← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

Chapter 39 သူမနှလုံးသားထဲက အချက်ပြမှု။

နှစ်ယောက်လုံးဟာ ပြိုင်တူစကားပြောမိသွားပြီး အံ့ဩသွားကြတယ်။

ရှန်ရန်ချင်းက အရင်တုံ့ပြန်တယ်။ “မင်း အရင်ပြောပါ”

“.....” နန်ကောဟာ ရုတ်တရက် နှောင့်ယှက်ခံလိုက်ရတာမို့ သူမရင်ထဲ ဖောင်းပွနေတဲ့ ပူဖောင်းသေးသေးလေးဟာ ချက်ချင်းပဲ ပေါက်ကွဲသွားရတယ်။

သူမဟာ အိတ်ကို ပိုက်ထားပြီး လက်ချောင်းတွေကိုလည်း စိုးစိုးထိတ်ထိတ်နဲ့ အိတ်ထောင့်ထဲ နစ်၀င်နေတဲ့အထိ ကုတ်ကိုင်ထားမိတယ်။ အသံတောင် မထွက်ရဲရှာဘူး။

ဒါကို မြင်တော့ ရှန်ရန်ချင်းဟာ တွေးတောငဲ့ညှာပေးပြီး “အဲဒါဆိုလည်း မင်း အဆင်သင့်ဖြစ်တော့မှ ကိုယ့်ကို ပြောလို့ ရပါတယ်”

နန်ကောဟာ နှုတ်ခမ်းကို ဖိလိုက်ပေမဲ့ ဘာမှတော့ ပြန်မဖြေဘူး။

ဒါကြောင့် ရှန်ရန်ချင်းဟာ သူမကို လောတာမျိုး ရပ်ပြီး တိတ်တဆိတ်ပဲ သူမကို စောင့်ပေးတယ်။

သိပ်မဝေးတဲ့ လမ်းတစ်ဖက်ခြမ်းမှာတော့ Rolls Royce တစ်စီးရဲ့ ပြတင်းပေါက်ဟာ အသာလေးလိမ့်ကျသွားတယ်။ လက်ထောက်ယွမ်ဟာ မျက်လုံးတွေကို မှေးပြီး အ၀င်၀နားက လူနှစ်ယောက်ကို ကြည့်နေတယ်။

“ဥက္ကဌရှန်နဲ့ မိန်းကလေးနန်ကော ဘာရပ်လုပ်နေတာလဲ”

“စကားပြောနေကြတဲ့ပုံလည်း မပေါ်ပါဘူး...”

ကောင်းဟာလည်း ခေါင်းကို ပြူထွက်လိုက်ပြီး “သူတို့ စကားပြောမနေဘူးဆိုတာ မင်း အဝေးကနေ မြင်ရတယ်ပေါ့”

“ပါးစပ်လှုပ်မလှုပ်ကိုဘဲ ကြည့်ရမယ်လို့ မင်းကို ဘယ်သူပြောလဲ လေထုကို ကြည့်လေ”

ကောင်းဟာ နားမလည်ဘူး။ ဒါပေမဲ့ သူ သေသေချာချာ ထပ်ကြည့်လိုက်တဲ့အခါမှာ သူနဲ့ ဆန့်ကျင်ဘက်က လူနှစ်ယောက်ဟာ တကယ်လည်း ဆက်သွယ်ပြောဆိုနေကြပုံမပေါ်ဘူး။ ရှန်ရန်ချင်းဟာ မျက်လွှာချပြီး နန်ကောကို ကြည့်နေတယ်။ နန်ကောဟာတော့ ခေါင်းငုံ့ထားပြီး မြေကြီးမှာ ကပ်ထားသလိုမျိုး တစ်စက်လေးမှ မလှုပ်ဘူး။

“နည်းနည်းတော့ ကြောင်တောင်တောင်နိုင်တယ်”

“ဟုတ်တယ်မလား” လက်ထောက်ယွမ်ဟာ သက်ပြင်းချပြီး ဘေးက သူ့ရဲ့အ၀တ်တွေကို ယူ၀တ်လိုက်တယ်။

သူလုပ်နေပုံကို မြင်တော့ ကောင်းဟာ နားမလည်ဖြစ်သွားပြီး “မင်း ဘယ်သွားမလို့လဲ”

“ဆိုရိုးစကားအရဆိုရင် ဆုငွေဆိုတာ ကြိုတင်ပြင်ဆင်ထားတဲ့လူတွေကပဲ လက်၀ယ်ပိုင်ဆိုင်နိုင်တယ်တဲ့”

“အခုအခြေအနေက ငါတစ်ခုခုလုပ်ဖို့ လိုနေပြီ!'

ဥက္ကဌရှန်ရန်ချင်းဟာ သူ့ကို လုံး၀ကျေးဇူးတင်မိသွားလိမ့်မယ်။

သူဟာ ယုံကြည်ချက်အပြည့်နဲ့ တံခါးကို တွန်းဖွင့်လိုက်ပြီး “ 'အချစ်နည်းပြ” ဆိုတာ ဘာလဲဆိုတာ ငါ မင်းကို ပြမယ်”

“အခေါ်အဝေါ်ကောင်းလေးပဲ ယွမ်”

“ဟူး မင်း ဒါတွေကို အချိန်တစ်ခုကြာရင် နေသားကျသွားပါလိမ့်မယ်”

“ငါ လက်ထောက်ဘယ်လိုဖြစ်လာတယ်ထင်လို့လဲ”

“.....”

_____

တစ်မိနစ်ပြီး တစ်မိနစ် အချိန်တွေ ကုန်လွန်သွားတယ်။ သွားလာလှုပ်ရှားနေတဲ့ လူတွေဟာလည်း တစ်ချက်တစ်ချက် ကြည့်ကြည့်သွားကြတယ်။

နန်ကောဟာ အချိန်အကြာကြီး ဘာမှ မပြောဘူး။ ရှန်ရန်ချင်းဟာလည်း စိတ်ရှည်ရှာတယ်။ သူဟာ တစ်ချိန်လုံး အသံမထွက်ဘဲ တစ်ဖက်မှာ ငြိမ်ငြိမ်လေးရပ်နေခဲ့ပြီး တိတ်တိတ်လေး လေကို ကာပေးထားတယ်။

သူမ စက္ကူအိတ်မှာ အပေါက်ဖောက်မိသွားတဲ့အထိ ဒီအတိုင်းကြီး တောက်လျှောက်ဖြစ်နေခဲ့တယ်။ နန်ကောဟာ ခပ်လှမ်းလှမ်းမှာ ဆော့နေကြတဲ့ ကလေးတွေရဲ့ အသံကြောင့် အာရုံပြောင်းသွားတယ်။

သူမရဲ့ သတ္တိတွေကို ပြန်စုပြီး သူမဟာ မော့ကြည့်တယ်။ “ကျွန်မ...”

“ဥက္ကဌရှန်!”

နန်‌ကောဟာ နည်းနည်းလန့်သွားတယ်။ တရွရွနဲ့ သူတို့ဆီကို ပြေးလာတဲ့ လက်ထောက်ယွမ်ကို သူမ လှည့်ကြည့်လိုက်တယ်။

“လက်ထောက်ယွမ်” သူမ သူ့ကို နှုတ်ဆက်လိုက်တယ်။

လက်ထောက်ယွမ်ကလည်း အလိုလို သူ့လက်ကို မြှောက်ပြပြီး “မင်္ဂလာပါ”

ရှန်ရန်ချင်းဟာ မျက်မှောင်အနည်းငယ်ကျုံ့ပြီး အသံလာရာကို ကြည့်လိုက်တယ်။

လှမ်းကြည့်တဲ့ အကြည့်လေးတစ်ချက်နဲ့အတူ လက်ထောက်ယွမ်ရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ အပြုံးလေးဟာ ပျောက်ကွယ်သွားရတယ်။ သူဟာ လက်ကို မြှောက်ကာ သူ့မျက်နှာကို ပွတ်ချလိုက်ပြီး လေကြောင့် ရှုပ်ပွနေတဲ့ သူ့ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ပြန်ဖီးလိုက်တယ်။

နောက်ချက်ချင်းပဲ သူဟာ ဘယ်သူ့ကိုမှ မတွေ့ခဲ့သလို ဟန်ဆောင်ပြီး လာရာလမ်းအတိုင်း ပြန်လှည့်ထွက်သွားတယ်။

နန်ကောဟာ မြေပေါ်မှာ ရပ်နေရင်းနဲ့ပဲ အံ့ဩသွားတယ်။

ဘာဖြစ်သွားတာလဲဟ

ရှန်ရန်ချင်းရဲ့ အကြည့်ဟာ လေကြောင့် ရဲနေပြီဖြစ်တဲ့ နန်ကောရဲ့ လက်တွေဆီ ရောက်သွားတယ်။ သူက ‌အကြံပေးတယ်။ “အပြင်မှာ အရမ်းအေးနေပြီ မင်း ထိုင်ပြီး စကားပြောချင်တယ်ဆို တခြားတစ်နေရာရာကို သွားရအောင်”

“မလိုပါဘူး”

လက်ထောက်ယွမ်ဟာ ရှန်ရန်ချင်းကို အလောတကြီး လာခေါ်တာလို့ နန်ကောထင်တယ်။

အသက်ကို ပြင်းပြင်းရှူလိုက်တဲ့အခါ သူမရင်ထဲက ပေါက်ကွဲသွားတဲ့ ပူဖောင်းလေးဟာ ပြန်ဖောင်းပွလာပြီး လေထဲ ယိမ်းနွဲ့နေတယ်။

ဒီတစ်ချိန်မှာတော့ ‌‌ပင်ကွင်းပေါက်ဟာ ရဲရင့်သွားပြီ။ “ဘာမှ အရေးကြီးတာတော့ မဟုတ်ပါဘူး ကျွန်မမေးချင်တာက ရှင် ၀န်ထမ်းကို 'ကျွန်တော်က သူ့ကောင်လေးမဟုတ်သေးဘူး' လို့ ပြောတုန်းက ရှင် တစ်လုံးကို မတော်တဆများ ပိုပြောမိတာလား”

မေးပြီးခါမှ သူမဟာ ရုတ်တရက် ရှက်လာပြီး ထွက်ပြေးချင်စိတ်ပေါက်သွားတယ်! ဒါပေမဲ့ ရှန်ရန်ချင်းဟာ သူမကို အခွင့်အရေးတောင် မပေးဘူး။

သူတို့သာ တယ်လီပသီရှိနေခဲ့ရင် သူဟာ စာရွက်တစ်ရွက်ကို ကြိုပေးပြီး အဖြေကို အရင်ပေးလိမ့်ယ်။ “အဲဒီစကားနဲ့ ပတ်သတ်ပြီး ကိုယ်ဆိုလိုချင်တာက...”

“အနာဂတ်မှာ ဒီလိုအခွင့်မျိုး ရနိုင်ဖို့ ကိုယ်မျှော်လင့်နေတာပါ”

ချက်ချင်းလက်ငင်းပဲ သူမရင်ထဲက ပန်းရောင်ပူဖောင်းသေးသေးလေးဟာ ပေါက်ကွဲထွက်သွားတယ်။

ဖောင်း...

အဲဒါဟာ ပင်ကွင်းပေါက်နှလုံးသားထဲက အချက်ပြုမှုလေးဖြစ်နေခဲ့တာ။

_____

“ဟယ်လို”

“ဘာတွေတွေးနေတာလဲ”

သူတို့ကားထဲရောက်ကတည်းက နန်ကောဟာ အရှေ့က ခရီးသည်ခုံမှာ ထိုင်ပြီး ငူငူငိုင်ငိုင်ကြီးဖြစ်နေတာ။

နန်ကျဲ့ဟာ သူမရှေ့ လက်ဝှေ့ယမ်းပြပြီး မျက်မှောင်ကြုတ်မေးတယ်။ “၅မီလီယံထီများ ပေါက်လို့လား”

“.....” နန်ကောဟာ အသာချောင်းဟန့်ပြီး တည်ငြိမ်တဲ့ဟန် ဆောင်ပြီး မေးတယ်။ “နင်ပြောတော့ ငါ့ကို လာခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်ဆို နင့်မှာ အချိန်မရှိဘူးလို့ ငါထင်နေတာ”

“အခု ရှိတယ်လေ”

အမှန်ကတော့ အစက နန်ကျဲ့ဟာ အလုပ်ရှုပ်နေတယ်ဆိုတာ အမှန်ပဲ။ သူဟာ အစကတည်းက သူ့သူငယ်ချင်းကို နန်ကောကို တစ်ချက်သွားခေါ်ပေးဖို့ ပြောမလို့ဘဲ။

ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တော့ သူ့သူငယ်ချင်းဟာ လူလွတ်တစ်ယောက်ဖြစ်နေတယ်။ နန်ကျဲ့ဟာ နန်ကောကို သူ့သူငယ်ချင်း ကြွေသွားမှာမျိုး မလိုလားဘူး။

ဒီတော့ အစက သူတစ်ယောက်ယောက်ကို အကူအညီတောင်းမလို့ပါဘဲ။ ဒါပေမဲ့ ရှာကြည့်လိုက်တော့ ယောက်ျားလေးသူငယ်ချင်းတစ်ကောင်မှ မယုံရတာကို သူ သဘောပေါက်သွားတယ်။

ပုံမှန်ဆို မျက်စိပသာဒဖြစ်စေတဲ့ သူ့သူငယ်ချင်းတွေအားလုံးဟာ မြေခွေးတွေ၊ကျားတွေ၊ကျားသစ်ချည်းတွေပဲ!

အဲဒီကောင်တွေကို ဘယ်လိုလုပ်များ နန်ကောကို စိတ်ဖြောင့်ဖြောင့်နဲ့ ဂရုစိုက်ခိုင်းနိုင်မှာလဲ

သေချာပေါက် မဖြစ်ဘူး‌လေ!

ဒါကြောင့် သူ့ကိုယ်တိုင်ပဲ လာလိုက်တော့တာ။

“ဘယ်မှာလဲ ငါ့လက်ဆောင်” နန်ကျဲ့ဟာ သူမဆီ လက်ဖြန့်လိုက်တယ်။

“အော် ဒီမှာ”

နန်ကောဟာ အိတ်ကို ကမ်းပေးလိုက်တယ်။

အိတ်အပေါ်က တံဆိပ်ကို မြင်တဲ့အခါ နန်ကျဲ့ဟာ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး နောက်ဆုံးတော့ ပြုံးလိုက်တယ်။

မီးနီနေတဲ့အချိန် သူဟာ အိတ်ကို စိတ်အားထက်ထက်သန်သန်နဲ့ ဖွင့်ကြည့်လိုက်တယ်။

နန်ကောဟာ မေးထောက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေတယ်။ သူမစိတ်ထဲ ရှုပ်ရှက်ခက်နေတယ်။ ရှန်ရန်ချင်းရဲ့ စကားတွေဟာ ပေါလောပေါ်နေတဲ့ ကျည်ဆန်မှတ်ချက်တွေလိုပဲ။

သူမတွေးနေတဲ့အချိန် သူမဘေးမှာရှိတဲ့ ဒရိုင်ဘာခုံကနေ အံ့အားသင့်ပြီး ထအော်သံကို ကြားလိုက်ရတယ်။ “နန်ရော့ရော့!”

“ဟမ်” ပထမဆုံးအနေနဲ့ သူမအစ်ကိုဟာ ဆူညံတယ်လို့ သူမတွေးမိသွားပြီး လှည့်ကြည့်လိုက်တယ်။ “ဘာတုန်း”

နန်ကျဲ့ဟာ နက်ကတိုင်ကို ကိုင်ပြီး အတောက်ပဆုံးပြုံးနေတယ်။ “ငါ တကယ်ပဲ နင့်ကို အလကားသက်သက် အချစ်တွေပေးခဲ့တာ မဟုတ်ဘူး”

နန်ကောဟာ တစ်ခုခုမှားနေတယ်လို့ ယောင်ဝါးဝါးခံစားမိလိုက်တယ်။ သူမက ဒေါ်လာ၅၀၀၀ သုံးခဲ့တာမို့ ဈေးမပေါဘူးလေ။ ဒီတော့ သူပျော်နေတယ်ဆိုတာက ဖြစ်သင့်ပါတယ်။

ဒါပေမဲ့...ဘာလို့ သူမအစ်ကိုလက်ထဲက အနက်ရောင်နက်ကတိုင်ဟာ ရှန်ရန်ချင်းဟာနဲ့ အရမ်းဆင်နေရတာလဲ

“ဒီကောင်က ဈေးမပေါဘူးဟုတ်” နန်ကျဲ့ဟာ ဘောင်ချာကို ကြည့်လိုက်ပြီး “အိုး ၉၈၀၀ဒေါ်လာ နင်က တကယ်ကို တစ်ခုခုပဲ နန်ရော့ရော့!”

“အစကပြောတော့ ဒေါ်လာ၄၀၀တန်ပဲ ၀ယ်ပေးမယ်ဆိုပြီး နင်လိမ်နေတယ်ဆိုတာ ငါသိသားပဲ! နင် ငါ့ကို စပရိုက်တိုက်ချင်တာ ဟုတ်တယ်မလား!”

“ငါအိတ်ကို မြင်တော့ နင် ဒီတိုင်း ဈေးအပေါဆုံးတစ်ခုကိုပဲ ၀ယ်လာတယ်လို့ ငါတွေးလိုက်တာ”

“ဒါပေါ့ နင်ဘာ၀ယ်ပေးပေး ငါကြိုက်ပါတယ် ပိုက်ဆံက အကြောင်းမဟုတ်ဘူး”

“နင့်အတွက် ငါက အဲဒီလောက်တောင် အရေးပါမှန်း ငါမသိခဲ့ရုံပါ”

“၉၈၀၀ဒေါ်လာ ကျစ် ကျစ် ကျစ်”

“.....”

နန်ကောရဲ့ ခေါင်းထဲ တဝီဝီမြည်နေပြီ။ သူမ ဂရုတစိုက်နဲ့ ပြန်စဉ်းစားလိုက်တယ်။ သူမတို့ ဆိုင်မှာ ကိုယ့်အိတ်ကိုယ် ယူပြီး ထွက်လာတာပါ။ ဒါပေမဲ့ သူတို့ လမ်းတစ်၀က်မှာ စားဖို့ ဆိုင်ထိုင်လိုက်ကြတယ်။

အဲဒီအချိန်တုန်းက အိတ်တွေကို အတူတူထားထားတာ။

ပိုဆိုးတာက နက်ကတိုင်တွေဟာ တံဆိပ်အတူတူပဲ ဖြစ်တာမို့ ပါကင်ကလည်း အတူတူဖြစ်နေတာပဲ။

သူမ မှားယူလာတာ ဖြစ်ရမယ်။

ဒီအကြောင်းကို တွေးမိတော့ နန်ကောဟာ စိတ်ရှုပ်သွားတယ်။ သူမက ရှင်းပြချင်တယ်။ ဒါပေမဲ့ သူမမော့ပြီး သူမအစ်ကိုမျက်နှာပေါ်က ပျော်လွန်းလို့ ကျလာတဲ့ မျက်ရည်စက်တို့ကို မြင်တဲ့အခါ မရှင်းပြဖို့ကိုဘဲ ဆုံးဖြတ်လိုက်တယ်။

_____

အဲဒီညက နန်ကောဟာ ဆိုင်ကို ပြန်သွားလိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမ၀ယ်တုန်းက အရောင်း၀န်ထမ်းက ရှိနေသေးတယ်။

“ဆိုင်မှာ နေ့လည်က ကျွန်မကို ပြတဲ့ အနက်ရောင်နက်ကတိုင် ရှိသေးလား ကျွန်မနောက်တစ်ခုထပ်၀ယ်ချင်လို့”

“အဲဒါက နောက်ဆုံးတစ်ခုပါ”

“ဘာလို့ အခြားပုံစံလေးတွေကိုရော မကြည့်တာပါလဲ ဒီတစ်ခုဆိုရင်ရော ဒါကလည်း ‌မော်ဒယ်အသစ်ပါပဲ အဲဒီတစ်ခုနဲ့ အရမ်းဆင်တယ်”

နန်ကောဟာ အဲဒါလေးကို သဘောကျသွားတယ်။ “ဒါက ဘယ်လောက်လဲ”

“ဒီတစ်ခုက ပိုပြီး အသေးစိတ်ကျတာမို့ မင်းနေ့လည်က တွေ့ခဲ့တဲ့ဟာထက် နည်းနည်းလေး ဈေးပိုများပါတယ်”

“နည်းနည်းလေးဆိုတာ ဘယ်လောက်လဲ”

“ဒေါ်လာ၃၀၀၀ပါ”

နန်ကောခမျာ ဆွံ့အသွားရတယ်။ ၉၈၀၀ဒေါ်လာ အပေါင်း ဒေါ်လာ၃၀၀၀‌ပေါ့လေ။ သူမ ရုတ်တရက် မူးဝေသွားသလို ခံစားလာရတယ်။

++++++

All Chapters