← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

Chapter 30 အဲဒါ နာသွားလား။

“မားနဲ့ ပါး အဲ့လိုထပ်မလုပ်တော့ပါဘူး” မစ္စတာနန်ဟာ ကျပ်တည်းတဲ့အခြေအနေထဲကို ရောက်လို့နေတယ်။

မစ္စနန်က သူမဖုန်းကို ထုတ်လိုက်ပြီး “ဒါဆိုရင်ရော ဘယ်လိုလဲ။ ငါ ကျဲ့ကို ခေါ်ပြီး သူ့မှာ ဘာပြောစရာရှိမလဲဆိုတာ ကြည့်မယ်”

နှစ်မိနစ်လောက်ကြာတော့။

လန်ဒန်မှာ တရေးတမောအိပ်နေတဲ့ နန်ကျဲ့ဟာ ဖုန်းကောလ်တစ်ခုကြောင့် နိုးသွားတယ်။

“ဟယ်လို မား ဘာကိစ္စလဲ”

“ကျဲ့ မား မင်းကို မေးစရာရှိတယ် ရော့ရော့ ဖျော်ဖြေပွဲကို သွားမယ့်အကြောင်း မင်းသိထားလား”

“ဟုတ် သိထားပါတယ်”

“ပြီးတော့ သူ မင်းကို စာမေးပွဲပြီးရင် မင်းဆိုင်မှာ ဝိုင်းကူပေးချင်တယ်လို့ ပြောတယ်ဟုတ်”

“ဟုတ်”

“ကောင်းပြီ ဖျော်ဖြေပွဲက နောက်ကျမယ်ဆိုတော့ ဒါ နှစ်သစ်ကူးပွဲတော် မိသားစုညစာစားပွဲ‌ညကျရင် ရော့ရော့ သေချာပေါက် အချိန်မှီပြန်မရောက်နိုင်ဘူးလို့ ဆိုလိုတာမလား”

“အာဟာ”

“ဒါဆို မားတို့ သူ့ကို ပြန်လာခိုင်းသင့်လား ဒါမှမဟုတ် ဟိုက်မှာပဲ နေပြီး ဖျော်ဖြေပွဲကြည့်ခိုင်းသင့်လား။ မင်း ဘယ်လိုထင်လဲ”

“အဲဒါက အရေးကြီးလို့လား။ ဒီတိုင်းထမင်းတစ်နပ်လောက်စားတာပဲဟာကို သားတို့ နှစ်သစ်ဆိုလည်း ထမင်းက စားနေတာပဲဟာ ဒီထမင်းတစ်နပ်က ဘာမှ ထူးခြားသွားတာလည်း မဟုတ်ဘူး”

နန်ကျဲ့က သန်းလိုက်ပြီး ဖုန်းကို အခြားလက်တစ်ဖက်နဲ့ ပြောင်းကိုင်လိုက်တယ်။သူက လှည့်လိုက်ပြီး ဆက်ပြောတယ်။ “သားတို့ ဘယ်ခေတ်ကို ရောက်နေပြီလဲ။ သူ နှစ်သစ်ကူးပွဲတော်အတွက် ပြန်မလာဘူးဆိုလည်း နေပါစေပေါ့ ကျွန်တော် ပညာတော်သင်သွားတုန်းကဆို နွေဦးပွဲတောင်မှာတောင်မှ ပြန်လာခဲ့တာ မဟုတ်ဘူး ဒီတော့ ဘာဖြစ်လဲ”

နန်ကျဲ့ဟာ သူနဲ့ အမြင်တူကြောင်းကို ကြားလိုက်ရတဲ့အခါ မစ္စနန်ဟာ ဂုဏ်ယူစွာနဲ့ မျက်ခုံးပင့်ပြီး စိတ်တိုနေတဲ့ မစ္စတာနန်ကို ‌တစ်ချက်ကြည့်လိုက်တယ်။

သူမက စပီကာဖွင့်ထားခဲ့တာမို့ သူတို့နှစ်ယောက်လုံး နန်ကျဲ့ပြောတာကို ရှင်းရှင်းလင်းလင်းကြားရတယ်။

မစ္စနန်က အခွင့်အရေးကို ယူလိုက်ပြီး ပြောတယ်။ “မင်းရဲ့ ပါးက ပြောတယ် ရော့ရော့သာ ပြန်မလာဘူးဆိုရင် မင်းအဖိုးနဲ့အဖွားမေးတဲ့အခါ ဘယ်လိုရှင်းပြရမလဲမသိဘူးတဲ့ အမှန်တိုင်းပြောလိုက်ရင် သူတို့ သေချာပေါက် ဒေါသထွက်လိမ့်မယ်တဲ့”

“ဘုရားရေ ဒါက ပြဿနာအသေးစားလေးကိုတောင်မှ နှစ်ယောက်သား မဖြေရှင်းနိုင်ကြဘူး”

နန်ကျဲ့က ‌စိတ်တိုတိုနဲ့ လျှာကို ကိုက်လိုက်ပြီး “မား အဲဒါအတွက် စိတ်ပူစရာမလိုဘူး လူအိုကြီးမေးတဲ့အခါကျ သား ပြောလိုက်မယ်”

“တကယ်လို့ သူတို့ တစ်ယောက်ယောက်ကို ဆူချင်ရင်လည်း သားကို ဆူပါစေ သူ့ကို ဟိုက်မှာ နေဖို့ သားပြောထားတာလို့သာ ပြောလိုက်မယ် ဘယ်သူ ဒီအကြောင်းပြောရဲလဲ ကြည့်ကြသေးတာပေါ့ သား ပြန်မလာတဲ့နှစ်တုန်းကတောင် ဘယ်သူမှ ဘာမှ မပြောရဲခဲ့ဘူးဟုတ်”

“အဲ့လိုကြားရလို့ စိတ်ချမ်းသာတယ်” မစ္စနန်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖုန်းချလိုက်တယ်။

အဲ့နောက် သူမက လက်ကို ဖြန့်လိုက်ပြီး “ရှင့်သားပြောတာ ရှင်ကြားလိုက်လား”

ရိုးရှင်းစွာပဲ နန်ကောဟာ အားနည်းပြီး ဘာမှ ပြန်မပြောတာမို့ နန်မိသားစုရဲ့ အကြီးအကဲနှစ်ယောက်ဟာ သူမအပေါ်ကိုပဲ အနိုင်ကျင့်နေခဲ့တာ။များသောအားဖြင့် နန်ကျဲ့ သူတို့ကို ပြန်ပြောလို့ရှိရင်တော့ အကြီးအကဲနှစ်ယောက်ဟာ စိတ်ဆိုးမှာ မဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် နန်ကောသာဆိုရင်တော့ အခြေအနေတွေက ကွဲပြားလိမ့်မယ်။

မစ္စတာနန်က သက်ပြင်းချလိုက်တယ်။ “‌ထားလိုက်တော့ အချိန်ကျရင် ငါ့အပေါ်သာ အပြစ်ပုံချလိုက်တော့”

_____

ရှန်ရန်ချင်းရဲ့ လေယာဉ်ဟာ ပွဲပြီးနောက်တစ်ရက် ဖြစ်တယ်။အဲ့ညက သူ ဟိုက်မြို့တော်ရဲ့ နိုင်ငံတကာလေဆိပ်ကို အချိန်မှန်ပဲ ရောက်ခဲ့တယ်။

သူ့တိုက်ခန်းကို ပြန်ရောက်ပြီးတဲ့နောက် သူဟာ နန်ကောရဲ့ ပုံရိပ်တွေကို ဆွဲကြည့်နေခဲ့ပြီး သူမ ဒလီပို့နေတာ မြင်တော့ ချက်ချင်းအော်ဒါမှာလိုက်တယ်။

နန်ကော အော်ဒါကို လက်ခံရရှိတဲ့အခါ သူမက အံ့ဩသွားတယ်။သူမက လှည့်လိုက်ပြီး သူ့ကို မက်ဆေ့ခ်ျပို့လိုက်တယ်။

[ရှင်ပြန်ရောက်ပြီလား။]

သူမ သူ့ကို စာပို့လောက်မယ်လို့ ရှန်ရန်ချင်းခန့်မှန်းထားတာမို့ သူဟာ စောင့်နေခဲ့တယ်။ [ဟုတ်တယ် အခုပဲ အိမ်ရောက်တာ]

[အိုကေ အိုကေ] နန်ကောက ပြောတယ်။ [ကျွန်မ အဲ့ကို မိနစ်၄၀အတွင်း ရောက်နိုင်တယ်။နည်းနည်းလေးတော့ နောက်ကျမယ်။]

ရှန်ရန်ချင်းက မေးတယ်: [မင်း ဒီကို စကူတာစီးလာမှာလား။]

[ဒါပေါ့။] သူမရဲ့ကားက မနေ့က ရုတ်တရက်ကြီး ရပ်သွားပြီး ပြန်မပြင်ရသေးဘူး။ဒီနေ့တော့ သူမရဲ့ လျှပ်စစ်စကူတာသေးသေးလေးကိုပဲ စီးသွားရတော့မယ်။

[ကိုယ် အခုလေးတင် ပြန်လာတုန်းက လမ်းပေါ်မှာ နှင်းတွေ နည်းနည်းရှိသေးတာကို တွေ့လိုက်တယ်။လာမယ့်လမ်းမှာ ဂရုစိုက်ဦး။]

[ဟုတ်ပါပြီ။]

စာပြန်ပြီးတာနဲ့ နန်ကောဂာ ဖုန်းကို ဖယ်လိုက်ပြီး မောင်းထွက်သွားတော့တယ်။

ဒီအချိန်မှာ ကားတွေအများကြီး လမ်းပေါ်မှာ ရှိနေသေးတယ်။

လမ်းတစ်လျှောက်လုံး နန်ကောဟာ အလျင်လိုမနေခဲ့ဘူး။သူမက လျှပ်စစ်စကူတာကို ဖြည်းဖြည်းလေး မောင်းနေပြီး စိတ်ထဲမှာလည်း လုံခြုံရေးဟာ အဓိကလို့ မှတ်ယူထားတယ်။

သူမ သွားလိုတဲ့နေရာကို ရောက်ခါနီးတော့ ရပ်ကွက်ထဲကနေ Rolls Royce Ghost တစ်စီးမောင်းထွက်လာတယ်။

သူမ လန့်သွားတယ်။

နန်ကောဟာ အလိုလိုရှောင်လိုက်ပေမဲ့ မြေပေါ်က နှင်းတွေက အေးခဲနေပြီးဖြစ်တယ်။လျှပ်စစ်စကူတာရဲ့ ဘီးက ချော်သွားပြီး သူမ ပြုတ်ကျသွားတယ်။

ဘန်း! လျှပ်စစ်စကူတာလေးဟာ လမ်းဘေး လဲကျသွားတယ်။

သိပ်မကြာဘဲ ကားပိုင်ရှင်ဟာ ခေါင်းပြူထွက်လာပြီး ကြည့်တယ်။အဲ့နောက် ဆဲ‌ရေးပြီး ကားထဲကနေ ထွက်လာတယ်။ “မင်းမှာ မျက်လုံးမပါဘူးလား။ ဒလီပို့နေတာကို ပိုပြီး ဂရုတစိုက်ရှိလို့ မရဘူးလား။ လမ်းက မင်းအပိုင်လား”

“.....” နန်ကောဟာ မြေပေါ်က ထပြီး သူမရဲ့ တံတောင်ဆစ်ကို ပွတ်လိုက်တယ်။နာလွန်းလို့ သူမမျက်လုံးတွေပါ နီသွားတယ်။

“ဟေး တော်သင့်ပြီ မင်း သူ့ကို အဲ့လိုပြောဆိုဖို့ လိုလို့လား” မကြာဘူး။ခရီးသည်ခုံမှာ ထိုင်နေတဲ့ သတ်လတ်ပိုင်းအရွယ်ရှိတဲ့ အမျိုးသမီးတစ်ယောက် ထွက်လာပြီး နန်ကောကို ထဖို့ ကူညီပေးတယ်။ “မိန်းကလေး မင်း အဆင်ပြေရဲ့လား။ မင်း ထနိုင်လား”

နန်ကောက ထဖို့ ကြိုးစားလိုက်တယ်။သတ်လတ်ပိုင်းအမျိုးသမီးက သူမ လှုပ်ရှားနိုင်ဖို့ကို အလိုက်သင့်ကူညီပေးတယ်။ “မင်းအရိုးတစ်ခုခုကျိုးသွားသေးလား”

“ကျွန်မ အဆင်ပြေပါတယ်” သူမ ဘာအရိုးမှတော့ မကျိုးပါဘူး။

သူတို့ အချင်းချင်း၀င်တိုက်မိတာ မဟုတ်ဘူးလေ။သူမဟာသူမ ချော်သွားတာ။

အဲ့လောက်ကြီးတော့လည်း မဟုတ်ပါဘူး။

“အဆင်ပြေတယ်ဆိုလို့ တော်သေးတယ်”

သတ်လတ်ပိုင်းအမျိုးသမီးက အဲဒါ သူ့သားရဲ့ အမှားဆိုတာ သိတယ်။သူတို့က အိမ်ရာ၀င်ပေါက်မှာ ရှိနေခဲ့ပြီး သူဟာ ဘေးနှစ်ဖက်လုံးကို သေချာကြည့်ဖို့ မတတ်နိုင်ဘဲ အရမ်းအမြန်မောင်းနေခဲ့တာ။

ဒါကြောင့် သူမက နန်ကောကို ‌ဒေါ်လာ၂၀၀ ကမ်းပေးလိုက်တယ်။ “ဒါကို ယူပါ”

နန်ကောဟာ သူမလက်ထဲ ထည့်ပေးလာတဲ့ ပိုက်ဆံကို ကြည့်ပြီး အလျင်အမြန်ပဲ အဲဒါကို ပြန်ပေးလိုက်တယ်။

“မလိုဘူး ရပါတယ်”

အန်တီဟာ သူမကို မဖျောင်းဖျနိုင်တော့ဘဲ သူ့သားကိုသာ သူမရဲ့ လျှပ်စစ်စကူတာလေးကို ကူမပေးဖို့ ပြောလိုက်ရတယ်။

သူမ တကယ်အဆင်ပြေတာကို အတည်ပြုပြီးတဲ့နောက်မှာတော့ အမေနဲ့သားဟာ အဝေးကို မောင်းထွက်သွားခဲ့တယ်။

ရှန်ရန်ချင်းရဲ့ တိုက်ခန်းကို ရောက်နိုင်ဖို့ သူမအတွက် မလွယ်ကူခဲ့ဘူး။သူမ အပူခံဘောက်စ်ကို ဖွင့်ကြည့်လိုက်တော့ အထဲက အစားအစာတွေ ပျက်စီးကုန်ပြီဖြစ်‌ကြောင်း သိလိုက်ရတယ်။အတွင်းဘက်အကျဆုံးမှာရှိတဲ့ အော်ဒါဘောက်စ်လေးဟာ ချေမွခံထားရတယ်။

“ဟူး...”

နန်ကောက စိတ်ဆင်းရဲသွားတယ်။

ဘုရား!

သူတို့အနောက်ကို လိုက်ပြီး ပိုက်ဆံကို လက်ခံဖို့ အရမ်းများ နောက်ကျသွားပြီလား။

_____

တံခါးဘဲလ်မြည်သွားတယ်။

ရှန်ရန်ချင်းဟာ လက်ထဲက စာအုပ်ကို ချပြီး တံခါးသွားဖွင့်ပေးဖို့ ထလိုက်တယ်။

“ဘာလို့...”

တံခါးက ပွင့်သွားပြီး သူက ခေါင်းကို အနည်းငယ် ငုံ့လိုက်တယ်။သူ့ပြောမယ့်စကားလုံးတွေဟာ ရုတ်တရက်ရပ်တန့်သွားတယ်။

ချက်ချင်းပဲ သူ့မျက်နှာပေါ်က အပြုံးလေးဟာ ပျောက်ကွယ်သွားတယ်။ “ဘာဖြစ်လာတာလဲ”

“မင်း ချော်လဲတာလား။ နာသွားလား”

နန်ကောရဲ့ ဂျက်ကတ်ဟာ အရောင်နုဖြစ်တာမို့ အသေးငယ်ဆုံး အစွန်းအထင်းကတောင်မှ သိသာနေတော့တယ်။

ကော်ရစ်တာက အလင်းရောင်အကူအညီနဲ့ သူမက ကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်တယ်။

သေချာပေါက်ကို ညစ်ပတ်နေပြီပဲ။

မသိတဲ့လူဆို သူမ ရွှံလူးလာတယ်လို့တောင် ထင်ရင် ထင်ကြမယ်။

“ကျွန်မ မတော်တဆ အိမ်ရာ၀င်ပေါက်မှာ ချော်လဲလာတာ အမ်...” သူမက လက်ထဲက အိတ်ကို မြှောက်ပြပြီး သူ့ကို အော်ဒါနဲ့ ပတ်သတ်တဲ့ ပြဿနာကို ရှင်းပြချင်နေတယ်။

ဒါက အရမ်း‌အရေးကြီးတယ်! ဒီညအတွက် သူမရဲ့ လုပ်ခက လောင်းကြေးစားကြေးဖြစ်နေပြီ!

ဒါပေမဲ့ ရှန်ရန်ချင်းဟာ သူမကို စကားပြောခွင့်မပေးဘူး။သူက သူမလက်ထဲက အော်ဒါကို ယူပြီး သူမ အထဲ၀င်လို့ ရအောင် ဘေးဖယ်ပေးလိုက်တယ်။ “အရင်ဆုံး အထဲကို ၀င်ခဲ့”

“ဟမ်”

“အရင်၀င်လာ”

ရှန်ရန်ချင်းက စကား‌ဆုံးတာနဲ့ ဒါဟာ မသင့်တော်ဘဲ အထင်လွဲစေနိုင်ကြောင်း သတိထားမိသွားတယ်။ဒါကြောင့် သူက ရှင်းပြတယ်။ “အထဲကို ၀င်လာခိုင်းတာက မင်း နာသွားလားကြည့်မလို့ ကိုယ်တံခါးကို မပိတ်ဘူး ဒီလိုဆို မင်းနည်းနည်းလုံခြုံသလို ခံစားရလိမ့်မယ်”

မိန်းကလေးတစ်ယောက်အနေနဲ့ဆို စိုးရိမ်ဖို့က လိုပါတယ်။

နန်ကောကတော့ တွေးတောင် မတွေးမိ‌ပေမဲ့ပေါ့။

သူတို့နှစ်ယောက်ဟာ စက္ကန့်အနည်းငယ်လောက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ရှိနေခဲ့ပြီး နောက်ဆုံးမှသာ သူမက ‌သဘောတူလိုက်တယ်။

“ကျွန်မဖိနပ်တွေကို လဲရဦးမလား”

“မလိုပါဘူး”

နန်ကောက အထဲကို ၀င်လာပြီး သိလိုစိတ်နဲ့ ပတ်ပတ်လည်ကို လျှောက်ကြည့်တယ်။

ဒါဟာ သူမပထမဆုံး ရှန်ရန်ချင်းအိမ်ထဲ ၀င်ဖူးတာပဲ။

သူ့အိမ်ရဲ့ အပြင်အဆင်ဟာ သူမအစ်ကိုအိမ်ရဲ့ဟာနဲ့ နည်းနည်းဆင်တယ်။

တစ်ခုပဲရှိတာက ဒီမှာက သူမအစ်ကိုဟာလို မဟုတ်ဘဲ ပြုပြုင်မွမ်းမံထားတဲ့စတိုင်က မျက်လုံးထဲ နှစ်လိုအားရမှုကို ဖြစ်စေတယ်။

သူမရဲ့ အစ်ကိုက ကာလာဘလိုင်းပဲလား ဘာလားတော့ မသိပေမဲ့ အကုန် ခြုံငုံကြည့်ရင် တစ်အိမ်လုံးအရောင်က တောက်ပနေတာ။

နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင်တော့ ရှန်ရန်ချင်းဟာက ရိုးရိုးရှင်းရှင်းနဲ့ အေးအေးချမ်းချမ်းရှိတယ်။

ကြည့်ရတာ သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိတယ်။

“ထိုင်ပါ” ရှန်ရန်ချင်းဟာ သူမအတွက် ရေတစ်ခွက်ထည့်ပေးတယ်။သူက အဲဒါကို ချပေးလိုက်ပြီး မေးတယ်။ “မင်း ဘယ်နားနာသွားတာလဲ။ ခြစ်ရာတွေဘာတွေရော ရှိလား”

ဒါကို ကြားတော့ နန်ကောဟာ သတိမထားမိဘဲ သူမလက်ကို ငုံ့ကြည့်လိုက်မိတယ်။

ရှန်ရန်ချင်းက သူမရဲ့ တုံ့ပြန်ပုံကို မြင်ပြီး မျက်မှောင်ကျုံ့လိုက်တယ်။ “မလှုပ်နဲ့ ကိုယ့်ကို ဒီမှာပဲ စောင့်နေ”

++++++

All Chapters