အခန်း ၃၆
Vol. 4 Ch. 36
Chapter 36 ကိုယ်တို့ ဒီနေ့ တွေ့လို့ရတာပဲ။
စားသောက်ဆိုင်ဟာ ညပိုင်းအတွက် ပိတ်လိုက်တယ်။ ဒီတော့ အလုပ်သမားတွေအတွက် နေ့တစ်၀က်ခွင့်ရတာပေါ့။ လစာအသီးသီးရပြီးတဲ့နောက် လူတိုင်းဟာ ထွက်သွားကြတယ်။
မန်နေဂျာဟာ အောက်ထပ်ကို ဆင်းလာပြီး နန်ကောတစ်ယောက် ထောင့်မှာ ထိုင်ပြီး သူမဖုန်းထဲမှာ တစ်ခုခုဖတ်နေတာကို တွေ့လိုက်ရတယ်။
“နန်ကော”
“အလုပ်ပိတ်ပြီကို ဘာလို့ ဒီမှာ ထိုင်နေတုန်းလဲ”
“မင်း ဘာတွေကြည့်နေတာလဲ” မန်နေဂျာဟာ မေးရင်းနဲ့ သူမဆီ ခြေ၂လှမ်းတိုးလာတယ်။ နန်ကောဟာ ချက်ချင်းပဲ စခရင်ကို ပိတ်ကိုင်လိုက်ကာ သူ့ကို ခေါင်းခါပြတယ်။ “ဘာ-ဘာမှ မဟုတ်ပါဘူး ကျွန်မလစာကို ကြည့်နေတာ...”
“အိုး ငါသိပြီ အခုလောက်ဆို မင်းအကောင့်ထဲ လွှဲပြီးလောက်ပြီပေါ့”
မန်နေဂျာဟာ အချိန်ကို ကြည့်လိုက်ပြီး “နောက်ကျနေပြီရော် မင်းကျောင်းကို ပြန်မှာလား ငါလိုက်ပို့ပေးမယ်လေ”
နန်ကောဟာ ပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လူတိုင်းပြန်သွားပြီဖြစ်ကြောင်း သိလိုက်ရတယ်။ သူမဟာ ဖုန်းကို သိမ်းပြီး အလျင်အမြန်ထကာ ပြောတယ်။ “ကျွန်မ မပြန်သေးဘူး ကျွန်မဆိုင်တစ်ဆိုင်ဆိုင်၀င်ပြီး ကျွန်မအစ်ကိုအတွက် လက်ဆောင် ၀ယ်ရဦးမယ်”
စားသောက်ဆိုင်ကနေ ထွက်လာပြီးတဲ့အခါ ဈေး၀ယ်မထွက်ခင် နန်ကောမှာ အကြာကြီးပြေးလိုက်ရတယ်။
ရှင်းရှင်းလင်းလင်းကိုပဲ လေအေးအေးတွေဟာ သူမမျက်နှာကို လာတိုက်ခတ်နေပေမယ့် သူမမျက်နှာကတော့ ထိကြည့်ဖို့တောင် ပူနေသလိုပဲ။
သူမဟာ ကြုံရာနို့လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ၀င်ထိုင်လိုက်တယ်။ မှတ်ချက်တစ်ခုလိုပဲ သူမဟာ အကြောင်းအရာကို ထပ်ခါထပ်ခါ လှန်ကြည့်နေမိတယ်။
သူမ ဟွားရှန်အဖွဲ့အစည်းဆီ တရား၀င်အော်ဒါစပို့ကတည်းက ရှန်ရန်ချင်းဟာ သူမကို ကောင်းမွန်တဲ့ မှတ်ချက်တွေ ပေးနေကျ။
တခြားဟာထက် သူမ စာပြန်လေ့လာဖို့ နားတဲ့ရက်တွေတုန်းကရော သူအလုပ်ကိစ္စခရီးထွက်တဲ့ရက်တွေးတုန်းကရော သူဟာ မပျက်မကွက် မှတ်ချက်တွေ ဆက်ပေးနေခဲ့သေးတယ်။
ဒါပေမဲ့ သူမ မှတ်မိပါသေးတယ်။ သူမအတွက် မှတ်ချက် ကောင်းကောင်း ရေးပေးဖို့အကြောင်းကို သူမ သူ့ကို တစ်ခါနှစ်ခါပဲ ပြောဖူးတာပါ။
နန်ကောဟာ အပူပေးစက်ရဲ့ လေ၀င်ပေါက်မှာ ထိုင်နေခဲ့တာ။ အကြောင်းတစ်ခုခုကြောင့် သူမဟာ ဂနာငြိမ်မနေဘူး။ ပူနွေးတဲ့လေဟာ သူမကို မူးနောက်လာစေတယ်...
သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ တိမ်စိုင်တွေနဲ့ ရစ်ပတ်ခံထားရပြီး ပေါ့ပါးလာသလို ခံစားရတယ်။
နို့လက်ဖက်ရည်တစ်၀က်လောက် သောက်ပြီးတဲ့နောက်မှာတော့ သူမက ပုလဲစေ့ကို ကိုက်၀ါးပြီး သူမရဲ့ လက်ချောင်းတွေဟာတော့ စခရင်ပေါ်မှာ အထပ်ထပ်အခါခါ သွားလာနေတာများ အသေးစိတ်တစ်ခုခု လွတ်သွားမှာကို ကြောက်ရွံ့နေတဲ့အလား။
[သူမက ပင်ကွင်းပေါက်လေးတစ်ကောင်နဲ့ တူတယ်။ ]
အဲဒါက ဘယ်လိုအကဲဖြတ်ခြင်းမျိုးလဲ
သူမ နောက်ဆုံးတော့ မှတ်မိသွားပြီ!
ဒါဟာ ရှန်ရန်ချင်း သူမကို ပထမဆုံးအကြိမ် မှတ်ချက်ပေးတုန်းကပဲ။
အဲဒီတုန်းက သူမလိုချင်တဲ့ အခြေအနေတစ်ခုကို သူဖြည့်ဆည်းပေးမယ်လို့ ပြောတော့ သူ့ကို မှတ်ချက်ကောင်းကောင်းလေးရေးပေးဖို့ သူမပြောခဲ့တာ။
ဘယ်လိုရေးရမလဲလို့ ရှန်ရန်ချင်း သူမကို မေးတော့ သူမက ဒီတိုင်းပဲ “ရှင် တကယ်မရေးနိုင်ဘူးဆိုရင်လည်း ကျွန်မကို များများချီးကျူးပေးလို့ ရတယ်”
ဒီတော့...ဒါ သူ လူတွေကို ချီးကျူးပေးတဲ့ ပုံစံလား
ပင်းကွင်းပေါက်တွေ
ရှန်ရန်ချင်း သူမကို အဲဒီလိုခေါ်တဲ့ ဖြစ်စဥ်လေးကို နန်ကော စိတ်ကူးယဉ်ကြည့်တယ်။
“အာ...” ချက်ချင်းပဲ သူမရဲ့ မျက်နှာတစ်ခုလုံး အနီရောင်သန်းလာပြီး သူမဟာ ခပ်မြန်မြန်လေး လက်ကို မြှောက်ကာ မျက်နှာကို ကာထားမိတော့တယ်။
“ဥက္ကဌရှန် အဲဒါ မိန်းကလေးနန်ကောလား”
မီးပွိုင့်မိနေတဲ့အချိန် လက်ထောက်ယွမ်ဟာ အရှေ့ခုံမှာ ထိုင်နေခဲ့ပြီး ပုံမှန်အတိုင်း ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေခဲ့တယ်။
အဲဒီနောက် သူ နို့လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ နန်ကောကို သွားတွေ့တော့တာပဲ။
အနောက်မှာ ထိုင်နေတဲ့ အမျိုးသား အလိုလို ထကြည့်တယ်။ “ဟမ်”
လက်ထောက်ယွမ်က အနောက်ကို လှည့်ပြီး သူ့အတွက် ပြတင်းပေါက်ကို ညွှန်ပြတယ်။ “ကြည့် အထဲမှာ အဖြူရောင်၀တ်ထားတဲ့တစ်ယောက်”
ရှန်ရန်ချင်းဟာ ပြတင်းပေါက်ကို ချလိုက်ပြီး သူညွှန်ပြတဲ့ ဦးတည်ရာကို ကြည့်လိုက်တယ်။
သိပ်မဝေးတဲ့နေရာက နို့လက်ဖက်ရည်ဆိုင်လေးရဲ့ အရှေ့မျက်နှာစာဟာ ကြမ်းကနေ မျက်နှာကြက်အထိ ပြတင်းပေါက်တစ်စုံ တပ်ဆင်ထားတယ်။ ပွင့်လင်းတဲ့ မှန်တွေဟာ နံရံတစ်ခုလုံးကို သိမ်းပိုက်ထားတယ်။ အပြင်ကနေ အထဲကို ရှင်းရှင်းလင်းလင်းမြင်ရတယ်။
ရှန်ရန်ချင်းဟာ မျက်လုံးကို မှေးပြီး ပြတင်းပေါက်ရှေ့မှာ ခေါင်းငုံ့ကာ ထိုင်နေတဲ့လူကို ကြည့်လိုက်တယ်။ သူမဟာ ဆံပင်ကို မြင့်မြင့်လေး စီးထားပြီး အဖြူရောင်ရှိတဲ့အင်္ကျီကို ၀တ်ဆင်ထားတယ်။
ကောင်မလေးဟာ သူမဖုန်းကို ကြည့်နေတဲ့ပုံရပြီး အချိန်အတော်ကြာတဲ့အထိ ခေါင်းမော့မလာဘူး။
ဒီလိုဆိုလည်းပဲ သူ မှတ်မိပါတယ်။
အဲဒါ သေချာပေါက် နန်ကောပဲ။
ဒရိုင်ဘာဟာ မီးစိမ်းသွားတာကို ကြည့်ပြီး ရှန်ရန်ချင်းကို သတိပေးလိုက်တယ်။ “ဥက္ကဌရှန် မီးစိမ်းနေပြီ”
ရှန်ရန်ချင်းဟာ သူ့အတွေးထဲကနေ ခဏထွက်လိုက်ပြီး လက်ထဲက စာရွက်စာတမ်းကို ပိတ်ချလိုက်တယ်။ “အရှေ့ကနေ ပြန်လှည့်ပြီး ဘေးမှာ ရပ်လိုက်”
နန်ကျဲ့နဲ့ သူ့သူငယ်ချင်းရဲ့ စားသောက်ဆိုင်ဟာ ဟိုက်မြို့တော်ရဲ့ ပိုပြီးစည်ကားသိုက်မြိုက်တဲ့လမ်းထဲမှာ ရှိတယ်။ အနားတစ်၀ိုက်မှာ လူတွေ အများကြီးရှိပြီး အထူးသဖြင့် အားလပ်ရက်တွေဆို လူပိုများတယ်။
ရှန်ရန်ချင်းဟာ လူအုပ်ထဲကနေ ဖြတ်ပြီး နို့လက်ဖက်ရည်ဆိုင်လေးဆီ လျှောက်သွားတယ်။
ဆိုင်ထဲမှာ လူသိပ်မရှိဘူး။ အများစုဟာ ၀ယ်ပြီးတာနဲ့ ပြန်သွားကြတယ်။
နန်ကောတစ်ယောက်တည်းကသာ ပြတင်းပေါက်ရှေ့မှာ ထိုင်နေတာဖြစ်တယ်။
ရှန်ရန်ချင်းဟာ ပြတင်းပေါက်နားကို လျှောက်သွားပြီး မတ်တပ်ရပ်လိုက်တယ်။ သူ့အကြည့်ဟာ မှန်တစ်ဖက်မှာရှိတဲ့ လူသေးသေးလေးအပေါ် ကျရောက်သွားတယ်။
နန်ကော ဘာတွေကြည့်နေလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ သူ့ကို သတိမထားမိလောက်အောင်အထိ သူမ အရမ်းအာရုံစိုက်နေခဲ့တာ။ ပိုပြီးအနီးကပ်မြင်ရတဲ့အခါကျတော့ သူမရဲ့ မျက်နှာပေါ်မှာ ရှုပ်ထွေးနေတဲ့ အမူအရာနဲ့။ သူမဟာ ပျော်လည်း ပျော်နေတယ်။ ရှုပ်လည်း ရှုပ်ထွေးနေတယ်။ နားလည်း မလည်နိုင်ဖြစ်နေပုံရတယ်။
မထင်မှတ်ထားဘဲ ရှန်ရန်ချင်းဟာ ရပ်မြဲတိုင်း ရပ်ပြီး သူမကို တိတ်တိတ်လေးပဲ ကြည့်နေတယ်။
ဒါဟာ ဗြောင်ကျကျချောင်းကြည့်တာပဲ။
နန်ကောကလွဲရင် လူတိုင်း သိတယ်။
သူမရဲ့ အသက်၀င်နေတဲ့ အမူအရာလေးတွေကို မြင်ရတော့ ရှန်ရန်ချင်းရဲ့ နှုတ်ခမ်းဟာ အနည်းငယ် ကွေးတက်သွားတယ်။
သူမဟာ သေးသေးလေးဖြစ်နေပြီး သူမလက်လေးဟာလည်း ယိမ်းနေတယ်။ သူမဟာ တကယ်ကိုပဲ ပင်ကွင်းပေါက်လေးနဲ့ တူတယ်။
အချိန်တစ်ခုလောက်ကြာတော့ လက်ရာမြောက်တဲ့ ပင်ကွင်းပေါက်လေးဟာ ရုတ်တရက် သူမမျက်နှာကို လက်နဲ့ ကာလိုက်တယ်။ သူ့ရှုထောင့်ကနေ ကြည့်တော့ ကောင်မလေးရဲ့ နားရွက်တွေနဲ့ လည်ပင်းလေးဟာ အနီရောင်သန်းနေတယ်။
ဘာဖြစ်သွားလဲဆိုတာ သူမသိဘူး။
သူ သူမကို တားမလို့လုပ်တော့မယ့်အချိန်မှာပဲ သူမဟာ လက်ထဲက ဖုန်းကို ကြည့်လိုက်တာကို သူတွေ့လိုက်ရတယ်။ ခဏလောက်တုံ့ဆိုင်းနေပြီးတဲ့နောက်မှာတော့ သူမဟာ စခရင်ပေါ်မှာ တစ်ခုခုကို စတင်ရိုက်နှိပ်နေတော့တယ်။
မိနစ်၀က်လောက်ကြာတော့ သူ့အိတ်ကပ်ထဲမှာ ရှိတဲ့ဖုန်းဟာ အသံတစ်ချက်မြည်လာတယ်။
အကြောင်းတစ်ခုခုကြောင့် သူ့နှလုံးသားဟာ တဒိတ်ဒိတ်ခုန်နေတယ်။ ဒါဟာ နန်ကောဆီက မက်ဆေ့ခ်ျလို့ သူခံစားနေရတယ်။
သူ့ရဲ့ အကြည့်ဟာ အထဲက လူဆီကနေ မရွေ့သွားဘဲ သူဟာ ဆက်ကြည့်နေခဲ့တယ်။ သူရဲ့ လက်ဟာတော့ အိတ်ကပ်ထဲကို နှိုက်လိုက်ပြီး ဖုန်းကို ထုတ်လိုက်တယ်။
သူဟာ ဖုန်းကို လော့ဖြည်လိုက်ပြီး ဝီချက်ကို ဖွင့်လိုက်တယ်။
ပင်ကွင်းပေါက်: [ကျွန်မလက်က အဆင်ပြေပါတယ်။ မနက်ဖြန်တွေ့ကြမယ်နော်။ ]
ရှန်ရန်ချင်းရဲ့ လက်ချောင်းတွေဟာ ခဏတာ တန့်သွားတယ်။ နောက်တစ်ခဏမှာပဲ သူဟာ နေ့လည်စာစားချိန်တုန်းက သူရေးခဲ့တဲ့မှတ်ချက်ကို သတိရသွားတယ်။
သူမ တွေ့သွားတာပဲ။
အမည်ဖော်မရတဲ့ ခံစားချက်တစ်ခုဟာ အမျိုးသားရဲ့ မျက်မှန်အောက်မှာရှိတဲ့ မျက်လုံးနက်နက်တွေမှာ ဖြတ်ခနဲ လက်သွားတယ်။ အဲဒီနောက် သူဟာ သူ့ရဲ့ ရှည်လျားတဲ့ မျက်တောင်တွေကို အနည်းငယ်ပင့်ပြီး အပြုံးလေးတစ်ပွင့်ဟာ ဖြည်းဖြည်းချင်း ဖြစ်တည်လာတယ်။
မက်ဆေ့ခ်ျကို ပိုပြီးတဲ့ နောက်မှာတော့ နန်ကောဟာ တည်ငြိမ်သွားတယ်။
ရှန်ရန်ချင်းမှာ သူ့အတွက် စာပြန်ဖို့အချိန်ရှိမယ် မထင်တဲ့အတွက် သူမဟာ ဒီတိုင်းပဲ ဖုန်းကို ပိတ်လိုက်တယ်။
တင်းတောင်။
အဲဒါက မမြင်ရတဲ့ကြိုးတစ်ချောင်းဟာ သူမရဲ့ အာရုံကြောတွေကို ခပ်တင်းတင်းဆွဲထားသလိုမျိုးပဲ။
အကြောင်းတစ်ခုခုကြောင့် သူမဖုန်းကို မဖွင့်ခင် အဲဒါဟာ ရှန်ရန်ချင်းဆီက ပြန်စာဖြစ်မယ်လို့ သူမခံစားမိတယ်။
ဒီအချိန်မှာ ဖုန်းကို ဖွင့်နေရင်း သူမရဲ့ လက်ချောင်းတွေဟာ ပူရှိန်းရှိန်းဖြစ်နေပြီ။
ရှန်: [ကိုယ် မင်းကို တွေ့ဖို့ မနက်ဖြန်ထိ စောင့်ရမယ်လို့ ကိုယ်တော့ မထင်ဘူး။ ]
နန်ကောဟာ ကြောင်သွားတယ်။
ဒါဟာ မနက်ဖြန်ကျရင် သူတို့အချင်းချင်း မတွေ့နိုင်လောက်ဘူးလို့ ဆိုလိုချင်တာလား
ဒီဟာကို တွေးမိတော့ နန်ကောဟာ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး နားမလည်နိုင်လောက်အောင် စိတ်ပျက်သွားတယ်။
ဒီစိတ်ပျက်မှုဟာ ခုနက ခံစားနေခဲ့ရတဲ့ ခံစားချက်တွေနဲ့ ကွာခြားတယ်။ ဒီအချိန်မှာ သူမဟာ တိတိကျကျကိုပဲ သူမရဲ့ စိတ်ခံစားမှုကျသွားတာကို ခံစားရတယ်။
ဟုတ်တယ်။ သူမ ရှန်ရန်ချင်းကို တွေ့ချင်နေခဲ့တာ။
ဒါမှမဟုတ် သူမ ရှန်ရန်ချင်းကို တွေ့နေကျမလို့ ဖြစ်မယ်။
နောက်ဆုံးတစ်ခေါက် သူမရဲ့ စာမေးပွဲကြောင့် ရှန်ရန်ချင်းကို မတွေ့ရတုန်းက သူမမှာ ဒီလိုတွေ စတင်ပြီး ခံစားရတယ်ဆိုတာကို သူမ သတိမထားမိခဲ့ဘူး။
အဲဒီစိတ်ပျက်မှုအသေးစားလေးဟာ ချက်ချင်းပဲ အခြားအတွေးတွေနဲ့ အစားထိုးခံလိုက်ရပြီး သူမကို သေသေချာချာ တွေးခွင့်မပေးကြဘူး။
သူမရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကြောင့် သူမ အခုမှ သတိထားမိတယ်ဆိုပေမဲ့ ခံစားချက်ဟာ ပြည့်လျှံလျက် ဖြစ်နေခဲ့ပြီးပြီ။
ဒါကို သဘောပေါက်သွားတော့ နန်ကောရဲ့ အသက်ရှူနှုန်းဟာ မြန်ဆန်လာတယ်။
သူမဟာ လက်ချောင်းထိပ်လေးတွေကို မြှောက်လိုက် ချလိုက်နဲ့ လုပ်နေမိတယ်။ သူမလက်ချောင်းထိပ်က အနွေးဓာတ်ဟာ သူမနှလုံးသားဆီ ကူးလာတယ်။
[ကျွန်မ...] သူမဟာ ရိုက်ပြီး တိတ်တဆိတ်ပဲ ပြန်ဖျက်လိုက်တယ်။ သူမရဲ့ စိတ်ဟာ ရုတ်တရက် ဟာသွားပြီး ဘယ်လိုစာပြန်ရမလဲ မသိတော့ဘူး။
သူမဟာ ရှုပ်ထွေးမှုနဲ့အတူ ဟိုဟိုဒီဒီ လျှောက်ကြည့်နေတုန်းမှာပဲ သူမလက်ဖဝါးပေါ်က ဖုန်းဟာ အသံမြည်လာပြန်တယ်။
မက်ဆေ့ခ်ျအသစ်လေးဟာ မြင်ကွင်းထဲ ရောက်လာတယ်။
[မင်းကို ဒီနေ့တွေ့ရတာ ကိုယ် တော်တော်ကံကောင်းတာပဲ။ ]
[ခေါင်းမော့ကြည့်လိုက်။ ]
++++++