← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

Chapter 25 သူတို့ ကျိန်းသေပြတ်လိမ့်မယ်။

ပူးပေါင်းလုပ်ဆောင်မှုအတွက် ဆွေးနွေးပြီး သိပ်မကြာဘူး။ရှန်ရန်ချင်းတစ်ယောက်ကို ဆေးရုံပို့လိုက်ရတော့တယ်။

ဆေးသွင်းခံထားရတဲ့အချိန်မှာ သူရဲ့ အသိစိတ်ကလည်း ရေးရေးလေး ဖြစ်နေပြီ။

လက်ထောက်ယွမ်က ရေပူကို ချလိုက်ပြီး မြောင်မြောင်ကို ဟိုတယ်ကို အရင်ပြန်သွားဖို့ ပြောလိုက်တယ်။ကျန်တာ သူနဲ့ လွှဲခဲ့လို့ ရတယ်လေ။

မြောင်မြောင်က ကိစ္စတစ်ခုခုရှိရင် သူမကို ခေါ်လိုက်ဖို့ အမူအရာလုပ်ပြတယ်။

လက်ထောက်ယွမ်က သူ့လက်ကို ယမ်းလိုက်ပြီး သူမကို ထွက်သွားဖို့သာ ပြောလိုက်တယ်။

သိပ်မကြာဘူး။လက်ထောက်ယွမ်နဲ့ အိပ်ရာပေါ်လှဲကာ အနားယူနေတဲ့ ရှန်ရန်ချင်းသာ အခန်းထဲမှာ ကျန်ရစ်ခဲ့တယ်။

တင်းတောင်။မက်ဆေ့ခ်ျအသစ်တစ်ခု ၀င်လာတယ်။

လက်ထောက်ယွမ်က ထလိုက်ပြီး အိပ်ရာဘေးက စားပွဲဆီ လျှောက်သွားတယ်။သူက အားသွင်းထားတဲ့ဖုန်းကို ငုံ့ကြည့်လိုက်တယ်။

အဲ့မှာ မက်ဆေ့ခ်ျအနည်းငယ် ရှိနေတယ်။

ဒါပေမဲ့ ဘယ်သူပို့လဲဆိုတာတော့ သူကြည့်လို့မရဘူး။

သူက အိပ်နေတုန်းဖြစ်တဲ့ ရှန်ရန်ချင်းဆီ ခေါင်းလှည့်ကာ တစ်ချက်ကြည့်လိုက်တယ်။

အတွေးအချို့‌‌ တွေးပြီးနောက်မှာတော့ သူဟာ ဖုန်းကို ပြန်ချပြီး လစ်လျူရှုလိုက်တယ်။

ရှန်ရန်ချင်းကို တစ်ယောက်တည်းထားလို့ မရဘူး။လန်ဒန်မှာ နေ့လည်ခင်းပဲ ရှိသေးတယ်။ကံကောင်းစွာနဲ့ သူဟာလည်း အိပ်ငိုက်မနေခဲ့ဘူး။သူဟာ အခန်းထဲမှာ ထိုင်ခုံတစ်ခုံကို ရှာလိုက်ပြီး မပြီးပြတ်သေးတဲ့ အလုပ်တွေကို အဆင်ပြေပြေပဲ ထိုင်လုပ်နေလိုက်တယ်။

ဒါပေမဲ့ မိနစ်အနည်းငယ်လောက်ကြာတော့ တစ်ဖက်လူက လက်လျှော့သေးပုံမရဘဲ ဖုန်းကို တိုက်ရိုက်ခေါ်လာတော့တယ်။

အရေးကြီးတဲ့ဖုန်းအသံက တိတ်ဆိတ်နေတဲ့အခန်းထဲ ပေါက်ကွဲထွက်လာတယ်။

လက်ထောက်ယွမ်က စာရိုက်နေတာကို ရပ်လိုက်တယ်။

ရှန်ရန်ချင်းနိုးသွားမှာကို စိုးရိမ်ပြီး သူဟာ အမြန်ပြေးသွားကာ ဖုန်းကို ကောက်ကိုင်လိုက်တယ်။

သူက ဖုန်းခေါ်တဲ့လူကို တစ်ချက်ကြည့်လိုက်မိတော့ အံ့ဩသွားတယ်။

ခေါ်တဲ့လူက နန်ကောပဲ။

လက်ထောက်ယွမ်ဟာ သူ ကိုင်သင့်မကိုင်သင့်ကို တုံ့ဆိုင်းနေတုန်းမှာပဲ အိပ်ရာပေါ်ကလူရဲ့ မျက်လုံးတွေဟာ ဖြည်းဖြည်းချင်း ပွင့်လာတယ်။ပုံစံကြည့်ရတာ အနှောင့်အယှက်ဖြစ်သွားသလိုမျိုး။သူက မျက်မှောင်ကျုံ့ပြီး သူ့ကို မေးလာတယ်။ “ဘယ်သူခေါ်နေတာလဲ”

“အာ” လက်ထောက်ယွမ်ဟာ ရှန်ရန်ချင်းကို တစ်ချက်ကြည့်တယ်။ပြီးတော့ တစ်ခါပြန်ပြီး ဖုန်းထဲက နာမည်ကို တစ်ချက်ကြည့်တယ်။ “အဲဒါက...မိန်းကလေးနန်ကောပါ”

“ကျွန်တော် မင်းအတွက်ဖြေပေးရမလား။ မင်းအလုပ်ရှုပ်နေတယ်လို့”

ရှန်ရန်ချင်းဟာ သူ့ကို ဘာမှ မပြောခင် ခဏလောက် တိတ်ဆိတ်သွားသေးတယ်။ “ငါ့ကို ပေး”

“ကောင်းပါပြီ” လက်ထောက်ယွမ်ဟာ အားသွင်းကြိုးကို ဖြုတ်လိုက်ပြီး သူ့ဆီ ဖုန်းလှမ်းပေးလိုက်တယ်။

ဖုန်းကို ယူပြီးတဲ့နောက် ရှန်ရန်ချင်းဟာ သူ့ရဲ့ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး စခရင်ကို ကြည့်တယ်။ခေါ်နေတဲ့လူက တကယ်နန်ကောဆိုတာကို သေချာပြီဆိုမှ ဖြေတဲ့ခလုတ်ကို နှိပ်ပြီး ဖုန်းကို သူ့နားနား ကပ်လိုက်တယ်။

“ရှန်ရန်ချင်းပြောနေပါတယ်”

သူမ သူ့ရဲ့ အသံကို မကြားရတာ ရက်အနည်းငယ်ရှိပြီ။နောက်ဆုံး သူရုတ်တရက်ကြီး စကားပြောလာပြန်တော့ တစ်ဖက်ကလူဟာ အတော်ကြာအံ့ဩသွားတယ်။

“နန်ကော” သူမအသံကို မကြားရတာမို့ ဖုန်းကျသွားပြီလို့တောင် ရှန်ရန်ချင်း ထင်လိုက်တယ်။

“အာ ကျွန်မ ရှိပါတယ်!” နန်ကောက ဖြည်းညင်းစွာ ပြောတယ်။ “ဘာဖြစ်တာလဲ။ ရှင့်အသံက နည်းနည်းထူးဆန်းနေတယ်...။အအေးမိထားတာလား”

“အင်း”

ရှန်ရန်ချင်းရဲ့ အသံဟာ နှာသံပါနေပြီး နည်းနည်းလည်း ကွဲအက်နေတယ်။

သူ့ရဲ့ ပုံမှန်သိမ်မွေ့ညင်သာတဲ့ အသံနဲ့ယှဥ်ရင် သိသာနေတုန်းပဲ။

“အော် ဒါကြောင့် ကျွန်မစာတွေကို မပြန်တာကိုး”

အချိန်ကို ကြည့်လိုက်ပြီးတော့ နန်ကောက ပြောတယ်။ “ရှင် အခုအိမ်မှာလား။ ကျွန်မ ရှင့်ကို လာကြည့်ရမလား”

ဟိုက်တက္ကသိုလ်နဲ့ ရှန်ရန်ချင်းရဲ့ တိုက်ခန်းဟာ နည်းနည်းတော့ ဝေးတယ်။

သူမက အချိန်ကို မှန်းလိုက်ပြီးတော့ “ကျွန်မ အဲ့ကို မိနစ်၄၀အတွင်း ရောက်နိုင်တယ်”

သူမက ပြောရင်းနဲ့ပဲ အိပ်ရာပေါ်က ဆင်းလိုက်ပြီး လက်တစ်ဖက်က ဖုန်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကတော့ သူမရဲ့ ဂျက်ကတ်ကို ယူလိုက်တယ်။

သူမဘေးက အခန်းဖော်တွေက ခေါင်းလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပြူထွက်လာတယ်။စုဟွေးက သူမကို ဘယ်သွားမလို့လဲလို့ မေးတယ်။နန်ကောက လက်ကိုသာ မြှောက်ပြီး တိုးတိုးလုပ်ဖို့ လက်ဟန်ပြကာ ဖုန်းကို ဆက်ပြောတယ်။

“ရှင် ညစာစားပြီးပြီလား။ ရှင် တစ်ခုခုစားချင်တာ ရှိလား။ ကျွန်မ ယူလာပေးလို့ ရတယ် ဘယ်လောက်မှ မကြာဘူး”

သူမက အရမ်းကို မြန်မြန်ပြောနေခဲ့တယ်။နောက်ဆုံးသူမရပ်သွားတော့မှပဲ ရှန်ရန်ချင်းမှာ ကြားဖြတ်ပြောဖို့ အခွင့်အရေးကို ရတော့တယ်။ “ရတယ် ကိုယ်က အလုပ်ကိစ္စနဲ့ လန်ဒန်ရောက်နေတာ ဟိုက်မြို့မှာ မရှိဘူး”

“ဟမ်” နန်ကောက အ၀တ်အစားလဲနေတာကို ရပ်လိုက်တယ်။

“ဒီနေ့...” သူ ပြောလို့ ဆုံးတာနဲ့ ရှန်ရန်ချင်းဟာ လည်ချောင်းကို ရှင်းလိုက်တယ်။သူက ဖုန်းကို ဝေးဝေးမှာ ခဏထားပြီး ခေါင်းကို အနည်းငယ်စောင်းကာ ချောင်းနှစ်ကြိမ်ဆိုးလိုက်တယ်။

လက်ထောက်ယွမ်က ချက်ချင်း သူ့ကို ကူညီပေးပြီး ရေတိုက်တယ်။

သူ့လည်ချောင်းကို အနည်းငယ် စိုစွတ်စေပြီးတဲ့နောက်မှာတော့ သူက ခေါင်းရင်းမှာ မှီလိုက်ပြီး ဖုန်းကို တစ်ခါပြန်ကောက်ကိုင်လိုက်တယ်။ “ကိုယ် ဒီနေ့ပဲ ရောက်တာ”

“ကျွန်မ သိပြီ”

သူမရဲ့ အသံထဲက စိတ်ပျက်သွားမှုကိုတော့ နန်ကောဟာ မဖုံးထားနိုင်ခဲ့ဘူး။သူမက လက်ထဲက ဂျက်ကတ်ကို တစ်ချက်ငုံ့ကြည့်ပြီး တိတ်တဆိတ်ပဲ ဗီရိုထဲ ပြန်ထည့်လိုက်တယ်။ “ဒါဆိုလည်း ကောင်းကောင်းနားပါ ရှင့်ကျန်းမာရေးက အလုပ်ထက် အရေးကြီးတယ် လန်ဒန်က ဟိုက်ထက် ပိုပီး အေးမယ့်ပုံပဲ အပြင်ထွက်ရင် ထူထူထဲထဲ၀တ်ဖို့ မမေ့နဲ့ဦး”

“ဟုတ်ပါပြီ” ရှန်ရန်ချင်းဟာ အနိမ့်သံလေးနဲ့ ပြန်ဖြေတယ်။

သူမက အောက်နှုတ်ခမ်းကို ဖိလိုက်ပြီး “ဒါဆိုလည်း ကျွန်မ...”

“နန်ကော”

ရှန်ရန်ချင်းက သူမကို ဖြတ်ပြောတယ်။

“ဟမ်”

“ပြောစရာရှိသေးလို့လား”

ဖုန်းကောလ်ဟာ ဆက်လက်သွားနေခဲ့တယ်။နှစ်ဖက်လုံးက တိတ်ဆိတ်နေခဲ့တယ်။

ရှန်ရန်ချင်းဘက်က အရမ်းကို တိတ်ဆိတ်နေတယ်။နန်ကောရဲ့ နားက ဖုန်းနဲ့ ကပ်ထားတုန်းဖြစ်ပြီး သူမဟာ သူ့ရဲ့ အသက်ရှူသံပြင်းပြင်းကို ကြားနေရတယ်။

စက္ကန့်အနည်းငယ်လောက် ကြာတော့မှ သူက “ကိုယ် မင်းကို မေးစရာရှိတယ် ပြီးတော့ အဲ့‌မေးခွန်းကို မင်း အခုချက်ချင်းဖြေပေးဖို့ အ‌ရေးကြီးတယ်”

“ဟမ်” နန်ကောဟာ ကြောင်သွားတယ်။

“အဲ့နေ့က...” ရှန်ရန်ချင်းရဲ့ လည်စလုတ်ဟာ အပေါ်အောက် ဆန်ဆင်းသွားတယ်။သူက သူ့ရဲ့ ‌ခြောက်ကပ်နေတဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟပြီး မေးခွန်းကို ပြင်လိုက်တယ်။

“မင်းက လူလွတ်လားဆိုတာ ကိုယ်သိချင်တယ်”

ခက်ခက်ခဲခဲနဲ့ မေးခွန်းကို မေးလိုက်မိပြီးတဲ့နောက် သူဟာ မျက်လုံးတွေကို မှိတ်လိုက်ပြီး ချက်ချင်းပဲ နောင်တရသွားတယ်။

သူဟာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်။သူလိုချင်တဲ့ အဖြေကို ပြန်ရဖို့ဖြစ်နိုင်‌ချေက အရမ်းသေးငယ်တယ်။အရမ်းကိုမှ နည်းတယ်ဆိုတာ။

ဘယ်လိုပဲဖြစ်ဖြစ် သူ ခေါင်းမာမာနဲ့ အဖြေကိုတော့ လိုအပ်နေတုန်းပဲ။သူ နည်းနည်းတော့ မျှော်လင့်နေတုန်းဆိုတာ ၀န်ခံပါတယ်။

သူတို့နှစ်ယောက်ကြားမှာ ဘာဆိုဘာမှ မစရသေးဘူး။

ဒါတောင်မှ သူမအပေါ်ထားတဲ့ သူ့ရဲ့အချစ်ဟာ မဖြစ်နိုင်တဲ့သဘောမျိုးနဲ့ နစ်မြုပ်သွားပြီလို့ ကြေငြာခံထားရသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ အဖြေကို နာကျည်းပြီးသား။

တကယ်လို့ သေဒဏ်ဆိုရင်တောင်မှ နန်ကောဆီကပဲ ဖြစ်သင့်တယ်။

သူမ ပြောတာကိုပဲ သူကြားချင်တယ်။

အချိန်ဟာ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားတယ်။ဒါဟာ ရှန်ရန်ချင်းအတွက်တော့ သံသယ၀င်စရာမလိုဘဲ သေစေနိုင်တဲ့ နာကျင်မှုကြီး။

“သေချာပေါက် ကျွန်မက လူလွတ်ပေါ့”

နန်ကောက ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ဘာမြုပ်ကွက်ကိုမှ မခံစားမိဘဲ အမှန်တိုင်းပဲ ပြန်ဖြေတယ်။ “ကျွန်မအစ်ကိုက ပြောတယ် တက္ကသိုလ်က ကောင်လေးတွေအားလုံးက အပြောကောင်းတဲ့ လူလိမ်တွေချည်းပဲတဲ့ ကျွန်မကို သူတို့နဲ့ ဝေးဝေးနေဖို့ ပြောထားတာ”

“သူ အဲ့မှာ တက်ဖူးတယ်တဲ့ သူက ပြောသေးတယ် အမှိုက်ပုံထဲကနေ ယောက်ျားတွေကို ရှာဖို့ မလုပ်နဲ့တဲ့”

“အစကတော့ အစ်ကိုက လိမ်နေတယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ ပထမနှစ်စစ်လေ့ကျင့်ရေးတုန်းက စီနီယာတစ်ယောက် ကျွန်မကို ဖွင့်ပြောဖူးတယ် ကျွန်မတော်တော်‌ နေရခက်သွားတာ...”

“အဲ့အချိန်တုန်းက လူတွေ အများကြီးပဲရှိနေခဲ့တာ ကျွန်မလည်း သူ့ကို ငြင်းလိုက်ရော အဲ့စီနီယာက ကျွန်မကို ဖိုရမ်ပေါ်မှာ ဝေဖန်ပြီး ကောလဟာလတွေပါ လွှင့်လိုက်သေးတယ်”

“အဲ့နောက်ပိုင်းတော့ အစ်ကိုပြောတာ လုံး၀မှန်တယ်လို့ ခံစားလိုက်ရတော့တာပဲ”

ဒါကြောင့် သူမ ဒုတိယနှစ်ကို ရောက်နေတာတောင် တစ်ခါမှ ရည်းစားမထားဖူးတာပေါ့။

မမေးနဲ့။မင်းအစ်ကိုရဲ့ ညွှန်ကြားချက်အတိုင်းသာ လုပ်။

“ဟုတ်ပြီ ဒါဆိုလည်း ကောင်းကောင်းနားတော့ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူး”

“...ကောင်းပါပြီ” သူ့ရဲ့ မျက်နှာထားဟာတော့ မရှင်းမလင်းနဲ့။ “ဒါဆို ကောင်းသောညပါ”

“အာဟာ”

_____

ဖုန်းကျသွားတော့ ရှန်ရန်ချင်းမှာ နေရာမှာတင် တောင့်တောင့်ကြီး။

သာမန်လိုပါပဲ။လက်ထောက်ယွမ်ဟာ ဖုန်းထဲက နန်ကောရဲ့ အဖြေကို မကြားရပါဘူး။သူဟာ ရှန်ရန်ချင်းရဲ့ မျက်နှာထားနဲ့ တုံ့ပြန်ပုံကို ကြည့်ပြီး ဆုံးဖြတ်ရတာ။

သူ မလှုပ်တာကို မြင်တော့ လက်ထောက်ယွမ်ဟာ တစ်ခဏတော့ အဖြေမထုတ်နိုင်ခဲ့ဘူး။သူက စစ်ဆေးလိုက်တယ်။ “ဥက္ကဌရှန်။ မင်း အဆင်ပြေရဲ့လား”

ရှန်ရန်ချင်းက မျက်လွှာသာ ချလိုက်ပြီး ဘာမှ မပြောဘူး။

သူ့ရဲ့ မျက်နှာထားကို ကြည့်ပြီး ဆုံးဖြတ်ရမယ်ဆိုရင်တော့ သူ တကယ်ပဲ အငြင်းခံလိုက်ရတာများလား။

အမ်...

“မင်း ဘာလို့ မေးလိုက်တာလဲ”

အဲဒါက မင်းကို ပိုပြီးပဲ ၀မ်းမနည်းစေဘူးလား။

လက်ထောက်ယွမ်ဟာ တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး ရှန်ရန်ချင်းအတွက် စိတ်မကောင်းဖြစ်နေတော့တယ်။

“အဆင်ပြေပါတယ် ဥက္ကဌရှန် အဲ့လူက မင်းနဲ့ ယှဉ်ရင် ရိုင်းစိုင်းတယ် တကယ်လို့ တစ်ခုခုသာ မှားနေရင်လည်း နန်ကောရဲ့ ယောက်ျားတွေအပေါ် အမြင်က မှားနေတာပါ မင်းက ပိုပြီးထူးချွန်တဲ့ယောက်ျားဖြစ်နေတုန်းပါပဲ! အားမငယ်နဲ့!”

“အဲ့လူက ချမ်းသာပြီး ရုပ်ချောတယ်ဆိုပေမဲ့လည်း သူ့မှာ ‌တော်တော်ဆိုးတဲ့ ဒေါသရှိတယ်! မသိရင် ဗုံးမြိုချထားသလိုပဲ ကျွန်တော့်ကို ယုံ သူတို့ တစ်လမကြာဘူး ပြတ်သွားလိမ့်မယ်!”

++++++

All Chapters