← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

14 01

Chapter 14 ငါတို့၂ယောက်ကြားက နားလည်မှုလွဲခြင်း။

ရှန်ရန်ချင်း ဘာလုပ်နေလဲဆိုတာ နန်ကော မသိဘူး။သူမအာရုံက သူမဖုန်းကိုပဲ ရောက်နေခဲ့တယ်။လွှဲလိုက်တဲ့ ဒေါ်လာ၅၀၀ကို တစ်ဖက်က လက်ခံလိုက်ပြီလို့ ပြနေတယ်။

တွန့်ဆုတ်စွာနဲ့ သူမ နောက်တစ်ခါ ထပ်ကြည့်မိတယ်။

နန်ကောမှာ မဟောဟဲဘဲကို မနေနိုင်။ရင်ဘတ်ထဲက ထက်ရှတဲ့ နာကျင်မှုက သူမဖုန်းကို ပိတ်ပစ်လိုက်ဖို့ တိုက်တွန်းနေတယ်။

မျက်စိရှေ့က ပျောက်ကွယ်သွားစမ်း။ခေါင်းထဲက ထွက်သွားစမ်း။

“အမ် တကယ်လို့ ဘာမှ မရှိတော့ဘူးဆိုရင် ကျွန်မ အရင်ပြန်လို့ရလား”

ဒီမှာ နေရတာတစ်မျိုးကြီးဖြစ်နေတာမို့ နန်ကောဟာ ပြန်ဖို့ အကြောင်းပြချက်ရှာတော့တယ်။

“စာမေးပွဲတွေ လာတော့မယ် ကျွန်မပြန်ပြီး စာလေ့လာဖို့ လိုတယ်”

ချက်ချင်းလိုလိုပဲ သူမလက်ထဲက ဖုန်းဟာ မထင်မှတ်ဘဲ အသံမြည်ပြီး အထူးအချက်‌ပေးသံကိုပါ ကြားရတယ်။

နန်ကောဟာ ဘာဖြစ်နေမှန်း မသိတာမို့ သူမဖုန်းကို ချက်ချင်းစစ်ကြည့်လိုက်တယ်။

[မုန့်ဖိုးလက်ခံရရှိမှု။အသုံးပြုသူရှန်**က ၁၈၈ဒေါ်လာ လွှဲလိုက်ပါတယ်။ကျေးဇူးပြုပြီး လက်ခံဖို့ နှိပ်ပါ။]

[မုန့်ဖိုးလက်ခံရရှိမှု။အသုံးပြုသူရှန်**က ၁၈၈ဒေါ်လာ...]

[မုန့်ဖိုးလက်ခံရရှိမှု။အသုံးပြုသူရှန်**]

[.....]

နန်ကော ဆွံ့အသွားတယ်။

နန်ကောရဲ့ ပထမဆုံးအတွေးက ဒါဟာ အွန်လိုင်းပေါ် မှာ သောင်းကျန်းနေတဲ့ ရူးကြောင်ကြောင်ကြော်ငြာအတုတွေဆိုတာပဲ။

ဒါပေမဲ့ သူမဟာ မျက်လုံးကို ပြူးပြီး ပိုသေချာကြည့်လိုက်တယ်။နေဦး။ဒီအသုံးပြုသူနာမည်ကို သူမ တော်တော်လေး ရင်းနှီးနေတယ်။

သူမ မတတ်နိုင်ဘဲ သူမဘေးက တစ်စုံတစ်ယောက်ကို ကြည့်လိုက်မိတယ်။

အချင်းချင်း တစ်‌ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီးနောက်မှာ ရှန်ရန်ချင်းဟာ တစ်မျိုးကြီးဖြစ်နေတယ်လို့ကို မခံစားခဲ့ရဘူး။

“တစ်ခါလွှဲရင် အော်ဒါတစ်ခုကို အများဆုံး ၁၈၈ဒေါ်လာပဲ ရတာမို့ ကိုယ် ခွဲခွဲပြီး လွှဲလိုက်တာ”

ရှန်ရန်ချင်းက ဒီလိုဒလီအက်ပ်မျိုးကို တစ်ခါမှ မသုံးဖူးဘူးဆိုပေမဲ့လည်း သူဟာ လျင်မြန်စွာ သင်ယူနိုင်ပြီး ချက်ချင်းနားလည်ခဲ့တယ်။

အဲနေ့က အက်ပ်ကို ဒေါင်းပြီးတော့ သူဟာ တစ်ချက်လောက် အကြမ်းဖျင်းကြည့်ရုံနဲ့ နားလည်သဘောပေါက်သွားတယ်။

လွန်ခဲ့တဲ့ရက်တွေထဲက သူက အော်ဒါတွေ မှာနေခဲ့ပြီး မုန့်ဖိုးပေးတဲ့လုပ်ဆောင်ချက်ကို သူ့ဟာသူ စုးစမ်းနေခဲ့တာ။ဒီလုပ်ဆောင်ချက်ကို သူ့ဟာသူ ရှာတွေ့ခဲ့တာ။

“ကိုယ် ဟိုနေ့က သေချာလေ့လာနေခဲ့တာ မုန့်ဖိုးက အက်ပ်ထဲက မဖြတ်ဘဲ လာပို့တဲ့လူဆီ အပြည့်ရောက်တယ်”

သူက သူမကို အာမခံချက်တောင် ပေးလိုက်သေး။

နန်ကောက တအံ့တဩနဲ့ သူ့ကို ကြည့်ပြီး သိချင်စိတ်နဲ့ မေးမိတယ်။ “ရှင့်ကုမ္ပဏီကရော အစားအစာဒလီပို့ဖို့ ကြံနေတာလား”

“ဟမ်”

“မဟုတ်ရင် ဘာလို့ လေ့လာစရာရှိလဲ”

“.....” ရှန်ရန်ချင်း တစ်ဖန်ဆွံ့အသွားရပြန်တယ်။

နန်ကောနဲ့ စတွေ့ကတည်းက နန်ကောရဲ့မေးခွန်းတွေကြောင့် သူဆွံ့အသွားရတာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်တော့ဘူး။

နန်ကောက သူမမေးခွန်းနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့တောင် မထင်မိဘူး။

ရှန်ရန်ချင်းရဲ့ ၀င်ငွေဟာ ဘီလီယံကနေ စမယ်ဆိုတာ အသေအချာပဲ။မိနစ်ပိုင်းအတွင်းမှာပဲ သူက မီလီယံ ဒါမှမဟုတ် ၁၀မီလီယံလောက်ကို ရနိုင်တယ်။ဒါတောင် သူ့မှာ အော်ဒါမှာတဲ့အက်ပ်ကို လေ့လာနိုင်ဖို့ အချိန်ရှိသေးတယ်ပေါ့လေ။

ရှန်ရန်ချင်းဟာ အစားအစာဒလီပို့တာနဲ့ ပတ်သတ်ပြီး စီးပွားရေးတစ်ခုခုစဖို့ အခွင့်အရေးကို ရှာတာကလွဲရင် တခြားဆီ‌လျော်တဲ့ အကြောင်းအရင်းကို နန်ကော ရှာမရဘူး။

တွေးကြည့်လိုက်တော့မှ...နန်ကောဟာ ခေါင်းငုံ့ပြီး သူမလက်ခံရရှိတဲ့ မုန့်ဖိုးတွေကို ရေလိုက်တယ်။တကယ်ကို မုန့်ဖိုး၁၀ခါပေးထားတာပဲ။

ဒေါ်လာ၁၈၈၀။

“ဘာလို့ ကျွန်မကို မုန့်ဖိုးအများကြီး ပေးရတာလဲ။ ရှင် ဒေါ်လာ၅၀၀ကို ပြန်ပေးဖို့ လုပ်နေတာလား”

“ရှင် ကျွန်မကို အများကြီးပေးဖို့ လိုလို့လား။ မသိရင် ကျွန်မက ရှင့်ငွေကို မက်နေတဲ့ပုံနဲ့တောင် တူနေပြီ”

ဒါဟာ ချမ်းသာတဲ့လူတွေ စီစဉ်တဲ့ ပုံစံလား။

ဒါဆို ဘာလို့ သူမငယ်ငယ်တုန်းက သူမအစ်ကိုအတွက် အလုပ်တွေ လုပ်ပြီး ပစ္စည်းတွေ ၀ယ်ပေးတုန်းက ဘာလို့ သူမအစ်ကိုက ဘာမှ မပေးခဲ့တာလဲ။အဲဒီ့အစား သူက သူမ၀က်စုဘူးထဲက ပိုက်ဆံတွေကိုတောင် ခိုးသုံးသွားသေးတယ်။

လူတွေကြားမှာ အဲလောက်တောင် ကွာခြားချက် ရှိတာလား။

14 02

“အဲဒါက မင်းပေးတဲ့ ၅၀၀နဲ့ ဘာမှ မဆိုင်ဘူး” ရှန်ရန်ချင်းဟာ သူ့ဖုန်းကို သိမ်းလိုက်ပြီး သင့်လျော်တဲ့အကြောင်းပြချက်ကို ရှာလိုက်တယ်။ “အဲဒါက ဆေးဖိုးဆိုတော့ ငါလက်ခံလိုက်မယ် ငါပေးတဲ့ မုန့်ဖိုးကတော့ ဆေးဖိုးနဲ့ ဘာမှမဆိုင်ဘူး”

“မင်း အဲဒါကို မင်းရဲ့ အလုပ်အတွက် အသိအမှတ်ပြုတာလို့ ယူဆလို့ရတယ်”

“သိပါပြီ” နန်ကော နားလည်သွားပုံရတယ်။

ရှန်ရန်ချင်းက တော်တော်ဖွဲ့နွဲ့ပြောလိုက်သလိုမျိုး ခံစားရပေမယ့် အရိုးရှင်းဆုံးပြောရရင်တော့ အဲဒါက မုန့်ဖိုးလေးပေးရုံပါပဲ။

သူမ နားလည်တယ်။ဒါပေမဲ့ သူမ ပိုက်ဆံကို မယူသင့်ဘူးလို့ ခံစားနေရသေးတယ်။

“ကျွန်မက ရှင့်‌အော်ဒါအတွက် ကော်မရှင်ခ ယူပြီးပြီ အဲဒါက သင့်တင့်တဲ့ပမာဏလည်း ဟုတ်တယ်”

သူမအဖေဟာ ငယ်ငယ်လေးကတည်းက သူမကို အသိတရားနဲ့နေပြီး လောဘမကြီးဖို့ကို အမြဲသင်ကြားပြသပေးခဲ့တယ်။ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာကို သိသင့်တယ်။

သူမ ပိုက်ဆံလိုနေတယ်ဆိုပေမဲ့လည်း အလုပ်မလုပ်ဘဲနဲ့တော့ သူမ ပိုက်ဆံကို မယူချင်ဘူး။

ရှန်ရန်ချင်းဟာ အခြေအနေကို စိုးရိမ်ခြင်းတစ်စက်မရှိသလို သေချာသတိမမူမိဘဲ “ဒီအက်ပ်မှာ ဒီလုပ်ဆောင်ချက်ကို ထည့်ထားတယ်ဆိုကတည်းက မုန့်ဖိုးကို လက်ခံလို့ဖြစ်ပါတယ်”

“ကိုယ်တို့တွေ ကိုယ်တို့ရဲ့ သရုပ်မှန်ကို ခဏဘေးဖယ်ထားပြီး မင်းက ဒလီသမား ကိုယ်က ဖောက်သည်ဆိုလို့ရှိရင် ကိုယ် မင်းကို မုန့်ဖိုးပေးတာက ပြဿနာမရှိဘူးမလား”

“အင်း” နန်ကောက ခေါင်းငြိမ့်ပြတယ်။ဦးနှောက်ဆေးခြင်းအမှု အလုပ်ဖြစ်သွားတယ်။ “ရှင်ပြောတာလည်း မှန်တယ်”

ဒါကို မြင်တော့မှ ရှန်ရန်ချင်းဟာ စိတ်သက်သာရာရစွာနဲ့ ပြုံးပြီး တစ်ချိန်တည်းမှာ စကားလမ်းကြောင်းကိုပါ လွှဲလိုက်တော့တယ်။

“စားရအောင် မင်း ပြီးရင် ပြန်သွားပြီး စာလုပ်ဖို့ ရှိသေးတယ်မဟုတ်ဘူးလား”

_____

သူမ ရှန်ရန်ချင်းရဲ့ နှုတ်ထောင်ချောက်ထဲ ကျသွားတယ်ဆိုတာကို ဟွားရှန်အဖွဲ့အစည်းကနေ သူမရဲ့ လန်ဘော်ဂီနိကြီးကို မောင်းလာတဲ့အထိ သူမ သတိမထားမိခဲ့ဘူး။

ထင်တဲ့အတိုင်းပဲ သူဟာ စီးပွားရေးလုပ်ငန်းရှင်ကြီး။နန်ကော သက်ပြင်းသာ ချမိတော့တယ်။ဘယ်လိုပဲဖြစ်ဖြစ် သူမ ပိုက်ဆံကို ပြန်ပေးမယ်ဆိုရင်တောင် ရှန်ရန်ချင်းက လက်ခံမှာ မဟုတ်ဘူး။

အဲအကြောင်းကို တွေးပြီးမှ သူမ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ဦးတည်ရာလမ်းကို ပြောင်းလဲပစ်လိုက်တယ်။

နန်ကော ဟွားရှန်အဖွဲ့အစည်းဆီ ပြန်မောင်းသွားပြီး ကောင်တာကို လာခဲ့တယ်။သူမသာ လူကိုယ်တိုင်သွားပေးရင် ရှန်ရန်ချင်းဆီကနေ လှည့်စားခံရမှာစိုးရိမ်တာမို့ ကောင်တာ၀န်ထမ်းကိုပဲ အပ်ခဲ့တော့တယ်။

“ဟမ်” ကောင်တာ၀န်ထမ်းက အနည်းငယ်အံ့ဩသွားပြီး “မိန်းကလေးနန် ဘာလို့ ကိုယ့်ဟာကိုယ် တိုက်ရိုက်မသွားလိုက်တာလဲ”

ဘာလို့ သူမ ကြားခံနဲ့ ထည့်ပေးရတာလဲ။

နန်ကောက ကောင်တာစားပွဲကို မှီလိုက်ပြီး “ဒါက ဒီလိုရှိတယ် ငါ မတော်တဆ ဥက္ကဌရှန်ကို ပြဿနာရှာမိထားလို့ပါ ငါကိုယ်တိုင် သွားပို့ရင် တစ်မျိုးကြီးဖြစ်နေမှာစိုးလို့ မင်းပြီးရင် လက်ထောက်ယွမ်ကို ခေါ်လို့ရလား သူ့ကို ဥက္ကဌရှန်ကို ပေးပေးဖို့သာ ပြောလိုက်ပါ”

“လုပ်ပါ အလှလေးရယ်! မဟုတ်ရင် ငါ ဒီကို လာပြီး အစားအစာဒလီပို့နိုင်မှာ မဟုတ်တော့ဘူး”

“အဲဒါဆိုလည်း ဟုတ်ပါပြီ” ကောင်တာ၀န်ထမ်းက သူမကို ယုံသွားပြီး သူမအိတ်ကို ယူရင်း နှစ်သိမ့်ပေးတယ်။ “မိန်းကလေးနန် မစိုးရိမ်ပါနဲ့ ဥက္ကဌရှန်က သဘောကောင်းပါတယ် သူ မင်းကို စိတ်မဆိုးလောက်ပါဘူး”

“အင်း ဒါပေါ့ သူက တကယ့်ကို လူကောင်းပဲ”

နန်ကောဟာ လက်နှစ်ဖက်လုံးဖြင့် ထောက်ခံတယ်။

ဒါဟာ သူမဘ၀မှာ ပထမဆုံးအနေနဲ့ လူတစ်ယောက်ကို လူကောင်းလို့ တောက်လျှောက်ခံစားမိတာပဲ။

သေချာတာပေါ့။ရှန်ရန်ချင်းက ထိုက်တန်တယ်လေ။

“ဒါဆို ငါ ကျောင်းကို ပြန်သွားတော့မယ် တာ့တာ” နန်ကောက ကြာကြာမနေခဲ့ဘူး။သူမက အကြောင်းပြချက်ပေးတာ မဟုတ်ဘဲ တကယ်ကို ပြန်ပြီး စာလေ့လာဖို့ လိုနေတာ။

ဒီလိုဖြစ်တဲ့အချိန်တိုင်း မတတ်နိုင်ပေမဲ့ သူမ ရှန်ရန်ချင်းကိုပဲ တွေးမိတယ်။

သူမပြန်ပြီးသိပ်မကြာဘူး။ကောင်တာ၀န်ထမ်းက လက်ထောက်ယွမ်ကို ခေါ်လိုက်တယ်။

လက်‌ထောက်ယွမ်က အောက်ထပ်ကို မှိုင်ကာ ဆင်းလာတယ်။ “မိန်းကလေးနန်ကောက ပြန်သွားတာ ကြာပြီမဟုတ်ဘူးလား”

14 03

ကောင်တာ၀န်ထမ်းက သူ့ဆီ အိတ်တစ်အိတ်ကမ်းပေးပြီး “ဥက္ကဌရှန်ကို တစ်ခုခုပေးဖို့ သူ ပြန်လာခဲ့တာ”

လက်ထောက်ယွမ်ဟာ အိတ်ပေါ်က တံဆိပ်ကို ကြည့်ပြီး အံ့ဩသွားတယ်။

နန်ကော ဘယ်ကနေ ပိုက်ဆံတွေ ရလာတာလဲ။ ဒါက အဆင်မြင့်တဲ့ ပစ္စည်းအတုများလား။

“ကောင်းပြီ ငါ ဒါကို ဥက္ကဌရှန်ကို ပေးလိုက်မယ်”

“ဒါနဲ့ မင်း ဘာလို့ သူ့ကို ကိုယ်တိုင်ပဲ အပေါ်ကို တက်မပေးခိုင်းလိုက်တာလဲ” လက်ထောက်ယွမ်က အနည်းငယ် နားမလည်နိုင်ဖြစ်နေတယ်။

“ကျွန်မ‌လည်း ပြောပါတယ် မိန်းကလေးနန်က သူ ဥက္ကဌရှန်နဲ့ နားလည်မှုလွဲထားတာလေး ရှိလို့ ကိုယ်တိုင်တက်ပေးဖို့ကို မျက်နှာပူလို့တဲ့ အဲဒါနဲ့ သူ ရှင့်ကို ခေါ်ဖို့ ကျွန်မကို ပြောသွားတာ”

ကောင်တာ၀န်ထမ်းဟာ သက်ပြင်းချပြီး နန်ကောအတွက် စိတ်မကောင်းဖြစ်နေတော့တယ်။

“လက်ထောက်ယွမ် ရှင် နန်ကောအတွက် နည်းနည်းပါးပါး ပြောပေးသင့်တယ် သူက ချစ်စရာလေး ဥက္ကဌရှန်ကို သူ့ကို စိတ်မဆိုးဖို့ ပြောပေးပါ သူထွက်သွားတုန်းကဆို သူကြည့်ရတာ နည်းနည်း၀မ်းနည်းနေပုံပဲ”

“.....” နန်ကောနဲ့ ရှန်ရန်ချင်း အထဲမှာ ဘာတွေ ပြောခဲ့လဲဆိုတာ‌တော့ လက်ထောက်ယွမ် မသိဘူး။နန်ကောထွက်သွားတုန်းက အခြေအနေကို သူ မြင်ရသလောက်ကတော့ ၂မီလီယံ‌ဒေါ်လာလောက် ရလိုက်သလိုမျိုး သူမ အူမြူးနေခဲ့တာ။သူတို့နှစ်ယောက်ကြား စကားများခဲ့သလိုလည်း မထင်ရပါဘူး။

ဒီတော့ သူမက ဘာကို စိတ်ဆိုးသွားတာလဲ။

******

All Chapters