အခန်း ၂၁
Vol. 3 Ch. 21
Chapter 21သူနဲ့ ဝေးဝေးနေဖို့ ငါသတိပေးနေတယ်နော်။
ပြီးခဲ့တဲ့နှစ်ရက်လုံး နန်ကောဟာ စာပြန်လေ့လာတာနဲ့ အလုပ်ရှုပ်နေခဲ့ပြီး ဖျော်ဖြေပွဲအကြောင်း သေချာအာရုံမပေးနိုင်ခဲ့ဘူး။
ကားထဲ မ၀င်ခင် သူမက ဝေ့ပေါ်ကို တစ်ချက်ဆွဲကြည့်လိုက်ပြီး လက်မှတ်တွေ အကုန်ရောင်းထွက်ပြီဖြစ်ကြောင်း သိလိုက်ရတယ်။
ပိုအရေးကြီးတာက ပြန်ရောင်းတဲ့ လက်မှတ်တွေရဲ့ ဈေးဟာလည်း ဒေါ်လာတစ်သိန်းအထိ ဖြစ်သွားပြီ။သေစမ်း!
ဒေါ်လာတစ်သိန်း။သူမမှာသာ ဒေါ်လာတစ်သိန်းရှိရင် သူမ အစားအစာ ဒလီပို့နေတော့မှာ မဟုတ်ဘူး!
ဒါပေါ့။သူမသာ လက်မှတ်ကို ရခဲ့ရင် နန်ကျဲ့ကို အခုလို နှိမ့်ချပြီး တောင်းဆိုနေမှာ မဟုတ်ဘူး။
*နှစ်သစ်ကူးလက်ဆောင်လို့သာ သဘောထားလိုက်ပါ ငါ့ကို ကူညီပါ ကူညီပေးနော်!”
တကယ်တော့ နန်ကောဟာ အသေခံ ပရိတ်သတ်လည်း မဟုတ်သလို အနုပညာရှင်တွေကိုလည်း စိတ်မ၀င်စားတတ်ဘူး။ဒါပေမဲ့ ဒီနိုင်ငံခြား ယောက်ျားလေးအဖွဲ့ကိုတော့ ဂျူနီယာအထက်တန်းကျောင်းကတည်းက ကြိုက်ခဲ့ရတာ။သူမက သူတို့ရဲ့ ဖျော်ဖြေမှုနဲ့ သီချင်းတွေကို ကြိုက်တယ်ဆိုပေမဲ့ သူတို့နဲ့ ပတ်သတ်ပြီး အရူးအမူး ဖြစ်နေတာတော့လည်း မဟုတ်ဘူး။
တကယ်တော့ သူမကို သက်တောင့်သက်သာပရိသတ် စာရင်းသွင်းလို့ ရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်လေ သူတို့ဟာ နောက်ဆုံးတော့ ဒီနိုင်ငံကို ကမ္ဘာလှည့်ဖျော်ဖြေပွဲစာရင်းထဲ ထည့်ထားခဲ့ပြီး ဖျော်ဖြေပွဲ ကျင်းပမှာကလည်း သူမနေတဲ့ မြို့ဖြစ်နေတယ်လေ။သူမ ဒါကိုတော့ လက်လွတ်မခံချင်ဘူး။
နောက်ပြီးတော့ ယောက်ျားလေးအဖွဲ့ဟာ ပွဲဦးထွက်ခဲ့တာ ကြာပြီ။အရှင်းဆုံး ပြောရမယ်ဆိုရင် သူတို့က ဖျက်သိမ်းဖို့ ဘယ်နှစ်နှစ်မှ မလိုတော့ဘူး။
ဒီဟာက နောက်ဆုံးဖျော်ဖြေမှုတောင် ဖြစ်ရင် ဖြစ်သွားနိုင်တယ်။
ဒီလိုအတွေးနဲ့ နန်ကောဟာ လွန်ခဲ့တဲ့နှစ်ရက် စာပြန်လေ့လာနေတုန်းက သူမရုန်းကန်ခဲ့ရတဲ့ နာကျင်မှုတွေကို ပြန်တွေးလိုက်ပြီး မျက်ရည်နှစ်စက်လောက် ညှစ်ထုတ်လိုက်တယ်။ “ဝူးဝူး အစ်ကိုကြီး လုပ်ပါ။ ငါ ဖျော်ဖြေပွဲလေးကို သွားချင်ရုံပါဟာ။ ငါ ပြန်လာရင် နင်ရဲ့ ကျွန်လုပ်ပြီး နင်ခိုင်းသမျှကို လုပ်ပေးမယ်လေ အိုကေလား”
“နင် အော်ပရာအတွက် သွေးပူလေ့ကျင့်ခန်းလုပ်နေတာလား။ နင််ငိုရင် အသံက အော်ပရာဆိုနေသလိုပဲ တော်တော့” နန်ကျဲ့ သူမကို အထင်အမြင်သေးသလို ကြည့်လိုက်ပြီး သူ့လက်ကို ပြန်ဆွဲယူလိုက်တယ်။ “နင့်နှပ်ချေးတွေကို ငါ့အင်္ကျီနဲ့ လာသုတ်မနေနဲ့ ငါ့ဂျက်ကတ်က ဒေါ်လာခုနစ်သောင်းကျော် တန်တယ်”
နန်ကော “.....” သူမ သူ့ကို အရွဲ့တိုက်ပြီးသာ ကျေးဇူးတင်လိုက်တယ်။
သူ သူမကို ဂရုစိုက်တာတော့ သေချာပါတယ်။ဒါပေမဲ့ အဲ့လောက်ကြီး မဟုတ်တာyJ ရှိတာ။
_____
“ဟမ်။ နင်လည်း ဒီမှာ နေတာလား”
လမ်ဘော်ဂီနိကားလေးဟာ ရပ်ကွက်ထဲကို ဖြည်းညင်းစွာ ၀င်လာတယ်။နန်ကောဟာ အပြင်ကို ကြည့်ပြီး မေးလိုက်တာဖြစ်တယ်။
“နင် မသိဘူးလား”
“ငါ မမှတ်မိတာ...” သူမအစ်ကိုဟာ ဟိုက်မြို့တော်မှာ တိုက်ခန်းတစ်ခန်း ၀ယ်ထားတာကိုတော့ သိပေမဲ့ သူက ၀ယ်ပြီးလည်း အဲ့မှာ သိပ်နေတာမှ မဟုတ်တာ။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ခရိုင်မှာလဲဆိုတာကို သူမ မမှတ်မိခဲ့တာ။
ဟိုက်မြို့တော်ဟာ နိုင်ငံရဲ့ တတိယမြောက် အကောင်းဆုံးမြို့တော်လို့ သတ်မှတ်ခံထားရတယ်။အဆင့်မြင့်ခရိုင်တွေဟာ အပြိုင်အဆိုင် ရှိကြပြီး တစ်ခါတလေ ပုံကြီးချဲ့တယ်လို့တောင် ထင်ရတယ်။
သူမကတော့ ပုံမှန်အားဖြင့် ကျောင်း၀င်းထဲမှာပဲ နေတာလေ။ရံဖန်ရံခါတော့ သူမသူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး ကျောင်းနဲ့နီးတဲ့ ဟိုတယ်မှာ နေတတ်တယ်။ဒီတော့ သူ့မအစ်ကိုရဲ့နေရာကို တစ်ခါမှ မလာဖြစ်ဘူး။
နန်ကျဲ့က ကားကို ပါကင်ထိုးလိုက်ပြီး တစ်ခုခုကို ပြန်တွေးမိသွားပုံရပြီး “ခဏလေးနေပါဦး နင်ပြောတဲ့ 'လည်း' ဆိုတာ ဘာကို ဆိုလိုတာလဲ”
“ငါ အရင်က ဒီကို တစ်ခါ အစားအစာ လာပို့ဖူးတယ်”
သူက လက်တစ်ဖက်နဲ့ ခါးပတ်ကို ဖြုတ်လိုက်ပြီး သူမကိုတော့ မယုံတာ သိသာနေတယ်။ “ဒီတစ်ဝိုက်မှာနေတဲ့ လူတွေ အကုန်လုံးက အောင်မြင်တဲ့ လူတွေချည်းပဲ သူတို့ အော်ဒါမှာမစားဘူး မလိမ်တတ်ရင်လည်း မလိမ်စမ်းပါနဲ့”
နန်ကောဟာ ဒါကို မထီမဲ့မြင်နဲ့ သူ့ကို ကဲ့ရဲ့လိုက်တယ်။ “ငါတို့တွေ အကုန်သိမ်းကျုံးပြောလို့ မရဘူးလေ ဥက္ကဌရှန်ကရော အောင်မြင်တယ်လို့ သတ်မှတ်လို့ရလား။ သူက ဖောက်သည်လေ”
နန်ကျဲ့က ရပ်ပြီး မော့ကြည့်လိုက်ကာ “ဘယ်သူ”
“ရှန်ရန်ချင်း”
“.....”
ကားအင်ဂျင်ဟာ ရပ်တန့်သွားပြီး ကားထဲမှာလည်း အမှောင်ကျသွားတယ်။
ကားဂိုဒေါင်ထဲ ပြန့်ကျဲနေတဲ့ မီးအလင်းရောင်အောက် နန်ကျဲ့ဟာ သူ့မျက်လုံးတွေကို ကျဉ်းလိုက်ပြီး သူမကို ကြည့်တယ်။ “နင် ရှန်ရန်ချင်းကို အစားအစာ ပို့နေတာ ကြာပြီလား။ သူ ဘယ်ရပ်ကွက်မှာ နေတာလဲ”
နန်ကောဟာ အများကြီးမတွေးဘဲ ရိုးရိုးသားသားပဲ ဖြေလိုက်တယ်။ “၈ရပ်ကွက် အိုး အဲဒါ နင့်ဘေးမှာပဲလေ”
နန်ကျဲ့ဟာ ၂၀ရပ်ကွက်မှာ နေတာမို့ ၈ရပ်ကွက်နဲ့ဆိုရင် အပြိုင်ပဲ ဖြစ်တယ်။သူတို့ကြားမှာ လမ်းတစ်လမ်းပဲ ခြားတယ်။
“နင် တကယ် ဒလီသွားပို့တာလား”
သူမရဲ့ တည်တံ့နေတဲ့ပုံကို မြင်တော့ နန်ကျဲ့ဟာ နောက်ဆုံးတော့ ယုံကြည်သွားတယ်။
“ဒါပေါ့ ငါက နင့်ကို ဘာလို့ လိမ်ရမှာလဲ”
အသက်ပြင်းပြင်း ရှူကာ နန်ကျဲ့ဟာ ဒီအကြောင်းကို တွေးလေ တစ်ခုခုက မှားနေသလို ခံစားရလေဖြစ်နေတယ်။သူက နန်ကောရဲ့ နားရွက်ကို ဆွဲလိုက်ပြီး မေးတယ်။ “ဒါကြောင့် နင်က သူ့အကြောင်း မေးတာလား။ နင် ဘာတွေ တွေးနေတာလဲ။ နန်ရော့ရော့”
သူရဲ့ ငေါက်သံကြောင့် နန်ကောရဲ့ နားစည်တို့မှာ တုန်ခါသွားရတယ်။သူမက သူ့လက်ကို ရိုက်ချလိုက်ပြီး သူမနားကို ပွတ်ကာ “ဘာလို့ အဲ့လောက် အော်နေတာလဲ”
“မင်းတို့ အခုတလော တွေ့ပြီးပြီလား”
“အင်း” နန်ကောက သူ့ကို အပေါ်ကနေ အဆုံးထိ ကြည့်လိုက်တယ်။ဒီကောင် သွေးဆုံးများကိုင်နေတာလား မသိဘူး။သူ့မှာ ကြမ်းကြမ်းတမ်းတမ်း စိတ်အပြောင်းအလဲမြန်နေတော့တာပဲ။
“နင်မလာခင်တုန်းက ငါ့ကို ရှန်ရန်ချင်းက ကူညီပေးသွားတာ စိတ်မကောင်းစွာနဲ့ နင် သူ့ကိုတောင် မတွေ့လိုက်ရဘူး သူ ငါ့အရှေ့မှာ ရပ်ပြီး ကာကွယ်ပေးနေတုန်းကဆိုရင် သိပ်ကြည့်ကောင်းတာ သူက နင့်ထက် အဆပေါင်းများစွာ သာတယ် ကျေးဇူး”
ဒါကို ကြားတော့ နန်ကျဲ့က ကဲ့ရဲ့လိုက်ပြီး “ငါ့ကို အမှန်တိုင်းပြော နင်တို့ကြားမှာ တစ်ခုခုဖြစ်နေလား”
နန်ကောက ပြန်ခံပက်လိုက်ပြီး “ငါ နင့်ကို ဘာတွေများ ပြောမိလို့ နင်က ဒီလို ထင်သွားရတာတုန်း”
သူက ဘာလို့ အခုလိုတွေ ပြောနေတာလဲ။အံ့ဩပ။
သူမကို ကြည့်ရတာ လိမ်နေပုံတော့ မရတာမို့ နန်ကျဲ့ဟာ အနည်းငယ် စိတ်သက်သာရာရသွားတော့တယ်။ဒါပေမဲ့ သူ့လေသံကတော့ နည်းနည်းချဉ်နေတုန်းပဲ။ “ငါ့ဘ၀မှာ ငါ့ကို ချောတယ်လို့ စိတ်အားတက်ကြွစွာနဲ့ နင့်ဆီက တစ်ခါမှ ချီးကျူးမခံရဖူးဘူး ကျစ်”
“ဘယ်သူပြောလဲ။ ငါ နင့်ကို အမြဲချီးကျူးနေတာပဲ မဟုတ်ဘူးလား”
“နင် စိတ်ရော ပါလို့လား” သူမ ပြန်မဖြေနိုင်ခင် နန်ကျဲ့က ဆက်ပြောလိုက်တယ်။ “ရိုးရိုးသားသားလေး ဖြေကြည့်ပါလား”
နန်ကောဟာ သူမရဲ့ ပါးစပ်ကို ဖွင့်ကာ နောက်ဆုံးတော့လည်း လက်ခံလိုက်တယ်။ “ကောင်းပြီ ငါ မလုပ်ဖူးဘူး”
သူမ နန်ကျဲ့ကို ချီးကျူးလိုက်တိုင်း သူမမှာ နန်ကျဲ့ဆီက တောင်းဆိုစရာ တစ်ခုခုရှိလို့ပဲ။
နန်ကျဲ့ဟာ ဘာတွေဖြစ်နေလဲဆိုတာကို ရိပ်မိတဲ့ပုံစံမျိုးနဲ့ ကြည့်လိုက်တယ်။
“ငါ သတိပေးနေတယ် သူနဲ့ ဝေးဝေးနေ”
“ဘာလို့လဲ” နန်ကောဟာ မသိစိတ်ကနေ ပြန်မေးလိုက်တယ်။
နန်ကျဲ့က နင်သွားတယ်။နန်ကောရဲ့ တုံ့ပြန်ပုံနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ သူ ခံစားရတယ်။
သူက အံ့ကြိတ်လိုက်ပြီး ဆက်ပြောတယ်။ “သူက နင့်ထက် ၈နှစ်ကြီးတာကိုတော့ နင် သိတယ်မလား။ နင် အသက်ကြီးကြီးနဲ့ လူတစ်ယောက်ကို အနိုင်ယူလို့ မရဘူး”
နန်ကောကတော့ မထင်ပါဘူး။ “ငါ့အထင်တော့ သူက လူကောင်းပါ”
ရှန်ရန်ချင်းက သူ့ထက် အသက်အနည်းငယ် ကြီးတယ်။ဒါပေမဲ့ အစကနေ အဆုံးထိ ရှန်ရန်ချင်းဟာ သူမ တွေးထင်ထားတာနဲ့ လုံး၀ကွဲပြားတယ်ဆိုတာပဲ။
သူရဲ့ ကြင်နာမှုက အပေါ်ယံ မဟုတ်သလို ဟန်ဆောင်ထားတာလည်း မဟုတ်ဘူး။
သူမ မြင်ခဲ့တာတွေအားလုံးက အစစ်အမှန်တွေလိုပါပဲ။
“နင်က အရွယ်တောင် ရောက်သေးတာ မဟုတ်ဘူး တုံးကလည်း တုံးသေးတယ် နင် ဘာသိမှာလဲ” နန်ကျဲ့က သူ့လက်ကို မြှောက်ကာ သူမ ခေါင်းကို ခပ်ပြင်းပြင်း ပုတ်လိုက်တယ်။ “နောင် သူ့ကို မြင်ရင် ဝေးဝေးရှောင် နောက်ပြီး ဘာရယ်စရာဖြစ်အောင်မှလည်း မလုပ်နဲ့”
“.....”
ဘယ်လိုပဲဖြစ်ဖြစ် သူမကရော ဘာလုပ်နိုင်မှာမို့လဲ။
နောက်နေ့မနက်စောစောမှာတော့ သူမတောင် အိပ်ရာ မထနိုင်သေးခင်မှာဘဲ နန်ကောဟာ သူမအစ်ကိုဆီက ကုန်ထုတ်ခံလိုက်ရတော့တယ်။
သူမက ကျောင်းကို ပြန်သွားပြီး စာသင်ခန်းထဲကို မှုန်မှုန်မှိုင်းမှိုင်းနဲ့ ၀င်သွားတယ်။
ထိုင်ခုံတစ်ခုံကို ရှာပြီး ထိုင်ချလိုက်မှပဲ သူမစိတ်ဟာ အနည်းငယ် ကြည်သွားတယ်။ရုပ်ရှင််ကို ပြန်ရစ်ကြည့်နေသလိုမျိုး မနေ့ညကနေ ဒီနေ့အထိ အဖြစ်အပျက်တွေဟာ တဖြည်းဖြည်းချင်း ပြန်ပြန်ပေါ်လာတယ်။
တခြားအရေးကြီးတာတော့ မရှိပါဘူး။ဒါပေမဲ့ ပြဿနာလေးတစ်ခုတော့ ရှိတယ်။မနေ့ညက သူမပြန်တုန်းက ရှန်ရန်ချင်းကို မနှုတ်ဆက်လိုက်ရဘူး။
ဒါပေမဲ့ သူမဖုန်းကို ကြည့်တော့လည်း ရှန်ရန်ချင်းဆီက ဘာမက်ဆေ့်ခ်ျအသစ်ကိုမှတော့ မရထားပါဘူး။
ပုံမှန်ဆိုရင် သူက သူမကို မနေ့ညက ကျောင်းကို ပြန်သွားပြီလားမေးပြီး အဆုံးမှာ “ကောင်းသောညပါ” ဆိုပြီး ပြောလိမ့်မယ်။
နန်ကောဟာ လက်ကို မြှောက်ပြီး သူမရဲ့ မေးစေ့ကို ပွတ်လိုက်တယ်။အဲ့ဒါက နည်းနည်းထူးဆန်းနေတယ်လို့ သူမခံစားရတယ်။
သူ မနေ့ညက သူ့သူငယ်ချင်းတွေနဲ့ အတူသောက်ပြီး မူးများမူးနေတာလား။
မဖြစ်နိုင်ဘူး။သူ့မှာ အရက်နဲ့ ဓာတ်မတည့်ဘူး။ပြီးတော့ မနေ့ညက အရက်လည်း မမှာခဲ့ဘူး။
အကြာကြီးစဉ်းစားပြီးတဲ့နောက်မှာလည်း နန်ကောမှာ စဉ်းစားလို့ မထွက်သေး။ဒီတော့ သူမကပဲ အရင် အစပြုဖို့ ဆုံးဖြတ်လိုက်တော့တယ်။[ကောင်းသော မနက်ခင်းပါ။]
[မနေ့ညက အလုပ်ပြီးတော့ အမြန်ပြန်လိုက်ရတယ်။ကျွန်မ မပြန်ခင် ရှင့်ကို ပြောဖို့ မေ့သွားတယ်။]
[*၀က်ပုံ။jpg*]
မက်ဆေ့ခ်ျကို ပို့လိုက်တာနဲ့ ပင်လယ်ထဲ ကျောက်တုံးတစ်တုံး နစ်မြုပ်သွားသလိုမျိုးပဲ။
ဒီတစ်ခါတော့ ရှန်ရန်ချင်းဘက်က ချက်ချင်းစာမပြန်ခဲ့ဘူး။
နန်ကောဟာ သူမရဲ့ နားကို တစ်ချက်ကုတ်ကာ စမ်းသပ်ကြည့်ဖို့ နောက်ထပ်အီမိုဂျီတစ်ခု ပို့လိုက်တယ်။
အဆုံးမှာတော့ ဘာပြန်စာမှ မလာဘူး။
သူမက သူ့နာမည်ကို စိုက်ကြည့်နေခဲ့ပေမဲ့ “တစ်ဖက်က စာရိုက်နေပါတယ်” ဆိုတဲ့ စာလုံးကို မြင်နေရရုံကလွဲပြီး ဘာမှ ပေါ်မလာဘူး။
ဒါဟာ ပထမဆုံးအနေနဲ့ နန်ကောဟာ တစ်ယောက်ယောက်ရဲ့ ပြန်စာကို စိတ်အားထက်သန်စွာနဲ့ စောင့်နေခဲ့ခြင်းဖြစ်တယ်။
ကံမကောင်းစွာဘဲ ရှန်ရန်ချင်းဟာ အတန်းစတာတောင်မှ ပေါ်မလာခဲ့ဘူး။မက်ဆေ့ခ်ျဘောက်စ်ထဲမှာ သူမ အခုလေးတင်ပို့လိုက်တဲ့ မက်ဆေ့ခ်ျအချို့က လွဲပြီး ကျန်တာ ဘာမှ မရှိဘူး။အဲဒါက အေးစက်ပြီး ဗလာဖြစ်နေခဲ့တယ်။
++++++