← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

Chapter 23 နင်က ၃နှစ်ကလေးလား။

အိပ်ဆောင်ကို ပြန်ရောက်တော့ နန်ကောဟာ အခန်းဖော်ရဲ့ ဖုန်းကို ငှားပြီး သူမအစ်ကိုကို ခေါ်လိုက်တယ်။

“အစ်ကိုကြီး ဝူးဝူး ငါ့ဖုန်းပျောက်သွားပြီ တကယ်ပျောက်သွားတာ!”

“ငါဘာလုပ်ရမလဲ နန်ကျဲ့”

“.....”

တစ်ချိန်တည်းမှာပဲ အင်္ဂလန်မှာတော့။

နန်ကောဖုန်းခေါ်တဲ့အချိန် နန်ကျဲ့ရဲ့ လေယာဉ်ဟာ ဆိုက်ရုံပဲ ရှိသေးပြီး သူ့မှာ လေဆိပ်ကနေတောင် မထွက်ရသေးဘူး။

တစ်ဖက်က အော်ဟစ်ငိုကြွေးခြင်းကို ကြားရတဲ့အခါ နန်ကျဲ့ဟာ အလိုလိုပဲ သူ့ဖုန်းကို နားနဲ့ ဝေးဝေးမှာ ထားလိုက်တယ်။တစ်ဖက်က အသံ နည်းနည်းတိုးသွားတော့မှပဲ သူဟာ ဖုန်းကို နားနားပြန်ကပ်လိုက်တယ်။

“နင်ပြီးပြီလား”

“အာဟာ” နန်ကောဟာ အငိုတိတ်သွားတယ်။

“ပျောက်သွားတယ်ဆိုရင်လည်း သွားရှာလေ ဒီလိုအသေးအဖွဲကိစ္စလေးနဲ့ ငါ့ကို ဖုန်းခေါ်ရလား။ နန်ကော နင်က ၃နှစ်ကလေးလား”

“ဒါဆို ငါတို့ ဘာလုပ်ရမလဲ။ ဘာလို့ ကွင်းထဲက နှင်းတွေအကုန်လုံးကို ဖယ်လို့ရအောင် ထွန်စက်နှစ်စီး မရှိရတာလဲ”

ကံမကောင်းစွာနဲ့ သူမရဲ့ အစ်ကိုဟာ ပုံမှန်မဟုတ်တဲ့ မှတ်ချက်တစ်ခုကို ပေးလာတယ်။ “ထွန်စက်နဲ့ နှင်းတွေကို ဖယ်လို့ရလို့လား။!”

*အမ်...အဲဒါက အဆင်မြှင့်လို့ ရလောက်တယ်လေ”

သူမစကားဆုံးတာနဲ့ နန်ကျဲ့က အသက်ကို ပြင်းပြင်းရှုလိုက်ကာ သူမရဲ့ ထူးဆန်းလွန်းတဲ့ တွေးခေါ်မှုကနေ ရုန်းထွက်နိုင်ဖို့ကို ရုန်းကန်လိုက်ရတယ်။ “အဲဒါက အဓိက မဟုတ်ဘူးလေ”

“နင် နှင်းတွေနဲ့ ကစားရင်း ဖုန်းတောင် ပျောက်နိုင်သေးတာပဲ ငါ တောင်းဆိုတာပါဟာ နောက်ဆို အပြင်သွားရင် နင့်ဦးနှောက်ကို နင်နဲ့အတူ ခေါ်သွားလို့ ရမလား”

_____

လေယာဉ်ဟာ ခပ်မှန်မှန် ဆိုက်ရောက်ခဲ့တယ်။လက်ထောက်ယွမ်ဟာ တက်ပလက်ကို ပိတ်ကာ မြောင်မြောင်အရှေ့က လူအနောက်ကို လိုက်သွားတယ်။

“ဥက္ကဌရှန် မင်း တကယ်အဆင်ပြေရဲ့လား”

“ကျွန်တော်တို့ အနားယူဖို့ ဟိုတယ်ကို အရင်သွားရင်ရော။ မင်းဆေးသောက်ထားတာမို့ အိပ်ချင်နေလောက်တယ်”

“မလိုဘူး ရတယ်”

အမျိုးသားက စကားပြောလိုက်တဲ့အခါ သူ့ရဲ့အသံဟာ အနည်းငယ်ကွဲအက်နေတယ်။

လက်ထောက်ယွမ်က သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။သူက တစ်ခုခုပြောချင်ပေမဲ့လည်း တွန့်ဆုတ်နေတယ်။

ရှန်ရန်ချင်း အဲ့နေ့မနက်က ရုံးကို မလာခဲ့ဘူး။

သူဟာ အလုပ်ကြမ်းပိုး မဟုတ်ပေမဲ့လည်း အလုပ်ကိုတော့ အမြဲမှန်မှန်လာတတ်တယ်။

များသောအားဖြင့် သူ အလုပ်နောက်ကျပြီဆိုရင် အကြောင်းအရင်းဟာ တစ်ခုပဲရှိတယ်။အဲဒါက ဖျားတာပဲ။

သူဟာ သူ့မိဘတွေနဲ့ မနေဘူး။များ‌သောအားဖြင့် အိမ်အကူကသာ အိမ်ကို ပုံမှန်သန့်ရှင်းရေး သွားလုပ်ပေးရတယ်။

သာမန်အခြေအနေများအရ ရှန်ရန်ချင်းဟာ တိုက်ခန်းမှာ‌ရှိတဲ့ တစ်ယောက်တည်းသောလူဘဲ။

ဒါကြောင့် ၀န်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် သူ့ကို ခေါ်ကြည့်ပေမဲ့ ဘယ်သူမှ ဖုန်းမကိုင်ခဲ့ဘူး။

နောက်တော့ သူဟာ တိုက်ခန်းကို တစ်ချက်သွားကြည့်တော့မှသာ ရှန်ရန်ချင်းဟာ တော်တော်ဖျားနေမှန်းသိလိုက်ရတယ်။သူဟာ အပြင်းအထန်‌အအေးမိပြီး ဖျားနေခဲ့ကာ သတိလစ်နေခဲ့တယ်။

ရှန်ရန်ချင်းရဲ့ လက်အောက်မှာ လုပ်လာတဲ့နှစ်တွေထဲ ဥက္ကဌရုံးခန်းမှာရှိတဲ့ လူတွေအားလုံးဟာ ရှန်ရန်ချင်းရဲ့ ကျန်းမာရေးအခြေအနေကို သိကြတယ်။

သူ့ရဲ့ ခုခံနိုင်စွမ်းအားက ပျမ်းမျှပဲရှိတာ။ရှေးခေတ်အခါက အားနည်းတဲ့ပညာရှင်လေးအတိုင်းပဲ။

သူဟာ မကြာခဏ အအေးမိတတ်တယ်။လေပြင်းရင်တောင် သူ့မှာ ဖျားတတ်တယ်။ထမင်းတစ်နပ်လောက် လွတ်သွားရင်တောင် အစာအိမ်ပြဿနာတွေ ဖြစ်တတ်တယ်။အရက်သောက်ရင်လည်း အလတ်ဂျစ်ထတတ်တယ်။ပြီးတော့ သူ့မှာ မက်မွန်သီးရယ် ပန်း၀တ်မှုန်တွေနဲ့လည်း အလတ်ဂျစ်က ရှိသေးတယ်။အတိုချုံ့ပြောရမယ်ဆိုရင် သူဟာ အရမ်းနုနယ်တဲ့အမျိုးသားပဲ။

အဲဒါဟာ သူ့ရဲ့ ပုံမှန်ပုံစံနဲ့ အတော်ဆန့်ကျင်ဘက်ပဲ။

သူ့၀န်ထမ်းလေးဟာ သက်ပြင်းပဲ ချနိုင်တော့တယ်။ရှန်ရန်ချင်းအတွက် ရှင်သန်ဖို့ လွယ်ကူမနေခဲ့ဘူး။

ရှန်ရန်ချင်း ဘာလို့ အခုလိုဖြစ်သွားလဲ သူမသိဘူး။ဒီတော့ သူ့မှာ မိသားစုဆရာ၀န်ကို ခေါ်ပြီးပဲ ရှန်ရန်ချင်းကို သွေးသွင်းခိုင်းရတယ်။

ညကျတော့ ရှန်ရန်ချင်း နည်းနည်းသက်သာသွားတဲ့အခါ သူတို့ဟာ လေယာဉ်စီးပြီး အင်္ဂလန်ကို သွားခဲ့တယ်။

ဒီမှာ ဆန်းကြယ်တဲ့ပရောဂျက်တစ်ခုရှိတာကို အခြားတစ်ဖက်က တောက်လျှောက်ရွှေ့ဆိုင်းနေတာနဲ့ ရှန်ရန်ချင်းမှာ ကိုယ်တိုင်ပဲ စီစဉ်ရတော့တယ်။

ရှည်လျားတဲ့ ခရီးစဉ်ကြောင့် ဖြစ်မယ်။ရှန်ရန်ချင်းဟာ လေယာဉ်ပေါ်မှာ ထပ်ဖျားခဲ့ပြီး ဆေးသောက်ခဲ့ရသေးတယ်။

ရှန်ရန်ချင်းဟာ ခေါင်းကို နည်းနည်းစောင်းပြီး နှစ်ကြိမ်ချောင်းဆိုးလိုက်တယ်။သူဟာ သူ့ကို ခေါ်ပြီး “ငါ့ဖုန်းရော”

“အော် ဒီမှာ” လက်ထောက်ယွမ်ဟာ ခပ်မြန်မြန်ပဲ ပေးလိုက်တယ်။

သူဟာ နေလို့မကောင်းတာကြောင့် ခရီးစဉ်တစ်လျှောက်လုံး အနားယူနေခဲ့တယ်။ကောင်းကောင်းတော့ အိပ်မပျော်ခဲ့ပါဘူး။

သူဟာ အိပ်ချင်မူးတူးဖြစ်နေတာကြောင့်လားတော့ မသိ။သူ့ရဲ့မျက်နှာဟာ အရောင်အသွေး သိပ်မရှိဘူး။သူ့မျက်ခုံးကြားက ပင်းပန်းနွမ်းနယ်မှုကို သူ့ရဲ့ မျက်မှန်အောက်က မှန်တွေကတောင် မဖုံးနိုင်တော့ဘူး။သူဟာ တစ်ချိန်လုံး မျက်မှောင်ကျုံ့ထားခဲ့တယ်။

သူက ဖုန်းကို ဖွင့်လိုက်ပေမဲ့ သူမဆီက ဘာပြန်စာမှတော့ မရဘူး။

သူဟာ အချိန်ကွာဟမှုကို သေချာတွက်ကြည့်လိုက်တယ်။ဒီအချိန်လောက်ဆို သူမ နေ့လည်စာစားနေသင့်တာ။

သူမက ဖုန်းကို မမြင်တာလား။ ဒါမှမဟုတ် သူမ စိတ်ဆိုးသွားတာလား။

သူဟာ မူးဝေတဲ့ဒဏ်ကို ခုခံပြီး အသံခလုတ်ကို ဖြည်းဖြည်းချင်း ဖိလိုက်တယ်။ [ကိုယ် တောင်းပန်ပါတယ်။ကိုယ် မနေ့က စာတွေကို မတွေ့လိုက်ဘူး...]

သိပ်မဝေးတဲ့နားက ရင်းနှီးနေတဲ့ အသံတစ်ခုဟာ သူ့ကို နှောင့်ယှက်သွားတယ်။

“ပျောက်သွားတယ်ဆိုရင်လည်း သွားရှာလေ ဒီလိုအသေးအဖွဲကိစ္စလေးနဲ့ ငါ့ကို ဖုန်းခေါ်ရလား။ နန်ကော နင်က ၃နှစ်ကလေးလား”

“နန်ကော” ဆိုတဲ့ စကားလုံးဟာ မှော်ဆန်တဲ့ အပြောင်းအလဲတစ်ခုလိုပဲ။

ချက်ချင်းပဲ ရှန်ရန်ချင်း ခေါ်လာတဲ့ လူအုပ်စုလေးဟာ အသံလာရာကို လှည့်ကြည့်လိုက်တယ်။

သူ့ကို အနောက်ကနေ လူ၇ယောက် ၈ယောက်လောက်ဟာ ကြည့်နေကြမှန်းကို နန်ကျဲ့ခမျာ သတိမထားမိရှာ။သူဟာ နန်ကောနဲ့ ဖုန်းပြောတာကိုပဲ အာရုံစိုက်နေခဲ့တယ်။

“ထားလိုက်တော့ ငါ့ဟာငါ နှင်းတွေကို သွားတူးတော့မယ်” နန်ကောဟာ အရမ်းစိတ်တိုကာ အော်လိုက်တယ်။

နန်ကျဲ့ဟာ လက်တစ်ဖက်ကို ‌ခါးထောက်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောတယ်။ “နင့်မေကြီးကို သွားတူး နင် အဲ့လောက်တောင် အချိန်ရှိနေရင် ဘာလို့ မြေမြှုပ်မိုင်းတွေကို သွားမတူးတာလဲ”

“ငါ နင့်ကို အခု ပိုက်ဆံလွှဲလိုက်မယ် အသစ်တစ်လုံး သွား၀ယ်ပြီး ဖုန်းကတ်ပါ အသစ်၀ယ်လိုက်”

“ငါ ဖုန်းပျောက်သွားတယ်လေ နင် ငါ့ကို ပိုက်ဆံ ဘယ်လိုလွှဲမှာလဲ” သူမမှာ မက်ဆေ့ခ်ျပို့တဲ့ အက်ပ်ကနေလည်း လက်ခံလို့ မရဘူး။

နန်ကျဲ့က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး အော်ငေါက်လိုက်တယ်။ “ဘဏ်ကတ် နင့်ဘဏ်ကတ်ကို သုံးဟ!”

“အော် ဟုတ်သားပဲ”

“ကောင်းပြီ ဒါပဲ” ခဏလောက် ရပ်လိုက်ပြီးတော့ နန်ကျဲ့ဟာ စိုးရိမ်ပြီး ထပ်ပြောလိုက်တယ်။ “နေဦး”

“အင်း” နန်ကောက ပြန်မေးလိုက်တယ်။

“တစ်ယောက်တည်း မသွားနဲ့ အခန်းဖော်တွေကို ခေါ်သွား နင် တစ်ခုခုကိစ္စရှိရင် သူတို့ဖုန်းကို ငှားပြီး ငါ့ကို ချက်ချင်းဖုန်းဆက်လို့ရတယ်”

“ငါ နင့်ကို ပိုက်ဆံပိုလွှဲပေးလိုက်မယ် အဲ့နိုင်ငံမှာ အခုအချိန်လောက်ဆို နင် အခန်းဖော်တွေနဲ့ ညစာသွားစားလို့ ရနေပြီ”

“စားပြီး ဘယ်မှ လျှောက်မသွားနဲ့နော် ချက်ချင်းစာပြန်လုပ် နားလည်လား”

နန်ကောဟာ အကုန်လုံးကို မှတ်ထားလိုက်ပြီး “နားလည်ပါတယ်!”

“တက္ကစီလည်း စီးသွားဦး”

“အိုကေ!” နန်ကောဟာ ကျေးဇူးတင်လွန်းလို့ မျက်ရည်တွေပါ စီးကျလာတယ်။ “အစ်ကိုကြီး နင်က အရမ်းသဘောကောင်းတာပဲ ချစ်တယ်!”

“နင့်မေကြီးကို ချစ် ငါဖုန်းချပြီ!”

_____

ဖုန်းချပြီးတာနဲ့ နန်ကျဲ့ဟာ ချက်ချင်း ဒေါ်လာ၂၀၀၀၀ကို နန်ကောရဲ့ ကတ်ထဲ လွှဲပေးလိုက်တယ်။

စက္ကန့်အနည်းငယ်လောက် ကြာတော့ သူဟာ နေ့စွဲကို တစ်ချက်စစ်ကြည့်လိုက်တယ်။သူ့မိဘတွေဟာ နန်ကောကို ဒီလအတွက် မုန့်ဖိုးပေးပြီးပြီလားလို့ သူသိချင်နေတာဖြစ်တယ်။

သူမ ငတ်သေနေမှာကို စိုးရိမ်တဲ့အတွက် သူဟာ နောက်ထပ်ဒေါ်လာ၂၀၀၀၀ကို ထပ်လွှဲပေးလိုက်တယ်။

သူမက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမဲ့လည်း သူ့ရဲ့ ညီမအရင်းတော့ ဖြစ်နေတုန်းပဲလေ။သူ သူမအပေါ် ကောင်းရမှာပေါ့။

နန်ကောက တုံးပေမဲ့ အပြစ်တင်လို့ကလည်း မရပါဘူးလေ။

သူ့အမေဟာ သူ့ကို မွေးတုန်းက အရမ်းကို ကောင်းမွန်တဲ့မျိုးရိုးဗီဇတွေအကုန် ထည့်ပေးလိုက်တာမို့ နန်ကောလည်း မွေးလာရော သူမအတွက် ဘာမှ မကျန်တော့တာနေမယ်။

ငွေလွှဲပြီးတော့ နန်ကျဲ့ဟာ သူ့ဖုန်းကို သိမ်းလိုက်တယ်။

ဒါပေမဲ့ သူလည်း အနောက်လှည့်လိုက်ရော သူ့ရဲ့ မျက်နှာပေါ်က အပြုံးလေးဟာ အေးခဲသွားတယ်။

မျက်လုံးအချို့ဟာ သူ့ကို အနောက်ကနေ စိုက်ကြည့်နေခဲ့တာ။ဦး‌ဆောင်သူလေးကတော့ ကြည့်ရတာ ရင်းနှီး...

ဒါပေမဲ့ သူဟာ ဘာဖြစ်တာလဲဆိုတာကို နားမလည်ဘူး။

“တစ်ခုခုဖြစ်လို့လား”

ဖျားနေတဲ့ ရှန်ရန်ချင်းဟာ အနည်းငယ်နှေးကွေးနေခဲ့တယ်။သူဟာ အသိပြန်၀င်လာပြီး သူရဲ့ မျက်တောင်လေးတွေဟာလည်း တဖျတ်ဖျတ် ခတ်သွားတယ်။သူဟာ အပြုံးလေးတစ်ပွင့်နဲ့ ခေါင်းခါပြကာ “ဘာမှ မဟုတ်ဘူး တောင်းပန်ပါတယ်”

လက်ထောက်ယွမ်ဟာလည်း တောင်းပန်တဲ့ပုံစံနဲ့ ပြုံးပြပြီး ကောင်းမွန်တဲ့စကားအချို့ကို ပြောလိုက်တယ်။

နန်ကျဲ့ကတော့ ဘာမှ မပြောဘူး။

သူဟာ ထွက်မသွားခင် ရှန်ရန်ချင်းကို တစ်ချက် ကြည့်လိုက်သေးတယ်။

လက်ထောက်ယွမ်ဟာ အဲ့လူ မြင်ကွင်းကနေ ပျောက်သွားပြီဆိုတော့မှ ထမေးလိုက်တယ်။ “ဥက္ကဌရှန် အဲဒါ ဘယ်သူလဲ။ သူက နန်ကောကို သိတာလား။ သူ့လေသံက မာနေတာပဲ...”

တစ်ဖက်လူရဲ့ စကားတွေကနေ သုံးသပ်ကြည့်မယ်ဆိုရင်တော့ သူဟာ နန်ကောနဲ့ အတော်လေးရင်းနှီးလောက်တယ်။

ဒါပေမဲ့ သူဟာ တူညီတဲ့မိန်းကလေးကို ရည်ညွှန်းနေတာလားဆိုတာတော့ သူလည်း မသေချာဘူး။

အိတ်ကပ်ထဲမှာ ရှိနေတဲ့ ရှန်ရန်ချင်းရဲ့ လက်တွေဟာ ကွေးသွားတယ်။မျက်မှန်အောက်က သူ့ရဲ့ မျက်လုံးတွေဟာ အနည်းငယ်တုန်ခါသွားတယ်။သူဟာ စက္ကန့်အနည်းငယ်လောက် လေးလေးနက်နက်နဲ့ စဉ်းစားနေခဲ့တယ်။အဲ့လူနဲ့ ပတ်သတ်ပြီး လက်ထောက်ယွမ်ကို ဘယ်လို ရှင်းပြရမလဲဆိုတာကိုပေါ့။

ကံမကောင်းစွာဘဲ အကြာကြီးစဉ်းစားခဲ့ပြီးတဲ့နောက်မှာတောင်မှ သူဟာ ဆက်ပြီး ပြောခဲ့တယ်။ “သူက နန်ကောရဲ့ ကောင်လေး”

++++++

All Chapters