အခန်း ၄၆
Vol. 5 Ch. 46
Ch 46 ရှင်ဖက်ချင်လား
နန်ကောက နည်းနည်းလောက် ကြောင်အသွားတယ်။ သူမ နဲ့အတူ ဓာတ်ပုံရိုက်ဖို့ လက်ဦးမှုယူပြီး တောင်းဆို လာမယ်လို့ သူမ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး။
ဒါပေမဲ့လည်း သူမ တို့နှစ်ယောက်က သူငယ်ချင်း ဖြစ်နေပြီသားလေ။
သူငယ်ချင်းတွေက အတူတူ ဖျော်ဖြေပွဲကြည့်ပြီး အမှတ်တရ ဓာတ်ပုံတွဲရိုက်တာ ဘာများမှားနေလို့လဲ။
ပြဿနာရှိနေလို့လား....။
လုံးဝကို ပြဿနာ မရှိတာပါနော်။
နန်ကော အဲဒီအကြောင်းကို ပိုတွေးလေ သူမက ပိုပြီးကျေနပ်လာ လေဖြစ်တယ်။
သူမက သူမ ကိုယ်သူမ ပြန်စည်းရုံးသိမ်းသွင်းလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
“အိုကေလေ”
ဖျော်ဖြေပွဲက တဖြည်းဖြည်းနဲ့ ဇာတ်ရှိန် တက်လာတယ်။ စင်မြင့်ပေါ်ရှိ လှပတဲ့ မီးရောင်တွေက ပွဲခင်းတစ်ခုလုံးကို ဖြည်းဖြည်းချင်း လှည့်ပတ်စေကာ ပျော်ရွင်မှုတွေနဲ့ ပြည့်နှက် နေစေတယ်။
ဒါကို နောက်ခံထားပြီး နန်ကောက ကင်မရာကိုကြည့်ရင်း ချစ်စရာ ကောင်းစွာ ပြုံးနေခဲ့တယ်။ သူမ လက်ကို ဗွီပုံစံထောင်လိုက်တော့တယ်။
“ရေးးးး”
ကင်မရာထဲက ပုံရိပ်ကိုကြည့်ရင်း ရှန်ရန်ချင်းက မသိစိတ်အရ ခေါင်းလှည့်ပြီး သူ့ဘေးနားက ပင်ဂွင်းပေါက်စကို ကြည့်လိုက်တယ်။
ပေါ့ပေါ့ပါးပါးလေ ခလုတ်နှိပ်ရုံနဲ့ပဲ ပုံရိပ်တွေက ရပ်တန့်သွားတယ်။
(Tn: ဓာတ်ပုံရိုက်လိုက်တယ်ပေါ့ မူရင်းက with a soft click, the image frozeဆိုတော့ ပုံက အေးခဲတယ် ဆိုတာကို မသုံးပဲ ဆီလျော်အောင်ပြန်လိုက်တာ)
ဖျော်ဖြေပွဲက အောင်မြင်ခဲ့တယ်။ ပွဲပြီးချိန်မှာ လူတိုင်းက ထွက်ခွာဖို့ကို တွန့်ဆုတ်နေကြတယ်။ အချိန်အတော်ကြာမှ သူတို့က ဖြည်းဖြည်းချင်း ထွက်သွားတော့တယ်။
လူ ၈၀၀၀၀ ရှိတဲ့ ခန်းမထဲက လူတိုင်းက တစ်ချိန်တည်း ထွက်လာကြတယ်။ တက္ကစီအက်ပ်ထဲမှာ ရာနဲ့ချီတဲ့ အော်ဒါတွေ ရှိနေပြီး ပွဲအပြင်ဘက်က လမ်းမမှာ အနည်းငယ် ကျပ်သိပ်နေတယ်။
နန်ကောက သူမ ကားမမောင်းလာမိတာ ဝမ်းသာသွားတယ်။
အရမ်းကြီး မနောက်ကျသေးတာမို့ သူမက နောက်ဆုံး ဘတ်စ်ကား ဒါမဟုတ် မြေအောက်ရထားကို စီးနိုင်သေး တယ်လေ။
ရှန်ရန်ချင်းနဲ့အတူ ထွက်လာပြီးနောက် နန်ကောက သူမရဲ့အင်္ကျီနဲ့ သူမ အနားကို ခပ်တင်းတင်း ပတ်ထားပြီး သူ့ကို မေးလာတယ်။
“ရှင် ဘယ်လိုပြန်မှာလဲဟင်”
“ကားက ရှေ့မှာရှိတယ်” ရှန်ရန်ချင်းက မေးငေါ့ကာ အရှေ့က ကားပါကင်ထားတဲ့ နေရာကို ကြည့်ဖို့ အမူအရာ ပြလိုက်တယ်။
“ကျွန်မ တွေ့ပြီ” နန်ကောက ရင်းနှီးနေတဲ့ လိုင်စင်နံပါတ်ပြားကို မြင်လိုက်ရတယ်။
ရှန်ရန်ချင်းက ရှေ့ကို ခြေတစ်လှမ်းချင်း လှမ်းရင်း တစ်ခုခုကို တွေးနေမိတယ်။
“မင်းဘာသာမင်း တစ်ယောက်တည်း ပြန်ဖို့ကို စဉ်းစားနေ သေးတာလား”
လမ်းပြ မြေပုံကို အခုတင် ဖွင့်လိုက်မိတဲ့ နန်ကော: “…”
သူမရဲ့ အမူအရာကပဲ အားလုံးကို သိသာစေတယ်။ ရှန်ရန်ချင်းက အခုလေးတင် နန်ကောရဲ့အတွေးကို အနည်းနှင့် အများတော့ နားလည် လာနိုင်တယ်လို့ ခံစားလိုက်ရတယ်။
“ညဘက် ဒီအချိန်ကြီးမှ မင်းကို တစ်ယောက်တည်းပြန်ဖို့ ကိုယ်ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ”
သူက ပြုံးရင်း ပြောလာတယ်။
“ကိုယ်က မင်းမျက်လုံးထဲမှာ အဲဒီလိုငတုံးလား”
နန်ကောရဲ့မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ရုတ်တရက် ခေါင်းခါလိုက်တယ်။
“နိုး နိုး နိုး နိုး ကျွန်မက ရှင်နဲ့ လမ်းမတူဘူးလို့ ခံစားရလို့ပါ”
“သိပ်မဝေးပါဘူး” ရှန်ရန်ချင်းက ရှေ့ဘက်ရှိခရီးသည်ထိုင်ခုံကို ဖွင့်ပြီး ကားတံခါးပေါ် လက်တစ်ဖက်ကို တင်လိုက်တယ်။ သူက ဘေးဘက်လှည့်ရင်း အတွေးနက် နေသလို ဟန်ဆောင် လိုက်တယ်။
“ကိုယ်လေ အချိန်အကြာကြီး ဟိုက်မြို့ရဲ့ ညရှုခင်းတွေကို မမြင်ခဲ့ရဘူးလို့ တွေးမိတယ်။ ဒီတခေါက် မင်းကို လိုက်ပို့ရင်း ကြည့်ကြည့်ဖို့ အခွင့်အရေးယူလို့ရပြီလေ”
“ကျွန်မ…”
“အိုကေ ကားထဲဝင်ဖို့ အချိန်ရောက်ပြီ ပင်ကွင်းပေါက်စ”
“!”
________
စားသောက်ဆိုင်ဝင်ပေါက်မှာ နန်ကောက သူမရဲ့အိတ်ကို ရှာနေပြီး နောက်ဆုံးမှာမှ အိတ်အောက်ဆုံးမှာ သော့ကို ရှာတွေ့ခဲ့တယ်။
“ကျွန်မဖြင့် သေမလောက် လန့်သွားတာ။ သော့ပါ ပျောက်ပြီ ထင်ပြီး “
သူမက တံခါးကို ဖွင့်ရင်း သူမဘာသာသူမ ညည်းညူမိတယ်။
“ဆိုင်မှာက သော့နှစ်ချောင်းပဲရှိတာ။ အဲဒါသာ ပျောက်သွားလို့ကတော့ ကျွန်မတော့ ဒီည လမ်းပေါ်မှာ အိပ်ရပြီပဲ”
“မင်း လမ်းပေါ်မှာပဲ အိပ်ဖို့ အားထားစရာ မလိုပါဘူးကွာ” ရှန်ရန်ချင်းက သူမ အတွက် ကားမီးကို ဖွင့်ပေးလိုက်တယ်။ “အခုချိန်မှာ ကိုယ်က မင်းကို အိမ်ခေါ်သွားလို့ ရတယ်လေ”
“နိုး နိုး “ နန်ကောက သူမ လွယ်အိတ်ကို ချလိုက်ပြီး ရေနည်းနည်း ငှဲ့လိုက်တယ်။
“ကျွန်မက ရှင့်ကို အမြဲဒုက္ခပေးမိတယ်”
သူမက ခွက်ကို ချလိုက်ပြီး နံရံပေါ်ရှိ နာရီကို ကြည့်လိုက်တယ်။ သူမက အံ့အားတကြီး အော်လိုက်သံက နှုတ်ခမ်းဖျားမှ ထွက်သွားမိတယ်။
“အရမ်းနောက်ကျနေပြီပဲ”
“ရှင် ဗိုက်ဆာနေပြီလား”
ရှန်ရန်ချင်းက ချက်ချင်းဆိုသလို သဘောပေါက်သွားတယ်။
သူ ဗိုက်ဆာတာက အရေးမကြီးဘူး။ အရေးကြီးတာက ပင်ဂွင်းပေါက်စက ဗိုက်ဆာနေပုံ ရတာပဲ။
သူက သူ့မျက်လုံးထောင့်ကနေ နာရီကို လှမ်းကြည့်လိုက်တယ်။ အဲဒါက ဖျော်ဖြေပွဲ ကြည့်လို့ ပြီးတာက ၁၁:၃၀တောင် ရှိပြီလေ။ ပင်ကွင်းပေါက်စ တစ်ခုခုစားဖို့ အချိန်ရောက်ပြီလေ။
ဒါကြောင့် သူက လိမ်လိုက်တယ် “နည်းနည်းပေါ့”
“ဒါဆို ကျွန်မ ရှင့်အတွက် တစ်ခုခု ချက်ပေးရမလား”
“ဘယ်လို ချက်ရမှန်း မင်းသိတယ်ပေါ့” ရှန်ရန်ချင်းက နည်းနည်းတော့ အံ့သြသွားမိတယ်။
ဒီတစ်ကြိမ်မှာတော့ နန်ကောက ချက်ချင်း သဘောမတူရဲခဲ့ဘူး။ သူမက ခေါင်းကို ကုတ်လိုက်ပြီး သူမ ကိုယ်သူမ မျက်စိမှိတ် မယုံရဲခံ့ဘူး။ သူမက မယုတ်မလွန်သာ ပြောခဲ့တယ်။
“နည်းနည်းလောက်ပါပဲ”
သူမ မှတ်ဥာဏ်ထဲမှာတော့ သူမ အစ်ကိုမွေးနေ့မှာ သက်ရှည် ခေါက်ဆွဲတစ်ပန်းကန် လုပ်ခဲ့တယ်။ အဲဒီနောက်မှာ နောက်နှစ်မှာတော့ အချိုပွဲအချို့ လုပ်ခဲ့တယ်လေ။
အဲဒါက ကြည့်မကောင်းပေမယ့်လည်း သူမ အစ်ကိုက အရသာက အဆင်ပြေတယ်လို့ ပြောခဲ့တယ်။
ဒါပေမဲ့လည်း နောက်ပိုင်းမှာ သူမ အစ်ကိုဖြစ်သူက သူမ ချက်ပြုတ်ဖို့အတွက် အချိန်တိုင်း အတော်ကြိုးစားခဲ့ရကြောင်း ပြောခဲ့တယ်။ သူမကိုယ်သူမ နာကျင်စေမှာကို ကြောက်နေပြီး နောက်တစ်ကြိမ် မချက်တော့ဖို့ ပြောခဲ့တယ်။
ဒါကြောင့် သူမ မီးဖိုချောင်ထဲ နှစ်ကြိမ်ခန့် ဝင်ခဲ့ပြီးကတည်းကဆို လေးနှစ်၊ ငါးနှစ်ထဲ ရှိပြီဖြစ်တယ်။
“ရှင် စိတ်မရှိရင် မီးဖိုချောင်မှာ ဘာတွေရှိလဲ ကျွန်မကြည့်ပြီး နည်းနည်းလောက် ချက်ကြည့်မယ်လေ”
သူမက စမ်းချက်ကြည့်ဖို့ စိတ်အားထက်သန်နေပုံရတယ်။
ရှန်ရန်ချင်းက ပြောလာတယ် “ ကောင်းပြီ”
နန်ကောက ချက်ပြုတ်နေစဉ်မှာ ရှန်ရန်ချင်းက ထမင်းစားခန်း ထဲမှာ ထိုင်ခုံအလွတ် တစ်ခုကို တွေ့တာမို့ ဝင်ထိုင်လိုက်တယ်။
သူ ဝီချတ်ကို ဖွင့်လိုက်တာနဲ့ ဆုတောင်းတွေက တစ်ခုပြီးတစ်ခု ပေါ်လာတယ်။
ဖေဖေ : [မင်း ဘာလို့ ဒီနေ့ ပြန်မလာတာလဲ]
[ကုမ္ပဏီမှာ အတော်လေး အလုပ်များနေတာလား။ မင်းက နှစ်သစ်ကူးပွဲတော်မှာတောင် အနားမယူဘူးလား]
[ဒီည ညစာစားပြီးပြီလား။ ငါက ကုမ္ပဏီဆီကို တစ်ခုခုပေး လိုက်မလို့ တစ်ယောက်ယောက်ကို ဘာလို့မလွှတ်လိုက်တာလဲ]
[အချိန်ပို အရမ်းမဆင်းနဲ့ ငယ်သေးတုန်းမှာ ကိုယ့်ခန္ဓာကိုယ်ကို မနှိပ်စက်ရဘူး နှစ်သစ်ကူးပြီးရင် အသက် ၃၀ ရှိပြီမလား မကြာ ခင်မှာ မင်းအရင်ကလို သန်မာတော့မှာ မဟုတ်ဘူး]
ရှန်ရန်ချင်းက တက်လာသမျှ နိုတီတွေကို အပေါ်ကနေ အောက်ထိ ကြည့်နေရင်း သူ့မျက်ခုံးမွှေးများကို ပွတ်လိုက်တယ်။
အရင်တုန်းကတော့ သူ့အသက်အရွယ်နဲ့ ထိရှမလွယ်ခဲ့ဖူးသလို သူက အရမ်းကြီး အသက်ကြီးတယ်လို့လည်း မတွေးခဲ့ဖူးဘူး။
ဒါပေါ့ အလုပ်ထဲက လူတွေနဲ့ယှဉ်ရင် သူက သဘာဝကျကျကို မငယ်တော့ဘူး။ ဒါပေမဲ့လည်း သူက အရာအားလုံးကို အာရုံစိုက်ဖို့ လိုအပ်နေတဲ့အထိ အသက်ကြီးနေပြီလို့လဲ မခံစားခဲ့ရဖူးဘူး။
သူက နေ့တိုင်း အချိန်ပိုမလုပ်ပေမဲ့ အပတ်တိုင်း အချိန်မှန် လေ့ကျင့်ခန်းတော့ လုပ်တယ်။
ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အသက်အရွယ် စကားဝိုင်းက တစ်ချိန်ပြီးတစ်ချိန် ပေါ်လာခဲ့ပြီး သူ့ကိုယ်သူတောင် သံသဃဝင်လာမိတယ်။
မကြာခင်မှာ မက်ဆေ့ခ်ျအသစ်တစ်ခု ရောက်လာတယ်။ အဲဒါက သူ့အဖေဆီကပဲ ရောက်လာတာ။
[ငါ မင်းအတွက် စားစရာတွေကို မီးဖိုချောင်မှာ သိမ်းထားတယ်။ မင်း မကြာခင် ပြန်လာတော့မှာ မဟုတ်ဘူးလား။ ဘယ်အချိန်ရှိပြီလဲ မင်း မသိဘူးလားကွ ]
သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်ရန်ချင်းက စာရိုက်လိုက်တယ်။
[ဒီနေ့က အရမ်းနောက်ကျနေပြီ ပြန်မလာဖြစ်တော့ဘူး]
တစ်ဖက်လူက အချိန်အတော်ကြာမှ အကြောင်းပြန်လာတယ်။ [ကောင်းပြီ ညစာစားဖို့ သတိရဦး]
ခဏကြာပြီးနောက် သူ့အဖေက နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လိုက်တယ်။ [ဒီနှစ် နှစ်သစ်ကူးမှာ မင်းအမေရဲ့နေရာဆီ သွားသေးလား]
ဒီစာကိုမြင်လိုက်ရတော့ အမျိုးသားရဲ့မျက်လုံးထဲရှိ အလင်းရောင်က ခဏလောက် ဖျော့သွားတယ်။
ရှန်ရန်ချင်းက ဒီလိုအမူအရာမျိုး ပြခဲပြီး သူက ဒီလိုမျိူး ဆန့်ကျင့်ခဲတယ်။
သူက စာကို ဆက်ပြီး ရိုက်နေရာမှ ပြောင်းလိုက်တယ်။ အဆုံးမှာတော့ စကားလုံး တစ်လုံးတည်းသာ ရှိတော့တယ်။
[နိုး]
[ကောင်းပြီ မင်းအလုပ်ပြီးရင် အားလပ်ရက်ထဲမှာ အိမ်ဟောင်းကို ပြန်လာဖို့ မမေ့နဲ့]
[ဟုတ်ကဲ့]
သူက ပြန်ဖြေပြီးနောက် စိတ်သက်သာရာရတဲ့ သက်ပြင်းရှည် ချလိုက်တယ်။
အမျိုးသားက ခေါင်းငုံ့ထားတယ်။ နံရံပေါ်ရှိ အလင်းတန်းများ က သူ့နောက်ကျောကို ရိုက်ခတ်ပြီးနောက်မှာ သူ့ပုံရိပ်ကို ကွေးသွားစေတယ်။
သူက တစ်ယောက်တည်း ထိုင်နေပြီး အကြာကြီး မလှုပ်ရှား တော့ဘူး။
သူ့ကြည့်ရတာ ဦးတည်ရာမဲ့နေတဲ့ ပျောက်ဆုံးပြီး အကူအညီမဲ့ နေတဲ့ ခွေးကြီးနဲ့တူတယ်။
သိပ်မဝေးတဲ့ နေရာမှာ ရင်းနှီးနေတဲ့ အသံပေါ်လာတယ်။
“ဥက္ကဌရှန် လာခဲ့။ ကျွန်မ ခေါက်ဆွဲပြုတ်ထားတယ်။ ကြည့်ရတာ စားကောင်းလောက်တယ်”
ရှန်ရန်ချင်းက မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေက ရှုပ်ထွေးမှုတွေ ပြည့်နှက်နေတယ်။
နန်ကောက လင်ဗန်းတစ်ခုနဲ့ ထွက်လာကာ ခေါက်ဆွဲပန်းကန်တွေထဲမှ တစ်ခုကို သူ့ရှေ့တွင် ချထားလိုက်တယ်။ သူမ ဇွန်းကို ပေးလိုက်တယ်။
“ဒီမှာ စားကြည့်ကြည့်”
သူက သူမကို မလှုပ်မယှက် ကြည့်နေရင်း မျက်မှန်အောက်မှ သူ့မျက်လုံးများက အတော်လေး နက်မှောင်နေတယ်။ သူတို့က နက်ရှိုင်းပြီး နောက်ကျိနေကာ ရှင်းရှင်းလင်းလင်း မြင်ဖို့ မဖြစ်နိုင်ဘူး။
နန်ကောက သူ မစားချင်လောက်ဘူးလို့ တွေးမိကာ ရှက်ကိုးရှက် ကန်းနဲ့ ရှင်းပြလာတယ်။
“မီးဖိုချောင်မှာ တခြားပစ္စည်းတွေ ရှိတယ်။ ဒါပေမဲ့ ကြည့်ကြည့်တော့ အဲဒါတွေနဲ့ ဘယ်လိုချက်ရမလဲ ကျွန်မ မသိဘူး”
“ခေါက်ဆွဲက ပိုလွယ်တယ်လေ။ ပြီးတော့ အရင်က ဒါကို လုပ်ထားဖူးတာဆိုတော့ ကျွန်မ နည်းနည်းတော့ ယုံကြည်ချက်ရှိတယ်”
အမျိုးသားက တုံ့ပြန်လိုက်ပြီး ခေါင်းကို ခပ်သာသာ ခါလိုက်တယ်။ “ကြည့်ရတာ ကောင်းမဲ့ပုံပါပဲ”
အဆုံးမှာ သူ ပြုံးလိုက်မိတယ်။
နန်ကောက သူ့ရှေ့မှာ ရပ်နေပြီး သူ့တူတွေကို လှုပ်ရှားဖို့ ကောက်ကိုင်နေတာကို ကြည့်နေတယ်။
တစ်ခဏလောက် စောင့်ကြည့်ပြီးနောက် သူမက ဖြည်းဖြည်း ချင်း ငုတ်တုတ်ထိုင်ချရင်း စားပွဲပေါ်ကို မှီလိုက်တယ်။ သူမ မျက်နှာကို ကိုင်ထားပြီး သူ့မျက်လုံးနဲ့ အကြည့်ချင်း ဆုံလိုက်တယ်။
“ရှင် မပျော်ဘူးလား။ ဖက်ထားချင်လား”
******