အခန်း ၂၈
Vol. 3 Ch. 28
Chapter 28 မင်း အရိုက်ခံရမှာ မကြောက်ဘူးလား။
ကြာရှည်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုကြီး ပြီးသွားတဲ့အခါမှာတော့ ရှန်ရန်ချင်းရဲ့ ပုခုံးဟာ အနည်းငယ် လျော့ကျသွားတယ်။ “ကျွန်တော် တကယ်သောက်လို့ မရဘူး”
“ဒီကို မလာခင် ဆေးသောက်ထားလို့ပါ ကျွန်တော့်အသံကို နားထောင်ကြည့်ရင် သိမှာပါ”
သူ နန်ကျဲ့ကို မလိမ်ခဲ့ဘူး။သူ လည်ချောင်းတောင် နည်းနည်းယောင်နေပြီ။သူ တကယ်ကို မလာခင် ဆေးသောက်လာခဲ့တာ။
“တောင်းပန်ပါတယ်”
ဒီအကြောင်းပြချက်က အတော်တော့ ကောင်းတယ်။နန်ကျဲ့မှာ ဖိအားမပေးနိုင်တော့ဘူး။ဒီတော့ သူဟာ ဝိုင်ခွက်ကို ပြန်ထားလိုက်တယ်။
သူဟာ ရှန်ရန်ချင်းရဲ့ သန့်ရှင်းသပ်ရပ်တဲ့ အသွင်အပြင်ကို သဘောမတွေ့ဘူး။ပြီးတော့ သူ့ကို အနိုင်ယူချင်ခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ်လေ။ဆေးသောက်ထားပြီး ဝိုင်သောက်တာကတော့ အန္တာရာယ်များနေသေးတာ အမှန်ပဲ။
“မင်း မသောက်ချင်လည်း ရပါတယ် သေချာပေါက် မင်းရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်”
“နန်ကောနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကတော့...”
နန်ကျဲ့က တမင်တကာ ခဏရပ်လိုက်ပြီး “ငါမင်းကို ပြောပြလို့ မရတာတော့ မဟုတ်ပါဘူး”
ဒါပေမဲ့ သူက သတိထားနေတုန်းပဲ။ “နန်ကောနဲ့ ကျွန်တော်က အတူကြီးပြင်းလာတာ ငယ်သူငယ်ချင်းတွေလို့ ပြောလို့ရပါတယ်”
နန်ကျဲ့ဟာ လိမ်နေတာ မဟုတ်ဘူးလေနော်။သူနဲ့ နန်ကောက သွေးသားရင်းချာမောင်နှမတွေ ဖြစ်တာမို့ တကယ်လည်း အတူတူကြီးပြင်းလာတာပဲလေ။
လေသံက မရှင်းမလင်းဖြစ်နေတယ်ဆိုတာကတော့ ဒါပေါ့။သူတမင်လုပ်ပြောလိုက်တာ။
ရှန်ရန်ချင်းက သူတိုက်တဲ့ ဝိုင်ကို မသောက်တာမို့ သူ့မှာ အမှန်တိုင်းပြောပြဖို့ ၀တ္တရားမရှိဘူးလေနော်။
ပြီးတော့ ရှန်ရန်ချင်းဆီ သူလာရတဲ့ ရည်ရွယ်ချက်ကလည်း နန်ကောကို လိုက်နေတဲ့ ဒီအပုပ်အပွဆီကနေ ကာကွယ်ပေးဖို့။
ဒီလူယုတ်မာ အမြန်ဆုံးလက်လျှော့သွားအောင်လို့!
“ကျွန်တော်နဲ့ပတ်သက်ပြီး ဥက္ကဌရှန်ကို နန်ကော ဘယ်လိုမိတ်ဆက်ပေးထားလဲတော့ မသိပေမဲ့ ကျွန်တော်တို့ဆက်ဆံရေးက သာမန်လူတွေလိုတော့ မဟုတ်ဘူး”
ရှန်ရန်ချင်းမျက်လုံးထဲက အပြုံးဟာ ပျောက်ကွယ်သွားတယ်။နန်ကျဲ့ပြောချင်နေတဲ့ “သာမန်လူ” ဆိုတာကို သူအတိအကျသိတယ်။
နန်ကျဲ့က ဆက်ပြောတယ်။ “ကျွန်တော့်မှာ သူ့ကို စောင့်ရှောက်ပေးဖို့ တာ၀န်တစ်စိတ်တစ်ပိုင်းရှိတယ်”
“ဆိုပါတော့ တကယ်လို့ ကျွန်တော်သာ သူ့ကို အရှေ့အရပ်ကို သွားခိုင်းရင် သူ သေချာပေါက် အနောက်အရပ်ကို သွားမှာ မဟုတ်ဘူး နန်ကောက ကျွန်တော်ပြောသမျှ နားထောင်တယ်လေ”
“ဟုတ်ပြီ ကျွန်တော် နားလည်ပါပြီ” ရှန်ရန်ချင်းဟာ နားလည်သွားပုံပေါ်တယ်။
အဲဒါကလွဲရင် အခြားတုံ့ပြန်မှုမျိုးတော့ မရှိဘူး။
ဒီဟာကြောင့် နန်ကျဲ့ဟာ ရှန်ရန်ချင်းရဲ့ တုံ့ပြန်မှုက တစ်ခုခုထူးဆန်းနေတယ်လို့ ထင်ရတယ်။
ဒီလူ နန်ကောကို ကြိုက်နေတာ မဟုတ်ဘူးလား။ ရှန်ရန်ချင်းဆီက ဘာလို့ သာမန်တုံ့ပြန်မှုတစ်ခုတောင် ထွက်မလာရတာလဲ။
ထပ်တွေးကြည့်လိုက်တော့ ဒီငတုံးဟာ နန်ကောလိုမျိုး စိတ်ရင်းမှန် မဟုတ်လို့ဘဲဖြစ်ရမယ်။
သူသိသားပဲ!
ရှန်ရန်ချင်းက သူဘာတွေးနေလဲဆိုတာကို မသိဘဲ ယဉ်ကျေးစွာ မေးတယ်။ “ကျွန်တော် မမေးရသေးဘူး မင်းနာမည်ဘယ်လိုခေါ်လဲ”
“အဲဒါက အရေးမကြီးပါဘူး” နန်ကျဲ့က သူကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး။ဒီတစ်ခါတော့ သူဟာ ဖော်ဖော်ရွေရွေဆက်ဆံဖို့ကို ပျင်းလွန်းနေခဲ့တယ်။သူဟာ သူ့ရဲ့ပုံစံအမှန်ကို ထုတ်ပြလိုက်ပြီး သူ့မျက်လုံးထဲက ရန်လိုမှုဟာလည်း သိသိသာသာ။ “ဥက္ကဌရှန်က နန်ကောနဲ့ ပတ်သတ်ပြီး အရမ်းစိုးရိမ်တာပဲ မင်းမှာ အခြားရည်ရွယ်ချက်တွေ ရှိနေတာလား။ ဘာလို့ အမှန်တိုင်း မပြောပြတာလဲ”
သူ့အနောက်မှာတော့ လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးဟာ အချင်းချင်းကြည့်ပြီး အံ့ဩသွားတယ်။
တစ်ဖက်လူရဲ့ လေသံက ဖော်ရွေမနေဘူးဆိုတာ လူတိုင်း ပြောနိုင်တယ်။
မသိရင် ဒီလူက အနောက်နန်းဆောင်တစ်ခုခုရဲ့ ခေါင်းဆောင်ဧကရီဖြစ်ပြီးတော့ ဥက္ကဌရှန်ကို စစ်မေးနေသလိုမျိုးပဲ။
အယ် အဲ့လိုလည်း မဟုတ်သေးဘူး! တကယ်လို့ ဒီလူသာ ဧကရီဆိုရင် ဥက္ကဌရှန်က ဘာဖြစ်သွားမလဲ။
_____
အမျိုးသားနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်တစ်ဖက်တစ်ချက်စီမှာ ရပ်နေကြတယ်။သူတို့ကြားက လေထုဟာတော့ သိမ်မွေ့ပြင်းထန်နေတယ်။
သူတို့ဟာ အချင်းချင်း လျို့ဝှက်စွာ ယှဉ်ပြိုင်နေသလိုမျိုး ထင်ရပြီး အမျိုးအမည်ဖော်မရတဲ့ ခံစားချက်တွေက သူတို့မျက်လုံးတွေထဲ ပေါ်လာတယ်။
ဒီအချိန်မှာပဲ ခရစ်က နောက်ဆုံးတော့ ခပ်လှမ်းလှမ်းက ရှန်ရန်ချင်းကို တွေ့သွားပြီး သူ့နာမည်ကို ခေါ်လိုက်တယ်။
လက်ထောက်ယွမ်မှာ နောက်ဆုံးတော့ သူတို့ကြား ၀င်ရပ်ပြီး သူတို့ကို ခွဲထုတ်ဖို့ အခွင့်အရေးရသွားတယ်။ “ဥက္ကဌရှန် ခရစ်ပဲ ဟိုနားကို မြန်မြန်သွားရအောင်!”
သူ မလှုပ်တာကို မြင်တော့ လက်ထောက်ယွမ်က ထပ်ပြောလိုက်တယ်။ “ကျွန်တော်တို့ သူ့ကို စောင့်ခိုင်းထားလို့ မကောင်းဘူး ကျွန်တော်တို့မှာ ဆွေးနွေးဖို့ ပရောဂျက် ရှိနေသေးတယ်...”
တစ်ဖက်လှည့်နဲ့ ပြောရမယ်ဆိုရင်တော့ အလုပ်ကိစ္စက ပိုအရေးကြီးတယ်လေ။
ဒါပေါ့။လက်ထောက်ယွမ်ဟာ အခုလက်ရှိဖြစ်နေတဲ့ အလုပ်ကိစ္စလို့ အမည်တပ်လို့ရတဲ့ စကားဝိုင်းထဲကို ၀င်စွက်ဖက်တာတော့ မဟုတ်ပါဘူး။
တကယ်လို့ ဒီစကားဝိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဥက္ကဌရှန် အရိုက်ခံရတော့မယ်လို့ သူ ခံစားနေရတယ်။
လေထုက ဒီအခြေအနေထိ ရောက်နေပြီးပြီလေ။တကယ်လို့ သူတို့သာ အခုမရပ်ဘူးဆိုရင် သူတို့တွေ ဖြတ်လျှောက်သွားတဲ့ ခွေးတစ်ကောင်ကောင်ကို ပိတ်ကန်မိကြတော့မှာပဲ!
ရှန်ရန်ချင်းဟာ အတွေးထဲကနေ ထွက်လိုက်ပြီး နန်ကျဲ့နဲ့ စကားဝိုင်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ခွင့်ပြုပါဦး”
သူတို့ဟာ လူသိရှင်ကြားပွဲတစ်ပွဲကို ရောက်နေတာမို့ သူ့အကန့်အသတ်ကို သူ ကောင်းကောင်းသိတယ်။
နန်ကျဲ့ဟာ ခနဲ့တဲ့တဲ့လုပ်ပြီး လှည့်ထွက်သွားတယ်။
ရှန်ရန်ချင်းဟာ ဘာမှ မပြောခဲ့ဘူး။သူက ထပ်ပြုံးလိုက်ပြီး ခရစ်ဆီ လျှောက်သွားတယ်။
တစ်ဖက်မှာတော့ လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ မတတ်နိုင်ဘဲ နန်ကျဲ့ကို အနောက်ကနေ နည်းနည်းလှမ်းကြည့်လိုက်မိသေးတယ်။
အတွင်းရေးမှူးတုန်က “ကျစ် ကျစ် ကျစ် ဒီလူ အတော်ရိုင်းတာပဲ သူက နန်ကောနဲ့ ငယ်သူငယ်ချင်းလေးပဲကို အသေမောက်မာနေတယ်”
လက်ထောက်ယွမ်က သက်ပြင်းချလိုက်တယ်။ “ဥက္ကဌရှန်က နောက်ဆုံးတော့ သန်မာတဲ့ပြိုင်ဘက်ကို တွေ့သွားပြီ ဒီလူ့ကြည့်ရတာ ရင်ဆိုင်ဖို့ လွယ်မယ့်ပုံတော့ မပေါ်ဘူး...”
အခြားတစ်ဖက်မှာတော့ ရင်ဆိုင်ဖို့ လွယ်မယ့်ပုံမပေါ်တဲ့ တစ်ယောက်သောသူဟာ ခေါင်းကို မော့ကာ ဝိုင်တစ်ခွက် သောက်လိုက်တယ်။
“မင်း ပြန်လာပြီပဲ!” နန်ကျဲ့ ထွက်သွားတုန်းက သူ့သူငယ်ချင်းမှာ တားတောင် မတားလိုက်နိုင်ရှာ။
“မင်း သူ့ကို မထိခဲ့လို့ တော်သေးတယ်!”
“မင်း ဒီလိုလုပ်ဖို့ရော လိုလို့လား”
နန်ကျဲ့ ရှန်ရန်ချင်းကို မြင်တုန်းကဆို ကြိုးကနေ လွတ်သွားတဲ့ ခွေးရူးတစ်ကောင်လိုပဲ။
သူ့မှာ နန်ကျဲ့ကို ဆွဲတောင် မဆွဲထားနိုင်လိုက်ဘူး။
နန်ကျဲ့က သူ့ရဲ့ဂျက်ကတ်၀တ်စုံက ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်ကာ အသာဘေးဖယ်ထားသည်။ခါးပေါ် လက်တစ်ဖက်ထောက်ပြီး သူက ပြောတယ်။ “ထင်တဲ့အတိုင်းပဲ ငါမှန်တယ်!”
“ဒီလူက ကောင်းတာ မရှိဘူး!”
သူ့သူငယ်ချင်းက မေးတယ်။ “ဘာဖြစ်လို့လဲ။ မင်းက မိန်းကလေးလား”
နန်ကျဲ့ “.....”
_____
လန်ဒန်အချိန် ညနေပိုင်း ၉နာရီ။
ရှန်ရန်ချင်းဟာ ပွဲပြီးတဲ့အထိ နေဖို့ မစီစဉ်ထားဘူး။သူဟာ နေလို့မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အစောကြီး ပြန်သွားခဲ့တယ်။
မပြန်ခင် သူဟာ တစ်ခုခုကို ရှာနေသလိုမျိုး ခန်းမထဲကို တစ်ချက်ကြည့်လိုက်သေးတယ်။
နောက်ဆုံးတော့ သူက သူရှာနေတဲ့လူကို တံခါးမကြီးနဲ့ သိပ်မဝေးတဲ့နေရာမှာ တွေ့လိုက်ရတယ်။အဲ့နောက် သူဟာ တစ်ဖက်လူဆီကို လျှောက်လှမ်းသွားတယ်။
သိပ်မဝေးတဲ့ နေရာမှာတော့ ရှန်ရန်ချင်းကြောင့် ဒေါသထွက်ပြီး နန်ကျဲ့ဟာ ဝိုင်အနည်းငယ်ထပ်သောက်ထားတယ်။သူဟာ နည်းနည်းမူးနေပြီဖြစ်တယ်။
သူက ပွဲကို စိတ်၀င်စားတာ မဟုတ်ဘူး။သူ့အဖေ လာခိုင်းလို့သာ။
ခဏကြာလို့ သူပြန်မယ်လုပ်တော့ ခြေသံအချို့က သူ့ဆီ ချဉ်းကပ်လာတယ်။
“ဘာလဲ” သူက အနောက်ကို စွေကြည့်လိုက်တယ်။
နှစ်စက္ကန့်လောက်ကြာတော့ သူ့မျက်ဆံတွေက တင်းကျပ်သွားတယ်။
ရှန်ရန်ချင်းကြီးပဲ!
“ကျစ် ဥက္ကဌရှန် ဘာကိစ္စလဲ” သူ့ရဲ့ မျက်နှာဖုံးကို ခွာချထားပြီးတဲ့နောက်မှာတော့ နန်ကျဲ့ရဲ့ အသံဟာ ပုံမှန်အတိုင်း ပြီးစလွယ်နဲ့ မထီမဲ့မြင်ဘဲ။
“အရေးကြီးတာတော့ မဟုတ်ပါဘူး ငါမပြန်ခင် မင်းရဲ့ မေးခွန်းကို ဖြေပေးမလို့”
“.....”
ဘာမေးလိုက်မိတာပါလိမ့်။
ရှန်ရန်ချင်းဆိုလိုတာကို နန်ကျဲ့ဟာ အချိန်တစ်ခုအထိ သဘောမပေါက်ဘူး။
အမျိုးသားဟာ အနောက်တိုင်း၀တ်စုံတစ်ထည်နဲ့ သားရေရှူးဖိနပ်ကို ၀တ်ဆင်ထားပြီး ရေးတေးတေးအပြုံးလေး ပြုံးပြတယ်။ “ကျွန်တော့်အဖြေက နန်ကောရဲ့ ထင်မြင်ချက်ကောင်းကို ကျွန်တော် ရထားတယ်ဆိုတာပဲ”
_____
အဓိကလူ ခန်းမကြီးထဲကနေ ထွက်လာတာနဲ့ လက်ထောက်ယွမ်ဟာ ဘက်ကြည့်မှန်ကနေပြီး “ခွေးရူး” တစ်ကောင်ကောင်များ လိုက်လားသေးသလားလို့ ဂရုတစိုက်နဲ့ တစ်ချက်ကြည့်လိုက်သေးတယ်။
ကားသာ လမ်းနှစ်လမ်းလောက် ခြားသွားမှပဲ သူ့မှာ စိတ်သက်သက်သာသာနဲ့ သက်ပြင်းချနိုင်ပြီး ရှန်ရန်ချင်းကို လှည့်ကြည့်လိုက်တယ်။
အနောက်ထိုင်ခုံမှာ အမျိုးသားဟာ ဂျက်ကတ်ကို ချွတ်လိုက်တယ်။သူ့ပုံစံဟာ တိုက်ပွဲကို နိုင်လာခဲ့ပြီး တစ်ရေးအိပ်ဖို့ လုပ်နေတဲ့ ပုံစံမျိုး။
လက်ထောက်ယွမ်ဟာ သူ့ပါးစပ်လေးကို ပိတ်လိုက်ပါတယ်။
အဲ့နောက် ရှန်ရန်ချင်းဟာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး သူ့ရဲ့ တွန့်ဆုတ်နေတဲ့ အမူအရာကို မြင်သွားတယ်။
“မင်းဘာပြောချင်လို့လဲ” သူက ဗလုံးဗထွေးနဲ့ မေးတယ်။
“အာ”
လက်ထောက်ယွမ်ဟာ ဘာမှ မပြောရဲဘူး။
သူက တုံ့ဆိုင်းနေပြီး “အခုလေးတင် ကျွန်တော်တို့ သေမတတ် ကြောက်နေတာ”
သူတို့တွေးလိုက်တာက သူတို့ ပြန်လို့ရပြီပေါ့။
ဒါပေမဲ့ သူတို့လည်း မော့ကြည့်လိုက်ရော ရှန်ရန်ချင်းက အခြားတစ်ဖက်ကို လမ်းလျှောက်သွားတာ။
သူနဲ့ အတွင်းရေးမှူးတုန်က ချက်ချင်း အနောက်က လိုက်ပြီး ရှန်ရန်ချင်းပြောတာကို ကြားခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ပြန်တော့မှာဆိုပေမဲ့ သူ အဲ့လူကို အဖြေပေးခဲ့ဖို့တော့ လိုတယ်လေ။
ပေးခဲ့တဲ့ အဖြေက ဒေါသကို သွားဆွတာနဲ့ ဘာမှ မကွာဘူး။
တကယ်ကိုပဲ တစ်ယောက်ယောက်ကို လိုက်နေတဲ့ ယောက်ျားလေးတွေဟာ မူမမှန်ကြဘူး။
အတွင်းရေးမှူးတုန်က ပြန်တုံ့ပြန်တယ်။ “မင်း တကယ်သတ္တိရှိခဲ့တာပဲ”
သူတို့နှစ်ယောက်လုံးက လက်မထောင်ပြီး ရှန်ရန်ချင်းကို ချီးကျူးလိုက်တယ်။
“မင်းအသက်နဲ့ဆိုရင် မင်းက ရန်ဖြစ်ဖို့ကို ကြောက်မနေခဲ့ဘူး အရမ်းတော်တယ်”
++++++