← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

Ch 42 ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်စကားပြောခြင်း

ရှန်ရန်ချင်းက ဒီလိုမျိုး လွယ်ကူတဲ့ယောင်္ကျားအဖြစ် စွပ်စွဲခံရဖို့ကို ‌မမျှော်လင့်ခဲ့ဖူးဘူး။

ဒါပေမဲ့လည်း သေချာတွေးရင် ဒီကိစ္စက လွယ်လွယ်ကူကူ အထင် လွဲစေနိုင်တယ်လေ။

မကြာသေးခင်တုန်းက သူလည်း နန်ကောက ကောင်လေးရနေပြီလို့ အထင်လွဲခဲ့သေးတာပဲ။

အမျိုးသားကို ချစ်ရေးဆိုသူတစ်ယောက်အနေနဲ့ တွေးလို့ရပေမဲ့ သူတို့နှစ်ယောက်ကြားမှာ တရားဝင်ချပြထားတာမျိုး မဟုတ်ဘူးလေ။

အခုလိုမျိုး နန်ကောဘက်က အထင်လွဲရတာကိုလည်း သူ နားလည် နိုင်တယ်။

ဒီကိုလာတော့ သူက ကော်ရစ်ဒါရှိ စောင့်ကြည့်ရေးကင်မရာကို သွား ခဲ့သေးတယ်။ သူတို့နှစ်ယောက် ဘာတွေပြောခဲ့မှန်း သူမ ကြားရပေမဲ့ သူသာ သူမ နေရာမှာဆိုရင် အထင်လွဲမိလောက်တယ်။

သူမက ပင်ဂွင်းပေါက်လေးနဲ့တူပေမဲ့ အချိန်အကြာကြီး တုံ့ပြန်လေ့ရှိပြီး သူမကို ထိုးလိုက်မိတာနဲ့ နာကျင်မှုကြောင့် အော်ညည်း နေတတ်တယ်။

သူမက အသက်၂၀သာ ရှိသေးတယ်။ အဓိက ကတော့ အခြားမိန်းကလေးတွေလို အချစ်ရေးနဲ့ပတ်သက်ရင် ထိရှမခံ ဖြစ်တတ်တယ်။

ဒါကြောင့် နန်ကောရဲ့ရူထောင့်အရ သူက လုံးဝနားလည်နိုင်ပြီး ဒီခံစားချက်ကို မျှခံစားပေးနိုင်တယ်။

“အခုက ကျွန်မရှင့်ကို နားလည်မှုလွဲပြီး အပြစ်တင်မိတာပါ”

နန်ကော အံ့အားသင့်သွားတယ်။ သူမ အဲဒီလို ပြောချင်တာမျိူး မဟုတ် ဘူးလို့။

သူမ အမျိုးသမီးကိုတွေ့တော့ သူက တစ်ခြားသူကို တွေ့ထားခဲ့ပြီး သူမကို အပိုစကားတွေ ပြောနေတာလို့ တွေးမိတာ။

ဒါကြောင့်ပဲ သူမက သူ့ကို လူကြီးလူကောင်း မဆန်ဘူးလို့ တွေးမိတာ။ ဒါမဲ့ အခုက အဲဒီလိုမဟုတ်တော့ဘူးလေ။

သူမ နှုတ်ခမ်းတွေက လှုပ်ရှားသွားပြီး ရှင်းပြချင်မိတယ်။

ရှန်ရန်ချင်းက သူမ ခေါင်းကို အသာပုတ်ပြီး စနောက်လိုဟန် လေးလေးနက်နက်နဲ့ ညင်ညင်သာသာ အသံနဲ့ပြောခဲ့တယ်။

“ဒီလိုမျိုးဖြစ်တာ တစ်ကြိမ်ပဲရမယ်။ နောက်တစ်ခါ ကိုယ်က ပင်ဂွင်းလေးကို အနာဂတ်မှာ ဒုတိယအခွင့်အရေး မပေးတော့ဘူး”

နန်ကော ဆွံ့အသွားတယ်။

_________________

ဒီကိစ္စကို ရှင်းပြီးတော့ ရှန်ရန်ချင်းက သူမ အမြန်လေး ပြန်ချင်နေ တာကို သိနေခဲ့တယ်။ ဒါကြောင့် သူမျက်လုံးက သူမ လက်မောင်းထဲက အိတ်ကို ကြည့်နေမိပြီး ချိုချိုသာသာမေးလိုက်တယ်။

“မင်းရဲ့အစ်ကိုက အဲဒီလည်စည်းကို ယူလိုက်တာလား”

“ဒါပေါ့”

နန်ကောက သူမ အိတ်ကို အမြန် ပြန်လှမ်းပေးလာတယ်။

“သူက အဲဒါကို အတော်လေးကြိုက်တဲ့ပုံပဲ။ ကျွန်မဘယ်လိုရှင်း ပြရမလဲ ဘယ်လိုပြောရမှန်း မသိတော့ဘူး။ ဒါက ကျွန်မဝယ်ခဲ့တဲ့ အခြားတစ်ခုလေ။ ကြိုက်လား ကြည့်ကြည့်လေ”

“ရှင်မကြိုက်ရင် ကျွန်မ အွန်လိုင်းကိုသွားပြီး ဘယ်မှာများ ပစ္စည်း ထပ်ရှိသေးလဲ။ ကြည့်လိုက်မယ်”

ရှန်ရန်ချင်း အိတ်ကိုဖွင့်လိုက်ပြီး အထဲကလည်စည်းကို ဝတ်ကျေ တန်းကျေ ကြည့်လိုက်တယ်။

သူ့အမြင်အရတော့ သူနေ့ခင်းက တွေ့ခဲ့တာနဲ့ ဒီတစ်ခုက အတော် လေးဆင်နေတယ်။

သူတို့ထဲကတစ်ခုကို သေသေချာချာ မကြည့်ရင် ကွဲပြားတာမျိုး မရှိဘူး။

“အဆင်ပြေပါတယ်။ ဒီတစ်ခုလည်း ကောင်းပါတယ်”

သူက ဒါကို လက်ခံလိုက်ပြီး နောက်ခုံက အိတ်ထဲ ထည့်လိုက်တယ်။

သူရုတ်တရက် ရပ်သွားတော့ နန်ကောက ဒါကို ပြန်ယူဖို့ လက်ဆန့်ထုတ်လိုက်မိသွားတယ်။

သူမက သူ့မှာ ဈေးနှုန်းနဲ့ပတ်သက်ပြီး ပြသနာရှိတယ်ထင်ကာ ရှင်းပြလာတယ်။

“ဒီလည်စည်းက အစောကဟာထက် ပိုတောင်ကောင်းသေး တယ် ကျွန်မက သေချာပေါက် ‌ရှင့်အတွက်ဈေးပေါတာကို မဝယ်ခဲ့ဘူးရှင်ပြေစာကို ကြည့်ချင်ရင် ကျွန်မအဆောင်ကို ပြန်ပြီး ရှင့်ကို ဓါတ်ပုံရိုက်ပြမယ်လေ”

“အဲဒါကြောင့် မဟုတ်ပါဘူး”

ရှန်ရန်ချင်းက သူ့အတွေးတွေကို ထုတ်လိုက်တယ်။ ဈေးနှုန်းက ပြသနာမဟုတ်ဘူး။

ဒါပေမဲ့....

သူ့လက်ထဲက အိတ်ကိုကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်တယ်။

“ဒီအပိုတစ်ခုနဲ့ ပတ်သက်ပြီး မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ”

“ဒါကို လိုင်းပေါ်မှာ တစ်ပတ်ရစ်အနေနဲ့ ပြန်ရောင်းလိုက်မယ်လေ”

“ကျွန်မ ကောင်တာကို မေးခဲ့သေးတယ် သူတို့က ပြန်ပေးတာကို ခွင့်မပြုဘူး။ သူ့ကို အခြားတစ်ခုပေးရင်လည်း သေချာပေါက် ပြန်မေးမှာပဲ။ အဲဒီချိန်ဆို ရှင်းရခက်လိမ့်မယ်”

“ပြီးတော့” ပင်ဂွင်းပေါက်လေးက သူမ ခေါင်းကို ဖြေးဖြေးလေး ကုတ်ရင်း နည်းနည်းလောက် နစ်နာသွားတယ်လို့ တွေးမိသွားတယ်။

“ကျွန်မလစာရခဲ့ပေမဲ့ အကုန်ကုန်ပြီလေ။ အခု ရာဂဏန်းလောက်ပဲ ကျန်တော့တာ”

သူမ အသံကတိုးနေပြီး ဒါကို အသံကျယ်ကျယ်ပြောရတာကို စိတ် ဖိစီးနေပုံရတယ်။ သူမ အသံက ခြင်တွေလိုမျိုး ဖြစ်နေတယ်။ ရှန်ရန်ချင်းက ခပ်ရှင်းရှင်းမကြားရပေမဲ့ သူမ ပြောတာကို ပြန်ပြောနိုင်တယ်။

သူတို့အစောပိုင်းက ကြည့်ခဲ့တဲ့လည်စည်းက တကယ်ကို ဈေးမပေါလောက်ဘူး။ သူမ ရဲ့အကျင့်အရဆို သူ့ကိုဝယ် ပေးတဲ့တစ်ခုက ပိုတောင်ဈေးကြီးလောက်တယ်။

“ဘာလို့ ဒါကို ကိုယ်ယူလို့မရတာလဲ”

“ဟမ်” နန်ကောက နားမလည်စွာနဲ့ အံ့အားတကြီးမော့ကြည့်လာ တယ်။

“ကိုယ်က ဒီတစ်ခု အကြောင်းပြောနေတာလေ”

ရှန်ရန်ချင်းက သူ့လပ်ထဲက အိတ်ကို ယမ်းပြကာ သူမ ကိုကြည့်ရင်း ညင်ညင်သာသာ ပြောလာတယ်။

“ဘယ်လိုပဲ ဖြစ်ဖြစ် မင်းဒါကို တခြားသူကို ရောင်းမှာဆို။ ဘာလို့ ကိုယ့်ကို မရောင်းရတာလဲ”

“ဒါက ရှင်နဲ့မသင့်တော်ဘူးလေ”

သူမက ဒါကို သူမ အစ်ကိုကြီးကို အခြေခံပြီး ဝယ်လာခဲ့တာ။

ဒီလည်စည်းက လုံးဝကို ရှန်ရန်ချင်းနဲ့ မသင့်တော်ဘူး။

“ကိုယ်ကတော့ အဲဒီလိုမထင်ဘူး ကိုယ်က”

အဓိကနေရာမှာ ရှန်ရန်ချင်းက ရပ်လိုက်တယ်။ သူ့ကြည့်ရတာ သဘောမတူပုံရတယ်။

သူက ဒါကို သေချာတွေးနေခဲ့တယ်။ သူက နောက်ဆုံးတော့ ခက်ခက်ခဲခဲနဲ့ နန်ကောရဲ့ရှုပ်ထွေးနေတဲ့ အကြည့်အောက်မှာ ပြော လာတယ်။

“အသက်ကြီးလို့လား”

ဥက္ကဌရှန်က ကူကယ်ရာမဲ့နေခဲ့တယ်။

“ဒါပေါ့ မင်းနဲ့ယှဉ်ရင် ကိုယ်က တကယ်ကို ငယ်မနေဘူးလေ။ ဒါပေမဲ့လည်း ကိုယ်က မင်းအစ်ကိုနဲ့ဆို အရမ်းမှ မကြီးတာ။ ဟုတ်တယ်ဟုတ်”

“အင်း အမှန်ပဲ”

သူတို့က နှစ်နှစ်သုံးနှစ်လောက် ကွာသေးတယ်လေ။

“ကိုယ်ဒီတစ်ခုကိုလည်း ယူလိုက်မယ်။ ငွေကိုတော့ ဝီချတ်က လွဲလို က်မယ်”

ငွေလက်ခံရတော့ နန်ကောက နံပါတ်ကို ကြည့်ပြီး အံ့ဩနေခဲ့တယ်။

“တကယ်တော့ လိုင်းပေါ်မှာ တစ်ပတ်ရစ်အနေနဲ့ဝယ်ရင် ဈေးနည်းတယ်”

တကယ်တော့ သူတကယ်ကို ဒီလိုမဖြစ်ဖူးဘူး။ ဘယ်သူမှလည်း သူ့ကို မူရင်းဈေးအတိုင်း မပေးခဲ့ဖူးဘူး။

“အဆင်ပြေပါတယ်။ ကိုယ်တကယ်ပဲ ဒါကို ကြိုက်တယ်”

ဒါကိုပြောပြီး သူမျက်တောင်တစ်ဖျပ်ဖျပ် ခတ်ရင်း သူ့မျက်နှာမှာ ရှက်ရိပ် သန်းနေတယ်။

သူ‌ လိမ်နေတာ။

“ဝိုး မင်းက ဒီပုံစံနဲ့ ကြည့်ကောင်းသားပဲ”

နန်ကောက မျက်လုံးပင့်မိတယ်။ သူမက သူ့ကိုကြည့်တာက ခါတိုင်းနဲ့မတူဘူး။

ရှန်ရန်ချင်းက သူမကို သဘောကျနေတယ်။

“မင်းဒါကို အံ့ဩသွားလား”

ပင်ဂွင်းပေါက်စက ခက်ခက်ခဲခဲ ခေါင်းညိတ်ရင်း ပြောလာတယ်။

“တစ်ခါမှ မတွေးခဲ့ဖူးဘူး”

“တစ်နေ့မှာတော့ မင်းတစ်ယောက်တည်းအတွက် သီးသန့်ဝတ်တာကို မြင်ရမှာပါ”

“အိုကေလေ”

နန်ကောက သူဒီဟာကို ဝတ်တာကို တွေးကြည့်မရဘူး ဒါကြောင့် အရှေ့ကို ကြည့်နေမိတယ်။

“မင်းအခုလေးတင် ဝယ်တာ ဘယ်လောက်ပေးခဲ့ရလဲ”

“ဘာမှားလို့လဲ”

ရှန်ရန်ချင်းက ဘေဘီပေါက်လေးက ဒီလောက်သတိရှိနေဖို့ မမျှော် လင့်ကြဘူး။

“ဘာလို့ မင်းထပ်ပေးသလောက် ကိုယ်က မင်းကို ပြန်ပေးလို့မရရ တာလဲ”

“ရပါတယ်။ ရှင်ဒီလိုလုပ်စရာမလိုပါဘူး”

နန်ကောက သူမ လက်ကို အမြန်ယမ်းလိုက်တယ်။

“ကျွန်မ အရင်တစ်ခုကို မှားယူသွားမိတာ။ ပြီးတော့ ကျွန်မအစ်ကိုက ရှင့်ဟာကို လုသွားတာ။ ရှင်အသစ်တစ်ခုကို ကြိုက်တာ ဝမ်းသာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကလည်း ဈေးသိပ်မကြီးဘူးလေ”

ဒါက သူမ ပထမဆုံးအမှားလုပ်မိတာပဲ။ သူမက အရင်တစ်ခုနဲ့ တူတာကို မဝယ်နိုင်ခဲ့လို့ အစောတည်းက ဝမ်းနည်းနေခဲ့တာ။ ဒါပေါ့ သူမ မှာ အပိုတစ်ခုအတွက် တာဝန်ယူဖို့ရှိတယ်လေ။

သူမ စည်းမျဉ်းတွေကို နားလည်ပြီးသားပါနော်။

“မင်းကိုယ့်ကို မပြောရင် လက်ထောက်ယွမ်ကို စုံစမ်းဖို့အတွက် အချိန်ပို ဆင်းခိုင်းလိုက်မှာ”

“ရှင်စစ်ဆေးမှာကို သဘောမတူဘူးနော်”

၂၄နာရီပြည့်ပြီး သူမ လက်ထဲမရောက်သေးရင် ငွေကို အလိုအလျောက် ပြန်လဲလို့ ရသေးတယ်လေ။

“ကျွန်မရှင့်ကို အပ်ဖ်ကို သုံးပြီး အစွန်းထွက်ကို ပြန်ပေးမယ်လေ

ဘယ်လိုလဲ”

“.....”

မိနစ်အနည်းငယ်ကြာတော့ နန်ကော သူမ အကောင့်ထဲက ဒေါ်လာ၃၀၀၀ကိုကြည့်ရင်း ထိရှသွားတယ်။

“ကျေးဇူးပါ”

“ဟုတ်ပြီ နောက်ကျနေပြီ။ အဆောင်ကို အရင်ပြန်နှင့် မနက်ဖြန် နေ့လယ် တွေ့မယ်”

“ဟုတ်ပြီ ဟုတ်ပြီ။ ရှင်လည်း ပြန်တော့”

“သွားလေ”

ရှန်ရန်ချင်းက သူ့မေးကို အနည်းငယ် မော့လိုက်တယ်။

“ကိုယ် နည်းနည်းလောက် စောင့်နေဦးမယ်”

“ဘာကိုစောင့်မှာလဲ” နန်ကောက ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း

“ရှင်တွေ့ချင်တဲ့သူ ရှိနေသေးတာလား”

“နိုး ကိုယ်က မင်းကိုပဲ တွေ့ဖို့လာခဲ့တာ”

“လည်စည်းပြောင်းမလို့လား။ ကျွန်မတို့ မနက်ဖြန်တွေ့လို့ရတယ်။ ကျွန်မ အလျင်မလိုပါဘူး”

“ဟုတ်ပါတယ်။ လည်စည်းလဲဖို့က ဒုတိယ”

“ဒါဆို အဓိက ကိစ္စကရော”

ပင်ကွင်းပေါက်က သူ့ကိုကြည့်ရင်း သိချင်စိတ်နဲ့မေးလာတယ်။

လိ‌မ္မော်ရောင်လမ်းမီးတိုင် အမျိုးသားဘေးတစ်လျှောက် အလင်းပေးနေခဲ့တယ်။ သူမ နေနိုင်ဘဲ ပထမဆုံး သူတို့ဆုံခဲ့တဲ့ ညကို ပြန် တွေးမိတယ်။ ခေါင်းပိုင်းက အလင်းတန်းတွေက အမျိုးသားရဲ့ပုံရိပ်ကို ဖြတ်သွားတယ်။

အမှောင်ထဲမှာ သူမ‌ရှေ့က ရှန်ရန်ချင်းရဲ့အသံကို ကြားလိုက်ရကာ အနီးကို ဆွဲယူခံလိုက်ရတယ်။

“အဓိက ကတော့ ကိုယ်က မင်းလာခဲ့ရတာကို အလကားခရီးစဉ် အဖြစ်မခံနိုင်ဘူးလေ”

“ပြီးတော့ မင်းကို ကိုယ်တိုင်ကိုယ်ကျ ဂွတ်နိုက်လို့ ပြောချင် သေးတာ”

******

All Chapters