← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

Chapter 35 သူမက ပင်ဂွင်းပေါက်လေးလိုပဲ။

ပြဿနာကို အဖြေရှာဖို့ လုပ်နေရင်းတစ်ပြိုင်နက် သူမရဲ့ ခေါင်းထဲမှာလည်း ယောက်ယက်ခတ်နေတယ်။ “ '‌သွေးဆောင်တယ်' ဆိုတဲ့ စကားလုံးကို ပြောင်းပြောပါလား”

နန်ကျဲ့ဟာ အေးတိအေးစက်နဲ့ နှာခေါင်းရှုံ့တယ်။ သူဟာ အလွန်တရာကိုမှ ဒေါသထွက်နေတာဖြစ်တယ်။ “တောင်းဆိုမှုတွေကလည်း များလိုက်တာ အဲဒီတုန်းကရော နင့်ကိုယ်နင် ဒီလိုပြန်မပြောခဲ့ဘူးလား”

“အဲဒီ...အဲဒီလိုလား” သူမက ခေါင်းကုတ်ပြီး အစ်ကိုက လိမ်နေတယ်လို့ ခံစားရပေမယ့် သူမမှာ ပြစရာသက်သေကလည်း ရှိမနေဘူး။

“ဒီတော့ နင် သူ့ကို အဲဒီကတည်းက ကြိုက်တာပေါ့”

ဒီတစ်ကြိမ်မှာတော့ နန်ကျဲ့ရဲ့ လေသံဟာ ပိုပြီး စိတ်ဆုံးဖြတ်ထားပုံပေါ်တယ်။

“မဟုတ်ပါဘူးဆို!” နန်ကောမှာ အော်မိလုနီးနီးဖြစ်သွားတယ်။ သူမဟာ ဖြူစင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သူမဘာပြောပြော ပြောသမျှဟာ အားနည်းနေသလိုပဲ။

ဘာလို့လဲဆိုတော့ နန်ကျဲ့ဟာ ဒီကိစ္စအပေါ်မှာ ဆုံးဖြတ်ချက်ချပြီးပြီမလို့။

“ဒါဆို ငါထပ်မေးကြည့်ပါဦးမယ် နင် အခု သူနဲ့ပတ်သတ်ပြီး ဘယ်လိုခံစားရလဲ”

“ခံစားချက် ငါဘယ်လိုရှင်းပြရမလဲ”

ဒီဟာက နည်းနည်းရှုပ်တယ်။ ဒါကို ဘယ်လိုဖော်ပြရမလဲ သူမ မသိဘူး။

“သူ့ကို မြင်ရင် နင့်နှလုံးခုန်လား”

“ငါ့အထင်...ဘယ်သူ့ကို မြင်မြင် ငါ့နှလုံးက ခုန်နေတာပဲမဟုတ်ဘူးလား”

သူမ နှလုံးသာ မခုန်တော့ဘူးဆိုရင် အဲဒါက သေသွားတာပဲလေ။

နန်ကျဲ့ “.....”

“ငါပြောချင်တာက နင့်နှလုံးခုန်တာ ပိုမြန်လာလားလို့”

နန်ကောဟာ အလိုအလျောက် ပူပေါင်းဆောင်ရွက်တယ်။ သူမက မေးစေ့ကို ပွတ်ပြီး ၂မိနစ်လောက် စဉ်းစားဆင်ခြင်ကြည့်လိုက်တယ်။ “ငါ့အထင် ငါဒီလို ခံစားရတာမျိုးက တတိယမြောက်ကန်တင်းမှာ ဖက်ထုပ်ပြုတ်တွေကို မြင်ရတုန်းကပဲ ရှိမယ်ထင်တယ်”

“အိုးးး အဲဒါမဟုတ်သေးဘူး။ နောက်လကျ နင်ပေးမယ့် ကားအသစ်ကို မြင်တဲ့အခါ‌ကျရင်လည်း ငါရဲ့ တုံ့ပြန်မှုက တစ်ပုံစံတည်းဖြစ်နေလောက်မယ်!”

အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နန်ကျဲ့ဟာ လက်ထဲက ဝိုင်ခွက်ကို မခွဲမိအောင် သူ့ကိုယ်သူ ပြန်ထိန်းလိုက်တယ်။ သူဟာ သူ့ပါးစပ်က ထွက်လာတော့မယ့် အဆဲစကားလုံးလေးတွေကိုလည်း ပြန်သိမ်းထားလိုက်ပြီး အပြုံးလေးတစ်ပွင့်နဲ့အတူ အိပ်ခန်းဘက်ကို လက်ညိုးညွှန်လိုက်တယ်။

“ငါ သွားလို့ရပြီလား”

နန်ကျဲ့ဟာ‌ ခေါင်းညိတ်ပြတယ်။

သူ့ရဲ့ မျက်နှာထားဟာ နည်းနည်းထူးဆန်းနေတယ်လို့ နန်ကောခံစားမိတယ်။ သူမဟာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ပဲ ထလိုက်ပြီး “အာ့ဆို ငါအိပ်ရာ၀င်တော့မယ် ဂွတ်နိုက်”

“မျက်စိရှေ့ကနေ ချက်ချင်း ဒိုးလိုက်တော့” နန်ကျဲ့ဟာ မျက်လုံးတွေကို မှိတ်ချလိုက်ပြီး သူမကို ကြည့်မနေတော့ဘူး။

အဲဒါက ကြည့်ရဆိုးတဲ့ မြင်ကွင်းတစ်ခုပဲ။

“သွားတော့ ငါ နင့်ကို ထလုပ်ရအောင် မလုပ်နဲ့”

_____

သူမထွက်သွားတာနဲ့ နန်ကျဲ့ဟာ ဝိုင်ခွက်ကို ဆောင့်ချလိုက်တယ်။

သူဟာ စားပွဲပေါ်က သူ့ဖုန်းကို ယူပြီး ဝီချက်ထဲ ဂရုတစိုက် ပွတ်ကြည့်လိုက်တယ်။ သူဟာ သူ့သူငယ်ချင်းတွေရှိတဲ့ ဂရုချက်‌ကို ရှာတွေ့သွားတယ်။

[တစ်ယောက်ယောက်ရှိလား ငါ စကားပြောဖို့ လိုနေတယ်!]

သူငယ်ချင်း: [၁]

[၁]

နန်ကျဲ့ဟာ သူ့ရဲ့ အောက်တန်းကျမှုလေးတွေကို ပြန်ထိန်းထားပြီး အသံမက်ဆေ့ခ်ျပို့လိုက်တယ်: [ငါ့ညီမ ရှန်ရန်ချင်းကို ကြိုက်နေပြီ!]

[]

[!]

[.....]

အောက်က ရှုပ်ရှုပ်ရှက်ရှက် ပုဒ်ဖြတ်ပုဒ်ရပ်တွေကို မြင်ပြီး နန်ကျဲ့ဟာ ဆဲချလိုက်တယ်: [တစ်ခုခုမပြောနိုင်ကြဘူးလား]

သူ့ရဲ့ သူငယ်ချင်းကောင်း: [လွန်ခဲ့တဲ့၂ရက်က ရှန်ရန်ချင်းက မင်းညီမကို မြှူဆွယ်နေတယ်လို့ မင်းမပြောခဲ့ဘူးလား သူအောင်မြင်သွားတာလား]

နန်ကျဲ့ရဲ့ အသံဟာ လုံး၀ခံစားချက်တွေနဲ့ ပြည့်နှက်နေပြီး သူ့လေသံဟာလည်း လူးလွန့်နေတယ်: [မဟုတ်ဘူး ငါ့အဲဒီလူအိုကြီးနဲ့ ပတ်သတ်ပြီး မှားသွားတာ!]

[ငါ့ညီမက သူ့ကို တိတ်တခိုးကြိုက်နေတာ ကြာပြီ သူမက သူ့ကို ကြိုက်နေတာဟ! သူမက ကြိုက်တာ နားလည်လား]

[ဝူးဝူးဝူး ငါ သူမကို သေချာမစောင့်ကြည့်မိလိုက်ဘူး အခုတော့ ငါ့မျက်စိရှေ့မှာပဲ သူမက အခြားယောက်ျားတစ်ယောက်ကို ကြွေနေပြီ!]

[ပိုဆိုးတာက သူမက အဲဒီလူအိုကြီးကို တစ်ခါမှ တွေ့ဖူးတာလည်း မဟုတ်ဘူး သူ့အသံကို ကြားရုံနဲ့တင် သူမက သူ့ကို အကြာကြီးစွဲလန်းလာတာ!]

[သေစမ်း!]

_____

နောက်တစ်နေ့မနက်မှာတော့ နန်ကောဟာ မျက်နှာသစ်ဆေးကြောပြီးနောက် ရေချိုးခန်းထဲက ထွက်လာတယ်။ ပြီးတော့ နန်ကျဲ့ဟာ ဆိုဖာပေါ်မှာ လက်ပိုက်ပြီး ထိုင်နေတာကို တွေ့လိုက်ရတယ်။

သူမမှာ အရမ်း‌ကြောက်လွန်းလို့ အဲဒီနေရာမှာပဲ ရပ်တန့်မိသွားတယ်။ သူဟာ မနေ့က အ၀တ်အစားတွေကိုပဲ ၀တ်ဆင်ထားမှန်း သူမ သတိထားမိသွားတယ်။

“အစ်ကိုကြီး နင် ဒီမှာ တစ်ညလုံးထိုင်နေတာလား”

တစ်ယောက်သောသူဟာ သူမကို မော့ကြည့်လာပြီး လွန်လွန်ကဲကဲကြီး ပြုံးပြတယ်။ “မောနင်းပါ ငါ့ချစ်ညီမလေး အတန်းသွားတော့မလို့လား။ ငါလိုက်ပို့ပေးမယ်လေ။ မဟုတ်သေးဘူး နေဦး။ မနက်စာအရင်စားချင်လား။ ငါအိမ်အကူကို လုပ်ခိုင်းလိုက်မယ်”

“စားပြီးမှ စာလုပ်ဖို့ အားရှိမှာ မနက်စာမစားတာက နင့်ကျန်းမာရေးအတွက် မကောင်းဘူးနော်”

သူ့လေသံဟာ အရမ်းနူးညံ့နေလွန်းလိုက်တာမှ မဟားတရားကို ညင်သာလွန်းနေတယ်။ အကြောင်း တစ်ခုခုကြောင့် အဲဒါက နည်းနည်းတော့ ထူးဆန်းတယ်လို့ ခံစားရတယ်။

တစ်ခုခုတော့ မှားနေပြီ။ အဆင့်တစ် အသိပေးချက်!

နန်ကောဟာ သူမကုတ်အင်္ကျီကို ခပ်တင်းတင်းဖက်လိုက်ပြီး တံတွေးမြိုချရင်း တံခါးဘောင်ကို မှီလိုက်တယ်။

“ရတယ် ငါမစားတော့ဘူး”

“အစ်ကိုကြီး နင့်မှာ ပိုက်ဆံပေါနေရင် နင့်ဦးနှောက်ကို အရင်ဆရာ၀န်နဲ့ သွားစစ်သင့်တယ်နော်!”

နန်ကျဲ့ “!”

_____

ဒီနေ့တော့ နန်ကောဟာ စီးပွားရေးပြန်စပြီဖြစ်ပြီး နေ့လည်ရောက်တာနဲ့ ဟွားရှန်အဖွဲ့အစည်းရဲ့ ဥက္ကဌရုံးခန်းမှာ ပေါ်လာတယ်။

ဒါပေမဲ့ ရှန်ရန်ချင်းဟာ နေ့လည်မှာ အစည်းအဝေးတစ်ခုရှိနေပြီး နေ့လည်စာစားချိန်အတွက် ရှိမနေတော့ဘူး။ နန်ကောလည်း ရောက်တဲ့အချိန် သူလည်း ထွက်သွားရုံပဲ ရှိသေးတယ်။

နေ့လည်ပိုင်း စားသောက်ဆိုင်ပိတ်တဲ့အချိန်ကျတော့ မန်နေဂျာဟာ လူတိုင်းကို ခေါ်ပြီး သူတို့ရဲ့ လစာတွေကို စစ်ဆေးတယ်။

“နန်ကော ၀င်လာခဲ့”

လျှောက်လမ်းမှာ နန်ကောဟာ သူမနာမည်ခေါ်သံကြားတာနဲ့ ချက်ချင်းထလိုက်တယ်။

သူမ ဒီအချိန်ကို စောင့်နေခဲ့တာလေ!

“ဒီမှာ မင်းရဲ့ လစာ ပြဿနာရှိမရှိ တစ်ချက်ကြည့်ကြည့်”

နန်ကောဟာ မန်နေဂျာရဲ့ ဆန်ကျင်ဘက်မှာ ထိုင်လိုက်တယ်။ စာမေးပွဲဖြေနေသလိုမျိုး သူမရဲ့ လစာဖြတ်ပိုင်းကို ၃ကြိမ်တိတိ သေသေချာချာ စစ်ဆေးကြည့်တယ်။ “ဟင် ဘာလို့ ကျွန်မ တွက်ထားတာထက် များနေတာလဲ”

သူမဟာ သူမပို့ထားတဲ့ အော်ဒါတွေ အကုန်လုံးရဲ့မှတ်တမ်းကို သိမ်းထားတယ်။ သူမရဲ့ တွန့်တိုတဲ့ မန်နေဂျာကနေပြီး သူမလစာကို မဖြတ်‌အောင်လို့ တားဆီးရမယ်လေ။

သူမမျှော်လင့်ထားတာထက် ပိုနေတဲ့ ပမာဏကို ကြည့်ပြီး သူမမှာ ပဟေဠိဖြစ်နေတော့တယ်!

နန်ကောဟာ အသံတိုးတိုးနဲ့ ‌အရှေ့ကို ကိုင်းလာတယ်။ “ရှင့်ရဲ့ တရားမ၀င်အကြံအစည်လေးက အရမ်းသိသာလွန်းတယ် ရှင် ကျွန်မကို ဒေါ်လာ၂၀၀ပတ်၀န်းကျင်ပဲ ပေးရမှာ ဒါက များနေတယ်”

“.....” မန်နေဂျာက ချောင်းဟန့်လိုက်တယ်။ “ဒီလစာက သေသေချာချာ စစ်ဆေးပြီးပြီ တခြားဘာတရားမ၀င်တာမှ မပါဘူး”

“ဟမ်”

သူမက ထိပ်နားက ဘောနပ်စ်အကွက်နားကို ထိလိုက်ပြီး “ဒါဆို ဒါက ဘာအတွက်လဲ”

သူမက အခုမှ အချိန်ပိုင်း စလုပ်တာဖြစ်ပြီး အချိန်ပိုင်းဆက်လုပ်နေတာ ဖြစ်တယ်။ ဒီတော့ သူမမှာ အချိန်ပြည့်အလုပ်အတွက် အကျိုးခံစားခွင့်မရှိဘူးလေ။ ယုတ္တိကျကျပြောရမယ်ဆိုရင် ဒီနားက ဗလာဖြစ်နေရမှာ။

မန်နေဂျာဟာ အဲဒါကို တစ်ချက်လှမ်းကြည့်တယ်။ “ဒါက လွန်ခဲ့တဲ့၂ပတ်အတွင်း မင်းရခဲ့တဲ့ ရီဗျူးကောင်းကောင်းတွေကြောင့်”

“မင်း မတွေ့သေးဘူးလား”

အဲဒီလိုပြောပြီး မန်နေဂျာဟာ ဖုန်းကို ဖွင့်ကာ နန်ကောရှေ့ ချပေးတယ်။

သူမမှာ ရီဗျူးကောင်းတွေရှိတယ်ဆိုတာကိုတော့ နန်ကော သိပါတယ်။ ဒါပေမဲ့ စာစီစာကုံးလိုမျိုး စာပိုဒ်အသေးလေးတွေရှိနေတာကိုတော့ သူမ မသိလိုက်ဘူး။

သူမက မန်နေဂျာရဲ့ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဂရုတစိုက် ကြည့်တယ်။

၅မိနစ်ကြာပြီးနောက် မန်နေဂျာစကားပြောတော့မှပဲ သူမ အသိပြန်၀င်လာတယ်။

“မင်းမှာ တခြားမေးစရာရှိသေးလား မရှိတော့ရင် လစာကို ပြီးရင် လွှဲပေးလိုက်မယ်”

“အာ ကောင်းပါပြီ”

နန်ကောဟာ ထပြီး လက်ထဲမှာ လစာဖြတ်ပိုင်းနဲ့အတူ ရုံးခန်းထဲက ထွက်လာတယ်။

သူမက ထောင့်တစ်ထောင့်ကို ရှာပြီး ထိုင်ချလိုက်တယ်။ သူမက ဖုန်းကို ထုတ်ပြီး သူမရဲ့အက်ပ်ထဲကို ၀င်လိုက်တယ်။

ဇန်နဝါရီ ၈ရက်နေ့ အမည်မသိအသုံးပြုသူရဲ့ မှတ်ချက်: [ငါ ဒီနေ့ အော်ဒါဘယ်လိုမှာရမလဲ သင်ယူခဲ့တယ်။ နောက်ဆို ငါ့ဟာငါ မှာလို့ရပြီ။ ဒီတစ်ခါကတော့ ‌စားသောက်ဆိုင်ရဲ့ ဒလီသမားနန်ကောက ကူညီပေးတာပါ။ သူမက အရမ်းယဉ်ကျေးပြီး ထက်ထက်သန်သန်လည်း ရှိတယ်။ သူမက သေသေချာချာ ငါတို့ရဲ့ အစားအစာတွေ ဖြန့်ဝေမှုမှာ အကူအညီပေးပြီး စားသောက်ဆိုင်ရဲ့ အဓိကအရာတွေကို မိတ်ဆက်ပြပေးလိမ့်မယ်။ စကားမစပ် သူမက တကယ်ကို ပင်ဂွင်းပေါက်လေးတစ်ကောင်နဲ့ တူတယ်။ ]

ဇန်နဝါရီ ၉ရက်နေ့ အမည်မသိအသုံးပြုသူရဲ့ မှတ်ချက်: [မနေ့ကထက် နန်ကောက ၆မိနစ်စောပြီး ရောက်လာတယ်။ နှင်းကျတဲ့ရက်တွေမှာ လမ်းတွေက ချောနေတတ်တယ်။ သူမ လာတဲ့လမ်းမှာ ဂရုစိုက်မယ်လို့ ငါမျှော်လင့်ပါတယ်...]

.....

ဇန်နဝါရီ ၂၀ရက်နေ့ အမည်မသိအသုံးပြုသူရဲ့ မှတ်ချက်: [ငါ မကြာခင် အလုပ်ကိစ္စခရီးထွက်ရမယ်။ ငါ နောက်ထပ်ရက်အနည်းငယ်လောက် နန်ကောကို တွေ့ရမှာ မဟုတ်ဘူး။ ငါ မရှိတုန်း သူမအတွက် အစအစအရာရာ အဆင်ပြေဖို့ ငါမျှော်လင့်ပါတယ်။ ]

.....

ဇန်နဝါရီ ၂၃ရက်နေ့ အမည်မသိအသုံးပြုသူရဲ့ မှတ်ချက်: [၀င်ပေါက်ရှေ့က လမ်းက အေးခဲနေတာ။ နန်ကောက အက်ဆီးဒင့်ဖြစ်ခဲ့ပေမယ့် သူမ နောက်မကျခဲ့ဘူး။ စားသောက်ဆိုင်က သူမကျန်းမာရေးကို ဦးစားပေးဂရုစိုက်မယ်လို့ ငါမျှော်လင့်ပါတယ်။ သူမ မသက်မသာခံစားရရင် ငါ့ကို အချိန်မရွေးဆက်သွယ်လို့ ရပါတယ်...ဒါပေမဲ့ ငါ့ကိုယ်ငါလည်း ပြန်သုံးသပ်ဖို့ လိုနေပြီ။ နောက်ဆို ညဘက် အော်ဒါမမှာမိအောင် ငါကြိုးစားပါမယ်။ ]

ဇန်နဝါရီ ၂၄ရက်နေ့ အမည်မသိအသုံးပြုသူရဲ့ မှတ်ချက်: [ဒီနေ့နေလည် ငါနန်ကောကို မတွေ့လိုက်ရတာ နာတာဘဲ။ ဒါပေမဲ့ ဒီနေ့ သူမ ၁၀မိနစ်စောလာတယ်လို့ လုပ်ဖော်ကိုင်ဖက်ဆီကနေ ငါပြန်ကြားရတယ်။ သူမ စိတ်ပျော်နေတာပဲ...သူမလက်ပေါ်က ဒဏ်ရာပျောက်သွားပြီလားလို့ ငါသိချင်မိတယ်။ မနက်ဖြန် တွေ့ကြမယ်။ ]

******

All Chapters