← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

Ch 44 ပွဲကို အတူတူတက်ရောက်ခြင်း

ဖုန်းကို ကိုင်လိုက်ချိန်မှာ မျက်ရည်တွေကြောင့် သူမ အမြင်တွေဝေဝါးနေတာမို့ စခရင်ပေါ်က ခေါ်ဆိုသူ ဘယ်သူလဲဆိုတာကို သူမ မမြင်လိုက်ဘူး။

သူမက စကားတစ်ခွန်းပြောတိုင်း မျက်ရည်တွေကို သုတ်နေကာ ငိုနေတာ မရပ်တော့‌ဘူး။

ရှန်ရန်ချင်းရဲ့ မျက်ခုံးက ဖြည့်ဖြည်းချင်း တွန့်ချိုးသွားတယ်။ သူ့ရဲ့ သက်တောင့်သက်သာ သွင်ပြင်ကလည်း ဖြည်းဖြည်းချင်း လေးနက်လာတယ်။

သူက လမ်းလျှောက်နေတာ ရပ်လိုက်ပြီး ဖုန်းကို အခြားလက် တစ်ဖက်နဲ့ ကိုင်လိုက်တယ်။ “ဘာမှားလို့လဲ နန်ကော”

“မင်း ဒုက္ခရောက်နေတာလား”

“မင်း ဘယ်မှာလဲ ကိုယ် အဲဒီကို လာခဲ့မယ်”

“အဲဒီဘက်မှာ ဘယ်သူရှိလဲ။ တစ်ဖက်သူကို ဖုန်းပေးလိုက် မကြောက်နဲ့နော်။ ကိုယ်ပြောပေးမယ်”

ရှန်ရန်ချင်းက အမြဲတမ်း ခံစားနေရသည်က စားစရာနေ့တိုင်း ပို့ရတာက သူမလို ခပ်ငယ်ငယ် ကောင်မလေးအတွက် အန္တရာယ် များပြီး မယုံကြည်ရဘူးလို့သာ ဖြစ်တယ်။

အခြားပြသနာတွေကို ဘေးဖယ်လိုက်ဦး။ နိုင်ငံထဲမှာ ဟိုက်မြို့က ထိပ်တန်းမြို့ကြီးလေ။ ညနက်‌ လာလေလေ သွားလာရေးတွေက နေ့ဘက်မှာ အခြားမြို့များထက် ပိုမြင့်တယ်။

သူမက နေ့တိုင်း လျှပ်စစ်စကူတာစီးရင်း ယာဉ်မတော်တဆ ဖြစ်နိုင်တယ်။

အခု သူ‌ထင်ခဲ့တာက နန်ကော အခုလမ်းမှာ ပြသနာအချို့ တွေ့နေရတယ် လို့သာ။

နန်ကောက ငိုတာ ရပ်သွားတယ်။

ပထမဆုံးအနေနဲ့ နန်ကောက ရှိုက်နေရင်း တစ်ခုခုကို ပြောချင်နေပေမဲ့ ရှန်ရန်ချင်းအသံက သူမ ထက်တောင် ပိုပြီးစိတ်ဖိစီးနေခဲ့တယ်။

စကားတစ်လုံးချင်းစီက သူမရဲ့နားစည်ကို ရိုက်ခတ်နေပြီး သူမ ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကတော့ နှောင့်ယှက်နေတယ်။

သူမ ဘာပြောရမလဲ။

“ကျွန်မ..”

သူမ ခေါင်းကို ကုတ်လိုက်ရင်း အနည်းငယ် ဆုံးရှုံးရသလို ခံစားနေရတယ်။ အရင်ဆုံး သူမ သူ့မေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲ မသိတော့ဘူး။

ရှန်ရန်ချင်းက အစောပိုင်းက သူ့အသံက အတော်လေး မသင့်တော်တာကို နားလည်သွားတယ်။ သူက အသက်ပြင်းပြင်းရှူပြီး နူးနူးညံ့ညံ့ မေးလိုက်တယ်။

“အရင်ဆုံး မင်း ဘယ်ရောက်နေလဲဆိုတာ ဘာလို့ ကိုယ့်ကို မပြောရတာလဲ”

“ပြီးရင် ဘာဖြစ်သွားလဲ ကိုယ့်ကို ပြောလေ”

တစ်ခဏလောက် တိတ်ဆိတ်နေပြီးနောက် သူမက ငိုနေရာမှ ဖြည်းဖြည်းလေး ကြို့ထိုးလာတယ်။

“ကျွန်မ တောင်ဘက်စင်တာရဲ့ အားကစားရုံမှာ။ ကျွန်မရဲ့ လက်မှတ်က အခိုးခံလိုက်ရတယ်”

“အားကစားရုံမှာ”

ဒါကို ကြားတော့ ရှန်ရန်ချင်းက သူ့ဘေးပတ်ပတ်လည်နဲ့ အနောက်ဘက်ကို ကြည့်လိုက်တယ်”

အဲဒီလောက်တောင် တိုက်ဆိုင်တယ်လား။

ပထမအကြိမ်ကတော့ ဟိုက်မြို့ရဲ့ဒေသခံတွေကြောင့် သူ မသေချာခဲ့ဘူး။

သူက ဖုန်းကို ကာလိုက်ပြီး လက်ထောက်ယွမ်ကို ခေါ်လိုက်တယ်။ သူက အသံတိုးတိုးနဲ့ မေးလိုက်တယ်။

“ဒီနေရာက ဟိုက်မြို့ တောင်ဘက်စင်တာရဲ့ အားကစားရုံလား”

လက်ထောက်ယွမ်က အလိုလို စိတ်ရှုပ်တာကို ခံစားလိုက် ရတယ်။

“ဟုတ်ပါတယ် ဥက္ကဌရှန် ဒါက ဒီနေရာပါ”

ဟိုက်မြို့က အရမ်းမကြီးပေမဲ့လည်း သူက အတော်လေး စည်ပင်ဝဖြိုးပြီး စုစုပေါင်း အားကစားရုံကြီးလေးခု ရှိနေခဲ့တယ်။ ဒါပေမဲ့လည်း တစ်ခုတည်းကသာ တောင်ဘက်စင်တာ လမ်းမမှာ ရှိနေခဲ့တာ။

သူက ဖြေလိုက်ပြီးနောက်မှာ သူ့ပါးစပ်က ဘာဖြစ်တာလဲလို့ မေးလိုက်ပြီး သူက ကားဆီကို အရင်ဆုံးသွားဖို့ ပြောလိုက် တယ်။

သူက သူ့ကို အနောက်ဘက်ကို ညွှန်ပြလိုက်ပြီး ခြေလှမ်းကြဲကြဲနဲ့ လျှောက်သွားလိုက်တယ်။

“မင်း အားကစားရုံ အပြင်ဘက်မှာပဲလား”

“အိုး ဟုတ် ဟုတ်တယ်... ကျွန်မ ရဲခေါ်ထားတယ်။ ရဲဦးလေး ပြောတာကတော့ မှောင်ခိုသမားကို တွေ့ဖို့က ရက်နည်းနည်းလောက် ကြာမယ်တဲ့။ ဒါကြောင့် ကျွန်မ ဒီနေ့တော့ ပွဲကိုကြည့်ဖို့ မဖြစ်နိုင်တော့ဘူး”

စကားဝိုင်း စစချင်းမှာပဲ နန်ကောက စိတ်အလိုကျ ကွန်ပလိန်းတက်မိတယ်။

“ကျွန်မ လက်မှတ်ကို နောက်ဘက်က အိတ်မှာ ရှင်းရှင်းလင်းလင်း ထည့်ခဲ့တာ။ သူတို့ ပျောက်သွားတာကိုတောင် မသိလိုက်ရဘူး”

“အဲဒီ မှောင်ခိုသမားတွေက အရမ်းစိတ်တိုစရာ ကောင်းတာပဲ။ သူတို့က လက်မှတ်အများကြီးကို ခိုးသွားတာ။ ကျွန်မလက်မှတ် ဆိုလည်း အရှေ့ခုံကြီးလေ။ အဲဒါကို ရောင်းလိုက်ရင် ယွမ်၂၀၀၀၀၀တောင် ရမှာလို့”

“သေစမ်း”

နန်ကော ပိုပြီးပြောလေလေ ပိုဒေါသ ထွက်လာနေမိတယ်။ သူမ ခြေထောက်ကို မြှောက်ပြီး သူမ ရှေ့က လမ်းမီးတိုင်ကို မကန်ဘဲ မနေနိုင်တော့ဘူး။

နောက်တစ်စက္ကန့်မှာပဲ သူမ နာကျင်မှုကြောင့် အသက်ပြင်းပြင်း ရှုလိုက်ရတယ်။ သူမ အသိပြန်ဝင်လာတော့ လမ်းမီးတိုင်ကို ပြန်တောင်းပန်လိုက်မိတယ်။

“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးတာ မဟုတ်ရပါဘူး”

ရှန်ရန်ချင်းက အခြားထွက်ပေါက်ကနေ ထွက်လာတယ်။ လမ်းမပေါ်က သူမ အသံကို ကြားတော့ သူ ပြေးထွက်လာခဲ့တယ်။

သူထောင့်ဘက်ကို ကွေ့ပြီးမကြာခင် အဓိကတံခါးနဲ့ သိပ်မဝေးတဲ့ နေရာက လမ်းမီးတိုင်အောက်ရှိ သေးသွယ်သွယ်ပုံရိပ်လေးကို အမြန်ကာလိုက်ပြီး ကြည့်လိုက်မိတယ်။

နန်ကော တစ်ယောက်ရဲ့ လမ်းမီးတိုင်ကို ကန်နေတဲ့ မြင်ကွင်းက သူ့မျက်လုံးရှေ့က မလွတ်သွားခဲ့ဘူး။

ဖုန်းထဲက အသံကို နားထောင်ပြီး အဝေးက ထင်ရှားနေတဲ့ မြင်ကွင်းကို တွေ့တော့ ရှန်ရန်ချင်း စိတ်သက်သာရာရကာ သက်ပြင်းချမိတယ်။

သူက နှစ်စက္ကန့်လောက် တည်‌ငြိမ်အောင် ရပ်နေလိုက်တယ်။ သိပ်မကြာခင်မှာ သူကိုယ်သူ စိတ်တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး သူမဆီကို ခြေလှမ်းကျဲ‌နဲ့ သွားလိုက်တယ်။

နန်ကောက သူမကို သူ(ရှန်ရန်ချင်း)က မြင်ပြီးတာကို မသိလိုက်ဘူး။ သူမက ခေါင်းငုံ့ကာ လမ်းလျှောက်ရင်း ဖုန်းထဲက လူကို ကွန်ပလိန်းတက် နေခဲ့တယ်။

သူမက သူမရှေ့ကို အရိပ်တစ်ခုကျလာပြီး သူမကို မကွယ်သွားခင်အထိ လမ်းလျှောက်နေခဲ့တယ်။ ရင်းနှီးနေတဲ့ရနံ့က လေနဲ့အတူ ပါလာပြီး သူမကို တင်းတင်းကြပ်ကြပ် ချူပ်နှောင်ထားတယ်။

သူမက ခဏရပ်ကာ သူမရှေ့က လည်သာရူးဖိနပ်ကို ကြည့်နေမိတယ်။ သူမက တစ်စုံတစ်ယောက်ကို တွေးလိုက်မိတာနဲ့ ချက်ချင်း မော့ကြည့်မိတယ်။ သူမက အောက်ခံအနေနဲ့ ဟူဒီကို ဝတ်ထားပြီး သူမ မော့ကြည့်တော့ ခေါင်းစွပ်က လျှောကျနေ တာမို့ သူမအမြင်ကို ပိတ်ထားသလို ဖြစ်နေတယ်။

“ဟေး..”

သူမ အမြင်က မှောင်မိုက်သွားတယ်။ သူမ လေကာအင်္ကျီကို မချွတ်လိုက်ခင် သူမ ရှေ့ရှိလူက သူမဆီ တစ်လှမ်းတိုးလာတယ်။ သူက ခေါင်းစွပ်ထပ်ကို ညင်ညင်သာသာလေး ထိလိုက်ပြီး မြောက်လိုက်တယ်။

အမျိုးသားက ပြုံးပြီး သူမကို စနောက်လိုဟန်နဲ့ သတိပေး လာတယ်။

“ကိုယ်က မင်းဘယ်နေရာကို နောက်ထပ်သွားမလဲ ကြည့်နေခဲ့တာ”

အားကစားရုံတည်းက စင်ပေါ်ရှိအလင်းရောင်က မြှင့်လာပြီး ခပ်ဖျော့ဖျော့ အော်သံတွေက ပြင်းထန်လာတယ်။

ပွတ်လောရိုက်နေတဲ့ ကြားမှာ သူတို့နှစ်ယောက်က လမ်းဆုံမှာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြတယ်။ တစ်ယောက်က အရပ်ရှည်ပြီး တစ်ယောက်က ပုနေတယ်။ မြေပြင်ပေါ်က အရိပ်တွေက ထပ်နေပြီး အလင်းအမှောင် စပ်ကြားမှာ ပေါင်းစုံနေတယ်။

သူမ ဘေးနားမှာ ကားတွေက ဝင်လိုက်ထွက်လိုက် ဖြစ်နေခဲ့တယ်။ နန်ကော သူမ ဘေးက ကားသံကြောင့် အိပ်ရာမှ လန့်နိုး သလို ဖြစ်နေတယ်။

“ရှင်..”

သူမက သူမ ခေါင်းကို စောင်းလိုက်ပြီး လိုင်းပေါ်မှာ ရှိနေဆဲ ဖြစ်တဲ့ဖုန်းကို ကြည့်နေမိတယ်။ သူမက မျက်လုံးပြူးသွားတယ်။

“ရှင် ပျံလာတာများလား”

စကားပြောခဲ့ချိန်က ခြောက်မိနစ်ပဲရှိတယ်လေ။

ဒီလူက သူမဆီကို ဖုန်းက တစ်ဆင့် တယ်လီပေါ့နဲ့ လာတာ များလား။

“ကိုယ်က အားကစားရုံနားမှာ ရှိနေခဲ့တာလေ”

ရှန်ရန်ချင်းက သူမ နောက်က ထွက်သွားတော့မဲ့ ရဲအရာရှိတွေကို ကြည့်လိုက်ပြီး သူမကို နောက်တစ်ကြိမ်ထပ် ကြည့်မိတယ်။

ကောင်မလေးရဲ့မျက်လုံးတွေက နီရဲနေသေးတုန်း ဖြစ်တယ်။ အ နီးကပ်ကြည့်ရင်း သူမ မျက်တောင်နားမှာ မျက်ရည်တောင် ရှိနေသေးတယ်။ သူမ အခုမှ ငိုလို့ ရပ်သေးတုန်း ရှိသေးတယ်။

သူက တဖြည်းဖြည်း မျက်ခုံးကျုံ့မိတယ်။

“မင်းရဲတွေနဲ့ ဆက်သွယ်ပြီးပြီလား”

“ ဟုတ်တယ် ဟုတ်တယ်” နန်ကောက ခေါင်းညိတ်လိုက်တယ်။

“အချိန်တိုအတွင်း ခိုးသွားဖို့က မဖြစ်နိုင်ဘူးလေ ကျွန်မက လျော်ကြေးကို ပြန်ရဖို့ ဖြစ်နိုင်တယ်”

“အဆင်ပြေပါတယ် မင်း ပွဲကြည့်လို့ရသေးတယ်”

ရှန်ရန်ချင်းက နည်းနည်းတော့ ဝမ်းသာသွားမိတယ်။

“ မင်း ပွဲကိုရော ကြည့်ချင်စိတ် ရှိသေးရဲ့လား”

နန်ကော နားမလည်ဖြစ်ကာ သိချင်စိတ်နဲ့ မေးလိုက်တယ်။

“ဘာကို ဆိုလိုတာလဲ”

“ကံကောင်းလို့ ဒါက ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာရှိ နေသေးတယ်”

“မင်း ကိုယ်နဲ့အတူ လိုက်လို့ရတယ်”

“ကိုယ် မင်းအတွက် အကောင်းဆုံးခုံကို ယူပေးမယ်”

နန်ကောက မျက်လုံးပြူးသွားပြီး မြေကြီးပေါ် ကျောက်ချရပ် နေမိတယ်။

“မလိုပါဘူး။ ကျွန်မ အဆင်ပြေတယ်”

ပင်ကွင်းပေါက်လေးက အထိတ်တလန့်နဲ့ သူမ လက်ကို ထပ်တလဲလဲ ဝေ့ယမ်းနေတယ်။ ပထမတန်းက သူမ လက်မှတ်မှာက လူခြောက်ယောက်စာပဲ ရှိနေခဲ့တယ်။

ဒါက နေရာကောင်း မဟုတ်ဘူး။

အကောင်းဆုံးနေရာက......

ဘုရားရေ။

သူမက သူမ ခေါင်းကို ခါလိုက်တယ်။ ဒီလို လုပ်ဖို့ မလိုဘူး။

သူမ လက်မှတ်ဖိုး ပြန်ပေးဖို့ မတတ်နိုင်ဘူး။

သူမသာ ဒီနေ့ပွဲကို ကြည့်ဖို့ သွားခဲ့မယ်ဆိုရင် နောက်လမှာ သူမ ကားရဲ့ကားဘီးနှစ်ဘီးကို သူမ ဆုံးရှုံးသွားရလိမ့်မယ်။

“မင်း လက်မှတ်မလိုပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ဟွာရှန်ဂရုက ဒီပွဲကို စပွန်ဆာပေးထားတာလေ။ ပွဲစီစဉ်သူ အင်ဂျင်စီပိုင်ရှင်က ကိုယ့်အတွက် ခုံအချို့ ချန်ထားခဲ့တယ်။ မင်း မသွားရင် အဲဒီမှာ လူလွတ်နေမှာ။ စိတ်မကောင်းစရာကြီး မဟုတ်လား”

“!”

သူက သူမ ဆီကို လက်ဆန့်ထုတ်လိုက်ပြီး သူ့အကြည့်တွေက နူးညံ့နေတယ်။

“အတူသွားပြီး ပွဲသွားကြည့်ရအောင်”

“အိုကေ”

ပင်ကွင်းပေါက်ရဲ့ မျက်လုံးတွေ ကွေးသွားတယ်။

တွေးမနေတော့ဘဲ သူမက သူ့ရဲ့ဆန့်ထားတဲ့လက်ကို ကောက်ဆွဲ လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ သူ့လက်ကို ဆွဲလိုက်တယ်။

“ဘယ်ကဝင်တာလဲ။ အဓိက တံခါးကလား”

“တစ်ယောက်ယောက်ဆီကနေ လက်မှတ် မှာစရာမလိုဘူး မလား”

“.....”

နန်ကော မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေမှုက ခံစားမှု ကင်းမဲ့နေတဲ့ မျက်လုံးမှာ ပေါ်နေတယ်။ သူမက လွန်ခဲ့တဲ့ ဆယ်မိနစ်တုန်းကနဲ့ ယှဉ်ရင် လုံးဝကွဲပြားနေတယ်။

သူမကြောင့် ရှန်ရန်ချင်းရဲ့ခံစားချက်တွေက နိုးကြားလာခဲ့တယ်။ သူ့လက်ဖဝါးပေါ်က အထိတွေ့လေးက ထင်ရှားပြီး နူးညံ့ကာ နွေးထွေးနေခဲ့တယ်။

ပင်ကွင်းပေါက် မမြင်နိုင်တဲ့ တစ်နေရာမှာ မျက်မှန်အောက်က ဥက္ကဌရှန်ရဲ့ မျက်လုံးတွေက မကြာသေးခင်က တည်ငြိမ် နေခဲ့တယ်။ သူ့အကြည့်တွေက နွေးထွေးပြီး တောက်ပနေတယ်။

အချိန်အနည်းငယ် ကြာတော့ သူက မျက်လုံး ငိုက်စိုက်ချရင်း အသက်ပြင်းပြင်း ရှူလိုက်တယ်။ သူ့ရဲ့အားနေတဲ့ လက်တစ်ဖက်နဲ့ တုန်လှုပ်နေတဲ့ နှလုံးသားကို ဖိထားခဲ့တယ်။

******

All Chapters