← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

17 01

Chapter 17 သူမကို ကြိုက်တယ်။

လွန်ခဲ့တဲ့ ၁၅မိနစ်က နန်ကော သူမကိုယ်သူမ တွေးမိတယ်။

ရယ်ရလို့ သေတော့မယ်။သူမက ငွေအတွက်နဲ့ စိတ်ပျော့သွားတတ်တဲ့ လူစားမျိုးလား။

၁၅မိနစ်ကြာပြီးနောက်မှာတော့ သူမ တောင်းပန်ဖို့လိုပြီး သူမက ဒီလိုလူစားမျိုးဆိုတာကို လက်ခံလိုက်ရတော့တယ်။

“ကြိုဆိုပါတယ်! စုစုပေါင်း ဘယ်နှစ်ယောက်လဲ။!”

စာပွဲထိုး‌လေးနန်ကောဟာ ချက်ချင်းလုပ်ငန်းစတင်တော့တယ်။

_____

သူမ အလုပ်လုပ်နေတဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ နာရီပေါင်းများစွာ ကုန်သွားတယ်။

နန်ကော အနားယူနေတဲ့အချိန် မန်နေဂျာက ရေတစ်ခွက် ထည့်ပေးတယ်။ “မင်းရဲ့ အလုပ်ကြိုးစားမှုအတွက် ကျေးဇူးပဲ ငါ မင်းကို တကယ်တော့ မခေါ်ချင်ဘူး ဒါပေမဲ့ စားပွဲထိုးနှစ်ယောက်က ဒီနေ့ နားလို့”

“ဒီညက ပုံမှန်ထက် လူကျနေတာ ဒါကြောင့် လူအင်အားမလောက်ဘူးလေ”

“ရပါတယ် ကျွန်မ အဆင်ပြေတယ်” နန်ကောဟာ ရေခွက်တစ်၀က်ကို တစ်ခါတည်း သောက်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဆက်ပြောတယ်။ “ကျွန်မ ကူညီပေးရတာ ကိစ္စမရှိပါဘူး ရှင်သာ...”

သူမက ရပ်လိုက်ပြီး သူမလက်ချောင်းလေးတွေကိုသာ အပြုံးနဲ့ ပွတ်ပြတယ်။

မန်နေဂျာက ရယ်လိုက်ပြီး “အချိန်ကျရင်ပေါ့”

“ကျွန်မကို ပလေးဖို့ စိတ်မကူးနဲ့နော် ဒီစားသောက်ဆိုင်က ကျွန်မအစ်ကို ပိုင်တာဆိုလည်း ကျွန်မက ကိုယ့်အနေအထားနဲ့ကိုယ် နေတာ ဘယ်သူ့ကိုမှ ဂရုစိုက်တာ မဟုတ်ဘူး ကျွန်မက ငွေကိုပဲ ဂရုစိုက်တာ လူတွေကို မဟုတ်ဘူး”

မန်နေဂျာရဲ့ နှုတ်ခမ်းက တစ်ချက်တွန့်သွားတယ်။

“မြန်မြန် မြန်မြန် စားသုံးသူတွေ လာပြီ”

တစ်ယောက်ယောက်က တံခါးကို တွန်းဖွင့်ပြီး ၀င်လာတာ မြင်တော့ မန်နေဂျာက အလျင်အမြန်ပဲ သူမကို အရှေ့ကို တွန်းပို့လိုက်တော့တယ်။

“အဲဒါကို မှတ်ထားနော်” နန်ကောက ထွက်မသွားခင်မှာ သူမဟာ အနောက်ကို တစ်ချက်ပြန်လှည့်ပြီး အသည်းပုံလေးလုပ်ပြဖို့ကိုလည်း မမေ့ခဲ့ဘူး။

“.....” တကယ်တော့ ဘာမှ ပြောဖို့ကို လိုမနေပါဘူး။

“မင်္ဂလာပါ! အယ်လန်ကနေ ကြိုဆိုပါတယ်! ဘာများအလိုရှိ...တိုက်ဆိုင်လိုက်တာ!”

ရင်းနှီးနေတဲ့ ပုံရိပ်ကို မြင်တော့ နန်ကောက ပြုံးပြကာ လက်ပြနှုတ်ဆက်လိုက်တယ်။

သူမကို မတွေ့ရတဲ့ ရက်အနည်းငယ်နောက်ပိုင်း ရှန်ရန်ချင်းဟာ အထဲကို ၀င်လိုက်တာနဲ့ ရင်းနှီးနေတဲ့ အသံလေးကို ကြားလိုက်ရတယ်။

သူ ထင်ယောင်ထင်မှားဖြစ်နေတာလို့ တွေးလိုက်ပေမဲ့ သူ မော့ကြည့်လိုက်တဲ့အခါ ဆံပင်နှစ်ဖက်စီးထားတဲ့ အနက်ရောင်ယူနီဖောင်းနဲ့ ကောင်မလေးတစ်ယောက် သူ့ဆီ ပြေးလာနေတာကို တွေ့လိုက်ရတယ်။

နန်ကောက လွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။

သူ သူမကို ခေါင်းစခြေဆုံး အသေအချာကြည့်နေရင်း ပဟေဠိဆန်တဲ့ အကြည့်တစ်ခု နန်ကောပေါ် ကျရောက်သွားတယ်။

“မင်း ဒီအချိန်ဆို ကျောင်းမှာ ရှိနေရမှာမဟုတ်ဘူးလား။ စာပြန်လေ့လာလို့ ပြီးသွားပြီလား”

နန်ကောက နူးညံ့စွာ ခေါင်းခါလိုက်ပြီး “ဒီနေ့ ဆိုင်မှာ လူအရမ်းကျနေလို့ မန်နေဂျာက ကျွန်မကို ဝိုင်းကူဖို့ အကူအညီတောင်းလို့ ရောက်လာတာ”

သူမ စကားပြောပြီးတာနဲ့ ရှန်ရန်ချင်းအနောက်က တံခါးဟာ ပွင့်ကာ ပြန်ပိတ်သွားတယ်။ပြီးတော့ နောက်ထပ်လူအနည်းငယ် ၀င်လာတယ်။

သူတို့ဟာ ရှန်ရန်ချင်းက တံခါးနားမှာ မရွေ့ဘဲ ရပ်နေတာကို မြင်တော့ သူတို့ သူ့အကြည့်နောက်လိုက်ပြီး နန်ကောကို ကြည့်လိုက်တယ်။သူတို့မျက်လုံးတွေက လက်သွားတယ်။

“ဘာဖြစ်လို့လဲ ရန်ချင်း။ မင်းသူငယ်ချင်းလား”

ရှန်ရန်ချင်းဟာ အသာခေါင်းငြိမ့်ပြပေမဲ့ ဘာမှတော့ မပြောဘူး။

အဲနောက် သူက ‌နန်ကောကို ထပ်ကြည့်လိုက်ပြီး နူးနူးညံ့ညံ့ပဲ မေးတယ်။ “သီးသန့်အခန်းရှိလား”

နန်ကောက ခေါင်းငြိမ့်ပြပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ “ဟုတ် ဒီဘက်ကို လာ‌ပါ ကျွန်မ ခေါ်သွားပေးပါမယ် သတိထားပြီး လျှောက်နော်”

ရှန်ရန်ချင်းနဲ့ သူတို့ရဲ့၆ယောက်အဖွဲ့ဟာ ကျောင်းနေဖက်သူငယ်ချင်းတွေ ဖြစ်ကြတယ်။သူတို့ အားနေပြီး ဒီအနီးအနားကိုလည်း ရောက်နေတာမို့ သူတို့ ညစာစားဖို့ ထွက်လာကြတာ။

သီးသန့်အခန်းကို ရောက်တော့ နန်ကောက မီနူးကို တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းပေးကာ “ဒါ ကျွန်မတို့ မီနူးပါ အားလုံးကြည့်ပြီး စားချင်တာရှိမရှိ မှာလို့ရပါတယ်”

“ကြယ်တွေနဲ့ဟာတွေက ဆိုင်ရဲ့ နာမည်ကြီးမီနူးတွေပါ တုံ့ပြန်မှုတွေလည်း ကောင်းပါတယ် အဆင်ပြေရင် စမ်းကြည့်လို့ရပါတယ်”

သူမက အကောင်းဆုံးကြိုးစားပြီး အကြံပေးကြည့်တယ်။ဒါပေမဲ့ ရှန်ရန်ချင်းက မီနူးကို ပိတ်လိုက်ပြီး သူမဆီ ပြန်ပေးလိုက်တယ်။ “ကိုယ် ပုံမှန်ပဲ ယူမယ်”

နန်ကောရဲ့ ဦးနှောက်ဟာ သူပြောနေတဲ့ဟာကို မမှတ်မိခင်အထိ အတန်ကြာ စဉ်းစားယူလိုက်ရသေးတယ်။သူမက သူ့ကို လက်လေးနဲ့ အို‌ကေသင်္ကေတလေးကို ထောင်ပြလိုက်တယ်။

သူတို့နားက လူတွေကတော့ စားချင်စိတ် မရှိတော့ဘဲ သူတို့အကုန်လုံးရဲ့ အာရုံတွေဟာ သူတို့နှစ်ယောက်အပေါ်ပဲ ရောက်နေတော့တယ်။သူတို့ရဲ့ မရှင်းလင်းသော အကြည့်တွေဟာ သူတို့နှစ်ယောက်အပေါ် အတော်ကြာတွယ်ကပ်နေတော့တယ်။

17 02

ဘယ်လိုပဲဖြစ်ဖြစ် နန်ကောကတော့ ဒါကို သတိမထားမိဘူး။

“မင်း ရန်ချင်းကို သိတာ ဘယ်လောက်ကြာပြီလဲ။ သူ့ကို ကောင်းကောင်းသိတာလား”

နောက်ဆုံးတော့ သိချင်စိတ်ကို မထိန်းနိုင်တော့တဲ့ တစ်ယောက်က အစပျိုးပြီး နန်ကောကို မေးလိုက်တယ်။

နန်ကောက မေးတဲ့ တစ်ယောက်ကို မော့ကြည့်လိုက်ပြီး ခဏတာ တုံ့ဆိုင်းသွားတယ်။ “မကြာသေးပါဘူး ကျွန်မက ဒီလတ်တလောမှ ဥက္ကဌရှန်ရန်ချင်းရဲ့ ကုမ္ပဏီကို အစားအစာဒလီပို့နေတာပါ”

ဒါကို ရင်းနှီးတယ်လို့ ယူဆလို့မရဘူးမလား။ ရလို့လား။

နန်ကောက တွေးလိုက်တယ်။

“ဒီလိုကိုး” အဲလူက အနည်းငယ်စိတ်ပျက်သွားတယ်။နန်ကောက ကျိန်းသေပေါက် အမှန်တိုင်းပြောနေတာ မဟုတ်ဘူလို့ သူခံစားရတယ်။

သူတို့နှစ်ယောက်ဟာ အကြည့်ချင်းဖလှယ်နေကြတော့တယ်။တကယ်‌တော့ သူမပြောသလောက် မရိုးရှင်းဘူးလေ။

“အဟမ်း” ရှန်ရန်ချင်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူက သူ့ရဲ့လက်ချောင်းရှည်ရှည်တွေနဲ့ စားပွဲကို ထိလိုက်ကာ “မင်းတို့ ပြီးပြီလား။ နောက်ကျနေပြီ”

“အော် အေး အေး” သူတို့ဟာ ခပ်သွက်သွက်ပဲ သူတို့ စားမယ့်ဟာတွေကို မှာလိုက်တော့တယ်။

နန်ကောက တစ်ခုချင်းစီ သေချာချမှတ်လိုက်ပြီး “ကောင်းပါပြီ ခဏလောက် စောင့်ပေးကြပါနော်”

သူမထွက်သွားတော့မှသာ သီးသန့်အခန်းလေးလည်း အသက်ပြန်၀င်လာတယ်။

“ရန်ချင်း ဘာတွေဖြစ်နေတာလဲ”

“တကယ်ပဲ အဲလောက် ရိုးရှင်းရဲ့လား”

“ငါတော့ သံသ၀င်မိတယ်နော် ဟုတ်တယ်မလား။ မင်းတို့နှစ်ယောက်ကြားက လေထုရယ် အပြုအမူလေးတွေနဲ့ အကြည့်တွေက နှစ်ယောက်က သိရုံပဲ သိကြတဲ့ပုံ မပေါ်ဘူး”

“ငါတို့ကို အမှန်တိုင်းပြော မင်း သူနဲ့ တွဲနေတာလား”

သူတို့ဟာ တစ်ခုပြီးတစ်ခု မေးကြတော့တာ ရှန်ရန်ချင်း ခေါင်းတွေပါ ကိုက်လာတယ်။သူက မျက်မှန်ကို ချွတ်လိုက်ပြီး သူ့မျက်ခုံးနှစ်ဖက်ကို ပွတ်ကာ “ငါတို့တွေ နောက်ဆုံးတွေ့ခဲ့တာ ဘယ်လောက်မှ ကြာသေးတာတောင် မဟုတ်ဘူး မင်းတို့ ဘာလို့ အဲလောက် စပ်စုလာရတာလဲ”

သူနဲ့ ဆန့်ကျင်ဘက်မှာ ထိုင်တဲ့ လူက လက်ယမ်းပြပြီး “ဟေး မင်း နားမလည်ပါဘူး တကယ်လို့ အခြားလူသာဆိုရင် ငါတို့ အဲလောက်ကြီး သိချင်မနေဘူး”

“အဲဒါ မှန်တယ် ကျောင်းတုန်းကဆိုရင် မင်းက ကျောင်းမှာ အချောဆုံးယောက်ျားလေးလေ မင်း ငြင်းလိုက်တဲ့ ကောင်မလေးတွေကို ကွင်းအပြည့်တောင် ထားလို့ရတယ်”

“အဲအချိန်တုန်းက အကုန်လုံးက မင်း ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်တာလဲဆိုတာကို သိချင်ခဲ့ကြတာ”

အခြားတစ်ယောက်က သူ့ရဲ့ လက်ကို ရင်ဘတ်ပေါ်တင်ပြီး ကြားဖြတ်ပြောတယ်။ “ငါ ဒီအကြောင်းကို ပြောတောင် မပြောချင်ဘူး ငါသဘောကျတဲ့ ကောင်မလေးက ရှန်ရန်ချင်းဆီက အငြင်းခံရလို့ ငိုယိုပြီး ငါ့ကို ချောကလက်နဲ့ ပစ်ပေါက်တာကို အခုထိ မှတ်မိသေးတယ်”

“ဘာလို့ ငါမသိခဲ့တာပါလိမ့်”

“အဲတော့ ဘာဖြစ်သွားလဲ”

“အဲတော့ ငါ အရမ်းစိတ်တိုသွားပြီး ချောကလက်တွေကို သုတ်ပစ်လိုက်တာ အခုထိ ချောကလက်တွေကို မြင်တာနဲ့ ငါ အဲနေ့ကို သတိရတုန်းပဲ”

“ဟား ဟား ဟား ဟား”

ရှန်ရန်ချင်းတော့ ကူကယ်ရာမဲ့နေပြီ။သူက သူ့ရဲ့မျက်လုံးကို အနည်းငယ်ပင့်လိုက်ပြီး “သူနဲ့ ငါက သူ ပြောခဲ့သလိုပဲ ဟုတ်တယ် ဒါပေမဲ့...”

“ဒါပေမဲ့ ဘာဖြစ်လဲ” သူတို့က ချက်ချင်းနားစွင့်လိုက်ကြတာ စကားတစ်ခွန်းလောက် လွတ်သွားမှာကိုတောင် ကြောက်ကြတယ်။

“ငါ သူ့အပေါ် ခံစားချက်ရှိတယ်”

“တွေ့လား။ ငါ သိသားပဲ!”

ဇာတ်ဆောင်လေးဟာ လက်ကို မြှောက်ကာ သူတို့ကိုယ်သူတို့ ထိန်းဖို့ အချက်ပြတယ်။ “ငါတို့ တွေ့တာ မကြာသေးဘူး သူက အရမ်းလိမ္မာတဲ့ မိန်းကလေးတစ်ယောက် ပြီးရင် အရှုပ်တွေ မလုပ်ကြနဲ့ သူ ကြောက်သွားလိမ့်မယ်”

“ဘုရား‌ရေ သေချာပေါက် မင်း သူ့ကို တကယ် ကြိုက်တာပဲ မင်း သူ့အတွက် အရမ်းတောင် စိုးရိမ်ပြီး တွေးပေးနေပြီ”

အချိန်တစ်ခုလောက် ထိုင်ပြီးတဲ့နောက်မှာတော့ ရှန်ရန်ချင်းဟာ ထထွက်သွားဖို့ အကြောင်းပြချက်ရှာတယ်။

“ခွင့်ပြုဦး ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်”

“အိုး ဝေါင်း မင်း တကယ်သန့်စင်ခန်းသွားမလို့လား။ ငါတို့ မင်းကို ဖော်ကောင်လုပ်ဖို့ တော်တော်ရှက်တယ်ကွာ”

17 03

သူ့သူငယ်ချင်းတွေရဲ့ စနောက်မှုကို ရင်ဆိုင်လိုက်ရတဲ့နောက်မှာတော့ ရှန်ရန်ချင်းက ပွင့်ပွင့်လင်းလင်းပဲ “ကောင်းပြီ ငါ သူ့ကို သွားတွေ့တုန်း မင်းတို့‌ကောင်တွေ ဒီမှာ စောင့်နေလိုက်ကြ”

သူပြောလိုက်ရင်းနဲ့ သူ့ရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ တည်ငြိမ်တဲ့ အပြုံးလေးတစ်ခု ဖြစ်တည်လာတယ်။

သူ့သူငယ်ချင်းတွေဟာ သူ့ကို ဒေါသ ဖြစ်ကုန်ကြပြီး မိန်းကလေးတစ်ယောက်အတွက်နဲ့ သူ့ရဲ့ ဒီစေးကပ်ကပ်နိုင်တဲ့ ပုံစံကိုလည်း အသားမကျဘဲ ဖြစ်နေတော့တယ်။သူတို့က လက်တွေကို ဝှေ့ယမ်းပြပြီး သူ့ကို မြန်မြန်လုပ်ဖို့တော့ အချက်ပြရှာတယ်။

_____

ခန်းမထဲမှာတော့ ပန်းကန်တွေ ကြမ်းပြင်ပေါ်ကို အသံကျယ်ကြီးတစ်ခုနဲ့အတူ ပြုတ်ကျသွားတယ်။

“နာသွားသေးလား”

နန်ကောဟာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး လဲကျသွားတဲ့ ကလေးလေး ထနိုင်ဖို့ကို ကူညီပေးတယ်။

ကလေးလေးက ခေါင်းခါပြတယ်။

သူမဘေးက အပိုင်းအစတွေကို ကြည့်ပြီး နန်ကောဟာ အကြောက်တရားတစ်ခုကို ခံစားလိုက်ရတယ်။

ရုတ်တရက် ဒေါက်ဖိနပ်သံအချို့ကို ကြားလိုက်ရတယ်။သူမ မော့မကြည့်ရသေးခင်မှာဘဲ သူမအရှေ့က ကလေးလေးဟာ ဆွဲခေါ်ခံလိုက်ရတယ်။ “သား‌ ဘာဖြစ်သွားတာလဲ”

အမျိုးသမီးရဲ့ အသံက ခပ်ကျယ်ကျယ် ခပ်တင်းတင်းဖြစ်ပြီး နန်ကောရဲ့ ပုခုံးတွေကို အကြောက်တရားကြောင့် ကျုံ့သွားစေတယ်။

ကလေးက သူမကို ၀င်တိုက်မိတာဖြစ်ကြောင်း သူမရှင်းပြချင်ပေမဲ့ ချက်ချင်းပဲ အမျိုးသမီးက သူမကို လက်ညိုးထိုးကာ “နင် ဘာလုပ်လိုက်တာလဲ။! ကန်းနေတာလား”

******

All Chapters