်လိုက်ပြီး သူမဆီက လှုပ်ရှားမှုတစ်စုံတစ်ရာမရှိဘဲ လက်ထောက်ယွမ်ကို ငေးပြီး စိုက်ကြည့်နေတာကို တွေ့ရတယ်။
ရှန်ရန်ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး လက်ထောက်ယွမ်ကို ကြည့်လိုက်တယ်။
မျက်မှန်အောက်က အနက်ရောင်မျက်လုံးတွေဟာ အနည်းငယ်ကျဉ်းမြောင်းသွားပြီး မမြင်ရတဲ့ ဖိအားအရှိန်အဝါတွေကို ထုတ်လွှတ်နေတော့တယ်။
“.....”
လက်ထောက်ယွမ်ရဲ့ ဦးရေပြားတစ်ခုလုံး ပူထူသွားပြီး လက်ထဲက ကိုင်ထားတဲ့ ခွက်ကိုတောင် ခွဲမိတော့မတတ်ဘဲ။
သူဟာ ကျောင်းပြီးကတည်းက ရှန်ရန်ချင်းအတွက် အလုပ်လုပ်လာတာမို့ သူရဲ့ အကြည့်နဲ့ ရင်းနှီးပြီးသား။
“အမ် မိန်းကလေးနန်ကောက စားသောက်ဆိုင်ကနေ သစ်သီးဝိုင်ယူလာတာ ဥက္ကဌက အရက်နဲ့ ဓာတ်မတည့်ဘူးလို့ ကျွန်တော်ပြောပြနေတာ...”
တကယ်တော့ ကျန်တဲ့အကြောင်းအရာတွေက မိမိကိုယ်ကို သက်သေထူတာ။
ရှန်ရန်ချင်းက “ကောင်းပြီ ဒါဆိုလည်း သွားစားတော့”
လက်ထောက်ယွမ်က သူခွင့်လွှတ်ခံရပြီလို့ ခံစားလိုက်ရတာနဲ့ လျင်မြန်စွာပဲ လှစ်ခနဲထွက်သွားတော့တယ်။
မကြာဘူး။ကော်ရစ်တာတစ်ခုလုံး တိတ်ဆိတ်သွားပြန်ပြီး ရှန်ရန်ချင်းနဲ့ နန်ကောပဲ ကျန်ခဲ့တယ်။
“ကိုယ်တို့ အထဲမှာ ပြောကြမလား” ရှန်ရန်ချင်းက အသံတိုးတိုးလေးနဲ့ မေးတယ်။
နန်ကောက မျက်တောင်ခတ်လိုက်ပြီး စကားတော့ မပြောရဲသေး။
ဒါကို မြင်တော့ ရှန်ရန်ချင်းက အနည်းငယ် တုံ့ဆိုင်းသွားပြီး သူမရဲ့ လက်ကောက်၀တ်ကို အသာအယာဆွဲကိုင်ကာ “အထဲမှာ ပြောရအောင်”
နန်ကောက တစ်ခုခုပြောဖို့ လုပ်လိုက်ပေမဲ့ အဆုံးမှာတော့ သူမဟာ နာနာခံခံနဲ့ပဲ ပါးစပ်ကို ပိတ်လိုက်ပြီး သူမကို အထဲကို ဆွဲခေါ်သွားခွင့်ပေးလိုက်တော့တယ်။
သူတို့၂ယောက် ပျောက်သွားတဲ့အခါ အလုပ်ခုံတွေကနေ ခေါင်းအချို့ ဖြည်းဖြည်းချင်းထောင်လာပြီး ဦးဆောင်သူကတော့ လက်ထောက်ယွမ်။
မြောင်မြောင်က ပီဇာတစ်ကိုက်ကိုက်ပြီး ဒီမငြိမ်သက်တဲ့ အခြေအနေကို ကြည့်နေခဲ့တယ်။ “ရှင် နန်ကောကို ကော်ဖီသွားပို့ပေးချင်သေးလား”
“မင်း မမြင်ဘူးလား” လက်ထောက်ယွမ်က သူမကို စိုက်ကြည့်လိုက်ပြီး “ငါတို့က ဆိုးရွားတဲ့အခြေအနေထဲ ရောက်နေတာကို ကော်ဖီအကြောင်း ပြောနိုင်သေးတယ်နော်!”
“မင်း အခုသာ ကော်ဖီသွားပို့ရင် မင်းရဲ့ ဘယ်ဘက်ခြေထောက်လေးတစ်ဖက်နဲ့တင် ရုံးခန်းထဲ ခြေလှမ်းမိလို့ဆိုပြီး မနက်ဖြန် မနက်ကျ အရင်ဆုံး အလုပ်ထုတ်ခံနေရမယ်”
မြောင်မြောင်က “ငါတို့၂ယောက်မှာ ငါက အရင်အလုပ်ထုတ်ခံရမယ်ဆိုတာ ရှင် သေချာရဲ့လား”
“.....” ကောင်းရော သူမက တော်တော်အာရုံနောက်ဖို့ကောင်းတာပဲ။
_____
နန်ကောက ဆိုဖာကို ဖိထားပြီး လက်ထဲမှာတော့ ရှန်ရန်ချင်းရဲ့ နေ့လည်စာကို ကိုင်ထားဆဲ။
ခဏလောက် တုံ့ဆိုင်းနေပြီးမှ သူမက အစားအစာတွေကို စားပွဲပေါ်ချလိုက်ပြီး ဖြည်းဖြည်းလေး ခုံတစ်ဖက်ကို တွန်းပို့လိုက်တယ်။အဲ့နောက်တစ်ခါထပ်ပြီး တွန်းပို့လိုက်သေးတယ်။
ရှန်ရန်ချင်းဟာ အနောက်လှည့်ပြီး ထိုင်ချလိုက်တယ်။သူလှည့်ကြည့်လိုက်တဲ့အချိန် သူဟာ သူမရဲ့ လှုပ်ရှားမှုသေးသေးလေးတွေကို မြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။
သူမလူမိသွားတော့ ချက်ချင်းထိုင်ချလိုက်ပြီး သူမရဲ့လက်ကို ပေါင်ပေါ်တင်လိုက်တယ်။သူမက ထူထဲတဲ့ ဂျတ်ကတ်တစ်ထည်ကို ၀တ်ဆင်ထားတယ်။ရှန်ရန်ချင်း သူမကို ကြည့်နေတာကို သတိထားမိတော့ သူမက ခေါင်းကို ငုံ့ချလိုက်ပြီး သူမရဲ့ မျက်နှာတစ်၀က်ကို ကျယ်ပြန်တဲ့ အင်္ကျီကော်လံကြီးထဲ နစ်မြုပ်ထားလိုက်တာ မသိရင် ငုံးဥလေးလိုပဲ။
13 02
သူမ သူ့ကို တမင်တကာ ရှောင်နေမှန်း မြင်ရတော့ ရှန်ရန်ချင်းက အကြည့်လွှဲလိုက်ပြီး သူမအတွက် ရေတစ်ခွက်ထည့်ပေးတယ်။ “ဒါ နွေးတယ်”
သူက ထလိုက်ပြီး သူမရှေ့မှာ ရေခွက်ကို ချပေးတယ်။
ဒါပေမဲ့ သူအနားရောက်လာတော့ နန်ကောက အနောက်ကို အလိုလိုဆုတ်သွားတယ်။ရှန်ရန်ချင်းရဲ့ လက်က လေထဲတင် ရပ်တန့်သွားပြီး သူ့မျက်လုံးတွေဟာ အနည်းငယ်နက်မှောင်သွားတယ်။
နောက်တော့ ချက်ချင်းပဲ သူက ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ပြီး ခွက်ကို ချပေးလိုက်တယ်။အဲနောက် သူက သူ့နေရာသူ ပြန်သွားပြီး သူမနဲ့ ဝေးဝေးမှာ နေပေးလိုက်တယ်။
လေထုဟာ နားမလည်နိုင်လောက်အောင်ကို ကြောင်တောင်တောင်နိုင်လွန်းတယ်။
နန်ကောရဲ့ လက်တွေက ယောက်ယက်ခက်နေကာ ကူကယ်ရာမဲ့ပြီး မလွယ်ကူသလို ခံစားရတယ်။
သူမက အမှားလုပ်တဲ့သူပဲ။
'ဒါပေမဲ့...ဟင်း' နန်ကောဟာ လေကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်ကာ စိတ်အနည်းငယ်ရှုပ်နေတယ်။
အတန်ကြာ တုံ့ဆိုင်းနေပြီးတဲ့နောက်မှာတော့ သူမက “အမ် ကျွန်မတောင်းပန်ပါတယ်...”
“ဟိုနေ့က ကိစ္စ...”
သူတို့၂ယောက်လုံးဟာ တစ်ချိန်တည်း စကားထပြောကြတာ။မထင်မှတ်ဘဲ အသံက တစ်ပြိုင်တည်း ထွက်လာတယ်။
နန်ကောက အံ့ဩသွားတယ်။
ရှန်ရန်ချင်းက နူးညံ့စွာ ပြုံးပြပြီး “ကိုယ်အရင်ပြောလိုက်မယ်”
“ကောင်းပြီ” သတ္တိတွေ စုဆောင်းထားတဲ့ နန်ကောဟာ တိတ်တဆိတ်ပဲ နောက်ပြန်ဆုတ်လိုက်တယ်။
“လက်ထောက်ယွမ်က တကယ်တော့ အဲနေ့က ဘာဖြစ်ခဲ့လဲဆိုတာ သေချာသိတာမဟုတ်ဘူး သူ ခုနက မင်းကို တစ်ခုခုမဟုတ်တာပြောမိခဲ့ရင် ကိုယ်တောင်းပန်တယ် အရမ်းမတွေးနဲ့”
“ကိုယ် အရက်နဲ့ အလတ်ဂျစ်ရှိတာက မှန်တယ် ဒါပေမဲ့ ကိုယ် အဲနေ့က အများကြီးမသောက်ခဲ့ပါဘူး အဲနေ့က ကိုယ် တစ်ငုံပဲ သောက်ခဲ့တာကို မင်းမှတ်မိသင့်တယ်”
“အဲတုန်းက အဲလောက်ကြီးလည်း မဟုတ်ပါဘူး သေချာစဉ်းစားကြည့်ရင် မင်းသာ ကိုယ်အလတ်ဂျစ်ရှိမှန်းသိရင် မင်း ကိုယ့်ကို သောက်ခိုင်းမှာ မဟုတ်ဘူးလေ ဟုတ်လား”
သူ့လေသံဟာ ညင်သာနေခဲ့ပြီး သူမကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးရှာတယ်။
နန်ကောက ခက်ခက်ခဲခဲနဲ့ ခေါင်းငြိမ့်လိုက်ပြီး နာခံစွာ ပြောလိုက်တယ်။ “ဟုတ်တယ် မှန်တယ်!”
ဟုတ်တယ်။အဲဒါအမှန်ပဲ။
သူသာ အရက်နဲ့ ဓာတ်မတည့်မှန်း သူမကို ပြောခဲ့မယ်ဆိုရင် သူမက စကားတစ်လုံးမှ မဆိုဘဲ လှည့်ထွက်သွားခဲ့မှာ။
သူမက သူ့ကို အတင်းတိုက်ခဲ့မှာ မဟုတ်ဘူး။
“ကိုယ် အခြေအနေကို သေချာမရှင်းပြခဲ့သလို မင်းလည်း ကိုယ့်ကို အတင်းဖိအားပေးတာတော့ မဟုတ်ပါဘူး ကိုယ့်သဘောနဲ့ကိုယ် သောက်ခဲ့တာပါ အဲတော့ ကိုယ့်အမှားပဲ မင်းကိုယ်မင်း အပြစ်တင်စရာမလိုဘူး”
နန်ကောက လွဲနေသလို ခံစားရပြန်တယ်။သူမက ခဏတုံ့ဆိုင်းသွားပြီး တုံ့ပြန်တယ်။ “ဒါပေမဲ့...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ရှင့်ကို သွယ်ဝိုက်တဲ့နည်းနဲ့ အလတ်ဂျစ်ဖြစ်စေခဲ့တာ”
“ရှင်က ဂိမ်းကစားနေခဲ့ရုံပဲ အစမှာ ရှင် ကျွန်မကို ငြင်းကတည်းက ကျွန်မ ထွက်သွားခဲ့ရမှာ”
သူမ ဘယ်လောက်ပဲ တုံးအနေပါစေ။ရှန်ရန်ချင်းက သူမကို သတိထားမိပြီးနောက် သောက်နိုင်အောင်လို့ ကူညီပေးခဲ့တယ်ဆိုတာ သူမပြောနိုင်တယ်။
သူက သူမသောက်တတ်ဘူးဆိုပြီး လိမ်ခဲ့တာ။
လွန်ခဲ့တဲ့၂ရက်က သူမဒီအကြောင်းပြောတော့ သူက တောက်လျှောက် တောင်းပန်နေခဲ့ပြီး သူ့ရဲ့ အရက်အလတ်ဂျစ်အကြောင်း အမှန်တိုင်း မပြောပြခဲ့ဘူး။သူမ ကိုယ့်ကိုယ်ကို အပြစ်တင်မှာကို သူ ကြောက်နေခဲ့တာ။
အခုလို တွေးလိုက်တော့ နန်ကောဟာ သူမရဲ့ နှုတ်ခမ်းကို ဖိလိုက်ပြီး တောင်းပန်သင့်တယ်လို့ ခံစားရတယ်။
“ကျွန်မတောင်းပန်ပါတယ် အရက်နဲ့ အလတ်ဂျစ်ရှိရှင် အရေးကြီးတဲ့ ကိစ္စတစ်ခုဆိုတာ ကျွန်မသိပါတယ်”
နန်ကောက တောင်းပန်တာဟာ အပေါ်ယံဖြစ်နေသေးသလို ခံစားလိုက်ရပြီး မတ်တပ်ရပ်ကာ သူ့ကို သေချာကြည့်လိုက်တယ်။လေးနက်စွာ ဦးညွတ်ပြီး “ရှင်က လူကောင်းပါ! ကျွန်မ တောင်းပန်ပါတယ်!”
အမြဲတည်ငြိမ်နေခဲ့တဲ့ ရှန်ရန်ချင်းတောင်မှ ဒီဖြစ်စဉ်ကို မြင်တော့ ၂စက္ကန့်လောက် အံ့ဩသွားတယ်။သူအသိပြန်၀င်တော့ သူမကို ကူညီဖို့ သူက အရှေ့ကို တိုးလိုက်တယ်။သူ့ရင်ဘတ်က နာကျင်သွားပြီး အနည်းငယ်လည်း ရယ်ချင်မိသွားတယ်။သူ အနည်းငယ်ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး “နန်ကော...ဒီကိစ္စက တကယ် အဲလောက် အရေးမကြီးပါဘူး”
ဒီကောင်မလေးက ဘာလို့ သိပ်ချစ်စရာကောင်းရတာလဲ။
13 03
တကယ်လို့ အခြားလူသာဆိုရင် ဟန်ဆောင်နေတယ်လို့ပဲ သူ ထင်မိမှာဆိုပေမဲ့ အခုက နန်ကောဖြစ်နေတယ်။
နန်ကောရဲ့ တွေးခေါ်ပုံနဲ့ဆိုရင် သူမက ဦးညွတ်ပြီး တောင်းပန်တာနဲ့ ပတ်သတ်ပြီး အတည်ဆိုတာ သူခံစားလို့ ရတယ်။
တစ်နေ့က လက်ထောက်ယွမ်ရဲ့ ဟာသတုန်းကဆိုရင် နန်ကောက နေရာမှာတင် သူ့ကို ခယတောင်းပန်လုနီးနီး စိတ်ရင်းနဲ့ ဖြစ်နေခဲ့တာ။
နန်ကောဟာ သူ့ကို ကြည့်ဖို့ သူမခေါင်းကို မမော့ရဲဘူး။မတတ်နိုင်ပေမဲ့ သူမ မျက်လုံးတွေက ဂနာမငြိမ်ဖြစ်နေပြီ။
“အဲနေ့က ဆေးရုံမှာ ဘယ်လောက်ကုန်လိုက်လဲ။ ကျွန်မပြန်ပေးပါမယ်”
“အဲလောက်ကြီး မဖြစ်ခဲ့တာမို့ အဲလောက် မကုန်ပါဘူး ကိုယ် သွေးသွင်းဖို့တောင် မလိုခဲ့ဘူး ဆေးပဲ သောက်ခဲ့တာ”
“အဲလိုဆိုလည်း မရဘူး” နန်ကောက သူ့ကို နားမထောင်ဘဲ ဖုန်းကို ထုတ်လိုက်တယ်။သူမက ဒေါ်လာ၅၀၀ကို တိုက်ရိုက်ပဲ သူ့ဆီလွှဲလိုက်တယ်။ “ကျွန်မ ဒါကို ပေးဖို့လိုတာက လိုတာပဲ ဒါက မတူညီတဲ့ ကိစ္စပဲ ကျေးဇူးပြုပြီး လက်ခံပေးပါ”
နန်ကောဟာ တွန့်ဆုတ်စွာနဲ့ ကုတ်နံပါတ်ကို ထည့်နေခဲ့တယ်။ဟူး သူမ အလုပ်ထဲမှာ ပိုက်ဆံကို ဆုံးရှုံးသွားရပြန်ပြီ။
“ရှင် ဒါကို လက်ခံရမယ်! တကယ်လို့ လက်မခံဘူးဆိုရင် ကျွန်မ ရှေ့ဆက်ပြီး အခြားလူတွေကိုပဲ ဒလီပို့တော့မယ် ဒီကို မပို့တော့ဘူး”
“ဘာလို့လဲ”
နန်ကောက သူမရင်ဘတ်ပေါ် လက်တင်ပြီး “ဘာလို့ဆို ရှင်က အရမ်းသဘောကောင်းလွန်းလို့ တကယ်လို့ ကျွန်မ ရှင့်ဆီ ထပ်လာရင် အပြစ်ရှိစိတ် ခံစားရတော့မှာ”
တကယ်တော့ ဒီလိုသာဆက်ဖြစ်နေရင် သူမ နေ့တိုင်း ပိုက်ဆံတွေ ဆုံးရှုံးရမှာကို ကြောက်တာပါ။
သူမ ဒီကို လာတာ ကား၀ယ်ဖို့အတွက် ပိုက်ဆံရအောင်လို့ပါ။အလှူလုပ်ဖို့မှ မဟုတ်တာ။
ရှန်ရန်ချင်းက သူမကို တစ်ချက်ကြည့်ပြီး သူမလွှဲပေးလိုက်တဲ့ ဒေါ်လာ၅၀၀ကို ကြည့်လိုက်တယ်။ကမ္ဘာပေါ်က အပြင်းထန်ဆုံး ပြဿနာတစ်ခုနဲ့ ကြုံနေရပြီး အရှုံးနဲ့ ရင်ဆိုင်လိုက်ရသလို သူ ခံစားရတယ်။
လက်ထောက်ယွမ် သူ့ကို ပြောဖူးတယ်။ဒလီသမားတွေဟာ ကော်မရှင်ခရပြီး အော်ဒါတစ်ခုကို ဒေါ်လာအနည်းငယ်ဆီ ရတယ်တဲ့။နန်ကောလို သီးသန့်စားသောက်ဆိုင်တစ်ခုအတွက် ဒလီသမားဆိုရင်တော့ ကော်မရှင်ခက ပိုများလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လာ၅၀၀ကတော့ နန်ကောအတွက်တောင်မှ နည်းနည်းများတဲ့ ပမာဏပဲ။
တစ်ခုခုကို စဉ်းစားနေရင်းပဲ ရှန်ရန်ချင်းဟာ ပိုက်ဆံကို လက်ခံလိုက်ပြီး ချက်ချင်းပဲ ဒလီအက်ပ်ကို ဖွင့်လိုက်တယ်။သူက မုန့်ဖိုးပေးတဲ့ လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီး ပမာဏအချို့ ထည့်လိုက်တယ်။
******