← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

Chapter 37 ဘာကောင်လေးလဲ

သူမရဲ့ အရှေ့ကို အရိပ်တစ်ခု ကျလာတယ်။

နန်ကောဟာ အစက သတိမထားမိဘူး။ နောက်တော့ သူမအရှေ့က အလင်းရောင်ဟာ တစ်နည်းနည်းနဲ့ အကွယ်ခံလိုက်ရတယ်လို့ သူမခံစားမိလိုက်တယ်။

အခုနောက်ပိုင်း ဟိုက်မြို့တော်ရဲ့ ရာသီဥတုဟာ ဖောက်လွဲဖောက်ပြန်ဖြစ်နေတာမို့ သူမ အဲဒါနဲ့ ပတ်သတ်ပြီး အများကြီးတွေးမနေဘူး။

သူမရဲ့ အာရုံတစ်ခုလုံးဟာ ရှန်ရန်ချင်းရဲ့ မှတ်ချက်ကောင်းတွေဆီမှာပဲ ရှိနေခဲ့တယ်။

ရှန်ရန်ချင်းရဲ့ မက်ဆေ့ခ်ျပေါ်မလာခင်အထိပေါ့။

သူမဟာ နည်းနည်းကြောင်သွားရပြီး ခေါင်းမော့ကြည့်လိုက်တယ်။

ခဏအကြာ အနက်ရောင်၀တ်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ သူမမြင်ကွင်းထဲ ၀င်လာတယ်။

ရုတ်တရက် သူမရဲ့ နှလုံးခုန်သံမြန်ဆန်လာတယ်။

အဲဒါဟာ သူမအစ်ကို မနေ့ညက ပြောပြခဲ့တဲ့ ခံစားချက်မျိုးပဲ။ သူမရဲ့ နှလုံးသားဟာ စိတ်အားထက်သန်စွာ ခုန်ပေါက်နေတယ်။

ဒုတ်! ဒုတ်!

အဲဒါဟာ အရမ်းအားပြင်းလွန်းတာကြောင့် သူမ အချိန်မရွေး နှလုံးထဖောက်တော့မလိုဘဲ။

အမျိုးသားဟာ ပြတင်းပေါက်မှန်‌‌ပေါ် ဖြည်းဖြည်းချင်း လက်ညိုးလေးနဲ့ ထောက်မလာခင်အထိ နန်ကောမှာ ထင်ယောင်ထင်မှားဖြစ်တယ်လို့ပဲ ထင်နေခဲ့တယ်။ အတိအကျ‌ဆိုရင် သူရဲ့ လက်ညိုးလေးဟာ သူမရဲ့ ခေါင်းနားကို ထောက်ထားတာဖြစ်တယ်။

ပျောက်သွားတာ မကြာသေးတဲ့ သူမပါးနှစ်ဖက်ပေါ်က အပူငွေ့လေးဟာ ပြန်လည်ဖြတ်စီးလာတယ်။

နားမလည်နိုင်အောင်ဘဲ သူမှတ်ချက်ထဲမှာ ပြောခဲ့တဲ့ ပင်ကွင်းပေါက်လေးဆိုတာကို သူမပြန်တွေးမိသွားတယ်။

ဒီနာမည်ပြောင်အတွက် နန်ကောဟာ ရှင်းပြချက်တစ်ခုကိုပဲ စဉ်းစားနိုင်တော့တယ်။ ပင်ကွင်းပေါက်လေးတွေဟာ တုံးအတဲ့ပုံပေါ်တယ်လေ။ ပြီးတော့ သူမကလည်း တုံးအတယ်လေ။

သူမဟာ မျက်တောင်ခတ်လိုက်တယ်။

ဒီတော့ အခုသူက ပင်ကွင်းပေါက်လေးရဲ့ ခေါင်းကို ပွတ်သပ်နေတယ်လို့ ဆိုလိုတာလား

သူမက ပင်ကွင်းပေါက် မဟုတ်ပါဘူးနော်!

_____

နို့လက်ဖက်ရည်ဆိုင်လေးရဲ့ တံခါးဟာ ပွင့်‌ပြီး ပြန်ပိတ်သွားတယ်။ နန်ကောဟာ စိတ်အားထက်ထက်သန်သန်နဲ့ ဆိုင်၀န်ထမ်းရဲ့ အသံကို ကြားရတယ်။

ရှန်ရန်ချင်းဟာ တစ်ဖက်လူကို တစ်ခုခုပြောလိုက်ပြီး သူမဆီကို တည့်တည့်လျှောက်လာတယ်။

နန်ကောဟာ လှည့်မကြည့်ခဲ့ဘူး။ သူမဟာ မူလတန်းကလေးတစ်ယောက်လိုမျိုး လက်တွေကို ဒူးပေါ်မှာ တင်ထားမိတယ်။ သူမရဲ့ အကြည့်ဟာ ဘာမှမရှိတဲ့ ပြတင်းပေါက်ဆီမှာပဲ ရှိနေသေးပြီး သူမဟာ ကြက်သေသေနေမိတယ်။

ဒါပေမဲ့ ချဉ်းကပ်လာတဲ့ ခြေသံတွေကိုတော့ သူမကြားနေရသေးတယ်လေ။

မကြာဘူး။ သူမဘေးက သူမကုတ်အင်္ကျီ တင်ထားတဲ့ ထိုင်ခုံ‌ဟာ ညင်ညင်သာသာလေး ဆွဲထုတ်ခံလိုက်ရတယ်။

သူမရဲ့ မျက်လုံးထောင့်ကနေပြီး အမျိုးသားဟာ သူမကုတ်အင်္ကျီကို သူ့လက်မောင်းပေါ်မှာ ကွေးတင်ထားတာကို မြင်နေရတယ်။ အဝါနုရောင်ကုတ်လေးဟာ သူမ၀တ်ထားတဲ့ဟာနဲ့ လိုက်ဖက်နေပုံပေါ်တယ်။

သူက ကုတ်အင်္ကျီကို မဖယ်လိုက်ဘူး။ သူဟာ သူမကုတ်လေးကို ဒီတိုင်းပဲယူပြီး ထိုင်လိုက်တယ်။

သူမဘေးက အပူပေးစက်ရဲ့ သက်ရောက်မှုကြောင့် သူမဟာ အမျိုးသားရဲ့ ရနံ့ကို ရနေတယ်။

အဲဒါဟာ နွေးနွေးထွေးထွေးရှိပြီး လတ်ဆတ်သန့်ရှင်းတဲ့ ခပ်ဖျော့ဖျော့သစ်သားရနံ့လေးလိုပဲ။

အကြောင်းရင်းတစ်ချို့ကြောင့် သူမ ရုတ်တရက် စပြီး စိတ်လှုပ်ရှားလာတယ်။

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ” ကံကောင်းစွာနဲ့ပဲ ရှန်ရန်ချင်းဟာ လေထုကို အေးစက်ခွင့်မပြုလိုက်ဘဲ ခပ်မြန်မြန်စကားစမေးတယ်။

“ကျွန်မ...အခုလေးတင် အလုပ်ဆင်းလာတာ ကျွန်မ...အနီးအနားမှာ လျှောက်လည်ဖို့ လုပ်ထားတာ...”

စိုးရိမ်သောကဖြစ်နေတာကနေ ရုန်းထွက်ဖို့လုပ်ရင်း နန်ကောဟာ ခေါင်းကို ငုံ့ချလိုက်ပြီး စကားထစ်သွားတယ်။

“တိုက်ဆိုင်လိုက်တာ ကိုယ်က ဒီနားကို လာရင်းနဲ့ မင်း ဒီမှာ ထိုင်နေတာကို တွေ့လိုက်လို့”

“.....” နန်ကောဟာ အရမ်းမျက်နှာပူနေမိပြီး သူမရဲ့ လက်ချောင်းတွေဟာ သူမဘောင်းဘီမှာ ပုံဖော်ထားတဲ့ ကနုတ်တွေထဲ ဖောက်၀င်လုမတတ်။ သူမဟာ မတတ်နိုင်ဘဲ မေးကြည့်လိုက်မိတယ်။ “ရှင် အပြင်မှာ ရပ်နေတာ ကြာပြီလား”

“မကြာသေးပါဘူး”

နန်ကောဟာ သက်ပြင်းတစ်ချက်ချကာ စိတ်သက်သာရာရသွားတယ်။

ဒါပေမဲ့ သူမအသက်ရှူထုတ်လိုက်တဲ့အချိန်မှာပဲ တစ်ယောက်သောသူဟာ သူ့ကိုယ်သူ အမှန်ပြန်ပြင်ပြီး ထပ်ပြောလာတယ်။

“မင်း စာမပို့ခင်ကတည်းက ကိုယ်ရောက်နေတာ”

အို မဖြစ်ဘူး!သူမ သေသာ သေလိုက်ချင်တယ်။

နန်ကောဟာ ခေါင်းကို အခြားတစ်ဖက်ကို လှည့်ထားတယ်။ သူ့နဲ့ အကြည့်ချင်းဆုံဖို့ကို သူမအရမ်းရှက်ရွံ့နေတယ်။

သူအကုန်မြင်သွားတာ...သူ တကယ်ကြီးအကုန်မြင်သွားတာ!

ဟိုး!

နန်ကောဟာ သူမမျက်နှာကို လက်နဲ့ အုပ်ထားမိတယ်။ သူမရဲ့ အသက်ရှူနှုန်းဟာလည်း ယောက်ယက်ခတ်နေပြီ။

သူမရဲ့ စိတ်မသက်မသာဖြစ်နေမှုကို ခံစားမိလိုက်တော့ ရှန်ရန်ချင်းဟာ တွေးတောဆင်ခြင်ပြီး ဒီအကြောင်းကို ဆက်မပြောတော့ဘဲနေတယ်။

“မင်း ဒီနေ့ နေ့လည်က စာမေးပွဲဖြေခဲ့တာလား”

နန်ကောရဲ့ အတွေးတွေဟာ သူ့ရဲ့ စကားနောက်ကို အလိုက်သင့် လိုက်သွားပြီး “ဟင့်အင်း...မနက်ဖြန်မနက် ၂ဘာသာရှိသေးတယ်”

“အာ့ဆို မင်းအတွက် အားလပ်ရက်တွေ စတော့မှာပေါ့”

“ဟုတ်တယ် ဟုတ်တယ် စာမေးပွဲပြီးတာနဲ့ အားလပ်ရက် စပြီ”

“ဒီတော့ မင်း အိမ်ကို ပြန်မှာပေါ့”

ပင်ကွင်းပေါက်လေးဟာ ခေါင်းခါပြီး “ကျွန်မ အော်ဒါတွေ ဆက်ပို့နေရဦးမယ်...နှစ်သစ်ကူးပွဲတော်ကျမှ ပြန်မှာ”

“ကိုယ်သိပြီ” ရှန်ရန်ချင်းဟာ ခေါင်းလေးကို အသာစောင်းပြီး သူမကို ပြုံးပြီး ကြည့်တယ်။ “ကိုယ် မင်းရဲ့ ဇာတိနဲ့ ပတ်သတ်ပြီး တစ်ခါမှ မမေးခဲ့ဖူးဘူးထင်တယ် မင်းက ဘယ်ကလဲ”

“အော် ကျန်းမြို့”

“သိပ်မဝေးဘူးဘဲ”

“ဟုတ်တယ်”

တဖြည်းဖြည်းချင်း နန်ကောတစ်ယောက် ခုနက အကြောင်းအရာရဲ့ ကို့ရို့ကားယားနိုင်မှုကနေ ကျော်ဖြတ်လာနိုင်ခဲ့တယ်။ သူမဟာ သူ့ကို လှည့်ကြည့်ပြီး သူ့ရဲ့ ပြုံးပြနေတဲ့ မျက်၀န်းတစ်စုံနဲ့ ဆုံလိုက်ရတယ်။

“.....”

တစ်ချက်လှမ်းကြည့်မိပြီးတာနဲ့ ပင်ကွင်းပေါက်ဟာ ခေါင်းကို ချက်ချင်းပြန်လှည့်လိုက်တယ်။

အရင်က ဗီဒီယိုတစ်ပုဒ် မြင်ဖူးတာကို ရှန်ရန်ချင်း မှတ်မိပါသေးတယ်။

ပင်းကွင်းပေါက်လေးဟာ အစရှာဖို့ ပင်ကွင်းအမေကြီးနောက်ကို လိုက်တယ်။ အဲဒီမှာ ချော်ကျပြီး ရေထဲ ပြုတ်ကျသွားတယ်။ ရေထဲက ပြန်တက်လာပြီးတဲ့အခါမှာတော့ ပင်ကွင်းပေါက်လေးဟာ ရှက်ရှက်ရွံ့ရွံ့နဲ့ သူ့အမေကြီးအနောက်မှာ ပုန်းနေပြီး သူမကို ပွတ်သီးပွတ်သပ်လုပ်တယ်။ မသိရင် ကပ်ချွဲပြီး နှစ်သိမ့်မှုတစ်စုံတစ်ရာကို တောင်းဆိုနေသလိုမျိုး။

နန်ကောရဲ့ အခုလက်ရှိအခြေအနေဟာလည်း အဲဒီပင်ကွင်းပေါက်လေးနဲ့ အရမ်းသွားဆင်တယ်။

သူ့မျက်လုံးထဲက အပြုံးလေးဟာ ပိုပြီး လေးနက်သွားတယ်။ သူ့အကြည့်ဟာ အရမ်းကြီး ပေါ်ပေါ်တင်တင်နိုင်နေမှန်း သူသတိထားမိသွားတဲ့အခါ သူဟာ ချောင်းတစ်ချက် အသာဟန့်ပြီး မျက်နှာထားကို ပြန်တည်လိုက်တယ်။

“မင်းကျောင်းကို ဘယ်အချိန်ပြန်မှာလဲ ကိုယ်လမ်းမှာ ၀င်ပို့ပေးမယ်”

“မလိုပါဘူး မလိုပါဘူး” ပင်ကွင်းပေါက်ဟာ လက်ကို ခါပြပြီး “ကျွန်မ ဒီနေ့လစာထုတ်တယ် ကျွန်မအစ်ကိုအတွက် လက်ဆောင်၀ယ်ပေးမလို့”

“ရှင်အလုပ်ရှုပ်နေတယ်ဆို ကျွန်မကို မစောင့်နဲ့ ကျွန်မဟာ ကျွန်မ ပြန်လို့ရပါတယ်”

သူမကားက ပြန်မရောက်သေးပေမဲ့ ဟိုက်တက္ကသိုလ်ကို တိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားရှိတယ်လေ။ ဒါပေါ့။ သူ တက္ကစီငှားလို့ အဆင်ပြေတယ်လေ။

“ကိုယ် ဒီနေ့ အလုပ်မရှုပ်ပါဘူး”

အမျိုးသား စကားပြောတဲ့အခါ သူ့အသံထဲ နှာသံနည်းနည်းပါနေတုန်းဆိုပေမဲ့ ပြီးခဲ့တဲ့ရက်တွေတုန်းကလောက်တော့ မသိသာတော့ဘူး။

“ကိုယ် ဘာမှ လုပ်စရာမရှိဘူးဆိုတော့ ကိုယ် မင်းနဲ့ အတူလိုက်ပေးရင်ရော မင်း ဘာ၀ယ်ပေးချင်တာလဲ”

“အိုး...” နန်ကောဟာ သူ အဲဒီလိုပြောလိမ့်မယ်လို့ မထင်ထားဘူး။ ခေါင်းကို ကုတ်ရင်း သူမက ပြောတယ်။ “ကျွန်မအစ်ကိုက နက်ကတိုင်လိုချင်တာတဲ့”

“ကိုယ် ကူညီပေးလို့ ရပါတယ်”

သူ့ရဲ့ အကြံပြုချက်ဟာ အမှန်အကန်ပဲ။ နန်ကောဟာ သေသေချာချာ တွေးကြည့်လိုက်ပြီး သူမ သူ့ကို နက်ကတိုင်၀ယ်ဖို့ အကူအညီလောက်တော့ တောင်းလို့ ရမယ်ထင်ပါတယ်။

သူမ အရင်က တစ်ခါမှ ယောက်ျားလေးအသုံးအဆောင်ပစ္စည်းတွေ ၀ယ်ဖူးတာ မဟုတ်ဘူး။ အရင်တစ်ခေါက်က သူ့ကို လည်စည်းလက်ဆောင်ပေးတုန်းကလည်း ဆိုင်၀န်ထမ်းကပဲ ရွေးပေးခဲ့တာ။

သူမ ငယ်ငယ်‌လေးကတည်းကနေ အခုထိ ဒါဟာ ပထမဆုံး သူမအစ်ကိုကို သူမ တရား၀င်လက်ဆောင်ပေးဖူးတာပဲ။

ဒါပေါ့။ အရင်က သူမ လက်လုပ်ပစ္စည်းလေးတွေ လုပ်ပြီးတော့ ပေးဖူးပါတယ်။ အချိုပွဲတွေဘာတွေရောပေါ့။ ဒါပေမဲ့ အဲဒါတွေကို လက်ဆောင်လို့ သတ်မှတ်လို့ မရဘူး။

ဒီတစ်ခါတော့ သူမ လစာလည်း ရပြီးပြီ။ သူမအစ်ကိုအတွက် တစ်ခုခု၀ယ်ကို ၀ယ်ပေးရမယ်။

သူမမှာ ဒေါ်လာ၄၀၀ပဲ ရှိတယ်လို့ ပြောခဲ့လည်းပဲ သူ မခွဲတမ်းကို နည်းနည်းလျှော့ချပြီး...၄၅၀လောက် လုပ်လို့ ရပါတယ်။

အနီးအနားတစ်၀ိုက်မှာ ရှော့ပင်းမောလ်တွေ အများကြီး ရှိတယ်။ နန်ကော ကြုံရာတစ်ခုရွေးလိုက်ပြီး ရှန်ရန်ချင်းကို ခေါ်သွားလိုက်တယ်။

နှစ်ယောက်သား ဘေးချင်းယှဉ်လျှောက်ပြီး ထွက်သွားတာကို လက်ထောက်ယွမ်ကြည့်နေရင်း Rolls Royce ပြတင်းပေါက်ဟာလည်း ဖြည်းဖြည်းချင်း လိမ့်ကျသွားတယ်။ လက်ထောက်ယွမ်ဟာ ကားထဲကနေ ခေါင်းပါ ပြူထုတ်ပြီး ကြည့်လိုက်သေးတယ်။ သူတို့၂ယောက် မပျောက်သွားခင်လေးမှာဘဲ သူ ဓာတ်ပုံခိုးရိုက်လိုက်ပြီး ၃၇ထပ်မှာရှိတဲ့ ၀န်ထမ်းတွေရဲ့ အတင်းအဖျင်းဂရုချက်ထဲ ပုံကို ပို့လိုက်တယ်။

မြောင်မြောင်ဟာ ပထမဆုံးစကားပြောလာတဲ့တစ်ယောက်ပဲ: [ငါတော့ ငါတစ်ခုခုကို လွတ်သွားတယ်လို့ မထင်ပါဘူး မျက်စိတမှိတ်အတွင်းမှာပဲ ဒီနှစ်ယောက် ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အခြေအနေတိုးတက်လာတာလဲ!]

[ငါ တစ်ခုခုကိုတော့ မလွတ်သွားပါဘူး ဟုတ်တယ်မလား]

[ဘာဖြစ်သွားတာလဲ!]

[သူတို့ အတူတူဈေး၀ယ်ထွက်နေတာလား!]

[ဘာ ဥက္ကဌရှန် အလုပ်ကို ပြန်လာနေတာမဟုတ်ဘူးလား သူက ဘာလို့ ဈေး၀ယ်ထွက်ရတာလဲ ဒီစာရွက်စာတမ်းမှာ လက်မှတ်ထိုးဖို့ ငါ ဘယ်သူ့ကို ပြောရမှာလဲ @လက်ထောက်ယွမ်]

[တစ်ယောက်ယောက် အဲဒီကောင်ကို ဂရုချက်ထဲကနေ ကန်ထုတ်ပေးလို့ရမလား]

[ရှေ့တန်းသတင်းပို့သူ ဘယ်မှာလဲ တစ်ခုခုပြောဦး! ဘာတွေဖြစ်နေတာလဲ]

[ယွမ်!]

[@ယွမ်ယွမ်မရှိဘူး]

ဂရုချက်ကြီးဟာ ပေါက်ကွဲလာကြတော့တယ်။

[ဘာတွေဖြစ်ခဲ့လဲ ငါမသိပေမယ့် အဲဒါက ရုတ်တရက်ကြီး ဖြစ်သွားတာပဲ]

မြောင်မြောင်: [...ဘာမှမပြောတာထက်စာရင် ကောင်းတယ်လေ]

လက်ထောက်ယွမ်: [ငါတို့ လမ်းမှာ မိန်းကလေးနန်ကောကို တွေ့တာ ဥက္ကဌရှန်က ကားထဲက ထွက်သွားတော့တာပဲ အဲဒီနောက် ဘာဖြစ်သွားလဲတော့ ငါလည်း မသိဘူး]

[လွန်ခဲ့တဲ့၁၀မိနစ်က ငါပို့ထားတဲ့စာကို ဥက္ကဌရှန် မပြန်ဘူး အခုတော့ ကောင်းနဲ့ ငါ့မှာ ကားထဲမှာပဲ စောင့်ရတော့မယ်]

သူဟာ ကားထဲမှာ ထိုင်ပြီး ပြန်စာကို စောင့်နေခဲ့တယ်။

မထင်မှတ်ထားစွာဘဲ ဘေးက ရှော့ပင်းမောလ်ထဲ နန်ကောနဲ့အတူ ၀င်မသွားခင် ဥက္ကဌရှန်ဟာ နို့လက်ဖက်ရည်ဆိုင်ထဲလည်း အကြာကြီး၀င်ထိုင်လိုက်သေးတယ်။

သူ့မှာ သူ့ကို စာပြန်ဖို့ အချိန်တောင် မရှိရှာဘူး။ ချစ်မိသွားတဲ့ အမျိုးသားတစ်ယောက်လို့ကို မပြောရဘူး။ ကျစ် ကျစ် ကျစ်။

တစ်ဖက်မှာတော့ နန်ကောဟာ ဆိုင်တစ်ဆိုင်ရှာတွေ့သွားပြီး နက်ကတိုင်ကို လေးလေးနက်နက်နဲ့ ရွေးနေတယ်။

အရောင်း၀န်ထမ်းဟာ သူမဘေးကို ချက်ချင်းရောက်လာတယ်။ “မဒမ် မင်း နက်ကတိုင်ရွေးချင်တာပါလား”

“ဟုတ်တယ်” နန်ကောဟာ နက်ကတိုင်ကို ရှန်ရန်ချင်းနဲ့ ချိန်ကြည့်နေတယ်။

အရောင်း၀န်ထမ်းဟာ ပြုံးပြီး ရှန်ရန်ချင်းနဲ့ ပိုလိုက်ဖက်မယ့် နောက်ထပ်ပုံစံတစ်မျိုးကို ရွေးပေးတယ်။ သူက ပြုံးပြီး ပြောတယ်။ “ကျွန်တော် ဒီတစ်ခုကို အကြံပြုချင်ပါတယ် ဒီဟာလေးက မင်းကောင်လေးနဲ့ ပိုလိုက်ဖက်တယ်”

နန်ကောက မော့ကြည့်လိုက်တယ်။ “ဟမ်”

ဘာကောင်‌လေးလဲ

++++++

All Chapters