အခန်း ၄၇
Vol. 5 Ch. 47
Ch 47 ပင်ကွင်းပေါက်လေးကို သူ့နားမှာထားချင်တယ်
သစ်သားတူတစ်စုံက ခေါက်ဆွဲကို ညင်ညင်သာသာ မွှေနေခဲ့တယ်။ ရှန်ရန်ချင်းက ခေါက်ဆွဲကို မွှေတာကို ရပ်လိုက်တော့ ခေါက်ဆွဲ တစ်ဖက်နှစ်ဖက်က တင်ကျန် နေခဲ့တယ်။
သူက မှားပြီးကြားမိတယ်ထင်ကာ ခေါင်းကို မော့လိုက်တယ်။
“ဘယ်လို”
သူနဲ့ဆန့်ကျင်ဘက်ရှိ ပင်ကွင်းပေါက်လေးက သူမရဲ့ ခေါင်းသေးသေးလေးကို ပြလာခဲ့တယ်။ သူမ မျက်နှာကို လက်နှစ်ဖက်နဲ့ ထောက်ထားရင်း သူမ မျက်နှာပေါ်မှာ အပြုံးဖျော့ဖျော့လေး ပြုံးပြလာတာမို့ သူမ နှုတ်ခမ်းလေးက ဖြည်းဖြည်းချင်း ဖွင့်ဟလာခဲ့တယ်။ သူမက ဖျော်ဖြေပွဲ သွားဖို့အတွက် ဒီနေ့မှာ မိတ်ကပ် ပါးပါးလေးလိမ်းပြီး သေသေချာချာ ၀တ်ထားခဲ့တယ်။ သူမက အတော်လေး လှနေခဲ့တယ်။
ဒါပေမဲ့ သူမ မျက်လုံးတွေက ရှင်းလင်းနေခဲ့တယ်။ ဒီအခိုက်အတန့်မှာ သူမက သူ့ရဲ့မျိုသိပ် ထားတာတွေနဲ့ ရင်ထဲက အတွေးများကို မြင်နိုင်ပုံရတယ်။
ဒီလိုမျိုး ကြည်လင်နေတဲ့ မျက်လုံးများအောက်မှာ သူနည်းနည်းလောက် စိတ်လှုပ်ရှား သွားတယ်။
သူတို့ မျက်လုံးချင်း ဆုံသွားခဲ့တယ်။
နန်ကောက သူက နားလည်မှု လွဲမှာကို ကြောက်လို့ သူ့ကို ရှင်းပြလာတယ်။
“တစ်ယောက်ယောက်ဆီက စက္ကန့်သုံးဆယ်ကြာ ပွေ့ဖက်ပေးတာက ရှင့်ဖိအားရဲ့ သုံးပုံတစ်ပုံကို သက်သာရာ ရစေတယ်လို့ ပြောတာ ကြားခဲ့ဖူးလို့ပါ”
“အိုး” သူက မီးဆိုင်းကို ကြည့်မိရင်း ဂရုတစိုက် နားထောင် နေခဲ့တယ်။
“ဒီကိစ္စမှာဆို တစ်မိနစ်ကျော်လောက် ဖက်ထားထားတာက ဖိအားတွေနဲ့ ဒုက္ခအားလုံးကို သက်သာစေမှာလား”
ပင်ကွင်းပေါက်လေးက ဒီလိုမျိုး ပြောလို့ မကောင်းတာကို ခံစားနေရတယ်။ သူမက ခေါင်းကုတ်ပြီး တုတ်တုန်ရီရီနဲ့ ဖြေလာတယ်။
“ဒါပေါ့ ကျွန်မက ရှင် စိတ်ဖိစီးနေတာမျိုး ဒုက္ခရောက်နေတယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဟမ် ကျွန်မက ဒီလိုလုပ်ရင် ရှင် နည်းနည်းလောက် ပျော်မလားလို့ တွေးမိလို့ပါ”
“အမှန်မဟုတ်ရင်တောင်မှ ကြိုးစားကြည့်ရင်လည်း ဒုက္ခ မရောက်နိုင်ဘူးလေ။ ဟုတ်တယ်မလား၊။ မှန်ခဲ့ရင် ဘယ်လိုလုပ်မလဲ”
“ရှင် ပွေ့ဖက်ချင်လားဟင်”
စကားဆုံးတာနဲ့ တည်တည်ငြိမ်ငြိမ် မတ်တပ်ထရပ်ပြီး သူမ လက်နှစ်ဖက်ကို သူ့ဆီ ဖွင့်ဟလိုက်တယ်။
ရှန်ရန်ချင်းက နေရာတွင် ထိုင်နေဆဲ ဖြစ်ပြီး သူ့ရဲ့ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားဆဲ ဖြစ်တယ်။ သူက သူမကို သူ့ရဲ့မျက်လုံး နက်နက်များဖြင့် ကြည့်နေခဲ့တယ်။
နန်ကောက ငြိမ်ငြိမ်နေပြီး သူ့ကို စောင့်နေလိုက်တယ်။
နောက်ဆုံးမှာ ထိုင်ခုံပေါ်ရှိ လူက လှုပ်ရှားလာတယ်။
နန်ကောက ပြုံးလိုက်တာမို့ သူမရဲ့ပန်းနုရောင် နှုတ်ခမ်းက အနည်းငယ် ဟသွားတယ်။
သူမရှေ့က အလင်းရောင်ကို ရုတ်တရက် အရပ်ရှည်ရှည် ပုံရိပ်က ပိတ်ဆို့လိုက်ပြီး လှိုင်းတွေလိုမျိုး အရိပ်က သူမ အပေါ်ကို ကျရောက်သွားတယ်။
နောက်တစ်စက္ကန့်မှာတော့ ရင်းနှီးနေတဲ့ အော်ရာက သူမနား ချဉ်းကပ်လာပြီး သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားတယ်။
သူက ကိုယ်ငုံ့လိုက်ဖို့ကို သူ့ခွန်အား အကုန်လုံးကို အသုံးချသွားပုံ ရတယ်။
နန်ကောက ဟန်ချက်ပျက်သွားကာ ရှေ့ကိုယိုင်သွားပြီး သူ့ရင်ခွင်ထဲသို့ လဲသွားတယ်။
ဒါဟာ ပထမဆုံးအကြိမ် ဆန့်ကျင်ဘက်လိင်နဲ့ အတော်လေး ရင်းရင်းနှီးနှီး နေမိတာ ဖြစ်တယ်။
သူမ ဆယ်ကျော်သက်တည်းက သူမ အစ်ကိုဖြစ်သူကို ပွေ့ဖက်တာမျိုးကို ရပ်ခဲ့တယ်။ ပြီးတော့ သူ့အစ်ကိုက ဆန့်ကျင်ဘက်လိင်နဲ့ ခပ်ခွာခွာနေဖို့ အမြဲတမ်း ပြောခဲ့တယ်။
ဒါကြောင့် နန်ကောရဲ့ပထမဆုံး တုံ့ပြန်မှုက သူ့လက်ထဲက ရှုန်းထွက်ဖို့ ဖြစ်တယ်။ သူမက သူ့ရင်ခွင်ထဲမှာ ရှိနေဖို့က မသင့်တော်ဘူးလေ။
ဒါပေမဲ့လည်း အမျိုးသားက သူ့ကိုယ်သူ ထိန်းချုပ်ထားပြီး သူမ ပုခုံးများကို ဖက်ထားခဲ့တယ်။ သူက အားအများကြီး မသုံးထားပေမဲ့လည်း သူမရဲ့ ချက်ချင်းထမဲ့ အတွေးတွေက ပျောက်သွားခဲ့တယ်။
ထိုခဏမှာ နန်ကောက သူမ လက်ကို ဘယ်မှာထားရမှန်း မသိခဲ့ဘူး။
ရှန်ရန်ချင်းဘက်ကို မမြင်နိုင်ပေမဲ့ သူမရဲ့ပါးပြင်က ဝတ်စုံပြည့်ရဲ့ ပျော့ပျောင်းတဲ့ ချည်သားကို ဖြတ်ပြီး သူ့နှလုံးသားနှင့် နီးကပ်နေခဲ့တယ်။
သူ့ရဲ့ နှလုံးခုန်သံ ပြင်းပြင်းကြောင့်လားဆိုတာ သူမ မသိပေမဲ့ သူမ နားရွက်တွေက သွေးထွက်ခါနီးလိုမျိုး နီရဲနေခဲ့တယ်။
တစ်မိနစ်ကျော်က ရာစုနှစ် တစ်ခုစာနီးပါး ကြာခဲ့တယ်။
အချိန်အတော်ကြာပြီးနောက် ပင်ဂွင်းပေါက်ရဲ့ ဘေးနှစ်ဖက်ရှိ လက်တွေက မြှောက်လာလိုက် ပြန်ချလိုက်နဲ့ ပျာယာခတ် နေခဲ့တယ်။
တစ်ခဏလောက် ရုန်းကန်ပြီးနောက်မှာ ပင်ဂွင်းပေါက်က နောက်ဆုံးမှာ သူမရဲ့သတ္တိကို စုဆောင်းကာ အမျိုးသားရဲ့ ကိုင်းထားတဲ့ ခါးမှာ ရစ်ပတ်ဖို့ သူမ ရဲ့လက်နှစ်ဘက်ကို မြှောက်ခဲ့တယ်။
သူမက သူ့ရဲ့နောက်ကျောကို ညင်ညင်သာသာ ပုတ်ပေးခဲ့တယ်။
အခုလေးတင် သူမ လက်ကို တစ်နေရာမှာ တင်ထားခဲ့တာမို့ အချိန်ကြာမှ သူမ ဘေးမှာ တိတ်တိတ်လေး ချလိုက်တော့ သူမရဲ့ လက်ဖဝါးမှာ နွေးထွေးတဲ့ ချွေးအလွှာတစ်ခု ပေါ်လာခဲ့တယ်။
သူမရဲ့ ပျော့ပျောင်းတဲ့ လက်ဖဝါးနဲ့ ထိလိုက်ချိန်မှာ ရှန်ရန်ချင်းက သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်မိတယ်။
သူမက သူ့ကို နှစ်သိမ့်ပေးဖို့အတွက် စည်းချက်ညီညီ ပုတ်ပေးချိန်မှာ မျက်မှန်အောက်က သူ့မျက်လုံး နက်နက်တွေက နက်မှောင်သွားခဲ့တယ်။
အချိန်တိုလေးအတွင်းမှာ သူ့စိတ်ကို ပြင်နိုင်နိုင်ခဲ့မဲ့ သူ့ဆီမှာ တစ်ခုခုကို လွှမ်းနေတာမျိုးလည်း မရှိခဲ့ဘူး။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက ပင်ကွင်းပေါက်လေးကို သူ့ဘေးမှာ တကယ်ကို ထားချင်ခဲ့တယ်။
ဒါပေါ့ နန်ကောကလွဲလို့ ဘယ်သူကမှ သူ့ကို မတားဆီးနိုင်ဘူး။
_______
နှစ်သစ်ကူး အကြိုပြီးတော့ နန်ကောက သူမရဲ့ ခရီးဆောင်အိတ်တွေနဲ့ သူ့ကားကို ကျန်းမြို့ဆီ ပြန်မောင်းလာခဲ့တယ်။
သူမက စာသင်ချိန် တစ်ခုလုံးမှာ ပြန်မလာဖြစ်ခဲ့ဘူး။ အားလပ်ရက်တွေ ရောက်တော့လည်း သူမက ကျောင်းမှာ နေတာမျိုး မဟုတ်ရင် သူမ အခန်းဖော်တွေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ခဲ့တယ်။
ဒါကြောင့်ပဲ သူမ ရဲ့မိဘတွေက အချိန်အကြာကြီး နားပူနားဆာလုပ်ခဲ့တယ်။
သူမက မနက်မှ ပြန်လာမယ်မှန်းသိလို့ မစ္စနန်က အစောကြီး ထကာ စောင့်နေခဲ့တယ်။ မစ္စနန်က အပြင်မထွက်တော့ဘဲ လှေကားအောက် ဆင်းရင်း ထိုင်နေကာ မနက်ခင်းသတင်းကို စောင့်ကြည့်နေခဲ့တယ်။
နန်ကျဲ့အိပ်ရာက နိုးလာတော့ မနက်နှောင်းပိုင်းကို ရောက်နေခဲ့ တယ်။
“အိုး ဘုရားရေ မင်း ဘာလို့ အခုမှ နိုးလာရတာလဲ “ မစ္စနန်က သူ့ကို မတူမတန်သလို ကြည့်လာခဲ့တယ်။
“မင်းကို ကြည့်ရတာ မနေ့ညက ဘယ်နေရာမှာ မူးရူးနေခဲ့တာလဲ”
နန်ကျဲ့က သမ်းရင်း ဆိုဖာပေါ်မှာ ထိုင်ချကာ မသပ်မရပ်ဖြစ်နေပုံရ တယ်။
“မနေ့ညက သူတို့က ကျွန်တော့်ကို အရက်သောက်ခိုင်းတာမို့ နည်းနည်း နောက်ကျတဲ့အထိ နေခဲ့ရတယ်”
“မင်း ဘယ်အချိန် ပြန်ရောက်တာလဲ”
“မမှတ်မိဘူး” နန်ကျဲ့ ရေတစ်ငုံ သောက်လိုက်တယ်။ “ငါးနာရီ ခြောက်နာရီလောက်ပဲ”
“မင်း” မစ္စနန်က သေလုမတတ် ဒေါသထွက်သွားခဲ့တယ်။
“မင်းက အသက်ဖြင့် ကြီးနေပြီ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးကို ဘယ်လို တန်ဖိုးထားရမလဲတောင် မသိဘူး။ ရုတ်တရက် သေသွားရင် ဘယ်လိုလုပ်မလဲ”
“သမီးလည်း မနေ့က သတင်းတစ်ပုဒ် တွေ့ခဲ့တယ်။ အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်က မိုးလင်းတဲ့အထိ သောက်ပြီး ရုတ်တရက် သေဆုံးသွားတယ်တဲ့”
“မင်းဘယ်လိုတောင်…”
နားပူနားဆာ လုပ်ခံရတာမို့ နန်ကျဲ့ရဲ့ခေါင်းက ကိုက်ခဲနေခဲ့တယ်။ သူ့ကယ်တင်ရှင်ကို မြင်လိုက်ရသလိုမျိုး တံခါးကို လှမ်းကြည့် လိုက်မိတယ်။
“မား နန်ကော ပြန်လာပြီ”
ဒါကို ကြားတော့ မစ္စနန်က တံခါးအပြင်ကို အမြန်လေး လှည့်ကြည့်လိုက်တယ်။ သေချာပေါက်ကို သူ့သမီး အငယ်ဆုံးလေးက သူမ ခရီးဆောင်အိတ်ကို ခြံထဲကို ဆွဲယူလာတာကို တွေ့လိုက်ရတယ်။
“အိုး မိုင်း...ရော့ရော့ ပြန်လာပြီပဲ” မစ္စနန်က လက်ခုပ်တီးရင်း အမြန်ထရပ်ကာ လမ်းလျှောက်ခဲ့တယ်။ သူမက ခြေလှမ်း နှစ်လှမ်း လှမ်းပြီးနောက် ဘေးကို လှည့်ကြည့်ကာ နန်ကျဲ့ကို စိုက်ကြည့်နေခဲ့တယ်။
“မင်း ဘယ်လောက် အပျင်းကြီးနေလဲ ကြည့်စမ်း။ မင်းညီမကို မြင်ပြီးပြီမလား။ ဘာလို့ သူမရဲ့ ခရီးဆောင်အိတ်ကို ကူမရွှေ့ပေးရတာလဲ”
“သူမ ဘာသာ မ မနိုင်တာနဲ့ မတူဘူးနော်”
“အဓိပ္ပါယ်မရှိတာ သူမက ကလေးပဲရှိသေးတာကို”
“မင်းကိုမင်း ကြည့်စမ်း။ မင်းက ထွားကြိုင်းသန်မာပြီး တိရစ္ဆာန်ရုံ ထဲက ချင်ပန်ဇီဝက်ဝံတွေထက်တောင် ပိုစားသေးတယ်”
“…” နန်ကျဲ့က ဖျစ်ညှစ် ပြုံးပြတယ်။
“အိုကေပါ။ ကျွန်တော် သူမ ပစ္စည်းတွေကို ရွှေ့လိုက်မယ်”
_________
နန်ကျဲ့က ဖြည်းဖြည်းချင်း လျှောက်လာကာ နန်ကောရဲ့ လက်ထဲမှ ခရီးဆောင်အိတ်ကို ယူလိုက်တယ်။ သူက သာမန်ကာလျှံကာ မေးလာတယ်။
“ဘယ်မှာထားမှာလဲ”
“အရင်နေရာပဲ” နန်ကောက သူ့ကို တိတ်တဆိတ် ပြောလာတယ်။
သူ့အစ်ကိုရဲ့ကားကို ခိုးမောင်းနေတာ သူမ မိဘတွေက မသိတာဖြစ်လို့ ပြန်လာချိန်တိုင်း ကားကို ဘေးကင်းတဲ့ နေရာမှာ ရပ်ထားခဲ့တယ်။
နန်ကျဲ့က ခေါင်းညိတ် လိုက်တယ်။
“ကောင်းပြီ။ မြန်မြန် ဝင်ကြတာပေါ့”
“ဘာမှားလို့လဲ”
သူရဲ့ပြောစရာကုန်နေတဲ့ အမူအရာကို ကြည့်ပြီး နန်ကောက မမေးဘဲ မနေနိုင်တော့ဘူး။
နန်ကျဲ့က ပြန်ဖြေတယ်။
“ဒီမိသားစုထဲမှာ ငါ့အတွက် နေရာမရှိဘူးလေ”
နန်ကောက သူမ ရှေ့ရှိ ခပ်မြန်မြန် လမ်းလျှောက်နေတဲ့ အစ်ကိုဖြစ် သူနဲ့ အမေကို ကြည့်လိုက်တယ်။ သူမက သူ ဘာကိုဆိုလိုတယ်ကို အကြမ်းဖျင်းနားလည်လိုက်တယ်။
သူမက အစ်ကိုဖြစ်သူ၏ ပခုံးကို ပုတ်ကာ ပြုံးရင်း နှစ်သိမ့်ပေး လိုက်တယ်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အစ်ကိုရ။ ငါတို့ရဲ့ခွေး၊ အဖေ မွေးမြူထားတဲ့ လိပ်ကလေးနဲ့ ကန်ထဲက ရွှေငါးတွေ ပါရင် အစ်ကိုက ထိပ်ဆုံးငါးယောက်ထဲမှာ ရှိနေသေးပါတယ်”
“အစ်ကိုအတွက် ဒီမိသားစုမှာ နေရာရှိတုန်းပါလို့”
နန်ကျဲ့က ဒေါသထွက်ထွက်နဲ့ ပြန်ဖြေတယ်။ “…ကျေးဇူး”
စုစုပေါင်းမှ လူလေးဦးပဲ ရှိတာကို သူက ငါးယောက်မြှောက် ချိတ်တယ်တဲ့လေ။
အိမ်ပြန်ရောက်ပြီးနောက် နန်ကောရဲ့အားလပ်ရက်က တရားဝင် စတင်လာခဲ့တယ်။
နှစ်သစ်ကူး နီးလာတာနဲ့ သူမ သည် ဆွေမျိုးတွေဆီ သွားလည်ရင်း အနည်းငယ် အလုပ်များနေခဲ့တယ်။
ဒါပေါ့ သူမ အစ်ကိုနန်ကျဲ့က သူမထက် ပိုအလုပ်များ သေးတယ်။
ဒီသုံးရက် ဆက်တိုက်တောင် သူမအစ်ကိုက နေ့တိုင်း တွေ့ဆုံပွဲတွေရှိပြီး မိုးလင်းခါနီးမှ ပြန်လာတယ်လေ။
လေးရက်မြောက်နေ့မှာလည်း နန်ကျဲ့က အပြင်ထွက်ရဦးမယ်။
သူ့ကို စောစော ပြန်လာစေဖို့အတွက် မစ္စနန်က နန်ကောကို သူနဲ့အတူ သွားဖို့ သေချာပေါက် လွှတ်ပေးလိုက်တယ်။
စားသောက်နေစဉ် နန်ကောက သန့်စင်ခန်းထဲ ဝင်သွားခဲ့တယ်။
သူမ အနားမှာ မရှိတုန်း နန်ကျဲ့က သူငယ်ချင်းတစ်ယောက်ဆီက စီးကရက်တစ်လိပ် ယူလာပြီး မီးညှိချင်ခဲ့တယ်။
ဖုန်းကို ပွတ်နေတဲ့ သူ့ငယ်သူငယ်ချင်းက ပြောလာတယ်
“ဟေး အစ်ကိုနန် ရှန်ရှန်ချင်းရဲ့မိုးမန့်မှာ မင်းညီမ နန်ကောနဲ့ ဘာလို့ အတူတူ ဓာတ်ပုံ ရိုက်ထားရတာလဲ”
တစ်ဖက်မှာ နန်ကျဲ့ရဲ့လက်က တုန်ရီသွားပြီး မီးက သူ့လက်ကို လောင်သွားခဲ့တယ်။
******