အခန်း ၁၆
Vol. 2 Ch. 16
16 01
Chapter 16 ရှန်ရန်ချင်း နင့်ကို ကြိုက်နေတာလား။
[ကိုယ် အခုပဲ နေ့လည်စာကို ရတယ်။ဒါပေမဲ့ မင်းကိုလည်း မတွေ့ဘူး။]
[ဒီနေ့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် လာသွားပြီး မင်းက နားတယ်ဆို။မင်း နေမကောင်းတာလား။ ဒါမှမဟုတ် တခြားတစ်ခုခုဖြစ်လို့လား။]
[ကိုယ့်အကူအညီလိုလား။]
ရှန်ရန်ချင်းဟာ မက်ဆေ့ခ်ျတွေ ပို့ပြီးတာနဲ့ စတင်ပြီး စောင့်နေတော့တယ်။
သူ လက်ထောက်ယွမ်ယူလာတဲ့ အစားအစာတွေကိုတောင် မကြည့်ဘူး။သူ့မှာ စားချင်စိတ်ရှိမနေဘူး။
ဒီလိုအချိန်မျိုးမှာ သူ နေ့လည်ခင်းဆိုရင် အမြဲတမ်းနန်ကောနဲ့ အချိန်မှန်တွေ့ရတာကို နေသားကျနေပြီ။နှစ်ယောက် အတူတူထိုင်ပြီး နေ့လည်စာစားတာကိုလည်း သူ နေသားကျနေပြီ။
အချိန်တွေ တရွေ့ရွေ့သာ ကုန်သွားတယ်။သူ့အရှေ့က အစားအစာတွေ အေးသွားတာတောင်မှ ရှန်ရန်ချင်းဟာ နန်ကောဆီက အကြောင်းပြန်စာကို မရသေးဘူး။
သူ သူ့ရဲ့ တင်းမာနေတဲ့ကိုယ်ကို ရွေ့ပြီး အပြင်က အုံ့မှိုင်းမှိုင်းရာသီဥတုကိုသာ ကြည့်လိုက်မိတယ်။မျက်မှန်အောက်က သူ့ရဲ့ အနက်ရောင်မျက်၀န်းတွေဟာ တစ်ခဏတာ မှေးမှိန်သွားတော့တယ်။
_____
အခြားတစ်ဖက်မှာတော့ ဟိုက်တက္ကသိုလ်ရဲ့ တတိယမြောက်ကန်တင်း။
စုဟွေးဟာ ရေချိုးခန်းထဲကနေ ထွက်လာပြီး နန်ကောဆီက သူမရဲ့မှတ်စုကို ယူဖို့ တံခါးဆီ လျှောက်သွားတယ်။ “တခြားနေရာကို သွားရအောင်”
ညမရောက်ခင်အထိ စာကြည့်တိုက်ထဲမှာ စာလေ့လာမယ်လို့ နှစ်ယောက်သား တွေးထားကြတယ်။
သွားတဲ့လမ်းမှာ စုဟွေးကောင်လေးက ဖုန်းခေါ်တယ်။သူတို့နှစ်ယောက်ဟာ တွဲတာ မကြာသေးဘဲ ပူပူနွေးနွေးအဆင့်မှာပဲ ရှိသေးတယ်။သူတို့ရဲ့ ဖုန်းထဲက စကားဝိုင်းဆိုရင် နူးညံ့ပျော့ပြောင်းပြီး ချွဲအိနေတာ။
နန်ကောက သူတို့ရဲ့ စကားဝိုင်းကို နားမထောင်ချင်ဘူး။သူမ စာအုပ်ကိုင်ထားတဲ့လက်ကို ပြောင်းလိုက်ပြီး ဆိုရှယ်မီဒီယာမှာ အသစ်တစ်ခုခုများ ရှိမလားကြည့်ဖို့ ဖုန်းကို ထုတ်လိုက်တယ်။
မထင်မှတ်ထားစွာဘဲ သူမ ဖုန်းကိုလည်း ဖွင့်လိုက်ရော စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုခုကို တွေ့တော့တာပဲ။
ယွီ: [*ဓာတ်ပုံ* *ဓာတ်ပုံ*]
[ငါ နည်းနည်းပြင်လိုက်တာ။မမိုက်ဘူးလား။]
[ဟီးဟီးဟီး။နင် မနာလိုနေတာမလား။နင် မက်ဆေ့ခ်ျကို မြင်ပြီးပြီဆိုတာ ငါသိတယ်နော်!]
[နင် ငါ့ကို စာမပြန်ဘူးဆိုရင် အဲဒါ နင် မနာလိုနေတာဘဲ! ဟားဟားဟား မပူပါနဲ့။ဆောင်းတွင်းပိတ်ရက် နင်ပြန်လာလို့ရှိရင် ငါ နင့်ကို တင်မောင်းပေးဖို့ စိတ်မရှိပါဘူး။]
[တန်ပြန်တိုက်ခိုက်ခံရတဲ့ ခံစားချက်က ရိုးရှင်းစွာပဲ ခြောက်ခြားစေတယ်။ကျစ် ကျစ် ကျစ်။နင့်ထွန်စက်ကြီးကတော့ ဒီလိုသက်ရောက်မှုမျိုး မရှိတော့ဘူးမလား။]
သူ့ကားအသစ်အကြောင်း ကြွားနေတာကို မြင်တော့ နန်ကောက သူမရဲ့ မျက်လုံးတွေကိုသာ လှည့်လိုက်ပြီး ဘဲဥအတန်းလိုက်ကြီးကို ပြန်ပို့လိုက်တယ်။
[သွားစမ်းပါ!]
ဟင့်။ငါ ကားအသစ်ရတဲ့အခါကျရင် ငါကျိန်းသေပေါက် ဘီးရဲ့အနားတွေကိုပါ ဓာတ်ပုံရိုက်ပြီး ယွီရဲ့ မျက်နှာရှေ့ ပစ်ပေါက်ပြမယ်။
ယွီကို စာပြန်ပြီးတဲ့နောက်မှာတော့ နန်ကောဟာ ရှန်ရန်ချင်းရဲ့ မက်ဆေ့ခ်ျဘောက်စ်မှာ နံပါတ်အချို့ တွေ့လိုက်တယ်။
မက်ဆေ့ခ်ျက လွန်ခဲ့တဲ့တစ်နာရီက ပို့ထားတာ။
ရုတ်တရက် သူမရဲ့ အသက်ရှူခြင်း အနှောင့်အယှက်ဖြစ်သွားတယ်။သူမက တစ်ခုခုကို တွေးမိပုံရပြီး စစ်ဆေးကြည့်ဖို့ အဲဒါကို အမြန်နှိပ်လိုက်တယ်။
မက်ဆေ့ခ်ျတွေကို ဖတ်ကြည့်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ခေါင်းကို ဖုန်းနဲ့သာ ကောက်ထုမိတော့တယ်။
“ငါတော့ သွားပြီ” သူမ တစ်ခုခုစားနေတုန်း တစ်ခုခုမေ့နေတယ်လို့ ခံစားခဲ့မိသားပဲ။
ခုနကတော့ စဉ်းစားလို့ မထွက်ပေမဲ့ အခုတော့ သိသွားပြီ။
တတိယမြောက်ကန်တင်းက ၀က်နံရိုးချိုချဉ်က တကယ်ကို ထိတ်လန့်စရာကောင်းလွန်းတယ်။
နန်ကောက စိတ်အေးအေးပြန်ထားလိုက်ပြီး သေသေချာချာ တောင်းပန်တယ်: [ကျွန်မ တောင်းပန်ပါတယ်! ကျွန်မတောင်းပန်ပါတယ်! QAQ!]
[ကျွန်မမှာ လတ်တလော စာလုပ်ဖို့ ရှိနေပြီး ဒီအပတ် လာနိုင်မှာ မဟုတ်ဘူး]
[ကျွန်မ ရှင့်ကို ပြောမလို့ဘဲ ဒါပေမဲ့ ကျွန်မ ဦးနှောက်က မကောင်းတော့...မတော်တဆ မေ့သွားတယ်...]
[*တောင်းပန်ပါတယ်။jpg*]
စက္ကန့်အနည်းငယ်ကြာတော့ သူမဖုန်းအသံမြည်လာတယ်။
ရှန်: [ရပါတယ်။မင်း တစ်ခုခုပြဿနာဖြစ်နေမှာကို ကိုယ်က စိုးရိမ်တာပါ။]
16 02
[စာကြိုးစားလုပ်။မင်း နားမလည်တာရှိရင် ကိုယ့်ကို လာမေးလို့ရတယ်။]
[ကိုယ်ကျောင်းမှာ သင်ခဲ့တာတွေကို မေ့ဦးမှာ မဟုတ်ဘူး။ဒါကြောင့် ကိုယ် မင်းကို နည်းနည်းတော့ ကူညီနိုင်တယ်။]
သူ့မက်ဆေ့ခ်ျတွေကို မြင်တော့ နန်ကောမှာ တုံ့ပြန်ဖို့ အနည်းငယ်နှေးကွေးနေတော့တယ်။
သူတို့ စာရိုက်တိုင်း ရှန်ရန်ချင်းက သူမမက်ဆေ့ခ်ျတွေကို ချက်ချင်းစာပြန်တယ်။
နန်ကောက အနည်းငယ် ရှုပ်ထွေးသွားတယ်။
ဒီလူက အမြဲ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား။သူ ဘာလို့ အမြဲ သူ့ဖုန်းကိုပဲ ကြည့်နေတာလဲ။
ဆန်းကျယ်ချက်။
“နင် ဘယ်သူနဲ့ စာရိုက်နေတာလဲ” စုဟွေးက ဖုန်းပြောပြီးတော့ နန်ကောဟာ သူမရဲ့ ဖုန်းကို ငေးပြီး ကြည့်နေတာကို တွေ့ရတယ်။
သူမအနားကို သွားချဉ်းကပ်လိုက်တဲ့အခါ နန်ကောဟာ မတော်တဆ ဖုန်းစခရင်ကို နှိပ်မိသွားတယ်။
“ဟေး!” စုဟွေးဟာ ချက်ချင်းသတိထားမိပြီး သူမကို ကိုင်လိုက်တယ်။ “ငါ များသောအားဖြင့် နင့်ကို ဒီလိုမျိုး မမြင်ဖူးပါဘူး ကြည့်ရတာ နင် ချစ်စရာကောင်းတဲ့ ကောင်လေးနဲ့ စာရိုက်နေတာလား။ ဟမ်”
“.....” နန်ကောက ဆွံ့အသွားတယ်။
သူမ တိတ်နေတာကို မြင်တော့ စုဟွေးဟာ သူမပြောတာ မှန်တယ်လို့ ထင်သွားတယ်။သူမရဲ့ မျက်နှာထားက ကျေနပ်သွားပြီး လက်ကို မြှောက်ကာ နန်ကောရဲ့ ပုခုံးကို သွားပုတ်လိုက်တယ်။
“ငါ သူ့ကို သိလား။ သူက ဘယ်ဌာနကလဲ။ သူက စီနီယာလား။ ဂျူနီယာလား။ သူ့ကို မြန်မြန် ခေါ်လိုက်လေ!”
နန်ကောက ခြေနှစ်လှမ်းဆုတ်ပြီးတော့ “နင်ကလေ မသိတာလည်း မဟုတ်ဘူး! ငါ့ဖုန်းထဲမှာရှိတဲ့ ယောက်ျားလေးတွေရဲ့ ဖုန်းနံပါတ်တွေက ကန်တင်းမှာ ရှိတဲ့ အန်တီကြီးတွေရဲ့ ဖုန်းနံပါတ်တွေနဲ့တောင် ယှဥ်လို့ မရဘူး အဲဒါ ရှန်ရန်ချင်းဟ!”
“ဟမ်” ဒီနာမည်ကို ထပ်ကြားရတာနဲ့ စုဟွေးက မျက်မှောင်ကြုတ်သွားတယ်။လတ်တလော ဒီနာမည်က သူတို့စကားပြောတိုင်း ပါပါလာတာ အကြိမ်ပေါင်း မနည်းတော့ဘူး။
“နင် ဘာလို့ သူ့အကြောင်းကို ခဏခဏပြောနေတာလဲ”
“အဲလိုလည်း မဟုတ်ပါဘူး”
နေ့လည်ခင်းတွေမှာပဲ သူတို့နှစ်ယောက်က စာအနည်းငယ်ပို့ကြရုံပဲရှိတာ။
အခြေခံအားဖြင့်တော့ ဟွားရှန်အဖွဲ့အစည်းက ပြန်တိုင်း ရှန်ရန်ချင်းက သူမကို ဂရုစိုက်ဖို့ မှာပြီး ကျောင်းကို ပြန်ရောက်ရင် သူ့ကို စာတစ်ချက်ပြန်ဖို့ ပြောတယ်။
အခြားဘာမှ မရှိသလို သူတို့ တစ်ခါမှလည်း စည်းမကျော်ဖူးဘူး။
ခုနက ဘာဖြစ်ခဲ့လဲဆိုတာ နန်ကော သူမကို ရှင်းပြလိုက်တယ်။ “အဲဒါအကုန်ပဲ သူက ဒီတိုင်း ဘာလို့ ငါ ဒီနေ့မလာတာလဲလို့ မေးတာ”
ဘေးမှာတော့ စုဟွေးဟာ ခေါင်းငြိမ့်ပြီး သူမရဲ့ မေးစေ့ကို တိတ်တဆိတ်ပွတ်နေတယ်။
စုဟွေးတိတ်နေတာကို အခွင့်ကောင်းယူပြီး နန်ကောက သူမဖုန်းကို အမြန်ဖွင့်ကာ ရှန်ရန်ချင်းကို စာပြန်လိုက်တယ်။
သူမ ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်တဲ့အချိန်မှာပဲ စုဟွေးဟာ သူမကို လေးနက်သော လေသံနဲ့ ပြောတာကို ကြားလိုက်ရတယ်။
“နန်ကော”
“အင်း” သူမ မော့ကြည့်လိုက်တယ်။
“ဘာလို့ တစ်ခုခုမှားနေတယ်လို့ ငါခံစားနေရတာလဲ”
“ဘယ်နား” နန်ကောက ရှုပ်ထွေးသွားပြီး မျက်တောင်ခတ်လိုက်တယ်။
စုဟွေးက အရှေ့ကို တိုးသွားပြီး သူမရဲ့ လက်တွေကို နန်ကောပုခုံးပေါ်တင်လိုက်တယ်။သူမက နန်ကောကို အနားကို ဆွဲခေါ်လိုက်ပြီး လေးလေးနက်နက်မေးတယ်။ “ရှန်ရန်ချင်း နင့်ကို ကြိုက်နေတာကော ဖြစ်နိုင်လား”
“.....”
နန်ကောရဲ့ နှလုံးသားလေးဟာ တဒိတ်ဒိတ်ခုန်သွားတယ်။သူမရဲ့ နှလုံးခုန်နှုန်းမြန်လာတာနဲ့အတူ အလျင်အမြန်ပဲ သူမလက်ထဲက စာအုပ်ကို တင်းနေအောင် ဖက်လိုက်တယ်။
“ဘယ်-ဘယ်လိုဟာသလဲ”
“ဒါပေမဲ့ နင် ဒါကို ထူးဆန်းတယ်လို့ မထင်ဘူးလား”
နန်ကောက ခဏတာ တိတ်ဆိတ်သွားတယ်။ “ဘယ်လိုမျိုးကိုလဲ”
“သူ ဘာလို့ နင့်အပေါ်အရမ်းကောင်းနေရတာလဲ။ သူ နင့်ကို အော်ဒါအကြီးကြီးတွေ မှာပြီး ဂရုလည်း စိုက်ပေးသေးတယ် တစ်ခုခုမှားနေတယ်လို့ နင်မထင်ဘူးလား”
ရှန်ရန်ချင်လို အကောင်ကြီးက ဒလီသမားသာသာလေးကို လိုက်ပြီး ဂရုစိုက်ဖို့ အားလပ်ချိန်တွေ အများကြီးရှိနေမယ်လို စုဟွေး မထင်ဘူး။
စုဟွေးရဲ့ စကားတွေကြောင့် နန်ကောဟာ စဉ်းစားဆင်ခြင်မိတယ်။
နှစ်မိနစ်လောက်ကြာတော့ သူမက “ဟင့်အင်း ငါတော့ မထင်ဘူး”
စုဟွေးရဲ့ နှုတ်ခမ်းထောင့်က တွန့်သွားတယ်။
သေချာပေါက်ကိုပဲ နန်ကောရဲ့ ကိစ္စတွေကို တွေးခေါ်ပုံနဲ့ ပတ်သတ်ပြီး သူမမှာ မျှော်လင့်ချက် အများကြီး ထားလို့ကို မရဘူး။
“ငါ သူ့ကို အရင်က ကူညီပေးဖူးတယ် ဒီတော့ သူ့မှာ ငါ့ကို တစ်ခုခု အထင်ကြီးနေတာဖြစ်မယ် နောက်ပြီး အစားအစာက ဘယ်ကလာလာ အရေးမကြီးဘူးလေ ဒီတော့ သူ စားသောက်ဆိုင်ကနေ မှာတာပေါ့”
“စာရိုက်တာနဲ့ ပတ်သတ်ပြီးတော့က...အဲဒါက ယဉ်ကျေးတဲ့ စကားအချို့ပါပဲ ငါထင်တာတော့ သူက လူကောင်းပါ သူ အကုန်လုံးအပေါ်ကို ကောင်းတယ်လေ”
နန်ကောဟာ စိတ်အားထက်သန်စွာနဲ့ ရှန်ရန်ချင်းကို လူကောင်းလို့ ထပ်ပြောလိုက်ပြန်ပြီ။
16 03
“နင် ထင်လို့လား”
နန်ကောက ခေါင်းကို အပြင်းအထန်ငြိမ့်ပြတယ်။ “လွန်ခဲ့တဲ့ရက်တွေ စာပြန်လုပ်နေတုန်းက ငါ သူနဲ့ စကားတောင် လုံး၀မပြောဖြစ်တာကို နင်သတိမထားမိဘူးလား”
စုဟွေး “.....” အင်း။အဲဒါတော့ အမှန်ပဲ။
_____
မျက်စိတစ်မှိတ်အတွင်းမှာပဲ ၂ရက် ကုန်ဆုံးသွားခဲ့ပြီ။နန်ကောဟာ အတန်းထဲမှာ ရှိရင် ရှိ မရှိရင် စာကြည့်တိုက်ထဲမှာပဲ ရှိနေတတ်တယ်။ရှန်ရန်ချင်းအတွက်ကတော့...သူမဟာ သူ့အကြောင်းကို မေ့နေခဲ့တယ်။
အဲညက နန်ကောဟာ ရေချိုးပြီးတော့ အိပ်ရာပေါ် လှဲချလိုက်တယ်။သူမ အလုပ်သွားတာကို ရပ်လိုက်တော့ မသိရင် သူမ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားရတယ်။
မထင်မှတ်ထားဘဲ မန်နေဂျာက ဖုန်းခေါ်လာတယ်။ “နန်ကော မင်း ငါ့ကို အခုကူညီနိုင်လား။ အရေးကြီးတယ်!”
နန်ကောမျက်နှာထားက မဲ့သွားပြီးတော့ “ကူညီနိုင်မယ်မထင်ဘူး”
“ငါ မင်းကို ဒီည အစားအစာသွားပို့ခိုင်းမလို့ မဟုတ်ဘူး မင်း ငါ့ကို အော်ဒါပဲ ကူလက်ခံပေးရမှာ ကော်မရှင်ခ အများကြီး ရမှာနော်!”
နန်ကောက တစ်ချက်ရယ်လိုက်ပြီး မလှုပ်မယှက်။
“ကျွန်မမှာလည်း မာနရှိပါတယ်နော် ရှင် ကျွန်မကို ပိုက်ဆံနဲ့ ထပ်ခါထပ်ခါ စမ်းသပ်လို့ မရဘူး...”
“၅၀ရာခိုင်နှုန်း”
“နားလည်ပါပြီ!”
******