အခန်း ၂၄
Vol. 3 Ch. 24
Chapter 24 သူတို့အတွက် အားပေးနေတယ်။
“.....”
ရှန်ရန်ချင်း စကားပြောလို့ ဆုံးတာနဲ့ သူ့အနားတစ်ဝိုက်က လူတွေဟာ ကြောင်တောင်တောင်နဲ့ ကျန်ခဲ့ရှာတယ်လို့ပဲ ပြောရတော့မယ်။
ဒီအချိန်အတောအတွင်းမှာ နန်ကောဟာ ဟွားရှန်အဖွဲ့အစည်းရဲ့ ဥက္ကဌဆီကို မကြာခဏ အစားအစာလာပို့ပေးနေတာမို့ သူမဂာ လူတိုင်းနဲ့ သူငယ်ချင်းတွေ ဖြစ်နေပြီ။
ရုံးခန်းထဲမှာ အတင်းတုတ်လို့ ကောင်းတယ်လေ။
လူတိုင်းက ဥက္ကဌရှန်နဲ့ နန်ကောကို အာရုံစိုက်နေခဲ့ကြတာ။
သူတို့နှစ်ယောက် ဘယ်အချိန်တွဲမလဲလို့ လောင်းတဲ့ လူတွေတောင် ရှိသေး။
နန်ကောက ဘယ်တုန်းက ရည်းစားရသွားတာလဲ။ တစ်ယောက်ယောက် သူတို့ကို ပြောပြနိုင်မလား။
မျက်နှာထားနဲ့ ပတ်သတ်ရင် အမြဲပရိုဆန်တဲ့ လက်ထောက်ယွမ်တောင်မှ ဒီသတင်းကို ကြားတဲ့အခါ ကြောင်တောင်တောင်ဖြစ်သွားရတယ်။
“ဘယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူက တထစ်ထစ်တအအနဲ့ “မ-မိန်းကလေး နန်ကော...သူ ကျွန်တော်တို့ဆီ အစားအစာလာမပို့တော့တာ ရက်နည်းနည်းပဲ ရှိသေးတယ် ဘယ်လိုလုပ် အဲ့လောက် မြန်မြန်ကြီး တစ်ယောက်ယောက်နဲ့ ဒိတ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူးဟုတ်”
သူတို့နှစ်ယောက်ကြား ဘာမှတောင် မစရသေးဘဲ အဲဒါဟာ နားမလည်နိုင်စွာနဲ့ အဆုံးသတ်သွားခဲ့တယ်။သူက သူတို့နှစ်ယောက်အတွက် တကယ်ကြီး အားပေးနေခဲ့တာကို။
ရှန်ရန်ချင်းဟာ သူ့အနောက်က လူတွေရဲ့ မျက်နှာထားတွေကို မမြင်ရှာ။
သူဟာ သူ့လက်ညိုးကို ဖုန်းအနောက်ဘက်မှာ ထားလိုက်ပြီး ဘယ်သူမှ မမြင်နိုင်အောင် ခပ်ပြင်းပြင်းဖိထားတယ်။
နှစ်စက္ကန့်လောက်ကြာတော့ သူဟာ မေးခွန်းကို မဖြေခဲ့ဘူး။အဲ့အစား လက်ထောက်ယွမ်ဆီ ဖုန်းကို ပြန်ပေးပြီး ပုံမှန်လေသံနဲ့ “နောက်ကျနေပြီ သွားကြမယ်”
လက်ထောက်ယွမ်ဟာ ဖုန်းကို အလျင်အမြန် ယူလိုက်ပြီး မော့ကြည့်လိုက်တော့ ရှန်ရန်ချင်းဟာ ထွက်သွားနေပြီဖြစ်တာကို တွေ့လိုက်ရတယ်။
အမျိုးသားဟာ ဖျားနေခဲ့ပေမယ့်လည်း သူရဲ့ ကိုယ်ဟန်အနေအထားဟာတော့ တည့်တည့်မတ်မတ်ပဲ။သူရဲ့ ရှည်လျားတဲ့ ခြေထောက်တွေဟာ တည်တည်ငြိမ်ငြိမ်ပဲ အရှေ့ကို ဖြတ်နင်းသွားတယ်။
မြောင်မြောင်ဟာ အခွင့်အရေးကို ယူပြီး အရှေ့ကို တိုးကာ တိုးတိုးလေး မေးလိုက်တယ်။ “တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ အဲ့လူက တကယ် နန်ကောရဲ့ ကောင်လေးလား”
လက်ထောက်ယွမ်ဟာ လျှာကို တစ်ချက် ကိုက်လိုက်ပြီး ရုတ်တရက် ရှုပ်ထွေးသွားသလို ခံစားရတယ်။ “ဥက္ကဌရှန်ရဲ့ တုံ့ပြန်ပုံကို ကြည့်ရသလောက်တော့ ငါလည်း ထင်တာပဲ”
သူတို့ဟာ ရှန်ရန်ချင်းအတွက် အလုပ်လုပ်လာတာ ကြာပါပြီ။ဒါပေမဲ့ အခုလိုမျိုး သူ ရှောင်ထွက်သွားတာမျိုးကိုတော့ တစ်ခါမှ မကြုံဖူးဘူး။
သူဟာ အမြဲစိတ်ရှည်တဲ့လူ။အခြားလူတွေ ဘာပဲမေးမေး သူဟာ တစ်ယောက်ချင်းစီကို အမြဲသေချာရှင်းပြလိမ့်မယ်။သူ့ရဲ့ အသံဟာ မြန်လည်း မမြန်သလို နှေးလည်း မနှေးဘူး။
ဒီတစ်ခါကျတော့ အဆုံးမှာ သူဘာမှ မပြောသွားဘူး...
“နန်ကောက မတွေ့ရတာ ရက်နည်းနည်းပဲ ရှိသေးတာကို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” မြောင်မြောင်ဟာ တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်။ “ပြီးတော့ အဲ့လူက နန်ကောပေါ် မာမာထန်ထန်နဲ့ တွဲနေတဲ့ပုံလည်း မပေါ်ဘူး”
ယုတ္တိကျကျပြောရရင် တကယ်လို့ နန်ကောသာ ဒီလူနဲ့ အခုမှ စတွဲတာဆိုရင် သူတို့ သေချာပေါက် အချင်းချင်းတွယ်ကပ်နေကြတဲ့ အဆင့်မှာတင်ပဲ ရှိဦးမှာ။
အခုမှ စတွဲခါစကို ဘယ်လိုလူက သူ့ကောင်မလေးကို ပြင်းပြင်းထန်ထန်ပြောမှာလဲ။ မသိရင် သူတို့က ယမ်းမှုန့်တွေပဲ မြိုချထားကြသလိုလို။
ဖုန်းပြောတုန်းက သူ့ကြည့်ရတာ စိတ်မရှည်သလိုဘဲ။
ဘယ်လိုလုပ် သူတို့က တွဲနေမှာလဲ။သူက မသိရင် စကားနိုင်လုနေသလိုမျိုးပဲ။
အဲ့နောက် ထပ်ပြီး...
“နောက်ထပ် ဖြစ်နိုင်ချေတစ်ခုရှိသေးတယ်”
“ဘာလဲ” လက်ထောက်ယွမ်က တစ်ချက်ကြည့်လိုက်တယ်။
မိန်းမတွေရဲ့ အာရုံ၆ပါးက ပိုတိကျမယ်လို့ သူခံစားရတယ်။သူမက သူ့ကို ကွဲပြားတဲ့ရှုထောင့်တစ်ခုကို ပေးကောင်းပေးနိုင်တယ်။
မြောင်မြောင်က သူမမေးစေ့ကို ပွတ်လိုက်ပြီး သူမရဲ့ အတွေးကို ထုတ်ပြောလိုက်တယ်။ “အဲ့လူကြည့်ရတာ ချမ်းသာတဲ့မိသားစုက လာပြီး စည်းကမ်းလည်း မရှိတဲ့ပုံဘဲ ခေါင်းစခြေဆုံး သူ့အ၀တ်စားတွေက ဈေးကြီးတာတွေချည်းပဲ သူရဲ့ ညှပ်ကော်လာကတောင်မှ ဒီလောက်လောက်ရှိမယ်”
သူမက တိတ်တဆိတ်နဲ့ လက်၅ချောင်း ထောင်ပြတယ်။
“နန်ကောက ပိုက်ဆံလိုနေတာမဟုတ်ဘူးလား။ ဒီတော့ အဲ့လူက သကြားဖေဖေများလား”
ဟိုက်မြို့တော်မှာဆိုရင်တော့ ငယ်ရွယ်တဲ့ သူဌေးသားလေးတွေက တက္ကသိုလ်ကျောင်းသူလေးတွေနဲ့ သကြားဖေဖေလုပ်တမ်းကစားကြတာက သာမန်အကြောင်းအရာတစ်ခုလိုပဲ။
“တိတ်စမ်း!” လက်ထောက်ယွမ်ရဲ့ မျက်နှာထားဟာ ပြောင်းသွားတယ်။သူက သူ့လက်ထဲက စာတမ်းနဲ့ သူမရဲ့ ခေါင်းကို ရိုက်လိုက်တယ်။
မြောင်မြောင်က နာသွားပြီး ခပ်တိုးတိုး ပြန်တုံ့ပြန်တယ်။ “ငါက ခန့်မှန်းရုံပါဟယ်!”
“ဥက္ကဌရှန်သာ ကြားသွားလို့ကတော့ နင်သေပြီပဲ!”
“နန်ကောက အဲ့လိုမိန်းကလေးမျိုးလို့ ငါလည်း မထင်ပါဘူး ဒါပေမဲ့ နင်ခုနက ကိစ္စကို ဘယ်လို ရှင်းပြမလဲ ဒီဟာက ပိုပြီးဖြစ်နိုင်တယ်လို့ နင် မထင်ဘူးလား”
နန်ကော အစားအစာဒလီသွားပို့တဲ့ အချိန်တိုင်း မြောင်မြောင်ဟာ နန်ကောအတွက် မု့န်တွေနဲ့ သောက်စရာတွေ ချက်ချင်းယူလာပေးလိမ့်မယ်။
ဒါကြောင့် သူမက နန်ကောကို သဘောကျတယ်ဆိုတာ သံသယဝင်စရာမရှိဘူး။ပြီးတော့ သူမလည်း ဒီလိုကြီး မတွေးချင်ပါဘူး။
“ဒါမှမဟုတ် နန်ကော လှည့်စားခံနေရတာလား” နန်ကောရဲ့ တုံးတုံးအအပုံစံကို တွေးမိပြီး မြောင်မြောင်က နည်းနည်းစိုးရိမ်မိတယ်။
“နင် တော်လိုက်တော့” အထူးလက်ထောက်ယွမ်တောင်မှ ဒါကို အဖြေရှာမထွက်ဘူး။ “ဘာမှ ထပ်ပြီး မခန့်မှန်းနဲ့တော့”
“ဥက္ကဌရှန်ရဲ့ မျက်နှာထားအရ အခုကစပြီး နန်ကောကို မသိဘူးလို့သာ သဘောထားတော့ နာမည်ကို ထုတ်မပြောမိစေနဲ့ အထူးသဖြင့် သူ့ရှေ့မှာ”
မြောင်မြောင်ဟာ တက်ပလက်ကို ကိုင်ထားပြီး မတတ်နိုင်ပေမဲ့ သက်ပြင်းချလိုက်တယ်။ “သနားစရာပဲ သူတစ်ယောက်ယောက်ကို ကြိုက်ဖို့ဆိုတာ ရှားတာကို အခုတော့ စတောင် မစရသေးဘဲ အဆုံးသတ်သွားတယ် သူ့အတွက် ဘယ်လောက်တောင် ကံဆိုးလိုက်လဲနော်”
လက်ထောက်ယွမ် “.....”
တစ်ဖက်မှာတော့ နန်ကောဟာ သူမအစ်ကို ညွှန်ကြားတဲ့အတိုင်း ခပ်မြန်မြန်ပဲ ဖုန်းအသစ်တစ်လုံးကို ၀ယ်လိုက်ပြီး ဆင်းကတ်အသစ်ကိုပါ ၀ယ်လိုက်တယ်။
ညစာစားတော့ နန်ကောဟာ မက်ဆေ့ခ်ျပို့တဲ့အက်ပ်ထဲ ၀င်လိုက်ပြီး သက်ပြင်းချကာ “အရင်က ပြောထားတဲ့ စာတွေ အကုန် မရှိတော့ဘူး”
သူမဟာ ရှန်ရန်ချင်းရဲ့ အကောင့်ကို ရှာပြီး ဖွင့်ကြည့်လိုက်တယ်။သေချာတာပေါ့။အကုန်လုံး ဘာမှ ရှိမနေဘူး။
ဟူး။
“မစိုးရိမ်ပါနဲ့ ဟုတ်ပြီလား” စုဟွေးဟာ ၀၀ကစ်ကစ်အမဲသားနှစ်တုံးကို ရွေးပေးပြီး “အကောင်းဘက်ကနေ ကြည့်ရင် နင် အခုဖုန်းအသစ်ရပြီ အဟောင်းသွား အသစ်လာပေါ့ မဟုတ်ဘူးလား”
ဒါကို ကြားတော့ နန်ကောက ခေါင်းငြိမ့်လိုက်တယ်။ “ဟုတ်ပါတယ်လေ ပထမဆုံးအနေနဲ့ ငါ့အစ်ကို ငါ့ကို ပိုက်ဆံတွေ အများကြီး ပို့ပေးတာပဲ”
_____
နန်ကျဲ့က အခုမှ ဟိုတယ်ကို ရောက်တယ်။သူ့အ၀တ်တွေကို လဲကာ အခြားလူတွေနဲ့ စကားပြောပြီးတဲ့နောက်မှာတော့ သူ့စိတ်ထဲ အတွေးတစ်ခု ထွက်လာတယ်။
လေဆိပ်မှာ သူ့ကို ကြည့်နေခဲ့တဲ့ လူ။
*ရှန်...ရန်ချင်း”
ဒီနာမည်ကို သူ့အနောက်က သူငယ်ချင်းက ကြားသွားတော့ သူဟာ အလိုလို မော့ကြည့်လိုက်တယ်။ “ရှန်ရန်ချင်းလည်း ပွဲတက်တယ်ဆိုတာကို မင်းဘယ်လိုသိတာလဲ”
နန်ကျဲ့က အနောက်လှည့်လိုက်ပြီး “သူ တကယ် ဒီရောက်နေတာလား”
“ရောက်ပြီလားတော့ ငါလည်း မသိဘူး ဒါပေမဲ့ မနက်ဖြန်ညကျရင်တော့ သူ အဲ့မှာ သေချာပေါက်ရှိလိမ့်မယ်လို့ ကြားထားတယ်”
အခုတော့ နန်ကျဲ့ဟာ ပိုပြီးတောင် သေချာသွားပြီ။
“ဒါဆို လေဆိပ်မှာ ငါတွေ့ခဲ့တဲ့လူက သူပဲ နေလိမ့်မယ်”
“မင်းတို့ အတူလာတာလား။ မင်းတို့ လေယာဉ်တူတာလား”
နန်ကျဲ့က ဒါကိုတော့ သတိမထားမိဘူး။ “ငါ သူ့ကို လေယာဉ်ပေါ်က ဆင်းမှ တွေ့တာ သူ့ကို ဘာလို့ ရင်းနှီးနေလဲလို့ တွေးနေခဲ့တာ”
“ဟေး မင်းတို့ အရင်က မတွေ့ဖူးဘူးလား။ သူ မင်းကို မမှတ်မိဘူးလား”
“ငါ မသိဘူး” နန်ကျဲ့က ပုခုံးတွန့်ပြတယ်။ “ငါတို့တစ်ခါပဲ တွေ့ဖူးပြီး စကားတောင် မပြောဖူးဘူး”
“ဒါဆို မင်းဘာလို့ သူ့အကြောင်းတွေးနေတာလဲ”
“တကယ်က ငါ သူ့ကို အမြဲမှတ်မိနေတာမျိုး မဟုတ်ဘူး ငါရဲ့ ကံမကောင်းတဲ့ ညီမလေးကြောင့်ပေါ့”
နန်ကောအကြောင်း ပြောမိတာနဲ့ နန်ကျဲ့မှာ ပြောစရာစကားတောင် ပျောက်သွားရတယ်။
“ရော့ရော့”
“အေး နည်းနည်းတော့ တိုက်ဆိုင်တယ် အဲ့ကောင်မလေးက အခုတလော စားသောက်ဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းလုပ်နေတာ ရှန်ရန်ချင်းဆီကိုတောင် အစားအစာပို့ရသေးတယ် ငါ မနေ့က စားသောက်ဆိုင်ကို မေးကြည့်တော့ အခုတလော ဟွားရှန်အဖွဲ့အစည်းက သူတို့ဆီက အော်ဒါမှာနေတယ်ဆိုတာ အမှန်ပဲတဲ့ သူက နန်ကောကိုပဲ ပို့ဖို့တောင် မှာသေးတယ်တဲ့”
“.....”
“ဟီးဟီး ငါ သိရတုန်းကဆိုလည်း ငါ့မျက်နှာက မင်းမျက်နှာနဲ့ တစ်ပုံစံတည်းပဲ”
သူတို့နှစ်ယောက်လုံး အတူတူပဲ အံ့ဩသွားတယ်။
“ပြီးတော့”
“ပြီးတော့” သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “အဲ့ငတုံးမလေးက ရှန်ရန်ချင်းက လူကောင်းပါဆိုပြီး ဆက်တိုက်ပြောနေတော့တာပဲ ကြည့်ရတာ သူ သူ့ရဲ့ဆွဲဆောင်မှုမှာ ကြွေဆင်းသွားတာဖြစ်မယ်”
သူ့သူငယ်ချင်းက သေချာပြန်တွေးလိုက်ပြီး “အင်း ရှန်ရန်ချင်းရဲ့ ဂုဏ်သတင်းက တကယ်လည်း မွှေးတယ်လေ အနည်းဆုံးတော့ ဒီလောက်နှစ်တွေကြာတာတောင်မှ သူနဲ့ ပတ်သတ်ပြီး ဘာအတင်းအဖျင်းမှကို မကြားဖူးဘူး ဘယ်သူကမှ သူ့အကြောင်း မကောင်းမပြောကြသလိုဘဲ”
“အရေးမပါတာ သူ သူ့ရဲ့ လက်ရှိအခြေအနေကို အသက်ငယ်ငယ်နဲ့ ရောက်အောင် လုပ်နိုင်တာ အဖြူရောင်ပန်းလေးလို သူတကယ်ဖြူစင်တယ်လို့ မင်းထင်လို့လား” နန်ကျဲ့ဟာ နားမထောင်ဘူး။ “သူက နန်ကောထက် ၈နှစ်ကြီးတယ် နန်ကောသာ သူနဲ့တွေ့ရင် ပလေးခံရပြီး အဆုံးသတ်သွားမှာပဲ”
“သူ့ရဲ့ ၀က်ဦးနှောက်နဲ့ သူရောင်းစားခံရရင်တောင် မိုက်မိုက်မဲမဲနဲ့ အခြားလူတွေအတွက် ပိုက်ဆံရေပေးနေဦးမှာ သူက ဒေါ်လာ၂၀၀တောင် ပေးရင်ပေးနေရဦးမယ်”
++++++