← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

19 01

Chapter 19 ငါ နင့်ကို ကန်ထုတ်ရအောင် မလုပ်နဲ့။

နန်ကောဟာ ရှန်ရန်ချင်းရဲ့ ခေါ်သွားခြင်းခံရတယ်။

ရန်ပွဲကိုတော့ မန်နေဂျာဆီကိုပဲ လက်လွှဲပေးခဲ့လိုက်တယ်။

မန်နေဂျာက ရှန်ရန်ချင်းရဲ့ ဝောာင်းဆိုမှုအတိုင်း ရဲခေါ်မယ်လည်း လုပ်ရော အမျိုးသမီးရဲ့ မျက်နှာထားဟာ ပြောင်းလဲသွားပြီး ဆဲဆိုကာ ထွက်သွားတော့တယ်။

ဒီပြဿနာဟာ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။

_____

သီးသန့်အခန်းထဲကို နန်ကော ၀င်လိုက်တာနဲ့ အခန်းထဲမှာ တိတ်ဆိတ်နေတယ်။

သူမက ခေါင်းငြိမ့်ပြပြီး လှုပ်လှုပ်ရှားရှား မလုပ်ရဲဘဲ ဘေးကပ်ရပ်နေလိုက်တယ်။

ရှန်ရန်ချင်းဟာ တံခါးကို ပိတ်ပြီး သူမကို ထိုင်ဖို့ လက်ဟန်ပြတယ်။

နန်ကောဟာ သွားမထိုင်ခင် စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေခဲ့သေးတယ်။

သူငယ်ချင်းတစ်ယောက်က မေးတယ်။ “ဘာဖြစ်တာလဲ။ အခုပဲ အပြင်မှာ အသံတွေ ကြားတယ်”

“ဘာမှမဟုတ်ဘူး” ရှန်ရန်ချင်းဟာ အခြားလူတွေကို လစ်လျူရှုလိုက်တယ်။

သူက သူမကို ကြည့်လိုက်ပြီး တိုးတိုးလေး ပြောတယ်။ “ခုနကလို ကိစ္စမျိုးမှာ မင်းဘက်က လေကုန်ခံပြီး သူ့ကို ရှင်းပြနေစရာ မလိုဘူး ရဲသာ ခေါ်လိုက်”

“သူက မင်းကို ကြုံသလို နှောင့်ယှက်နေတဲ့ပုံပေါ်ပေမယ့် သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းနေတာပဲ ပြောလည်း အသုံးမ၀င်ဘူး အဲတော့ ဘာအကြောင်းပြချက်မှလည်း မလိုဘူး”

“အဲဒါအပြင် အခုခေတ်မှာ အကုန်လုံးက အင်တာနက်သုံးနေကြတာ လူတိုင်း သူတို့ဖုန်းလေးကို သုံးရုံနဲ့ သူတို့ ပြောချင်တာ ပြောလို့ရတယ် သူသာ တစ်ခုခုကို တကယ်ရိုက်သွားလို့ရှိရင် ဘယ်သူ့အမှားဖြစ်ဖြစ် မင်းကိုပဲ အရင်ထိခိုက်လိမ့်မယ်”

“ပြီးတော့ နောက်ဆို မင်း ဒီလိုမျိုး ရိုင်းစိုင်းတဲ့လူနဲ့ တွေ့ရင် ဝေးဝေးပဲ နေပါ အဲလူက မင်းကို အချိန်မရွေး ထိခိုက်စေနိုင်တယ်”

နန်ကောက သူမခေါင်းကို ကုတ်ပြီး “ကောင်းပါပြီ”

“မင်း ကြောက်သွားတာလား” သူမ အာရုံပျံ့လွင့်နေတာကို မြင်တော့ ရှန်ရန်ချင်းက သူ့ရဲ့ ခေါင်းကို အသာငုံ့ကာ သူမရဲ့ မျက်လုံးတွေကို ကြည့်လိုက်တယ်။

ရုတ်တရက် အကြည့်ချင်းဆုံမှုက နန်ကောကို လန့်သွားစေတာမို့ သူမက ချက်ချင်းပဲ ရှောင်လိုက်တယ်။သူမက အလျင်အမြန် မျက်တောင်ခတ်လိုက်ပြီး “မဟုတ်ပါဘူး”

“မင်း ဘာ‌ကို ဒီလောက်ကြီး တွေးနေတာလဲ”

နန်ကောက မေးခွန်းကို ရှောင်ဖို့ မကြိုးစားဘဲ သက်ပြင်းကို လေးလံစွာ ချတယ်။

“ခုနက ကျွန်မ စကားကို တိတိကျကျ မပြောနိုင်ခဲ့ဘူးထင်တယ် ပြန်စဉ်းစားကြည့်တော့ ကျွန်မက‌ တော်တော်ယဉ်ကျေးနေခဲ့သေးတာ”

“သူ ထွက်သွားပြီးလားမသိဘူး ကျွန်မ အပြင်ကို ထွက်ပြီး သူနဲ့ နောက်တစ်ပွဲလောက် ထပ်နွှဲချင်သေးတာ”

ကျိန်းသေပေါက်ကို သူမ ဒီအကြောင်းတွေးလေ ဒေါသက ပိုထွက်လာလေပဲ။

ရှန်ရန်ချင်း “.....” သူမ သူပြောတဲ့ဟာတွေကို တစ်လုံးမှ မကြားဘူးဘဲ။

သူက ပြုံးလိုက်ပြီး “မင်း အဲလောက်တောင် ဒေါသထွက်နေတာလား”

“ဒါပေါ့ အစက သူ ဘယ်လောက်မောက်မာလဲ ရှင် မတွေ့လိုက်လို့ ကျွန်မလို စားပွဲထိုးတွေက သိမ်ငယ်တယ်လို့ သူက ထင်နေတာ”

“သူက ကျွန်မကို လက်ညိုးငေါက်ငေါက်ထိုးပြီးတောင် ကြိမ်းမောင်းသွားသေးတယ် အိမ်မှာဆို အဖေက ကျွန်မကို တစ်ခါမှ အခုလိုမျိုး ဆက်ဆံဖူးတာ မဟုတ်ဘူး ပိုက်ဆံရှာရတာက တော်တော်ခက်တာပဲ...”

သူမမှာ ဒီအကြောင်းကို တွေးလေ‌ ပိုပိုပြီးကို ဒေါသထွက်လာလေဖြစ်နေတော့တယ်။

သူမအဖေက လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ လူတစ်ယောက် ဖြစ်ပြီး ကုမ္ပဏီက လူတွေကိုလည်း ဝေဖန်တတ်တယ်။ဒါကြောင့် အိမ်မှာဆိုရင် အဖေနဲ့ သမီးဟာ သဘောထားချင်း မတိုက်ဆိုင်ဘဲ အမြဲလိုလို စကားများရန်ဖြစ်တတ်ကြတယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်တွေထဲမှာ သူမ အဖေက သူမကို တစ်ခါမှ ဆူပူကြိမ်းမောင်းတာမျိုး မရှိသလို လက်ညိုးငေါက်ငေါက်လည်း မထိုးဖူးဘူး။

“ကျွန်မက ဒီမှာ အခြားလူတွေကို ၀န်ဆောင်မှုပေးရင်း ပိုက်ဆံရှာနေတာလေ အခုလိုမျိုး အနိုင်ကျင့်ခံရဖို့မှ မဟုတ်တာ ဂုဏ်သိက္ခာ မရှိတော့သလိုတောင် ခံစားရတယ်”

နန်ကောရဲ့ မျက်လုံးတွေဟာ နီရဲလာတယ်။

ရှန်ရန်ချင်းဟာ သူ့၀တ်စုံအိတ်ကပ်ထဲက လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ပြီး ကမ်းပေးတယ်။သူဟာ သူပြောမယ့် စကားတွေကို မြိုသိပ်လိုက်ပြီး အဲစကားတွေကို နှစ်သိမ့်ပေးတဲ့ စကားအချို့အဖြစ် ပြောင်းလဲလိုက်တယ်။

19 02

အချိန်တစ်ခုကြာတဲ့အခါ နန်ကောက မငိုတော့တာ သေချာတော့မှ သူ့ရင်ထဲက မေးခွန်းလေးတစ်ခုကို သူ ထုတ်မေးလိုက်တယ်။ “ဒါဆို မင်း အလုပ်ပြောင်းဖို့ စိတ်ကူးရှိလား”

နန်ကောရဲ့ မျက်တောင်ဟာ တစ်ချက်လှုပ်ခတ်သွားပြီး သူ့ရဲ့ လက်ကိုင်ပုဝါကို ကိုင်ထားတဲ့ လက်ကလည်း နည်းနည်းတောင့်သွားတယ်။

“မရှိသေးဘူး”

သူမနဲ့ သူမအစ်ကိုက ဒီကိစ္စကို သဘောတူထားပြီးပြီ။ဒီတော့ သူမက တစ်၀က်တစ်ပျက်နဲ့ လက်မလျှော့ချင်ဘူး။

“ဒါက အချိန်ပိုင်းအလုပ်လေးတစ်ခုပါပဲ မန်နေဂျာကလည်း ကျွန်မအပေါ် ကောင်းပါတယ် ဒီမှာ တစ်လလောက်ပဲ လုပ်ရတော့မှာ...မဟုတ်သေးဘူး ၃ပတ်ပဲ ကျန်တော့တယ်”

သူမက သူမဖြစ်ချင်တဲ့ဟာကို အသေအချာ ပြောပြီးပြီမို့ ရှန်ရန်ချင်းကလည်း သူမကို ဖိအားပေးမှာ မဟုတ်ဘူး။သူက အခြား ဘာမှ ထပ်မပြောတော့ဘဲ နေတယ်။

ဒေါက် ဒေါက်။

တံခါးခေါက်သံနှစ်ချက် ထွက်လာခဲ့တယ်။

မကြာပါဘူး။တံခါးဟာ ပွင့်သွားပြီး မန်နေဂျာက အထဲကို ၀င်လာတယ်။ဟင်းပွဲတွေကို သူတို့ဆီ အသေအချာ ချပြီးတဲ့နောက် “ဒီဟင်းနှစ်ပွဲက ကျေးဇူးတင်တဲ့အနေနဲ့ ဧည့်ခံတာပါ ခုနက ကူညီပေးတဲ့အတွက် ကျေးဇူးပါ”

ဒီစကားတွေဟာ ရှန်ရန်ချင်းကို ဆိုလိုတာဖြစ်တယ်။

ရှန်ရန်ချင်းက အသာခေါင်းငြိမ့်ပြပြီး “ကူညီရမယ့်ကိစ္စမလို့ပါ”

မန်နေဂျာက အံ့ဩသွားတယ်။

သူက ဘာကို ဆိုလိုတာလဲ။

သူက နားမလည်ပေမယ့် ထပ်ပြီးတော့လည်း စစ်ဆေးမနေတော့ပါဘူး။သူ့ရဲ့ မျက်နှာပေါ်မှာ ကျွမ်းကျင်တဲ့ အပြုံးတစ်ပွင့်နဲ့ “ဒါဆို ကျွန်တော်တို့ မင်းတို့စားတာကို မနှောင့်ယှက်တော့ပါဘူး နန်ကော သွားရအောင်”

သူက နန်ကောကို လက်ပြလိုက်တယ်။

“အော် အင်း” အဲအခါကျမှပဲ နန်ကောဟာ သူမ အလုပ်လုပ်နေတုန်းဆိုတာကို သတိရသွားတယ်။သူမက လက်ကိုင်ပုဝါလေးကို ချပြီး အမြန်ထလိုက်တယ်။ “ဒါဆို ကျွန်မ အလုပ်သွားလုပ်လိုက်ဦးမယ်နော်”

သူမ ထွက်မသွားခင်မှာ သူ့ကို ကျေးဇူးတင်ဖို့ကိုလည်း မမေ့မလျော့။

“ဟိုတစ်ယောက် ထွက်သွားပြီလား”

နန်ကောက အပြင်ရောက်တာနဲ့ အမျိုးသမီးအကြောင်းကို မေးလိုက်တယ်။

“ငါ သူ့ကို ပို့လိုက်ပြီ”

“သိပြီ ဒါဆို ကျွန်မ အလုပ်သွားပြန်လုပ်လိုက်ဦးမယ်”

“ခဏ ခဏ” မန်နေဂျာက နန်ကောကို လှမ်းဆွဲထားတယ်။

“တခြားကိစ္စရှိသေးလို့လား” နန်ကောက သူ့ကို မေးလိုက်တယ်။တစ်ခုခုကို တွေးမိလိုက်ပြီး သူမက စိတ်ရှုပ်ရှုပ်နဲ့ မေးလိုက်တယ်။ “ရှင် ကျွန်မလစာကို ဖြတ်မလို့တော့ မဟုတ်ဘူးမလား။ ဒီလူကတော့!”

“.....”

*မင်းလစာအကြောင်း မဟုတ်ပါဘူးကွာ တစ်ယောက်ယောက်က မင်းကို ရှာနေလို့”

“ဘယ်သူလဲ” နန်ကောက ပတ်၀န်းကျင်ကို တစ်ချက် ချုံကြည့်လိုက်တယ်။

“သူအပေါ်ထပ်မှာ” မန်နေဂျာက လှေကားထစ်ကို ညွှန်ပြပြီး “ဥက္ကဌနန် ရောက်နေတယ်”

နန်ကောဟာ ရှုပ်ထွေးသွားတော့တယ်။

အပေါ်ထပ်ရုံးခန်းရောက်တော့ နန်ကောဟာ တံခါးကို တွန်းဖွင့်လိုက်ပြီး ခေါင်းပြူကြည့်လိုက်တယ်။

“ဟယ်လို။ ကွန်နီချီ၀”

“၀င်လာ”

“အိုး” နန်ကောက သူမရဲ့ နှုတ်ခမ်းကို ဖိလိုက်ပြီး တံခါးကို ပိတ်လိုက်တယ်။ “နင် ဘာလို့ ဒီရောက်နေတာလဲ”

“ငါ့စားသောက်ဆိုင်ကိုတောင် ငါလာလို့ မရတော့ဘူးလား” သူ့ရဲ့လေသံဟာ အနည်းငယ်ခက်ထန်နေတယ်။

“ဒါပေါ့ လာလို့ ရပါတယ်” နန်ကောဂာ တိတ်တဆိတ်ပဲ သူမမျက်လုံးတွေကို လှည့်လိုက်တယ်။

ဒီတစ်ယောက် ညစာကို ယမ်းမှုန့်နဲ့များ မှားစားလာသလား။

“ဟ ငါသာမလာရင် သေချာပေါက် ၂ရက်အတွင်း ငါ့ဆိုင်ကို ပိတ်ချလိုက်ရတော့မှာ မဟုတ်ဘူးလား”

သူမက သူမရဲ့ နှာခေါင်းကို ကို့ရိုးကားယားထိလိုက်ပြီး အသံတိုးတိုးနဲ့ ရေရွတ်တယ်။ “အဲဒါဆိုလည်း ပိတ်လိုက်ပေါ့ ဘာလို့ ငါ့ကို တွေ့ချင်ရတာလဲ။ ငါ့အမှားမှ မဟုတ်တာ”

“နင် ဘာလို့ရန်ဖြစ်ရတာလဲ” နန်ကျဲ့က စားပွဲကို ထုချလိုက်တယ်။ “တစ်ယောက်ယောက်က ဗီဒီယိုပါ ရိုက်လုနီးနီးဖြစ်သွားတာနော် သိလား”

နန်ကောရဲ့ မျက်ဆံတွေဟာ ကျဉ်းမြောင်းသွားပြီး သူ့ကို စိုက်ကြည့်လိုက်တယ်။ “နင် ငါ့ကို လေသံမာမာနဲ့ ပြောတယ်ပေါ့လေ! ဘယ်လိုတောင် ပြောရက်ရတာလဲ”

“ငါ အခုလေးတင် အရိုင်းအစိုင်းအဒေါ်ကြီးဆီက ကြိမ်းမောင်းခံထားရတာသိလား။ နင်က ငါ့အစ်ကိုဖြစ်ပြီးတော့ ဒါတောင် ငါ့ကို လာပြောနေတယ်ပေါ့လေ! ငါ့ကို မနှစ်သိမ့်ပေးရင်‌ နေပါ ဒါပေမဲ့ ဒီလို ပြောဖို့ မလိုဘူးမလား။ ဝူးဝူး!”

“ငါ့ နင်နဲ့ အဆက်အသွယ်ဖြတ်မယ်! ဝူးဝူး နင်က ငါ့အစ်ကို မဟုတ်တော့ဘူး!”

19 03

ခဏလောက် ရပ်လိုက်ပြီးတော့ သူမက ဆက်ပြောတယ် “ဒါပေါ့ နင်သာ ငါ့ကို အစ်မကြီးလို့ ခေါ်ရင်တော့ ငါ ခွင့်လွှတ်ပေးမယ်”

နန်ကျဲ့ “.....”

“နင်ဟာလေ တက္ကသိုလ်ပဲ ရောက်နေပြီ ဘာလို့ အခုထိ တုံးအနေရတာလဲ”

“ဟမ်” ဒါကို ကြားတော့ နန်ကောက အငိုရပ်လိုက်ပြီး သူမရဲ့ မျက်နှာကလည်း ဖရိုဖရဲဖြစ်သွားတယ်။ “နန်ကျဲ့ နင် အဲလိုပြောရင် ငါတကယ်စိတ်ဆိုးမှာနော်!”

“ဒီနေ့ကစပြီး ငါ့ကို မဆက်သွယ်နဲ့!” သူမက ပြောနေရင်း ဦးထုပ်နဲ့ ယူနီဖောင်းဂျက်ကတ်ကိုပါ ချွတ်ပစ်လိုက်ပြီး နန်ကျဲ့ရဲ့ မျက်နှာကို ပစ်ပေါက်လိုက်တယ်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ ငါက နင့်ကို စနေတာကို ဘာလို့ အဲလောက်တောင် ‌ဒေါသကြီးနေရတာလဲ” နန်ကျဲ့က အလျင်အမြန်ပဲ နန်ကောကို ပြန်ဆွဲထားတယ်။

“ငါ့ကို ပစ္စည်းတွေနဲ့ ပစ်ပေါက်တာကို ဘယ်အချိန်မှ ရပ်မှာလဲ”

နန်ကောက နှာခေါင်းရှုံ့လိုက်ပြီး သူမလက်တွေကို ယှက်ထားကာ သူ့ကို ကြည့်ဖို့ ငြင်းဆန်တယ်။

သူမက ဂုဏ်သိက္ခာရှိတဲ့ အကြည့်တစ်ချက်ကို လှစ်ဟာပြထားတယ်။

“ငါမှားတာပါ ဟုတ်ပြီလား။ လာထိုင်”

“ငါ့ကို မထိစမ်းနဲ့”

“ငါက စိတ်ပူ‌ပေးနေတာနော် ပုံအရိုက်ခံရတာရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို နင် သိလား”

“ဘာဖြစ်လဲ။ အဲဒါနဲ့ပဲ ဗီဒီယိုရိုက်တဲ့လူက အမှန်လို့ ပြောလို့ ရရောလား”

“နင်မှန်တယ်ဆိုရင်တောင်မှ တစ်ယောက်ယောက်က တကယ်ကြီး နင့်ပုံကို ရိုက်သွားရင် နင်က အရင်ဆုံးပစ်မှတ်ထားခံရမှာကို မသိဘူးလား။ တကယ်လို့ လူတွေက နင့်နောက်ကြောင်းကို လိုက်စုံစမ်းရင် ဘယ်လိုလုပ်မလဲ။ ဘာတွေ ဖြစ်မယ်ထင်လဲ”

“...ငါ ဂရုမစိုက်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို လေသံမာမာနဲ့ ပြောတာတော့ နင့်အပြစ်ပဲ”

သူမက တမင်တကာ သူ့ကို အပြစ်ရှာနေမှန်း နန်ကျဲ့သိတယ်။ဒီတော့ သူ့မှာ အပေးအယူလုပ်ပေးရုံကလွဲလို့ ရွေးချယ်စရာမရှိ။ “နင် ခွင့်လွှတ်ပေးအောင် ငါ ဘာလုပ်ပေးရမလဲ”

သူ ငါးစာကို လာဟပ်တာမြင်တော့ နန်ကောမှာ အော်ရယ်မိတော့မတတ်။

သူမက ချောင်းတစ်ချက်ဟန့်လိုက်ပြီး “ကားအသစ် ၀ယ်ပေးတော့”

နန်ကျဲ့က သူ့ရဲ့ လက်ကို မြှောက်ပြီး ညွှန်ပြကာ “တံခါးက ဟိုဘက်မှာ ကိုယ့်ဟာကိုယ် ထွက်သွား ငါကိုယ်တိုင် ကန်ထုတ်ရအောင် မလုပ်နဲ့”

“.....”

******

All Chapters