အခန်း ၄၅
Vol. 5 Ch. 45
Chapter 45 ဒီည အိပ်မက်လှလှ မက်ပါစေ။
ဖျော်ဖြေပွဲမှာ လူပေါင်း ၈သောင်းလောက် ရှိတယ်။
နန်ကောနဲ့ ရှန်ရန်ချင်းဟာ အထဲကို ၀င်သွားပြီး ဖွင့်ပွဲအခမ်းအနားကို မှီလိုက်တယ်။ သူတို့ နှစ်မိနစ်ပဲ နောက်ကျတာ။
သူတို့နှစ်ယောက်ဟာ အမြင့်ဆုံးအတန်းမှာ ထိုင်နေတာ ဖြစ်တယ်။ သူတို့ စတိတ်စင်နဲ့ မနီးဘူးဆိုပေမဲ့လည်း မြင်ကွင်းဟာ အရမ်းကောင်းပြီး ထိုင်ခုံတွေ ကလည်း သက်သောင့်သက်သာ ဖြစ်တယ်။
အဲဒါဟာ ဖျော်ဖြေပွဲထဲမှာ VIP ခုံလို့ သတ်မှတ်လို့ရတယ်။
တစ်ချို့ခုံတွေဟာ စီစဉ်သူတွေနဲ့ အဆိုတော်ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေအတွက် အမြဲလိုလို သက်သက် ဖယ်ထားခံရတယ်။
ပိုက်ဆံနဲ့ ၀ယ်ဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ ၀ယ်လို့ မရနိုင်ဘူး။ သဘာ၀ကျကျပဲ အောက်ကခုံတွေနဲ့ ယှဉ်လို့ကို မရဘူး။
လက်ထောက်ယွမ်နဲ့ ကောင်းဟာ ရှန်ရန်ချင်းကို လိုက်ပို့ဖို့ ပြင်ဆင်ပြီးနေပြီ ဖြစ်တယ်။ မထင်မှတ်ထားဘဲ သူတို့တောင် လိုက်မပို့ ရသေးဘူး။ သူက ပျောက်သွားပြီ...မဟုတ်ဘူး။ အမှန်က သူက ထွက်သွားနှင့် နေပြီ။
သူတို့ နှစ်ယောက်လုံး အတူတူ အချိန်ပို ဆင်းရမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူတို့ဟာ ဝီချက်ကနေ ရှန်ရန်ချင်းဆီက အသိပေးချက်ကို လက်ခံရရှိလိုက်တယ်။ သူက သူတို့ကို အရင်ပြန်ဖို့ ပြောပြီး ကားကို ထားပေးခဲ့ဖို့ ပြောတယ်။
ကောင်းဟာ မပြန်ချင်ခဲ့ဘူး။ “ငါ နေပြီး ဥက္ကဌရှန်အတွက် ကားမောင်းပေးချင်တာကို”
လက်ထောက်ယွမ်က “မင်း အလုပ်ကြိုစားတဲ့ ပုံပေါ်အောင် လုပ်မယ်ဆိုလည်း ငါ့ကိုတော့ နည်းနည်းပါးပါး ထည့်တွေးပေးပါလား?”
“မင်း ပြန်ချင်ရင် အရင်ပြန်လို့ရတယ်။ ငါ ဒီမှာ ခဏလောက် စောင့်နေလိုက်ဦးမယ်”
“.....” လက်ထောက်ယွမ်ဟာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့ မကောင်းတဲ့ ခေါင်းကို လက်ညှိုးနဲ့ တွန်းလိုက်တယ်။ “ကောင်း မင်း... မင်းမိန်းမကို မင်းနဲ့ လက်ထပ်ဖို့ ဘယ်လိုများ လှည့်စားခဲ့တာလဲ?”
“ဥက္ကဌရှန် ငါတို့ကို ပြန်ဖို့ ပြောတယ်ဆိုတာ သူ ကြားလူ မလိုချင်လို့ဟ! သူ့အတွက် မိန်းကလေးနန်ကောနဲ့ နှစ်ယောက်တည်းရှိဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး မင်း ဒီမှာနေရင် လိုက်ရှုပ်သလို ဖြစ်မနေဘူးလား?”
“အဲ့လိုလား?” ကောင်းဟာ နားမလည်ဘူး။
ဆွံ့ဆွံ့အအနဲ့ပဲ လက်ထောက်ယွမ်ဟာ သူ့ကို ကားထဲကနေ ဆွဲထုတ်လိုက်တယ်။ “ထွက်လာပြီး ပြန်သာ ပြန်စမ်းပါ ဒီမှာ တက္ကစီငှားဖို့ လွယ်တာမဟုတ်ဘူး။ လာ ငါ လိုက်ပို့ပေးမယ်”
_____
ဖျော်ဖြေပွဲ တရား၀င် စတင်ပြီ ဖြစ်တယ်။ ငေးမောနေတဲ့ ပင်ကွင်းပေါက်ဟာ ခုံပေါ်ထိုင်ပြီး အရှေ့က လက်ရန်းကို ကိုင်ထားတယ်။ သူမဟာ စင်ပေါ်က သီချင်းနဲ့အတူ စီးမြောပြီး သူမရဲ့ ခေါင်းလေးဟာ တလှုပ်လှုပ်နဲ့။
ဖျော်ဖြေပွဲဟာ အလွန်အမင်း တက်တက်ကြွကြွ ရှိတယ်။
ရှန်ရန်ချင်းဟာ တိတ်ဆိတ်မှုကို နှစ်သက်တာမို့ လေထုနဲ့ သိပ်ရင်းနှီးမနေဘူး။
သူဟာ ဘေးမှာ ထိုင်ပြီး နန်ကောကိုသာ ကြည့်နေခဲ့တယ်။
အချိန်တစ်ခုလောက်ကြာတော့ စင်ပေါ်က ယောက်ျားလေးအဖွဲ့ဟာ သီချင်းနောက်တစ်ပုဒ်ကို ပြောင်းလိုက်တယ်။ စင်အောက်နားက လေထုဟာ ပိုပြီး စိတ်အား ထက်သန်လာကြပြီးတော့ အားပေးသံတွေဟာ အဆုံးမရှိတော့သလိုဘဲ။
ရှန်ရန်ချင်းဟာ မျက်မှန်ကို ချွတ်ပြီး မျက်ခုံးတွေကို ပွတ်လိုက်တယ်။ အဲဒါဟာ ထူးခြားတဲ့ ခေါင်းကိုက်ခဲမှု တစ်ခု။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ နန်ကောဟာ သူ့ကို လှည့်ကြည့်လာတယ်။ “ရှင် နေလို့ မကောင်းဘူးလား?”
သူဟာ ရပ်လိုက်ပြီး မျက်မှန်ကို ပြန်တပ်တယ်။ သူက သူမကို ပြုံးပြပြီး “မဟုတ်ပါဘူး”
ဒီနေ့က နှစ်သစ်ကူးပွဲတော်နေ့ဆိုတာကို နန်ကော ပြန်သတိရသွားပြီး ပြောလိုက်တယ်။ “ရှင် အလုပ်ရှုပ်နေတယ်ဆိုရင် အရင်ပြန်လိုက်မလား။ ညစာစားဖို့အတွက် ရှင် အိမ်ကို ပြန်ရမယ်မဟုတ်လား?”
“ကိုယ့်တို့က ပုံမှန်မဟုတ်တဲ့ မိသားစုမျိုး။ အများစုက နိုင်ငံခြားရောက်နေတာမို့ ဒီနေ့ ပြန်ဖို့ မလိုဘူး”
“ကိုယ် မင်းကို ဖုန်းခေါ်တယ်ဆိုတာက ဒီနေ့ မင်း အလုပ်စောစောဆင်းရင် ကိုယ်နဲ့ ညစာ အတူစားမလားလို့ မေးမလို့”
“ဟမ်...” နန်ကောဟာ အံ့ဩသွားတယ်။
သူမဟာ ဖျော်ဖြေပွဲကို စိတ်ရောက်လွန်းနေခဲ့တာ။ သူ ဘာလို့ သူမကို ဖုန်းခေါ်လဲဆိုတာကို မေးဖို့တောင် မေ့သွားတယ်။
ဒါကို တွေးမိတော့ သူမဟာ အနည်းငယ် အပြစ်ရှိသလို ခံစားသွားရတယ်။ “ရှင် ညစာ မစားရသေးဘူးလား? ဘာလို့...”
“ကိုယ် စားပြီးပါပြီ” ရှန်ရန်ချင်းဟာ လက်ကို မြှောက်ပြီး သူမခေါင်းကို ပွတ်လာတယ်။ သူ သူမကို အခုလိုမျိုး ဖြစ်နေတာကို မမြင်ချင်ဘူး။ “ကိုယ်က မင်း မစားရသေးဘူးထင်လို့ မင်းနဲ့အတူ စားပြီး ခဏလောက် အတူနေချင်လို့ပါ”
“မင်းရော? ညစာ စားပြီးပြီလား?”
“ဟုတ် ဟုတ်!” ပင်ကွင်းပေါက်ဟာ ခေါင်းကို ခပ်ပြင်းပြင်း ညိတ်ပြီး သူမလက်နဲ့ ရေကြည့်တယ်။ “ထွက်လာတော့ ကျွန်မ ဟမ်ဘာဂါ စားခဲ့တယ်။ ပွဲထဲကို ၀င်ဖို့ အပြင်မှာ စောင့်နေတုန်းက ပေါင်မုန့်တစ်လုံးနဲ့ ချောကလက်တစ်တုံးလည်း စားခဲ့သေးတယ်”
သူဟာ ပြုံးလိုက်ပြီး နူးညံ့စွာ ပြောတယ်။ “အဲဒါ ကောင်းတယ် မင်းနဲ့ ဖျော်ဖြေပွဲ အတူကြည့်ပြီးရင် ဒီနေ့ ကိုယ့်ရဲ့ နောက်ဆုံးပန်းတိုင်ကို အောင်မြင်တော့မှာပဲ”
“ကြည့်ရတာ ကိုယ် ဒီည အိပ်မက်ကောင်းကောင်း မက်နိုင်တော့မယ် ထင်တယ်”
နန်ကောဟာ ပါးကို ဖောင်းလိုက်ပြီး တိတ်တိတ်လေး အကြည့် လွှဲသွားတယ်။ သူမရဲ့ ဘေးတိုက် မျက်နှာလေးနဲ့ နီနေတဲ့ နားရွက်လေးတွေကိုသာ သူ မြင်နေရတော့တယ်။
_____
ဒီယောက်ျားလေးအဖွဲ့ဟာ တစ်ကမ္ဘာလုံးမှာ အရမ်းနာမည်ကြီးတယ်။ သူတို့ရဲ့ ဖျော်ဖြေမှု စွမ်းရည်ဟာ ဒီအသိုင်းအ၀ိုင်းထဲမှာ အကောင်းဆုံးလို့ အသိအမှတ် ပြုခံရတယ်။
မကြာခင် နောက်လာမယ့်ဖျော်ဖြေမှုက နန်ကော အကြိုက်ဆုံး ဖျော်ဖြေမှုပဲ။
သူမဟာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မတ်တပ် ထရပ်လိုက်တာမို့ ဘေးက ရှန်ရန်ချင်းခမျာ အလန့်တကြားဖြစ်သွားတယ်။ ရှန်ရန်ချင်းဟာ သူမကို ငေးကြည့်လိုက်ပြီးနောက် စတိတ်စင်ပေါ်ကို ကြည့်ကြည့်တယ်။
စက္ကန့်အနည်းငယ်လောက်ကြာတော့ ဥက္ကဌရှန် တိတ်တဆိတ်ပဲ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်တယ်။ ထားလိုက်ပါတော့။ သူ နားလည် နိုင်တာလည်း မဟုတ်ဘူး။
သူဟာ ဘေးက ရေသန့်ဘူးကို ယူပြီး အဖုံးဖွင့်လိုက်တယ်။
သူ့မှာ သောက်မလို့ လုပ်ရုံပဲရှိသေး နန်ကောတစ်ယောက် သူမအိတ်ထဲ ထမွှေနှောက်နေတာကို သူ တွေ့လိုက်ရတယ်။
“ဘာဖြစ်လို့လဲ?” သူ့အကြည့်ဟာ သူမရဲ့ လှုပ်ရှားမှုတွေဆီ ရောက်သွားတယ်။
“ကျွန်မ အဲဒါတွေကို ၀င်ပေါက်မှာ ၀ယ်ခဲ့တာကို မေ့နေတာ”
“?” ဥက္ကဌရှန်ခမျာ နားမလည်ရှာ။
နန်ကောဟာ ဆက်ပြီး မွှေနောက်ရှာနေခဲ့တာ အိတ်ထဲကနေ ဘီးကုတ်တစ်ခုနဲ့ မီးအလင်း လက်ကိုင်ဘုတ်ကို ရှာတွေ့ပြီး သူ့ကို ပေးမလာခင်ထိဘဲ။ “တာဒါ!”
အဲ့ဟာရဲ့ အလင်းရောင်ကြောင့် ဥက္ကဌရှန်မှာ ကန်းလုနီးနီး ဖြစ်သွားတယ်။
“ဒါက ကံကြမ္မာပဲ။ တစ်ခု၀ယ် တစ်ခု လက်ဆောင်ရတာလေ။ ကျွန်မ ရှင့်ကို တစ်ခုပေးမယ်!” နန်ကောဟာ ရက်ရက်ရောရောနဲ့ သူ့ကို ဘီးကုတ်တစ်ခု ပေးလာတယ်။
ရှန်ရန်ချင်းဟာ အဲဒါတွေကို ကြည့်ပြီး တွန့်ဆုတ်နေတယ်။
“အဲဒါတွေ တော်တော်လေး ကောင်းတယ်လို့ ကျွန်မ ထင်တယ် ရှင် ကြိုက်လား?”
သူမက ပြောနေရင်းနဲ့ တစ်ခုကို ခေါင်းမှာ ပန်ပြီး ခေါင်းကို အသားကုန် ခါနေတော့တယ်။ သူမ ကြည့်ရတာ ပျော်နေပုံပဲ။
ရှန်ရန်ချင်းမှာတော့ တတွန့်တွန့် တဆုတ်ဆုတ်နဲ့ ရုန်းကန်နေရပြီ။ နောက်ဆုံးမှာတော့ သူဟာ ရေဘူးအဖုံးကို တိတ်တဆိတ် ပြန်ဖုံးလိုက်ပြီး လက်ခံလိုက်တယ်။ “ကိုယ့်ကို ပေး”
သူ ကြိုက်လား မကြိုက်လား ဆိုတာကိုတော့ မဖြေခဲ့ဘူး။ သူ တကယ်ကြီး လိမ်တာမျိုး မလုပ်ချင်လို့။
“အိုး?” နန်ကောဟာ မျက်တောင်ခတ်ပြီး လိုလိုလားလားနဲ့ သူ့ကို တစ်ခုပေးတယ်။ သူမဟာ စဉ်းစဉ်းစားစားနဲ့ သူ့ကို မီးအလင်းလက်ကိုင်ဘုတ်ကိုပါ ပေးလိုက်သေးတယ်။ “ရှင် ဒါလည်း ယူထားလို့ရတယ်”
သူမဟာ သူ ဖြစ်နေလို့သာ သူမရဲ့ အချစ်နဲ့ လိုလိုလားလား ခွဲခွာပေးပုံရတယ်။ အခြားလူသာဆို သေချာပေါက် ပေးမှာ မဟုတ်ဘူး။
ဒါကို မြင်တော့ ရှန်ရန်ချင်းဟာ နည်းနည်းလေးတော့ စိတ်အဆင်ပြေသွားတယ်။
ဒါပေမဲ့လည်း သူ့အကြည့်တွေ မီးအလင်းလက်ကိုင်ဘုတ်ရဲ့ စာလုံးတွေဆီ ရောက်သွားတဲ့ အခါမှာတော့ သူ့လက်ချောင်းထိပ်လေးတွေ တုန်တုန်ယင်ယင် ဖြစ်လာပြီး ချက်ချင်း နောင်တရမိသွားတယ်။
“လက်ကိုင်ဘုတ်ကို ယူထား ကျွန်မ ရှင့်ကို ဘီးကုတ် တပ်ပေးမယ်!” နန်ကောဟာ သူမဟာသူမ ပျော်ရွှင်နေပြီး ရှန်ရန်ချင်းရဲ့ ခါးသက်သက် မုဒ်ကို သတိမထားမိဘူး။ သူမက ဘီးကုတ်ကို ယူကာ ထပြီး သူ့ခေါင်းမှာ တပ်ပေးတယ်။
အဲ့ဒီနောက် သူမဟာ ခြေတစ်လှမ်း အနောက်ဆုတ်လိုက်ပြီး လေးလေးနက်နက်နဲ့ မေးစေ့ကို ပွတ်နေပြန်တယ်။ နောက်တော့ သူမဟာ လက်မထောင်ပြီး ပြောတယ်။ “ကောင်းတယ်!”
ရှန်ရန်ချင်း “.....” သူ ပြုံးလိုက်တယ်။
_____
ဖျော်ဖြေပွဲမှာ နန်ကောဟာ သူမအစ်ကိုရဲ့ ညွှန်ကြားချက်တွေကို မမေ့ဘဲ ပေါ်ပေါ်ထင်ထင် ဆယ်ဖီဆွဲတယ်။
ဒါပေမဲ့ ဒီနားကနေဆိုရင် စတိတ်စင်ကို မြင်ဖို့က ဆယ်ဖီက အရမ်းသေးနေတယ်။
သူမဟာ အကူအညီတောင်းဖို့ ရှန်ရန်ချင်းကို မော့ကြည့်လိုက်တယ်။ “ရှင် ကျွန်မကို ပုံလေး၂ပုံလောက် ရိုက်ပေးလို့ ရမလား?”
“ဒါပေါ့” ရှန်ရန်ချင်းဟာ ဖုန်းကို ထုတ်လိုက်တယ်။
သူဟာ လှုပ်ရှားတာ အရမ်းမြန်လွန်းလို့ နန်ကောမှာ သူမ ဖုန်းကိုတောင် ကမ်းမပေးလိုက်ရဘူး။
သူ သူမဆီ ဖုန်းကို ထောင်ထားပြီ ဖြစ်တာကို မြင်တော့ နန်ကောမှာ သူမဖုန်းကို အိတ်ကပ်ထဲသာ ပြန်ထည့်လိုက်ကာ အပြုံးလေးတစ်ပွင့်နဲ့ နေရာယူတယ်။ “အနောက်က စတိတ်စင်လေးပါအောင် ရိုက်ပေးနော်”
“အိုကေ” သူက သဘောတူတယ်။
ဓာတ်ပုံရိုက်ပြီးတော့ ရှန်ရန်ချင်းဟာ ဝီချက်ကို ဖွင့်ပြီး “ကိုယ် မင်းကို ပို့ပေးလိုက်မယ်”
“အိုကေ” နန်ကောဟာ ပုံကို လက်ခံပြီး နှိပ်လိုက်ကာ အနီးကပ်ယူကြည့်တယ်။ “ကျေးဇူးပါ ပုံကောင်းလေးပဲ ကျွန်မ ဒီပုံကို ဝီချက်မှာ တင်ချင်တယ်”
သူမဟာ ဘောင်၉ဘောင်ရှိတဲ့ ဇယားကွက်နဲ့ သူမရဲ့ ဝီချက်မှာ တင်လိုက်တယ်။
“ရှင်ရော ဓာတ်ပုံရိုက်ချင်လား?” သူမက သူ့ကို မေးတယ်။
ရှန်ရန်ချင်းဟာ အခုလေးတင် သူရိုက်ခဲ့တဲ့ ဓာတ်ပုံနှစ်ပုံကို ကြည့်ပြီး အံ့အားသင့်နေတယ်။
“ဒီမှာလား?” သူဟာ ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်တယ်။ အကြောင်း တစ်ခုခုကြောင့် သူလည်းပဲ အနည်းငယ်စိတ်လှုပ်ရှားနေတယ်။
“အင်း”
“ရှင် ဓာတ်ပုံရိုက်ချင်ရင် ကျွန်မ ကူပေးမယ်!”
ရှန်ရန်ချင်းဟာ ငြင်းလည်း မငြင်းသလို သဘောလည်း မတူဘူး။ ခဏလောက် စဉ်းစားပြီးတဲ့နောက် သူက အကြံပေးတယ်။ “ကိုယ်တို့ အတူတူရိုက်ရင်ရော?”
“ကျွန်မနဲ့ ရှင်လား?”
“အင်း” အမျိုးသားဟာ ရေးတေးတေးအပြုံးလေးတစ်ပွင့်နဲ့အတူ ညင်ညင်သာသာလေး ခေါင်းညိတ်ပြတယ်။ “ဒါ ကိုယ့်အတွက် ပထမဆုံး ဖျော်ဖြေပွဲ ကြည့်ဖူးတာ။ ပြီးတော့ မင်းနဲ့လေ အဲ့တော့ အတော်လေး အမှတ်တရ ဖြစ်သွားမယ်ထင်တယ်။ အဆင်ပြေလား?”
******