← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

Chapter 38 သူတို့က အတွဲတွေမလား

နန်ကောရဲ့ သဘာ၀ကိုက နှေးတုံ့နှေးတုံ့နဲ့ဖြစ်တယ်။ ရှန်ရန်ချင်းခိုင်းနှိုင်းတဲ့ ပင်ကွင်းပေါက်ဆိုတာနဲ့ သူမဟာ ကွက်တိပဲဖြစ်တယ်။

အရောင်း၀န်ထမ်းပြောတဲ့ “ကောင်လေး” ဆိုတာကို ရှာဖို့ သူမ ကြောင်တောင်တောင်နဲ့ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေတာကို မြင်တဲ့အခါ ရှန်ရန်ချင်းရဲ့ ပုခုံးတွေဟာ အနည်းငယ်တုန်ခါသွားတယ်။ သူဟာ သူမရဲ့ အနောက်မှာ ပုန်းနေပြီး မထိန်းနိုင်ဘဲ ရယ်လိုက်မိတယ်။

ရယ်သံကို ကြားတော့ နန်ကောဟာ တအံ့တဩနဲ့ လှည့်ကြည့်တယ်။ ““

သူ ဘာကို ရယ်နေတာလဲ

အရောင်း၀န်ထမ်းဟာ အနည်းငယ်ရှုပ်ထွေးသွားပြီး သူ တစ်ခုခုမှားပြောမိပြီလို့ ထင်သွားတယ်။ သူဟာ ဂရုတစိုက်နဲ့ နှစ်ယောက်ကြားက ဆက်ဆံရေးကို အကဲခတ်နေတယ်။

ဟင်း။ သူတို့က ကျိန်းသေပေါက် အတွဲတွေပါ...

ရှန်ရန်ချင်းဟာ လက်ကို မြှောက်ပြီး နန်ကောရဲ့ ခေါင်းပေါ် တင်လိုက်တယ်။ သူက အရောင်း၀န်ထမ်းကို ကြည့်ပြီး ရှင်းပြတယ်။ “မင်းအထင်လွဲနေပြီ ကျွန်တော်က သူ့ကောင်လေးမဟုတ်သေးဘူး”

“ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် တောင်းပန်ပါတယ်!” သူဟာ တောင်းပန်နေတယ်ဆိုပေမဲ့လည်း သူ့မျက်နှာအမူအရာမှာတော့ သိနားလည်တဲ့ပုံ‌ပေါ်နေတယ်။

“ရပါတယ်” တစ်ဖက်လူကို ညင်ညင်သာသာပဲ ခေါင်းညိတ်ပြပြီး သူ့လေသံဟာလည်း ပျော့ပြောင်းနေခဲ့တယ်။

သူတို့နှစ်ယောက်ဟာ ချောချောမွေ့မွေ့ပဲ ဆက်သွယ်ပြောဆိုခဲ့တယ်။

ဒါပေမဲ့ အလယ်က ပင်ကွင်းပေါက်ကတော့ လက်ထဲ နက်ကတိုင်ကို ကိုင်ထားပြီး ရပ်မြဲတိုင်း ရပ်နေတယ်။

ကျွန်တော်က သူ့ကောင်လေးမဟုတ်သေးဘူး။

မဟုတ်သေးဘူး

သူ “မဟုတ်သေးဘူး” လို့ ပြောလိုက်တာလား

ပင်ကွင်းပေါက်ဟာ ပါးကို ဖောင်းပြီး စိတ်ထဲ ဒီစကားလုံးနဲ့ ပတ်သတ်ပြီး စဉ်းစားနေတယ်။

အဲဒီအပိုစကားလုံးတစ်လုံးဟာ စာကြောင်းတစ်ခုလုံးရဲ့ အဓိပ္ပာယ်ကို ပြောင်းလဲသွားစေတယ်။

သူတို့နဲ့ ဆန့်ကျင်ဘက်မှာတော့ အရောင်း၀န်ထမ်းဟာ နောက်ထပ်ဒီဇိုင်းအသစ်နှစ်မျိုးကို နန်ကောဆီ ပြတယ်။

သူမဆီက ဘာတုံ့ပြန်မှုကိုမှ မတွေ့ရတဲ့အခါ ရှန်ရန်ချင်းဟာ ခေါင်းနည်းနည်းငုံ့ပြီး သူမရဲ့ ခေါင်းကို ညင်ညင်သာသာလေး ပွတ်သပ်လိုက်တယ်။

“နန်ကော”

“ဟမ်” အသံကို ကြားတော့ ပင်ကွင်းပေါက်ဟာ ချက်ချင်းမော့ကြည့်တယ်။ “ဟုတ် ပြောလေ!”

ရှန်ရန်ချင်းဟာ နှုတ်ခမ်းကို ဖိပြီး သူမကို သတိပြန်ပေးဖို့အတွက် သူ့လက်ကို ရုတ်သိမ်းလိုက်တယ်။

“နက်ကတိုင်”

“အော် ဟုတ်” နန်ကောရဲ့ အာရုံဟာ ချက်ချင်းပဲ လမ်းကြောင်းပြန်ပြောင်းသွားတယ်။

အရောင်း၀န်ထမ်းကမ်းပေးတဲ့ နက်ကတိုင်ကို သူမ ကြည့်လိုက်‌ပေမဲ့ သိပ်ပြီးတော့ ‌စိတ်ကျေနပ်မှု မရှိဘူး။ “ကျွန်မအစ်ကိုအတွက် နက်ကတိုင်ရွေးပေးနေတာ သူက နည်းနည်းငယ်သေးတယ် တောက်တောက်ပြောင်ပြောင်ရှိတာမျိုးကို ကြိုက်လောက်တယ်”

သူမဟာ အရောင်း၀န်ထမ်းကို ပြောနေခဲ့တာ။ ဒါပေမဲ့ ရှန်ရန်ချင်းဟာ မထင်မှတ်ဘဲ သူမအစ်ကိုဟာ သူ့ထက် နည်းနည်းအသက်ငယ်ကြောင်း သူမပြောတာ ကြားလိုက်ရတယ်။

အရောင်း၀န်ထမ်းဟာလည်း အရမ်းကို ကျွမ်းကျင်မှုရှိတယ်။ သူမအစ်ကိုရဲ့ အသက်နဲ့ စတိုင်ကို ကြားပြီးတဲ့နောက်မှာတော့ သူဟာ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ နက်ကတိုင်တစ်ထည်ကို မြန်မြန်ပဲ ရှာတွေ့သွားတယ်။

နောက်ဆုံးမှာတော့ အရောင်း၀န်ထမ်းရဲ့ ခိုင်မာတဲ့ အကြုံပြချက်နဲ့ အရမ်းကောင်းမွန်တဲ့ ဈေးရောင်းနည်းဗျူဟာကြောင့် နန်ကော တွန့်ဆုတ်တွန့်ဆုတ်နဲ့ပဲ ဒေါ်လာ၅၀၀၀ရှိတဲ့ နက်ကတိုင်ကို နန်ကျဲ့အတွက် ၀ယ်လိုက်တယ်။

ပိုက်ဆံရှင်းမယ့်အချိန်ရောက်တော့ သူမဟာ အံကြိတ်ပြီး လျို့ဝှက်နံပါတ်ကို ရိုက်နှိပ်လိုက်တယ်။ သူမပေးရမယ့် ငွေပမာဏကို ကြည့်ပြီး သူမနှလုံးသားကနေ သွေးအဖြိုင်းဖြိုင်းထွက်သွားတယ်။

သူမ ခုနလေးတင် ရခဲ့တဲ့လစာဟာ ချက်ချင်းပဲ တစ်၀က်တိတိ အနှုတ်ခံလိုက်ရပြီ။

ပ်ိုက်ဆံရှင်းပြီးတော့ နန်ကောဟာ အိတ်ကို တည်ကြည့်လေးနက်တဲ့ မျက်နှာထားနဲ့ ဖက်ထားတယ်။ မသိရင် သူမဟာ ဗုံးတစ်လုံးကို စောင့်ကြပ်နေသလိုမျိုး။

နက်ကတိုင်အတွက် သူမပေးခဲ့တဲ့ ငွေပမာဏကို တွေးမိတော့ ရှန်ရန်ချင်းဟာ သူမခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ သူသိပ်နားမလည်သေးဘူး။ “ဘာလို့ မင်းအစ်ကိုအတွက် ဒီလောက်ဈေးကြီးတဲ့ နက်ကတိုင်ကို ၀ယ်ပေးတာလဲ”

“ဘာလို့လဲဆိုတော့ ကျွန်မအစ်ကိုက ပိုပြီး...” နန်ကောဟာ စဉ်းစားနေရင်း သူမမျက်လုံးတွေဟာလည်း အလိုလို အပေါ်ကို လွင့်မြောသွားတယ်။ သေချာစဉ်းစားပြီးတဲ့နောက်မှာတော့ သူမဟာ သင့်တော်တဲ့ စကားလုံးကို ရှာတွေ့သွားတယ်။ “ကြီးကျယ်လို့”

ရှန်ရန်ချင်း “.....”

ဒီတစ်ကြိမ်တော့ နန်ကောဟာ သူမအစ်ကိုကို မှားပြီး မစွပ်စွဲမိတော့ဘူး။ သူမအစ်ကိုရဲ့ အပြင်သွားရင် ၀တ်တဲ့ ပုံမှန်၀တ်စုံကတောင်မှ ဂဏန်း၆လုံးလောက် ရှိတယ်။

ဒါကြောင့် သူမအစ်ကိုဟာ ဈေးပေါတဲ့ အရာတွေကို စိတ်မ၀င်စားဘူး။

“ကျွန်တော်တို့ဆိုင်က အခြားပစ္စည်းတွေကိုရော ကြည့်ချင်ပါသေးလား”

“တကယ်တော့ ဒီနက်ကတိုင်က မင်းကောင်လေးနဲ့ တကယ်လိုက်တာရယ်...” အရောင်း၀န်ထမ်းဟာ အချိန်မှီရပ်လိုက်ပြီး ချက်ချင်း စကားလုံးကို ပြန်ပြင်ပြောတယ်။ “မင်းသူငယ်ချင်းပြောပါတယ်”

“.....” နန်ကောဟာ ရှင်းပြချင်ပေမဲ့ သူမရဲ့ အကြည့်တွေဟာ လက်ထဲက နက်ကတိုင်ဆီကနေ မခွဲနိုင်မခွာရက်ဖြစ်နေတယ်။

သူမ မသိစိတ်ကနေ သူမအနောက်က အမျိုးသားကို လှည့်ကြည့်မိလိုက်တယ်။ “အိုး အဲဒါ သူနဲ့ လိုက်တာပဲ!”

ကျိန်းသေပေါက်ကို ဒီလူဟာ ထိပ်တန်းအရောင်း၀န်ထမ်းပဲ။

“ဒါ ဘယ်လောက်လဲ”

“၉၈၀၀ဒေါ်လာ”

“.....” နန်ကောဟာ သူမအသက်ရှူနှုန်းကို ထိန်းလိုက်တယ်။

ယုတ္တိနည်းကျဆိုရင် သူမ သူ့ကို ဈေးသက်သာတဲ့ဟာလေးပဲ ၀ယ်ပေးလိုက်ရမှာ။

ဒီလအတွက် သူမရတဲ့ ပိုက်ဆံအများစုဟာ ဟွားရှန်အဖွဲ့အစည်းဆီ အော်ဒါပို့လို့ ရလာတာတွေပဲ။ ပိုပြီးပြောရမယ်ဆိုရင် သူဟာ သူမကို မှတ်ချက်ကောင်းတွေလည်း ဆက်တိုက်ပေးထားသေးတယ်။

ဒါပေမဲ့ ဒီနက်ကတိုင်အတွက်တော့ သူမ မတတ်နိုင်သေးဘူး။

ဒါပေမဲ့ သူမ မ၀ယ်ပြန်ရင်လည်း နှမြောဖို့ ကောင်းတယ်။

ဒီတစ်ခုက အတော်လေးလှတယ်။ ရှန်ရန်ချင်းနဲ့ တော်တော်လေးလိုက်ဖက်တယ်။

ပင်ကွင်းပေါက်ဟာ တုံ့ဆိုင်းနေတုန်းပဲ။

သူမအနောက်ကလူဟာ သူမစိတ်ကို ဖတ်နိုင်သွားတယ်ထင်ပါ့။ သူဟာ အရောင်း၀န်ထမ်းကို ကတ်တစ်ကတ်ပေးလိုက်တယ်။ “ဒီမှာ ဒီဟာ”

ချက်ချင်းပဲ အကြပ်အတည်းထဲ ရောက်နေတဲ့ နန်ကောဟာ ထပ်ပြီးမော့ကြည့်လာတယ်။ သူမခေါင်းပေါ်က ဆံပင်တစ်မွှေးဟာ ချက်ချင်းထောင်မတ်သွားတယ်။

သူမက အံ့ဩတကြီးနဲ့ လှည့်လိုက်ပြီး “ရှင် ၀ယ်မလို့လား”

“အင်း”

“ရှင် ကြိုက်တာလား”

အမှန်ကတော့ ရှန်ရန်ချင်းဟာ နက်ကတိုင်ကို သေချာတောင် ကြည့်မိတာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ သူမရဲ့ အံ့ဩနေတဲ့ မျက်၀န်းတွေနဲ့ ဆုံလိုက်ရတဲ့အခါမှာတော့ သူဟာ ခေါင်းညိတ်လိုက်တယ်။ “အင်း ကိုယ်အရမ်းကြိုက်တယ်”

ဒါကို လိမ်တယ်လို့တော့ သတ်မှတ်လို့ မရဘူး။

သူမသာ ကြိုက်တယ်ဆိုရင် သူ မမုန်းပါဘူး။

နက်ကတိုင်ကို ၀ယ်ပြီးတော့ နန်ကောဟာ ရှန်ရန်ချင်းနဲ့အတူ အလင်းအလျင်နဲ့ ထွက်ပြေးလာတယ်။

သူမမှာ အခု ငွေရေးကြေးရေးကြပ်တည်းနေပြီ။ သူမ ကျန်တဲ့ပိုက်ဆံတွေကို ကားအသစ်၀ယ်ဖို့ စုထားရမယ်။

သူမသာ ဆက်ပြီးဈေး၀ယ်ထွက်နေမယ်ဆိုရင် သူမရဲ့ ကျန်တဲ့လစာတွေ မကုန်ဘဲ ဘေးကင်းကင်းနဲ့ ဒီနေရာကနေ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

သူတို့နှစ်ယောက် ဆိုင်ထဲက ထွက်လာတော့ ရှန်ရန်ချင်းဟာ သူမကို ဆက်ပြီးဈေး၀ယ်ထွက်ချင်သေးလားလို့ မေးတယ်။

နန်ကောဟာ ဗိုက်နည်းနည်းဆာနေပြီဖြစ်ပြီး အပေါ်ထပ်မှာ ဆူရှီသွားစားချင်တယ်။ ဒီတော့ သူမက မေးလိုက်တယ်။ “ရှင်ဗိုက်ဆာလား ကျွန်မ ရှင်ကို ၀ယ်ကျွေးရမလား”

အခုလေးတင် ထမင်းစားပြီးခဲ့ပြီဖြစ်တဲ့ ရှန်ရန်ချင်းက ပြောတယ်။ “ရတယ်လေ”

“ရှင် ဘာစားချင်လဲ”

“အပေါ်ထပ်က ဆူရှီဆိုင်က ကောင်းတယ် ရှင်အဆင်ပြေလား”

သူက ပြုံးပြပြီး “ဒါပေါ့”

_____

အပြင်ဘက်မှာတော့ လက်ထောက်ယွမ်ခမျာ ကားပြတင်းပေါက်ကို မှီပြီး လက်ထဲမှာ ဖုန်းတစ်လုံးနဲ့ ရှန်ရန်ချင်းဆီ စာတွေ ပို့နေရှာတယ်။

[ဥက္ကဌရှန်]

[ဥက္ကဌရှန် မင်းမှာ လက်မှတ်ထိုးပေးရမယ့် စာရွက်စာတမ်းတစ်စုံရှိတယ်။ သူတို့ မင်းကို လောနေပြီ!]

[ဥက္ကဌရှန်တစ်နာရီကြာနေပြီ။ ဟယ်လို]

ဒရိုင်ဘာကောင်းဟာ သန်းလိုက်တယ်။ သူဟာ ကားကို မှီပြီး မေးလာတယ်။ “ဘယ်လိုလဲ ဥက္ကဌရှန် စာပြန်လား”

“ဟင့်အင်း” လက်ထောက်ယွမ်ဟာ စာပို့နေရင်းနဲ့ပဲ ဖြေတယ်။ “တစ်ချို့လူတွေဟာ တရား၀င်ချိန်းတောင် မချိန်းတွေ့ရသေးခင်မှာဘဲ ဘယ်လိုအဆက်အသွယ်ဖြတ်ရမလဲဆိုတာ သင်ယူတတ်နေပြီ”

ကောင်းဟာ ရယ်ပြီး ပြောတယ်။ “ဟားဟားဟား ငါတော့ နားလည်နိုင်ပါတယ် ဒါက ဥက္ကဌရှန်ရဲ့ ပထမဆုံးအကြိမ်ပဲဟာ”

လက်ထောက်ယွမ် သက်ပြင်းချပြီး “ချိန်းတွေ့တာနဲ့ ပတ်သတ်ရင် မသေမျိုးတွေကလည်း ငါတို့သာမန်လူတွေနဲ့ ဘာမှမကွာဘူးဘဲ”

သူစကားဆုံးတာနဲ့ မက်ဆေ့ခ်ျတစ်စောင်ဟာ ရုတ်တရက် စခရင်အောက်နားမှာ ၀င်လာတယ်။ [ငါစားနေတယ် စောင့်ဦး]

ဒီစကားလုံးတွေကို ကြည့်ပြီး လက်ထောက်ယွမ်ရဲ့ မျက်လုံးတွေဟာ ကျဉ်းမြောင်းသွားကာ သူအမြင်များမှားသလားလို့ ထင်သွားတယ်။

[မင်းစားပြီးပြီမဟုတ်ဘူးလား]

တစ်မိနစ်ကြာတော့ သူက ပြောတယ်: [ငါ ဗိုက်ဆာလို့]

လက်ထောက်ယွမ် “.....”

စစချင်းမှာ ရှန်ရန်ချင်းခမျာ တူကို သိပ်တောင် မထိပါဘူး။ ဒါပေမဲ့ ပင်ကွင်းပေါက်ဟာ အရမ်းကို စိတ်အားထက်သန်လွန်းနေတယ်။

နန်ကောတစ်ယောက် အရသာရှိတဲ့တစ်ခုခုကို မြည်းပြီးတဲ့အချိန်တိုင်း သူ့ကိုလည်း စားကြည့်ဖို့ အကြံပြုတယ်။ “ဒါကို စားကြည့် အရသာရှိတယ်!”

“ဟုတ်ပါပြီ”

“အဲဒါလည်း ကောင်းတယ်” “အဲဒီတစ်ခုလည်း မဆိုးဘူး”

“ဒါလေးလည်း စားကြည့်ဦး”

နာရီ၀က်ကြာပြီးတဲ့အခါ နောက်ဆုံးတော့ နန်ကောဟာ စားသောက်လို့ ပြီးသွားတယ်။ ရှန်ရန်ချင်းဟာ ဖြည်းဖြည်းချင်း စိတ်သက်သာရာရတဲ့ သက်ပြင်းတစ်ချက်ကို ရှူထုတ်လိုက်တယ်။

သူမ ပိုက်ဆံရှင်းတော့မှာကို မြင်တဲ့အခါ ရှန်ရန်ချင်းဟာ အသိပြန်၀င်သွားပြီး အရင်မတ်တပ်ထရပ်လိုက်တယ်။

“ကိုယ် ရှင်း...”

“ရှင်ပြောတော့ ကျွန်မကျွေးဆို!” နန်ကောဟာ ဖုန်းကို လော့ဖြည်ပြီး ကတ်ကိုင်ထားတဲ့ သူ့လက်ကို သူမရဲ့ ခေါင်းနဲ့ ကာထားတယ်။ “ဘေးဖယ်ပါ”

_____

မောလ်ရဲ့အ၀မှာတော့ ရှန်ရန်ချင်းဟာ သူမကို ပြန်လိုက်ပို့ပေးမယ်လို့ ‌ကမ်းလှမ်းတယ်။

နန်ကောဟာ ခေါင်းငုံ့ပြီး သူမအစ်ကိုကို စာပြန်လိုက်တယ်။ သူမက ခေါင်းခါပြီး “မလိုပါဘူး မလိုပါဘူး ရှင် အရင်သွားလို့ရတယ် လက်ထောက်ယွမ် ရှင့်ကို စာတွေ ပို့နေတာမဟုတ်ဘူးလား”

“ပြီးတော့ ကျွန်မအစ်ကိုကို သွားတွေ့မလို့ အဲဒါက လမ်းမကြုံဘူး ကျွန်မကို လာကြိုမယ့်လူရှိတယ်”

ရှန်ရန်ချင်းဟာ အဲဒါကို တွေးလိုက်ပြီး ပြန်ပြောတယ်။ “ကောင်းပါပြီ”

“အဲဒါဆို နောက်မှ တွေ့ကြမယ်နော်...”

“ဟို အခုလေးတင် မင်းပြောလိုက်တာက...”

++++++

All Chapters