← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

Ch 41 အမျိုးသမီးများကြား ကျော်ကြားခြင်း

“.....”

အမျိုးသမီးက ပါးစပ်ဟကာ သမ်းနေခဲ့ပြီး အိပ်ပျော်ရာမှ နိုးလာတယ်။

“နင် ဘာပြောမလို့လဲ”

သူက ရှန်ရန်ချင်းကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပြီး မယုံကြည်ဟန်နဲ့ ပြောလာတယ်။

“နင်က ငါသိတဲ့ ရှန်ရန်ချင်းရော ဟုတ်သေးရဲ့လား”

သူမ မှတ်ဉာဏ်ထဲရှိ ရန်ရှန်ချင်းက ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ပြောလေ့မရှိခဲ့ဘူး။

အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှန်ရန်ချင်းက သူ့ကို ပြော‌မနေခဲ့ဘူး။ သူက ခေါင်းငုံ့လိုက်ပြီး သူ့အိတ်ကပ်ထဲက ဖုန်းကိုပဲ အာရုံစိုက်နေခဲ့တယ်။

သူ လော့ခ်ဖြေလိုက်ချိန်မှာ တစ်ခုခုကို တွေးမိပုံရကာ နောက်တစ်ကြိမ် မော့ကြည့်လိုက်တယ်။

“မင်း သူ့ကို ဘာမှမပြောလိုက်ဘူးမလား”

အမျိုးသမီးက အကြံအိုက်သွားတယ်။

“နင် ဘာကို ပြောချင်နေတာလဲ”

ရှန်ရန်ချင်းက သူမ နဲ့ ပိုရင်းနှီးတာကြောင့် သူ့မရဲ့ အကြောင်းတွေကို ပိုပြီးသိနေတယ်။

ဒါကြောင့်ပဲ သူမ တစ်ခုခုကို ပြောလိုက်ပြီး နန်ကောကို မပျော်မရွှင်‌ဖြစ်စေမှာကို စိုးရိမ်မိတယ်။

“သူမက ငယ်သေးပြီး ထိရှလွယ်တယ်။ သူမက မင်း မရည်ရွယ်ဘဲ ပြောလိုက်တဲ့စကားအပေါ် အချိန်အကြာကြီး မှတ်မိပြီး တွေးနေမိမှာ”

အမျိုးသမီးက လက်ဆန့်ထုတ်ပြီး ရိုက်လိုက်ကာ သူပြောတာက

ရိုင်းလွန်းတယ်လို့ ခံစားရတယ်။

“ငါက ဘယ်လိုတွေ ပြောခဲ့လို့လဲ”

“လူတိုင်းက မင်းလို မဟုတ်ဘူး။ မင်းက အခြားသူတွေရဲ့ စကားကြောင့် ရင်ထဲထိ နာကျင်ခံစားတတ်သူ မဟုတ်ဘူး”

“......”သူက သူမကို ချီးကျူးနေတာလားဟ။

“ဒါကြောင့် မင်း အခုလေးတင် သူမကို မသင့်တော်တဲ့ စကားပြောမိလားဆိုတာ သေချာစဉ်းစား”

“နင် ဘာတွေ ထိတ်လန့်နေတာလဲ”

သူမ ဆီက ဘာတစ်ခုမှ မသိနိုင်တာ သေချာတော့ သူ့ဘေးကအိတ်ကို ဆွဲယူလိုက်ရင်း တစ်ဖက်ကို လျှောက်သွားလိုက်တယ်။

“ဒီညတော့ ဒီ‌မှာနေလိုက်။ မနက်ဖြန် မနက်ပိုင်း တစ်ယောက်ယောက်ကို ဟိုတယ်ပြင်ဖို့ ပြောလိုက်ပြီး ကားနဲ့မင်းကို လိုက်ပို့ခိုင်းလိုက်မယ်”

“နင် ဘယ်သွားမလို့လဲ”

“ရုံးကို ပြန်သွားမလို့”

___________________

နန်ကော ရေချိုးပြီးသွားတော့ စုဟွေးက အိပ်ရာပေါ်က သူမ ဖုန်းကမြည်နေတယ်လို့ ပြောခဲ့တယ်။

နန်ကောက သူမ ဆံပင်ကို သုတ်လိုက်ပြီး အပေါ်တက်က တစ်ချက်ကြည့်လိုက်တယ်။

ဝီချက်ပေါ်မှာ ရှန်ရန်ချင်းက သူမကို မက်ဆေ့ခ်ျ ငါးစောင်၊ ခြောက်စောင်လောက် ပို့ထားတယ်။

နောက်ဆုံးမက်ဆေ့ခ်ျက လွန်ခဲ့တဲ့ ငါးမိနစ်လောက်က ပို့ထားခဲ့တာ။

ရှန်:[မင်းကျောင်းမှာလား ဆိုင်မှာလား]

[ကိုယ်ကျောင်းဘက်ကို လာနေတယ်။ မင်း ပြီးပြီလား]

ရှန်:[ကိုယ် မင်းကျောင်းနားကို ဆယ်မိနစ်နေရင် ရောက်ပြီ ကိုယ့်ကို လာတွေ့ဖို့ မင်းအတွက် အဆင်ပြေရဲ့လား]

အောက်ဆုံးက ပြူးထွက်နေတဲ့ မက်ဆေ့ခ်ျကိုမြင်တော့ နန်ကော သူမ ဆံပင်ကို အခြောက်ခံနေတာကို ရပ်လိုက်တယ်။

နောက်မိနစ် အနည်းငယ်ကြာတော့ ရှန်ရန်ချင်းက တောင်းဆို လာတယ်။

[ကျေးဇူးပြုပြီး]

သူမ လက်ချောင်းတွေက တုန်ယင်နေခဲ့တယ်။ နောက်ဆုံးမှာ သူမက ငြင်းလိုက်မဲ့အစား အိုကေကို ပြောင်းလိုက်တယ်။

ကားထဲမှာ သူမ ပြန်စာကို မြင်တော့ ရှန်ရန်ချင်းက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တယ်။

ကွမ်က ကားမောင်းနေဆဲ ဖြစ်ပြီး သူက ကားနောက်ခုံမှာ တစ်ယောက်တည်း ထိုင်နေကာ သူ့ဘေးနားရှိ ခုံပေါ်က အိတ်ကို ငုံ့ကြည့်လိုက်တယ်။

နေ့ခင်းဘက် သူအဲဒါကို ပြန်ယူခဲ့တည်းက ဖွင့်ကြည့်တာမျိုး မလုပ်ခဲ့ဘူး။

သူ မှားယူ လာမိတာများလား။

မိနစ်အနည်းငယ်ကြာတော့ သူ့လက်ထဲက ပန်းပွင့်ပုံစံကြိုးကို ကြည့်လိုက်ရင်း တိတ်တဆိတ် ပြန်ချလိုက်တယ်။

သူ တကယ်ပဲ ဒီအရောင်ပေါင်းစပ်မှုကို ဆွဲမထုတ်နိုင်‌ခဲ့ဘူး။

သူ့လည်စည်းကြိုးက ရိုးရိုးရှင်းရှင်းဖြစ်ပြီး ရင့်ကျက်ကာ ခပ်မှိန်မှိန် ဖြစ်နေတယ်။

ဒီအရောင်လိုမျိုး......

ဒါက သူ့အတွက် နည်းနည်းခက်ခဲတယ်။

______________

နန်ကောက အဆောင်မှူးကို ချော့နေလေတယ်။

“ကျွန်မ အပြင်ထွက်ပြီး ပစ္စည်းတစ်ခုယူမလို့ပါ။ မကြာခင်ပြန်လာမှာပါ ကျေးဇူးပြုပြီး အခုတံခါးဖွင့်ပေးပါနော်”

“ဟုတ်ပြီ ဟုတ်ပြီ အခုသွားတော့”

ဘယ်လိုကိစ္စဖြစ်ဖြစ် အားလပ်ရက်ရောက်ဖို့ နှစ်ရက်သာ လိုတော့တာမို့ အဆောင်မှုးကလည်း စိတ်ထဲ မထား‌တော့ဘူး။

နန်ကောက ပြုံးပြီး သဘောတူညီမှု ယူလိုက်တယ်။ သူမ အနားက ကုတ်ကို ခပ်တင်းတင်းဆွဲလိုက်ပြီး ပြေးထွက်သွားတယ်။

ဇန်နဝါရီလနှောင်းပိုင်းမို့ ညလေတွေက အတော်အေးတယ်။ နန်ကောက ရှန်ရန်ချင်းကို ကားမောင်းလာဖို့ ခွင့်ပြုမိတာကို နောင်တရသွား တယ်။

သူမက ဖိနပ်ပါးလေးနဲ့ ပြေးနေပြီး ရင်းနှီးနေတဲ့ ကားမီး‌ရောင်နဲ့ Rolls-Royceကားကို လူလုပ်ရေကန်နားမှာ တွေ့လိုက် ရတယ်။

သူမက အဝေးကကားနဲ့ ဆန့်ကျင်ဘက်ကို မှီနေတဲ့ အမျိုးသား ကို မြင်လိုက်ရတယ်။

နန်ကော သူမ ခြေလှမ်းတွေကို မြှင့်လိုက်တယ်။

“ဘာလို့ ကားထဲမှာ စောင့်မနေတာလဲ”

အသံကိုကြားလိုက်ရတော့ ကားရှေ့ရှိပုံရိပ်က မတ်မတ်ရပ်လာပြီး သူမကို လှည့်ကြည့်လာတယ်။

သူမက သူ့ရှေ့မှာ အရှိ‌န်လျော့ပြီး ရပ်လိုက်ကာ အသက်ပြင်း ပြင်းရှုနေခဲ့တယ်။ ရှန်ရန်ချင်းက သူမ လက်ဖျံကို ဆွဲဖို့ကို အခွင့်အရေးယူလိုက်ပြီး သူမကို ကူညီပေးလိုက်တယ်။

“ကိုယ်က မင်းကားကို မမြင်မှာစိုးလို့ ဆင်းစောင့်နေခဲ့တာ။ ဒါပေမဲ့ ကိုယ်ဆင်းလာပြီး မကြာဘူး။ မင်းရောက်လာတယ်လေ။ တကယ်တော့ မင်းကသာ အချိန်ပေးလိုက်ရတာလေ”

နန်ကောက သူမ လက်ကို ယမ်းလိုက်ပြီး စကားမပြောခင် နှစ်ကြိမ်လောက် သက်ပြင်းရှိုက်လိုက်ရတယ်။

“ကျွန်မက ရှင့်ကို တွေ့ချင်ခဲ့တာပဲလေ”

“ကျွန်မ အသက်ကြီးကြီး အမျိုးသမီးနဲ့ တိုးခဲ့တာ။ သူက ရှင် မရှိဘူး ပြောလို့ ပြန်လာခဲ့တာ”

ညအိပ်ဝတ်စုံနဲ့ အမျိုးသမီးကို မြင်လိုက်ရတော့ နန်ကောရဲ့ အသက်ရှုနှုန်းက မြန်လိုက်နှေးလိုက် ဖြစ်နေတယ်။

အချိန်ကြာကြာ လှုပ်ခါထားတဲ့ လိမ္မော်ရောင်ဆိုဒါလိုမျိုး ရုတ်တရက်ဖွင့်လိုက်တော့ ဂတ်စ်အရည်တွေက ပန်းထွက် လာသလို သူမ ရဲ့တုန်လှုပ်နေတဲ့ နှလုံးသားကို ခပ်တင်းတင်း ဆွဲညှစ်ထားတယ်။

ဘာကိုမှ မတွေးနိုင်တော့ဘဲ သူမ တဲ့တိုးမေးလိုက်တယ်။

“သူမက ရှင့်ကောင်မလေးလား”

ရှော့ရနေတဲ့ အလင်းတန်းတစ်ခု ရှန်ရန်ချင်းမျက်လုံးထဲ ဖြတ်သွား တယ်။

သူ့ကိုဖြတ်ပြီးတော့ ပင်ကွင်းပေါက်လေးက သူ့ကို ကြည့်နေရင်းကနေ သူမ အိတ်ကို ဆွဲယူလိုက်တယ်။ သူမ အမူအရာက ဗျာများနေပြီး သူ့ဆီက အဖြေရဖို့ ဘယ်လို လုပ်မှာကို ဆုံးဖြတ်နေမိတယ်။

“မဟုတ်ပါဘူး။ သူမက ကောင်မလေးမဟုတ်ဘူး”

ရှန်ရန်ချင်းက တုံ့ဆိုင်းနေတာမျိုး မရှိတော့ဘူး။

“သူမက မင်းကိုအဲဒီလိုပြောတာလား”

“အိုးးး ဟင့်အင်း သူမ မပြောပါဘူး”

နန်ကော သူမ ခေါင်းကို ခပ်ပြင်းပြင်းခါလိုက်ပြီး နူးနူးညံ့ညံ့ ပြောလိုက်တယ်။

“ခန့်မှန်းကြည့်တာပါ”

“မေးဖို့ မေ့နေတာ”

“ကျွန်မ အိမ်ကထွက်လာတော့ အဲဒီအကြောင်းကို တွေးနေသေးတာ။ တစ်ချိန်လုံး တွေးနေတာမို့ သူမ ကိုတောင် မမေးလိုက်ရဘူး”

အဆုံးမှာတော့ သူမ မေးခဲ့ပြီ မဟုတ်လား။

“ရှင့်အိမ်ရောက်တော့ သူမက ညအိပ်ဝတ်စုံဝတ်ထားတာလေ။ ကျွန်မလည်း သူက ဖြစ်နိုင်တယ်လို့‌တွေးခဲ့တာ”

“ဒီလို မဟုတ်ပါဘူး”

ဒီဟာက ရှန်ရန်ချင်းရဲ့ စိတ်ရှည်မှုကို ပျောက်သွားစေတာ ဖြစ်နိုင်တယ်။ သူက သူမကို ဆွဲခေါ်လိုက်ပြီး အမြန်ငြင်း လိုက်တယ်။

နန်ကောက အိတ်ကို တင်းတင်းဖက်ထားပြီး သူ့ကို နားမလည်စွာ ကြည့်နေတယ်။

“ဆောရီး ဒါက ကိုယ့်အမှားပါ”

“သွေးဆက်သွယ်ချက်အရဆို သူက ကိုယ့်ဝမ်းကွဲလေ။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တို့က တစ်နှစ်တည်းမှာ မွေးပြီး နှစ်ရက်ပဲကွာတယ်လေ”

“ကိုယ်တို့ ငယ်ကတည်းက မောင်နှမဆိုတော့ အချင်းချင်းရဲ့ လိပ်စာတွေရှိနေခဲ့တာ”

သူတို့ထဲက တစ်ယောက်က အကြီးဆုံးအစ်မကို အသက်ကြီးတယ်လို့ ပြောသင့်တယ်လို့ ခံစားမိတယ်။ တကယ်တော့ တစ်ဖက်ကလည်း အမျိုးသမီးက အဲဒီလောက်ကြီး အသက်မကြီးဘူးလို့ ခံစားလိုက်ရတယ်။ ဒါကြောင့် သူကလည်း သူမကို အစ်မလို့မခေါ်ခဲ့ ဘူး။

ရှန်ရန်ချင်းက တစ်ခဏလောက် ရပ်တန့်သွားတယ်။ ဒါကိုပြောပြီး နောက် နောက်မေးခွန်းတစ်ခုကို ဖြေရှင်းလိုက်တယ်။

“သူမ ဒီကိုမလာခင် ကိုယ့်ကို သတိမပေးထားခဲ့ဘူး”

“သူမက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ နိုင်ငံခြားက ပြန်လာတာ။

ပြီးတော့ ကိုယ်တို့အချင်းချင်းလည်း ဆက်သွယ်ခဲတယ်။ သူမက ရုတ်တရက် ပြန်လာခဲ့တာ။ ကိုယ် မင်းကို တွေ့ဖို့လာတော့မှ သူမ ရောက်နေမှန်း သိလိုက်ရတာ”

“သူက တဲ့တိုးပြောတတ်သူလေ။ တစ်ခါတလေ သူမက မပြောခင် စဉ်းစားလေ့ မရှိဘူး”

“ဆိုတော့ သူမ င်းကို ဆိုးရွားတာ တစ်ခုခုပြောခဲ့သေးလား”

ချမ်းသာတဲ့ မိသားစုကြောင့် သူ့ဝမ်းကွဲမှာ ဆိုးရွားတဲ့ ဒေါသရှိတယ်။ သူမ ကိုယ်သူမ မြင့်မြတ်တယ်တွေးပြီး လူတိုင်းကို နှိမ့်ချသလို ကြည့်လေ့ရှိတယ်။

“နိုး”နန်ကောက သူမ ခေါင်းကို ပလုတ်တုပ်လေးတစ်ခုလိုမျိုး ခါလိုက်တယ်။

ပင်ဂွင်းပေါက်ရဲ့အကျင့်အတိုင်း တွေးမိပြီး ရှန်ရန်ချင်းက စိုးရိမ်သွားတယ်။

“သူမ မဟုတ်တာကို ပြောမိရင် ကိုယ့်ကိုပြောနော်။ ကိုယ်သူ့ကို ပြန်တောင်းပန်ခိုင်းလိုက်မယ်”

နန်ကောက ပြောဖို့အတွက် စိတ်ဖိစီးစရာ မရှိဘူးလေ။ ဒါပေမဲ့ သူမ အထင်လွဲမိတာကို သေသေချာချာ ပြန်တွေးကြည့်မိတော့ ထိုအမျိုးသမီးက သူမကို ဆိုးရွားတဲ့စကားကို မပြောခဲ့သလိုပဲ။

“သူမ တကယ်မပြောခဲ့ပါဘူး။ ကျွန်မလည်း သူမ နဲ့ အကြာကြီး မပြောခဲ့ဘူးလေ။ သိပ်မကြာခင် ကျွန်မလည်း ပြေးထွက် လာခဲ့တာ”

“ဘာလို့ ပြေးရတာလဲ”

သူမက သူ့ကို ဒါကို မေးဖို့ မရည်ရွယ်ခဲ့ဘူး။ သူမက သူမ ရဲ့ ပန်းရောင်နှူတ်ခမ်းကို ထိလိုက်ပြီး ဖွင့်ဟလာတယ်။

“ကျွန်မအထင် ရှင် ချိန်းတွေ့နေတယ်လို့လေ။ အချိန်အကြာကြီး နှောင့်ယှက်မိတာက သိပ်မယဉ်ကျေးဘူးလေ”

“ကျွန်မအထင် ရှင်ကနည်းနည်း...” ပင်ဂွင်းပေါက်လေးက မလိမ်ဖူးရာ အချိန်အကြာကြီး ထိန်းလိုက်ပြီးနောက် သူမ အသေအချာ တွေးထားတဲ့ဟာကို ပြောလာတယ်။

“ရှင်က အမျိုးသမီးတွေကြား ရေပန်းစားတယ်လို့”

ရှန်ရန်ချင်း:”......”

******

All Chapters