အခန်း ၄၈
Vol. 5 Ch. 48
Ch 48 ဒီတစ်နပ်ပြီးတာနဲ့ သူမ သေပြီ
နန်ကျဲ့ရဲ့ လက်ချောင်းတွေက မီးပူဟပ်သွားခဲ့တယ်။ သူက နာကျင်မှုကြောင့် ပင့်သက်ရှိုက်ရင်း လက်ကို ခါယမ်းလိုက်တယ်။
သူက သူ့ရဲ့မီးလောင်နေတဲ့ လက်ကို ဂရုစိုက်ချင်စိတ် မရှိတော့ဘူး။ သူ့အာရုံစိုက်မှုတွေက သူ့ငယ်သူငယ်ချင်းရဲ့ ဖုန်းပေါ်မှာပဲ အာရုံစိုက်နေမိတယ်။
“အဲဒါက ဘာလဲ ငါ့ကို ပြပါဦး”
သူ့ငယ်သူငယ်ချင်းက သူ့ဖုန်းကို စားပွဲပေါ် တင်ပြီး သူ့ဘက်လှည့်ပေးလိုက်တယ်။
“ဒီမှာလေ အဲဒါက ဝီချတ်မိုးမန့်မှာ တင်ထားတာ”
နန်ကျဲ့က ဖုန်းကို ကောက်ယူလိုက်ပြီး ဓာတ်ပုံကို သေချာကြည့်ဖို့ မျက်လုံးတွေကို ကျဉ်းမြောင်း လိုက်မိတယ်။
သူက မယုံကြည်နိုင်ပဲ ဓာတ်ပုံကို နှိပ်လိုက်ကာ အသေးစိတ်ကြည့်ဖို့ ကျုံ့လိုက်ချဲ့လိုက် ကြည့်မိတယ်။
ဖုန်းထဲကို တွင်းပေါက်ကြီးတစ်ခု ပေါ်လာတဲ့အထိ စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေ မီးတောက်မတတ် ဖြစ်နေတာ မြင်လိုက်ရတော့ သူ့ငယ်သူငယ်ချင်းက နည်းနည်းတော့ ပဟေဠိ ဖြစ်သွားတယ်။
“ဒီအကြောင်းကို မင်း မသိဘူးလား”
နန်ကျဲ့က အံကြိတ်လိုက်မိတယ်။
သူ ဘာကိုမှ သိမနေဘူးလို့။
ဓာတ်ပုံရဲ့ရက်စွဲကို ကြည့်လိုက်တော့ အဲဒါက တကယ်ကိုပဲ နှစ်သစ်ကူးအကြိုည ဖြစ်နေခဲ့တယ်။
ဟစ်...။
သူက အသက်ပြင်းပြင်းရှူပြီး သူ့နှလုံးသားကို ဖိလိုက်ရတယ်။ အိုး. မဟုတ်သေးဘူး ဒါက နှလုံးဖောက်သလို ခံစားနေရတယ်။
သူ့ရဲ့ ဖြူဖပ်ဖြူရော် မျက်နှာကို မြင်တော့ သူ့ငယ်သူငယ်ချင်းက သူ့ရဲ့တူကို ဘေးကို ပစ်လိုက်တယ်။
“ဟေး မင်းအဆင်ပြေရဲ့လား ဟျောင့် ဟျောင့် ဟျောင့်....”
သူ့ငယ်သူငယ်ချင်းက သူ့ဘေးနားက သူငယ်ချင်းတွေကို ပြောလိုက်တယ်။
“မင်းက ဘာကိုစောင့်နေတာလဲ။ လူနာတင်ကားခေါ်လေ”
“... ငါ့ဖင်ကြီးကို ခေါ်လိုက်”
နန်ကျဲ့က သူ့သူငယ်ချင်းရဲ့ လက်ကို ရိုက်ချလိုက်ပြီး သူက အသက်ပြန်ရှင်လာသလိုမျိုး သူ့လည်ပင်းကို ဖိထားလိုက်တယ်။ သူက သူ့ရှေ့ရှိဖုန်းကို ကိုင်လိုက်တယ်။
“သူက တင်ထားတာဖြင့် ရက်အတော်ကြာပြီလေ။ မင်းက ဘာလို့ ငါ့ကို အခုမှ ပြရတာလဲ”
“အရင်က နန်ကောနဲ့ ဒီလူကြီးအကြောင်းကို မင်းကို ငါ မပြောဖူးဘူးလားဟ”
သူ့ငယ်သူငယ်ချင်းက မျက်လုံးလိမ့်လိုက်တယ်။
“ငါက အပြစ်ကင်းတယ်ကွ”
“ဒီနေ့မှ ပရောဂျက်တစ်ခုကြောင့် ငါက သူ့ကို ဝီချတ်မှာ အပ်လိုက်တာ။ ငါ မြင်တာနဲ့ မင်းကို ပြောတယ်လေ”
ရှန်ရန်ချင်းက ဝီချတ်မှာ အခြားသူများကို အပ်ခဲတယ်။ သူ ဒီအချိန်ထိ အကြာကြီး တောင်းတောင်းပန်ပန် ပြောမှ ရှန်ရန်ချင်းက သူ့ကို လက်ခံပေးလိုက်တာ။
သူက ရှန်ရန်ချင်းကို ဝီချတ်မှာ အပ်လိုက်တာ မကြာခင်မှာပဲ အခြားသူရဲ့ မိုးမန့်ကို စူးစမ်းလိုစိတ်နဲ့ နှိပ်ခဲ့တာလို့။
ရှန်ရန်ချင်းရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းက သူလိုမျိူး သန့်ရှင်းနေခဲ့ တယ်။
သာမန်ကာလျှံကာ သူ့လက်ချောင်းများကို ပွတ်ဆွဲလိုက်ရုံနဲ့ သူ့ရဲ့ ဝီချတ်ထဲကမိုးမန့် အောက်ဆုံးအထိ မြင်နိုင်တယ်။ ဒါတွေထဲမှ ၉၉%က ဟွာရှန်ဂရုရဲ့ တရားဝင်အကောင့်ရှိ ပို့စ်တွေ ဖြစ်တယ်။
တစ်ခုတည်းသော ကိုယ်ရေးကိုယ်တာပုံက ထိပ်ဆုံးရှိ နှစ်သစ်ကူးအကြိုညက ဓာတ်ပုံ ဖြစ်တယ်။
ဘေးပတ်ဝန်းကျင်မှာ အလင်းရောင်များစွာ ရှိပေမဲ့လည်း နောက်ခံမီးများက ပုံမှန်နဲ့ မတူခဲ့ဘူး။ ဒီဓာတ်ပုံထဲရှိ သူတို့နှစ်ဦး အနီးမှာ အလင်းရောင် အရင်းအမြစ် မရှိတာမို့ သူတို့ရဲ့မျက်နှာ သွင်ပြင်က အတော်လေး မရှင်းလင်းဘူး။
ဒါပေမဲ့လည်း သူတို့က ဘယ်သူတွေဆိုတာက သိသာနေခဲ့တယ်။
သူက ရှန်ရန်ချင်းနဲ့ တစ်ကြိမ်သာ ဆုံခဲ့ပေမဲ့ သူနှင့် နန်ကျဲ့က အတူတူ ကြီးပြင်းလာခဲ့တာလေ။ သဘာဝကျကျပဲ နန်ကောကလည်း သူ့နှာခေါင်းအောက်မှာ ကြီးပြင်းလာခဲ့တယ်။
သူက ရှန်ရန်ချင်းကို အခြားတစ်ယောက်အတွက် အမှားလုပ်နိုင်ပေမဲ့ နန်ကောတော့ မဖြစ်ရဘူးလေ။
ဒါ့အပြင် ဒါက ရှန်ရန်ချင်းရဲ့ ဝီချတ်နဲ့ မိုးမန့် ဖြစ်နေတယ်။
ရှန်ရန်ချင်းက နန်ကောရဲ့ပုံကို တင်ဖို့က မဖြစ်နိုင်ဘူး။ တစ်ခြားတစ်ယောက်ဖြစ်ရမယ် ဟုတ်တယ်ဟုတ်။
ဒါကို သူဘယ်လိုရှင်းပြမှာလဲ။ သူ့အကောင့်က ဟက်ခ်ခံလိုက် ရတာများလား။
ဘယ်သူက အဲဒါကို ယုံမှာလဲလို့။
ဒါကိုကြားတော့ နန်ကျဲ့က သူ့ငယ်သူငယ်ချင်းကို လွှတ်လိုက်ကာ သူ့ဖုန်းကို ယူလိုက်ပြီး အကြိမ်အနည်းငယ်လောက် ဓာတ်ပုံကို သေသေချာချာ ကြည့်နေမိတယ်။
ရှန်ရန်ချင်းက ဒီမှုန်ဝါးဝါးဓာတ်ပုံကို စာသားတစ်ခုမှ မပါဘဲ တင်ခဲ့တယ်။
မကြာခင်မှာပဲ နန်ကျဲ့က နန်ကော အဲဒီလူကို အောက်မှာ တကယ်ပဲ လိုက်ဖ်ပေးထားတာကို သိလိုက်ရတယ်။
“ကောင်းတယ် ကောင်းကောင်း လုပ်ခဲ့တာပဲ”
သူက ဖုန်းကို ငယ်သူငယ်ချင်းရဲ့လက်ထဲ ပစ်လိုက်ပြီး ဒေါသထွက်ထွက်နဲ့ ပြောလိုက်တယ်။
“သူရဲ့ ဝီချတ်အိုင်ဒီကို ငါ့ဆီပို့လိုက် ချက်ချင်းပို့နော်”
သူ့ငယ်သူငယ်ချင်း “…”
____________
နန်ကော ပြန်ရောက်လာတော့ သီးသန့်ခန်းက အံ့သြစရာ ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။
သူမက တံခါးဝတွင် ရပ်နေမိပြီး တံခါးလက်ကိုင်ကို စိတ်ရှုပ်ထွေး နေရင်း ကိုင်လိုက်မိတယ်။ သူမရဲ့ပထမဆုံး တုံ့ပြန်မှုက သူမ အခန်းမှားပြီး ဝင်လာမိတယ်လို့ ထင်သွားခဲ့တာ ဖြစ်တယ်။
သူမ အခုနက မထွက်သွားခင်အထိ သီးသန့်အခန်းက တော်တော်လေး အသက်ဝင် နေသေးတာလေး ဟုတ်တယ်မလား။
နန်ကျဲ့ရဲ့သူငယ်ချင်း အားလုံးနီးပါးကို သူမ သိတယ်။
သေချာပေါက်ကို ဒီလူတွေက နန်ကျဲ့ရဲ့ ငယ်ပေါင်းကြီးဖော် မဟုတ်ရင် အထက်တန်းတုန်းက အတန်းဖော်တွေလေ။ နန်ကျဲ့ အပြင်ထွက်လေ့ မရှိခင်တည်းက သူတို့ကို ခေါ်လာခဲ့ဖူးတယ်။
ဒီသီးသန့်ခန်းထဲက အသိုင်းအဝိုင်းရှိ ဒီလူတွေက နာမည်ကောင်း မရှိကြဘူး။ သူတို့ကို ကျန်းမြို့ရဲ့ အခွင့်ထူးခံ လူတန်းစားလေးတွေအဖြစ် သတ်မှတ်လို့ရတယ်။
ဒါပေမဲ့လည်း လူတိုင်းက သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံ ကြတယ်။ အရင်ကလည်း ဧည့်သည်တွေအဖြစ် သူမတို့အိမ်ကို လာတိုင်း သူမအတွက် စားစရာဝယ်ဖို့ သတိရကြတယ်။
ဒါ့ကြောင့် သူမက နန်ကျဲ့ရဲ့သူငယ်ချင်းများကို အမြင်ကောင်း ရှိတယ်။
မဟုတ်ရင် သူမ အမေက သူမကို ဒီနေ့ ဒီကို လာခွင့် မပေးလောက်ဘူး။
ဒါ့အပြင် သူမက အနီးနားမှာ ရှိတာမို့ လူတိုင်းက သူတို့ကိုယ်သူတို့ အတော်လေး ထိန်းချူပ်ထားခဲ့တယ်။ သူတို့က စကားစမြည်ပဲ ပြောရင်း ဆေးလိပ်နဲ့အရက်ကို ထိခဲတယ်။
ဒါပေမဲ့ အခုက နည်းနည်းလေး တိတ်ဆိတ်လွန်းတယ်မဟုတ်လား။
ဒါ့ပြင်... အားလုံးက ဘာလို့ သူမကို ပြိုင်တူကြည့်နေရတာလဲ။
လေထုသည် နားလည်ရ ခက်လောက်အောင် ထူးဆန်းနေတယ်။
နန်ကောက အထဲကိုမဝင်ခင် စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းသွား တယ်။
“ရှင်တို့က စားလို့ပြီးပြီလား”
လူတိုင်းက စကားမပြောရုံသာမက သူတို့ရဲ့တူတွေကိုတောင် မထိတာကို မြင်တော့ သူမက ကြောက်လာမိတယ်။
“အိုး ဟုတ်သား ဆက်စားကြလေ” သူတို့ထဲက တစ်ယောက်က မြန်မြန်ဆန်ဆန် တုံ့ပြန်လာတယ်။ “ ငါတို့က မင်းပြန်လာတာကို စောင့်နေတာ တူတူစားကြတာပေါ့”
တခြားသူတွေကလည်း သံယောင်လိုက်လာတယ်။
နန်ကောရဲ့အကြည့်က နန်ကျဲ့ဆီကို ရောက်သွားတယ်။
နောက်တော့ သူက သူမကို အေးစက်စက် ကြည့်နေတယ်။
“စားလေ ငါ့ကိုဘာလို့ကြည့်နေတာလဲ”
နန်ကျဲ့က မေးငေါ့ရင်း သူမကို စားဖို့ အချက် ပြလိုက်တယ်။
နန်ကောက မလှုပ်ရဲတော့ဘူး။ ဒါကိုမြင်တော့ နန်ကျဲ့က ခပ်မတ်မတ် ထိုင်လိုက်ပြီး တူချောင်းတွေကို ကောက်ကိုင်လိုက်ကာ ပန်းကန်ပြားပေါ် ခပ်ပြင်းပြင်း တီးလိုက်တယ်။ သူက သူတို့ကို ညှိလိုက်ကာ သူမအတွက် စားစရာအချို့ကို ကောက်ယူလို က်တယ်။
“လာပါ စားတော့”
“…” သူမက ဘာလို့များ ခေါင်းဖြတ် သတ်မခံရခင် သူမရဲ့ နောက်ဆုံးအစာ စားရတာလို့ ခံစားရတာလဲ။
သူမအစ်ကိုရဲ့အသံက ဘာလို့များ ဒီတနပ် စားပြီးတာနဲ့ သူမကို သတ်တော့မယ်လို့ ထင်နေမိတာလဲ။
သူမ ပန်းကန်ထဲက အစားအစာတွေကို ကြည့်လိုက်ရင်း နန်ကောက နှုတ်ခမ်းကို ခပ်သာသာရင်း ခဏလောက် မမေးခင် တုံ့ဆိုင်းနေတယ်။
“ငါ အပြင်ထွက်နေတုန်း အစားထဲကို အဆိပ်ခပ်လို က်တာလား”
“ဘယ်ဟုတ်မလဲ” နန်ကျဲ့က ရယ်မောကာ ပြုံးနေတယ်။
“ငါက နင့်ရဲ့အစ်ကိုအရင်းပဲလေ”
နန်ကောက စိတ်လှုပ်ရှားကာ တံတွေးမျိုချလိုက်ပြီး တစ်ခစ်ခစ် ရယ်လိုက်တယ်။
“နင် သိတာ ကောင်းတယ်”
အဲဒီနောက်မှာတော့ နန်ကျဲ့က ဘာကိုမှ မစားတော့ဘူး။ သူက သူမ ပန်းကန်ထဲကို အစားအသောက်တွေ ဆက်ထည့်နေခဲ့တယ်။ သူ အရမ်းအာရုံစိုက်နေတာမို့ နောက်ဆုံးမှာ နန်ကောရဲ့ဆံပင်တွေကိုတောင် ထောင်သွားစေခဲ့တယ်။
သူမ အစ်ကိုကို သူမ ဘယ်လောက်ပဲ ကြည့်ကြည့် မူမမှန်ဘူးလို့ သူမ ခံစားရတယ်။
သူမ အခုတင် ထွက်သွားပြီးနောက် သူ့အစ်ကိုကို အလဲခံလိုက်ရပြီလို့တောင် သူမ အတည်ကြီး သံသယဖြစ်လာတယ်။
ဒါဆို သူမ အစ်ကိုကော ရှိသေးရဲ့လား။
“မင်း ဗိုက်ပြည့်ပြီလား”၁၁၁၁၁
နန်ကောက ဆက်မစားနိုင်တော့တာကို မြင်လိုက်ရတော့ နန်ကျဲ့က သူ့တူတွေကို သနားညှာတာစွာ ဖယ်လိုက်တယ်။
“အမ်း အမ်း”
သူမ စားရလွန်းလို့ အန်မိတော့မယ်။
“အိုကေ သွားဖို့ အချိန်ရောက်ပြီ”
သူက ပြောပြီးတာနဲ့ နန်ကျဲ့က ထရပ်ပြီး သူ့အပေါ်ထပ်ကို ကောက်ကိုင်လိုက်တယ်။ သူ ကောက်မပြီးတာနဲ့ တခြားသူတွေ ကိုလည်း ပြောလိုက်တယ်။
“နောက်ကျနေပြီမို့ နန်ကောကို အရင် ပြန်ခေါ်သွားလိုက်မယ်”
ဒီနေ့မှာ ဘယ်သူ့မှ သူ့ကို မတားရဲတော့ဘူး။
နန်ကောက သူ့ကို ဒီလောက် အစောကြီး အိမ်ပြန်ဖို့ မမျှော်လင့်ထားခဲ့ဘူး။
သူမ ထွက်သွားခင်မှာ သူ့သူငယ်ချင်းတွေကို နှုတ်ဆက်ခဲ့ပါတယ်။
သူတို့က သူမကို လှည့်ကြည့်နေကြတယ်။ သူတို့ထဲက တစ်ဝက်က သူမကို စိတ်ထဲကနေ ရှုပ်ထွေးပွေလီတဲ့ ခံစားချက်တွေနဲ့ ကြည့်နေပြီး ကျန်တစ်ဝက်ကတော့ သူမကို စိတ်ရင်းမှန်နဲ့ သူမ ကောင်းမွန်ဖို့ကို ဆုတောင်းပေးကြတယ်။ “ကံကောင်းပါစေ။ “
“…”
ဒီည ဟင်းပွဲတွေကို တစ်စုံတစ်ယောက်က အဆိပ်ခတ်ခဲ့တာလားလို့ နန်ကောက မတွေးဘဲ မနေနိုင်တော့ဘူး။ သူတို့အားလုံး ဘာကြောင့် ကယောင်ကတမ်း ဖြစ်ကုန်တာလဲ။
ဒါပေမဲ့ သူမ ကားထဲသို့ဝင်ကာ ထိုင်ခုံခါးပတ်ကို ပတ်နေတုန်း သူမ အစ်ကိုက လက်ဆန့်ထုတ်ကာ သူမ နားရွက်ကို လှမ်းဆွဲလိုက်တယ်။
သူမ နာကျင်မှုကြောင့် ငိုမိတယ်။
“နန်ကျဲ့ နင် သေချင်နေတာလား”
သူမက သူ့ကို ရိုက်ဖို့ လက်လှမ်းလိုက်ပေမယ့် သူမ လက်တွေက တိုနေခဲ့တယ်။ နန်ကျဲ့က ကားတံခါးဆီကို မှီလိုက်ကာ အဝေးကို ရှောင်လိုက်တယ်။ သူမက အကြိမ်အနည်းငယ် ရုန်းကန်ခဲ့ရပေမဲ့ သူ့ဆီကို မရောက်နိုင်ခဲ့ဘူး။
နန်ကျဲ့က သူမ နားရွက်ကို ထပ်လိမ်လိုက်တယ်။ “နောက်တစ်ခါ ထပ်လုပ်ကြည့်စမ်း။ နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့လေ။ နင့်ကို အတော်လေး ကောင်းပေးမိပြီထင်တယ် ဟုတ်တယ်မလား”
“နင့်ရဲ့ လက်တို ခြေထောက်တိုတွေနဲ့ နင့်အစ်ကိုကို အာခံချင်တယ်ပေါ့။ ငါ့ကို ကန်ချင်လာအောင် မလုပ်နဲ့။ ဟုတ်ပြီလား”
“အားးး နင် ငါ့ကို အနိုင်ကျင့်ပြီး ရိုက်တယ်။ ပါးနဲ့ မားကို ငါ တိုင်ပြောမယ်”
“သောက်အဓိပ္ပါယ်မရှိတာ။ နင့်ကို သောက်ကျိုးနည်း ဘယ်သူက ရိုက်တာလဲ”
နန်ကျဲ့က အမှတ်အသားတစ်ခု ကျန်ခဲ့မှာကို စိုးရိမ်ကာ သူ့လက်အားကို ဖြေလျော့လိုက်တယ်။ အဆုံးမှာတော့ ဒီကောင်မလေးက ပြန်ရောက်ရင် သူတို့ရဲ့ မိဘတွေကို တကယ် တိုင်မှာလေ။
ဒါပေမဲ့ နောက်တစ်စက္ကန့်တွင် သူက ရုတ်တရက် ယုံကြည်မှု ရှိလာတယ်။ သူက သူမ နားရွက်ကို လက်တစ်ဖက်နဲ့ဆွဲလိုက်ပြီး နောက်တစ်ဖက်ကို သူ့ခါးမှာတင်လိုက်တယ်။ “ဟမ့် ငါလည်း ဘယ်လို တိုင်ရမှန်းလည်း သိတယ်”
“ငါ နင့်ကို မရိုက်ခဲ့ဘူးလေ”
“ငါ့ကို ရိုက်တာလို့ ဘယ်သူပြောလဲ”
“ငါ့ကို အမှန်အတိုင်းပြောစမ်း နင် က ခွေးကောင်ရှန်နဲ့ အတူရှိနေတာလား”
******