← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

18 01

Chapter 18 လိမ္မာပါ။

ဒါဟာ သူမဘ၀မှာ ပထမဆုံးအနေနဲ့ တစ်ယောက်ယောက်ဆီက လက်ညိုးအထိုးခံရပြီး အကြိမ်းမောင်းခံရခြင်းဖြစ်တယ်။

သူမရဲ့ မျက်တောင်ရှည်လေးတွေဟာ အနည်းငယ် လှုပ်ခတ်သွားပြီး သူမကိုယ်တိုင်လည်း ပြောစရာစကားပျောက်သွားတယ်။

“မဒမ် ကျွန်မ လှုပ်တောင် လှုပ်နေခဲ့တာ မဟုတ်ဘူး ရှင့်ရဲ့ သားက ပန်းကန်နဲ့ ကျွန်မကို ၀င်တိုက်တာပါ”

“ကျွန်မနဲ့ ဆိုင်တာတောင် မဟုတ်ဘူး”

အခုလေးတင်ပဲ သူမက ကလေးကို ကျောပေးထားခဲ့ပြီး စိတ်ရှည်ရှည်နဲ့ အော်ဒါတွေကို စောင့်နေခဲ့တာ။သူမ လှုပ်တောင် လှုပ်ခဲ့တာ မဟုတ်ဘူး။

ပိုပြီးပြောရမယ်ဆိုရင် သူမက နံရံဘက်ကို မှီနေခဲ့ပြီး လမ်းမှာတောင် ပိတ်နေခဲ့တာ မဟုတ်ဘူး။

မထင်မှတ်ထားဘဲ ရုတ်တရက် သူမအနောက်ကနေ အားတစ်ခုနဲ့ ၀င်တိုက်ခံရပြီး သူမမှာ ဟန်ချက်ပါ ပျက်လုနီးနီး ဖြစ်သွားသေးတယ်!

ကလေးကို ကြည့်မနေတဲ့အတွက် ဒီအမျိုးသမီးကို သူမက အပြစ်တင်နေတာတောင် မဟုတ်ဘူး။အဲအစား သူမကိုတောင် လာအပြစ်တင်နေသေး။ဘယ်လောက်စိတ်၀င်စားစရာကောင်းလိုက်လဲ။

“နင် အဲလိုပြောလို့ရမလား။ ငါ နင့်ကို တိုင်မှာ!”

နန်ကောဟာ စိတ်ထဲမှာ သူမမျက်လုံးတွေကို လှည့်မိလုနီးနီးဖြစ်သွားတယ်။သူမက ကိုယ့်ကိုယ်ကို ထိန်းလိုက်ပြီး တစ်ခါ ထပ်ရှင်းပြတယ်။ “မဒမ် ပထမဆုံးအနေနဲ့ ကလေးကို သေချာဂရုမစိုက်တာက ရှင်ပါ”

“ဒုတိယအနေနဲ့ ကလေးက ဒဏ်ရာ မရသွားပါဘူး သူ့အင်္ကျီပေါ်မှာ နည်းနည်းပဲ ပေသွားတာပါ ရှင် ကျွန်မကို အခုလို လာသိမ်းကျုံးပြီး လက်ညိုးထိုးပြောဆိုနေတာက မှန်မနေဘူး”

“နင်ပြောတာနဲ့ပဲ သူ ဒဏ်ရာမရသွားဘူးဆိုတာ သေချာလား” အမျိုးသမီးက အလျှော့ပေးဖို့ကို ငြင်းဆိုပြီး “မေးပါရစေဦး နင်က ဆရာ၀န်မလို့လား”

နန်ကောဟာ ဆွံ့အသွားတယ်။သူမ တကယ်ကို ကံမကောင်းတာဘဲ။

ရုန်းရင်ဆန်ခတ်အခြေအနေကို ကြားတော့ မန်နေဂျာက အလျင်စလို ပြေးလာတယ်။ “ဘာဖြစ်တာလဲ။ ဘာဖြစ်ကြတာလဲ”

“ဒီကလေးက ကျွန်မကို ၀င်တိုက်မိပြီး သူ့လက်ထဲက ပန်းကန်ကို မှောက်ကျသွားတာ အဲဒါကို ဒီအမျိုးသမီးက ကျွန်မအပြစ်ဆိုပြီး ပြောနေလို့” နန်ကောဟာ အခြေအနေကို မန်နေဂျာကို ရှင်းပြလိုက်တယ်။

“ငါက မှားစွပ်စွဲနေတယ်လို့ ပြောချင်တာလား။ ဒါ နင့် ပြဿနာမဟုတ်ဘူးလား။ စားပွဲထိုးတစ်ယောက်က ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။ မမြင်နိုင်ဘူးလား”

နန်ကောက သည်းမခံနိုင်တော့ဘဲ “ဒီမှာ ကျွန်မရဲ့ အနောက်မှာ မျက်စိပါတဲ့ ပုံပေါ်နေလို့လား။ ကျွန်မက အော်ဒါတွေကို စောင့်နေတာလေ ဘယ်လိုလုပ် ကျွန်မအနောက်က လူကို မြင်နိုင်မှာလဲ”

“ဒါက ဘယ်လိုအချိုးလဲ” အမျိုးသမီးဟာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး နန်ကောရှေ့ကို ခြေနှစ်လှမ်း တိုးလာတယ်။

ဒါကို မြင်ပြီး မန်နေဂျာရဲ့ တစ်ခေါင်းလုံး ပူထူသွားတယ်။သူဟာ အလျင်အမြန်ပဲ နန်ကောကို သူ့ရဲ့အနောက်ကို ပို့လိုက်ပြီး အမျိုးသမီးရဲ့ အရှေ့မှာ ၀င်ရပ်လိုက်တယ်။သူက တောင်းတောင်းပန်ပန်နဲ့ ပြုံးပြကာ “မဒမ် စိတ်မဆိုးပါနဲ့ ကျွန်တော်က မန်နေဂျာပါ မင်းအလိုမကျတာတစ်ခုခုရှိရင် ကျွန်တော့်ကို ပြောလို့ ရပါတယ်”

“သူမက ငယ်သေးပြီး ဘာမှ မသိသေးပါဘူး စိတ်မဆိုးပါနဲ့ လာပါ ဟိုနားမှာ သွားပြော...”

“မရဘူး ငါ သူ့ကို တိုင်ချင်တယ်”

“မလုပ်ပါနဲ့ ကျောင်းသူတွေအတွက် အချိန်ပိုင်းလုပ်ရတာ မလွယ်ဘူးမလား။ မင်း ဘာလို့ မင်းရဲ့သား ဒဏ်ရာရှိမရှိ အရင်မစစ်ကြည့်တာလဲ။ ဒါက ပိုအရေးကြီးတယ်မဟုတ်လား”

မန်နေဂျာက ပြောပြီးတဲ့အခါ အမျိုးသမီး အာရုံများနေတဲ့အချိန် နန်ကောကို တစ်ချက်မျက်စိမှိတ်ပြကာ အမြန်ထွက်သွားဖို့ အချက်ပြတယ်။

နန်ကောက မကျေမနပ်နဲ့ အံကြိတ်လိုက်မိတယ်။

ထားပါ။သူမ စဉ်းစားကြည့်ပြီးတဲ့အခါမှာတော့ မန်နေဂျာအတွက် ပြဿနာမဖြစ်စေဖို့ကိုဘဲ ဆုံးဖြတ်လိုက်တယ်။

သူမက သူမရဲ့ ပစ္စည်းတွေကို သိမ်းပြီး ထွက်သွားဖို့ ပြင်တယ်။

“နင် ဘယ်ကို သွားနေတာလဲ။ နင် မတောင်းပန်ဘဲ ထွက်သွားတော့မလို့လား”

အမျိုးသမီးက သူမကို လှမ်းကိုင်ဖို့ လုပ်တယ်။

“ဟေး!” မန်နေဂျာက အလျင်အမြန်ပဲ သူမကို တားလိုက်တယ်။ “ကျေးဇူးပြုပြီး သူ့ကို မထိပါနဲ့ ညှိနှိုင်းကြည့်ရအောင်! ကျွန်တော် မင်းကို တောင်းပန်ပါ့မယ် ဟုတ်ပြီလား”

ဒီဟာကို ကြားရတာနဲ့ နန်ကောဟာ လုံး၀ပေါက်ကွဲသွားတော့တယ်။သူမဟာ သူမ‌အရှေ့က မန်နေဂျာကို ဘေးဖယ်လိုက်ပြီး သူမရဲ့ အင်္ကျီလက်တွေကို ခေါက်တင်လိုက်တယ်။ “ရှင်က ဘာလို့ တောင်းပန်နေတာလဲ။ ရှင် ဘာအမှားမှ လုပ်ထားတာ မဟုတ်ဘူး ဘေးဖယ်ပေး!”

ဘေးဖယ်ပေး။ဒါမှ သူမ ဒီအမျိုးသမီးကို တစ်ချက်လောက် ဆုံးမလို့ရမှာ!

သူမက ခါးပေါ် လက်ထောက်လိုက်ပြီး အရှေ့တိုးကာ အမျိုးသမီးနဲ့ အကြည့်ချင်းဆုံလိုက်တယ်။ “ကျွန်မက ဘာလို့ တောင်းပန်ရမှာလဲ။ ရှင် အင်္ဂလိပ်လို နားမလည်ဘူးလား။ ကျွန်မ ရှင့်ကို ပြောခဲ့ပြီးပြီ ဒါ ကျွန်မအမှားမဟုတ်ဘူးလို့”

“ရှင်က စလာကတည်းက ကျွန်မကို ပညာပြချင်နေတာ ကျွန်မကို တောင်းပန်ဖို့တောင် ရှင်ကို မပြောသေးဘူးနော်! ရှင်ကတော့ သံမဏိအမြှောက်လိုမျိုး တရစပ်လွှတ်နေတော့တာပဲ”

18 02

“ပြီးတော့ ရှင်ကွန်ပလိန်းတက်တာကိုလည်း ကျွန်မ မကြောက်ဘူး ရှင် အဲဒါကို မြင်လား” သူမက သူမခေါင်းပေါ်က စောင့်ကြည့်ရေးကင်မရာကို ညွှန်ပြလိုက်တယ်။ “ရှင် ကျွန်မကို မယုံဘူးဆိုရင် စောင့်ကြည့်ရေးကင်မရာကို သွားကြည့်လိုက် ရှင့်သားကို ကျွန်မ၀င်တိုက်မိတယ်ဆိုတာ ရှင် သက်သေပြနိုင်ရင် တောင်းပန်ရုံတင်မကဘဲ ဒူးပါ ထောက်ပေးလိုက်မယ်”

“ဒါပေမဲ့ ကျွန်မ မဟုတ်ဘူးဆိုလို့ကတော့ ရှင် ကျွန်မကို တောင်းပန်ရမယ်!”

“စားသုံးသူတွေက ဘယ်လောက်အရေးကြီးလဲဆိုတာ နင် မသိဘူးလား။ နင် ငါပြောတဲ့အတိုင်း လုပ်ရမှာလေ”

နန်ကောက အေးစက်စွာပဲ နှာခေါင်းရှုံ့လိုက်ပြီး “ရှင့်ဟာရှင် ဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်မ ဂရုမစိုက်ဘူး ရှင်က ကျွန်မအဖေမှ မဟုတ်တာ ဘာလို့ လာသင်ပြနေတာလဲ။!”

အမျိုးသမီးရဲ့ မျက်နှာဟာ ချက်ချင်းရှက်ရွံ့မှုတွေနဲ့ ပြည့်နှက်သွားတယ်။သူမမှာ မန်နေဂျာကို ဆွဲခေါ်ပြီးတော့ပဲ သင်ခန်းစာပေးဖို့ ရှိတော့တယ်။ “ကြည့်စမ်း! ရှင့်အလုပ်သမားရဲ့ လုပ်ရပ်ကို ကြည့်စမ်း! ရှင့်ကိုယ်ရှင် မန်နေဂျာလို ခေါ်နိုင်သေးတယ်ပေါ့”

“ဘာလို့ သူ့ကို ဆွဲထည့်နေတာလဲ။!” နန်‌ကောက မန်နေဂျာကို ပြန်ဆွဲခေါ်လိုက်တယ်။ “ဒါ ကျွန်မတို့ကြားက ကိစ္စ ရှင် မနိုင်မှန်းသိတော့ သူ့ကို အပြစ်ပုံချဖို့ လုပ်နေတာမလား။ သူ့ကို ထပ်ပြီး ပြောဆိုဖို့လုပ်နေတာ!”

မန်နေဂျာ “.....” အကြောင်းအရင်းတစ်ချို့ကြောင့် သူအနည်းငယ်လှုပ်ရှားသွားသလို ခံစားရတယ်။

အမျိုးသမီးဟာ ဒေါသတကြီး လက်ကို မြှောက်လိုက်တယ်။သူမက ရိုက်ချလိုက်တဲ့ အချိန်မှာပဲ လက်တစ်ဖက်က ဘေးကနေ ၀င်လာပြီး သူမကို တားလိုက်တယ်။

အမျိုးသမီးရဲ့ လက်ဟာ အမျိုးသားရဲ့ ဈေးကြီးတဲ့ လက်ပတ်နာရီကို ရိုက်ချမိသွားတယ်။

“ဟမ်” နန်ကောနဲ့ မန်နေဂျာက အံ့ဩသွားတယ်။သူတို့က ဘေးဘက်ကို ပြိုင်တူ ကြည့်လိုက်ကြတယ်။

စားသောက်ဆိုင်ထဲမှာ အပူပေးစက်ဖွင့်ထားပြီး ရှန်ရန်ချင်းရဲ့ အပေါ်ထပ်အင်္ကျီက သီးသန့်အခန်းထဲမှာ ကျန်ခဲ့တယ်။

သူဟာ ဒီနေ့ အလွှာ၃လွှာရှိတဲ့ ၀တ်စုံကို ၀တ်ဆင်ထားခဲ့တယ်။ဒီအချိန်မှာတော့ သူက ရှပ်အဖြူအပေါ်ကနေ ဗတ်စ်တစ်ထည်ကိုပဲ ၀တ်ထားတော့တယ်။သူ့နှာရိုးပေါ်က ငွေရောင်မျက်မှန်တစ်လက်နဲ့ တွဲလိုက်တော့ သူဟာ သန့်စင်ပြီး ယဉ်ကျေးတဲ့ပုံ ပေါ်နေတော့တယ်။

“ရှင်က ဘယ်သူလဲ”

အမျိုးသမီးဟာ အသိပြန်၀င်သွားပြီး မျက်မှောင်ကျုံ့လိုက်တယ်။

“ကျွန်တော် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး” ရှန်ရန်ချင်းရဲ့ မျက်နှာဟာ အုံ့မှိုင်းနေတယ်။သူက ခြေတစ်လှမ်းတိုးပြီး နန်ကောအရှေ့မှာ ရပ်လိုက်တယ်။သူ့ရဲ့ အသံကတော့ ပုံမှန်လိုပဲ ညင်ညင်သာသာရှိတယ်။

“ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မသိပေမယ့် မင်းဘက်က အရင်လက်ပါတာကတော့ လုံး၀မှားတယ်”

“ထွက်သွားစမ်း! ငါ့ကိစ္စထဲ ၀င်မရှုပ်နဲ့!”

နန်ကောဟာ ရှန်ရန်ချင်းအနောက်ကနေ ခေါင်းပြူထွက်လာပြီး သူမကို စိုက်ကြည့်လိုက်တယ်။ “ရှင့်သားက ဒီမှာ ရှိနေသေးတယ်နော် ကျင့်၀တ်လေးဘာလေးတောင် မထားနိုင်ဘူးလား”

“ကလေးကြောင့် ကျွန်မ ရှင့်ကို ဘာမှ မပြောခဲ့ဘူး ရှင် ဒီလိုဆက်လုပ်နေမယ်ဆိုရင် ကျွန်မရိုင်းတော့မှ အဆိုးမဆိုနဲ့!”

ရှန်ရန်ချင်းဟာ သူမရဲ့ ခေါင်းလေးကို ညင်သာစွာ အနောက်ကို ပြန်ပို့လိုက်ပြီး သူမကို ဖွက်ထားဖို့ ရည်ရွယ်တယ်။

“ကျွန်မ...” နန်ကောက ငြင်းဆိုပြီး သူမ ခေါင်းကို အတင်း တင်းခံထားတော့တယ်။

ရှန်ရန်ချင်းရဲ့ လက်တစ်ဖက်ဟာ သူမရဲ့ ပါးတစ်ဖက်ပေါ် ရောက်လာပြီး ကျန်လက်တစ်ဖက်ကတော့ သူမရဲ့ ခေါင်းကို ကိုင်ထားတယ်။သူက သူမကို စိုက်ကြည့်ရင်း ခေါင်းကို အသာအယာခါပြပြီး “လိမ္မာပါ”

“.....” သူမရဲ့ နှုတ်ခမ်းကို ဖိလိုက်ကာ နန်ကောဟာ တိုးတိုးလေး ရေရွတ်ပြီး သူမရဲ့ ခေါင်းကို နာနာခံခံနဲ့ပဲ ငုံ့ချလိုက်တယ်။

18 03

မန်နေဂျာကလည်း ဒီတိုင်းရပ်မနေဘူး။သူက သူ့ရဲ့ ဖုန်းနဲ့ စောင့်ကြည့်ကင်မရာကို ဖွင့်ကာ အမျိုးသမီးကို ပြလိုက်တယ်။ “မဒမ် ကြည့်ပါ တကယ်ပဲ မင်းရဲ့ သားက အမြန်ပြေးပြီး ကျွန်တော်တို့ရဲ့ စားပွဲထိုးကို ၀င်တိုက်မိတာပါ”

“သူက တစ်ချိန်လုံး မလှုပ်သလို အနောက်တောင် မလှည့်ပါဘူး ဒီတော့ သူ သူ့ကို မမြင်နိုင်ဘူး ပြီးတော့ မင်းရဲ့သားက ဒဏ်ရာလည်း မရပါဘူး”

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဖြေရှင်း‌ပေးတဲ့အနေနဲ့ ကျွန်တော်တို့ မင်းကို အချိုပွဲအလကား ပို့ပေးပါမယ် ဒါက သေချာပေါက် နားလည်မှုလွဲသွားတာပါ ကျွန်တော်တို့ အပေးအယူလုပ်ကြမယ်လေ”

“မရဘူး နင်တို့ အနည်းဆုံးတော့ အလကားကျွေးသင့်တယ်!”

“ဒါတော့ မရပါဘူး မဒမ် ဘာလို့လဲဆိုရင် ဒါက ကျွန်တော်တို့ အမှားလည်း မဟုတ်ခဲ့ဘူးဆိုတော့” မန်နေဂျာက ကို့ရိုးကားယား ပြုံးပြတယ်။

သူတို့ကြားမှာ ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ရတယ်။အမျိုးသမီးဟာ အနည်းငယ် မျက်နှာပူသွားပြီး သူမရဲ့ ဖုန်းကို ထုတ်ကာ နန်ကောကို လက်ညိုးထိုးလိုက်တယ်။ “ငါ နင်တို့ဆိုင်ကို လိုင်းပေါ် တင်ပြမယ်”

ရှန်ရန်ချင်းဟာ မျက်မှောင်ကျုံ့လိုက်ပြီး နန်ကောကို အလိုလို ကာကွယ်လိုက်တယ်။သူက သူရဲ့ အခြားလက်နဲ့ အမျိုးသမီးရဲ့ ဖုန်းကို လှမ်းယူလိုက်တယ်။

“မင်း တကယ်လို့ ဒါကို လက်မခံနိုင်ဘူးဆိုရင်လည်း အခြားနည်းနဲ့ စီစဉ်လို့ ရပါတယ်”

မျက်မှန်အောက်က အမျိုးသားရဲ့ အနက်ရောင်မျက်လုံးတွေဟာ နက်မှောင်နေခဲ့ပြီး မသိရင် အရာရာကို ထိုးဖောက်မြင်နိုင်နေသလိုမျိုး။

“ခင်ဗျားက မန်နေဂျာလား”

“သူ မဟုတ်ဘူး ကျွန်တော်ကမှ မန်နေဂျာပါ” မန်နေဂျာဟာ မထင်မှတ်ထားတဲ့အရာမို့ အနည်းငယ်‌အံ့ဩသွားတယ်။

“ရဲခေါ်လိုက်”

မန်နေဂျာက အံ့ဩသွားပြီး မလှုပ်မယှက်။

ရှန်ရန်ချင်းက မေးလိုက်တယ်။ “ကျုပ် အကူအညီလိုသေးတာလား”

******

All Chapters