အခန်း ၄၉
Vol. 5 Ch. 49
Ch 49 ကျွန်တော် သူမကို အရမ်းသဘောကျတယ်
“.....”
နန်ကော ဒါကို ကြားတော့ သူမ ခေါင်းက မူးဝေသွားတယ်။
သံသယ ဖြစ်စရာကောင်းတဲ့ မျက်နှာနီမြန်းမှုက သူမ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်။
သူမက ထိတ်လန့်ရာက ပြန်ပြောလိုက်ချိန်မှာ သူ့လက်ကနေ လွတ်သွားခဲ့တယ်။
“ဘယ်လိုတောင်လဲ”
“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့”
“နင်က ကောလဟာလတွေကို လိုက်ဖြန့်နေတာကော သိရဲ့လား။ နင် တရားဥပဒေအရ တာဝန်ယူရမှနော်”
“ဖွီ”
နန်ကျဲ့က ဒေါသထွက်လာလို့ သူမကို ရိုက်ပစ်ချင်လာတယ်။ နန်ကောက အချိန်မှီ ပြန်ရှောင်လိုက်ကာ သူ့ကို ပြန်ထိုးလိုက်တယ်။
နန်ကျဲ့မျက်လုံးတွေက ပြူးကျယ်လာကာ သူမကို အချိန်အကြာကြီး လက်ညှိုးထိုးနေမိကာ ဘာတစ်ခုမှ မပြောနိုင်တော့ဘူး။
“ကောင်းတယ်။ နင် က အရမ်းခံပြင်းနေတယ်ပေါ့လေ။ နင် မလုပ်ခဲ့လို့လား။ ငါက နင့်ကို လက်ပူးလက်ကြပ် ဖမ်းရုံပဲလေ”
နန်ကော ဒေါကန်သွားတယ်။ “...နင်ကသာ အသရေဖျက်နေတဲ့သူလေ။ နင်ကသာ ကြောက်နေသင့်တဲ့ တစ်ဦးတည်းသော လူလေ။ ငါက ငါ့ကိုယ်သာ ကာကွယ်ရုံလေ”
“ရွတ်”
နန်ကျဲ့က နှာရှုံ့လိုက်တယ်။
“နင်က လူအိုကြီးနဲ့ အတူရှိရုံနဲ့ နင့်ချစ်ရတဲ့ အစ်ကိုကိုတောင် သူ့အတွက် ရိုက်နိုင်နေပြီပဲ”
“ဒါဆိုရင်ရော နင့်မင်္ဂလာဆောင်ကြီး အသက်ဝင်အောင်ရော နင့်အစ်ကိုကို နှစ်ဆလောက် မရိုက်ချင်ဘူးလား ဟမ်”
နန်ကော ကြောင်အသွားတယ်။ ဘာတွေ ဖြစ်ကုန်တာလဲဟ။
လူနှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဆက်သွယ်နေတာလဲ။ တကယ်ကို မဟုတ်သေးဘူးနော်။
သူမ အစ်ကိုဦးနှောက်ကို တစ်ယောက်ယောက်က ထပ်ယူသွားပြန်ပြီလား။
“ငါနင့်ကို ဘယ်နှစ်ကြိမ်လောက် ပြောနေရမှာလဲ။ ငါနဲ့သူနဲ့က ဘာမှမဟုတ်ဘူးလို့”
နန်ကျဲ့က သူမကို အော်လိုက်တယ်။ “ဒါဆို နင့်နားရွက်တွေ ဘာလို့ နီရဲနေရတာလဲ...”
နန်ကောက သူ့ကို ပိုပြီးကျယ်ကျယ် အော်လာတယ်။
“နင် အခုလေးတင် ဆွဲလိုက်လို့ မဟုတ်ဘူးလား”
“.....”
နန်ကျဲ့က ပြောစရာစကားတွေ ပျောက်သွားတယ်။
ဒါပေမဲ့လည်း သူ့အကြည့်တွေက နန်ကောရဲ့ သွေးရောင်ဖြန်းနေတဲ့ မျက်နှာပေါ် ဖြတ်သန်းသွားတယ်။ သူက ခြေဆောင့်နင်း လိုက်တယ်။
“ဒါဆို နင့်မျက်နှာကရော ဘာလို့ နီရဲနေတာလဲ။ ငါ နင့်မျက်နှာကို ရိုက်ထားလို့လား”
“.....”
နန်ကော ပါးစပ်ဖွင့်လိုက်ပေမဲ့လည်း ဒေါသထွက်နေရတယ်။
“ဟမ့် ငါနင့်ကို မိပြီ နန်ကော”
“နင်က ငြင်းချင်နေတုန်းပဲပေါ့”
နန်ကောက နည်းနည်းလောက် ဘဝင်ခိုက်နေမိတယ်။
နန်ကောက တစ်ခဏလောက် သူမ ကိုယ်သူမ မကာကွယ်နိုင်တော့ဘူး။ သူမက တစ်ခဏလောက် တွေးပြီးတော့ နောက်ဆုံးမှာတော့ ခုခံဖို့ကို လက်လျော့လိုက်တယ်။ သူမက နှုတ်ခမ်းကို ဇစ်ပိတ်တဲ့ပုံစံ လုပ်လိုက်တယ်။
ကောင်းပြီလေ။ သူမ တိတ်တိတ်လေးပဲ နေတော့မယ်။
“မင်း အပြစ်မကင်းသလို ခံစားနေရတာမလား”
သူက လက်ပိုက်ရင်း သွားတွေကို ကြိတ်လိုက်မိတယ်။
“ငါ အစတည်းက သိသားပဲ”
နန်ကောက မျက်လုံးလိမ့်လိုက်ပြီး ပြန်မပြောဘဲ မနေနိုင်တော့ဘူး။ သူမက သူ့ကို ရိုက်လိုက်ရင်း ပြောလာတယ်။
“ငါက နင် နဲ့စကားမပြောချင်ရုံလေး”
“ဒါက တစ်ခြားသူနဲ့ အဓိပ္ပါယ်မရှိတာကြောင်း ရှင်းပြရတာကို ပထမဆုံးအကြိမ် ခြေကုန်လက်ပန်းကျတာပဲ”
“မခံစားနိုင်တော့ဘူး။ နန်ကျဲ့ နင်က ဝက်လား”
“ကတ်သီးကတ်ဖဲ့ ပြောတာကို ရပ်တော့။ နင် တကယ်ပဲ သူနဲ့ နှစ်သစ်ကူးအကြိုညမှာ ဖျော်ဖြေပွဲ မကြည့်ဘူးလို့ ငြင်းရဲလား”
“သူက သူ့ဝီချတ်မိုးမန့်မှာ လူသိရှင်ကြား အဲဒီဓာတ်ပုံကို တင်ပြီးသွားပြီလေ။ ဒါကို နင့်အစ်ကိုကို ငတုံးလို့ တွေးနေသေးတာလား”
(Tn: ကိုယ်ကတော့ သိပ်ပြီး ဇာတ်လိုက်မတို့မိသားစုရဲ့ ပျိုးထောင်ပုံကြီး တကယ် မကြိုက်ဘူး အကြီးကို တိရစ္ဆာန်နဲ့ နှိုင်းတာက ရုပ်ပေါက်တယ်)
“ငါ့အိမ်နောက်မှာ မီး လောင်နေတယ် ထင်တာ။ ဒါပေမဲ့ ငါ့အိပ်ရာက မီးလောင်နေတာ ဖြစ်နေတာကို နောက်ဆုံးမှ သိလိုက်ရတယ်လေ။ အဲဒီလို ဖြစ်စရာလားလို့ နန်ကောရဲ့”
“နင် သေမယ်ဆိုလည်း မြန်မြန် သေလိုက်ပါလား”
နန်ကောက ချက်ချင်း ကြားဖြတ် ပြောလာတယ်။
“ဝီချတ်မိုးမန့်မှာ တင်ထားတယ်ဆိုတာက ဘာကိုပြောတာလဲ”
“အဲဒီအိုကြီးအိုမက နင်နဲ့ပုံကို ဝီချတ်မှာ မတင်ခဲ့လို့လား။ နင်ကတောင် လိုက်ခ်ပေးထားတယ်လေ”
“နင်က ငါတကယ်ကို မသိလောက်ဘူး ထင်တယ်ပေါ့။ ဟမ့် နင်က ငါမသိတာကို ပိုကောင်းတယ် ထင်တယ်ပေါ့လေ”
နန်ကောရဲ့ အတွေးရထားကြီးက ကောင်းနေသေးပေမဲ့ သူ့စကားတွေကြောင့် သူမ ပတ်လမ်းကနေ နှောင့်ယှက် ခံလိုက်ရတယ်။
သူမ နားမလည်သေးခင်အထိ သူမက အချိန်အကြာကြီး သေချာ တွေးကြည့်ဖို့ ခေါင်းငုံ့လိုက်တယ်။
“နင်က ဖျော်ဖြေပွဲကပုံအကြောင်း ပြောနေတာလား။ အဲဒါကို တင်တာ ဘာမှားလို့လဲ” သူမက ကြောင်အသွားတယ်။
“အဲဒီနေ့က ငါ့လက်မှတ် အခိုးခံလိုက်ရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဟွာရှန်ဂရုက ဖျော်ဖြေပွဲကို စပွန်ဆာပေးတာမို့ သူကပဲ ငါ့ကို ခေါ်သွားပေးတာလေ”
“ပြီးတော့ နင် ငါ့ကို ဓာတ်ပုံရိုက်ဖို့ မတောင်းဆိုခဲ့လို့လား။ ပုံကောင်းကောင်း တစ်ပုံရဖို့က ခက်တယ်လေ။ အဲဒါကြောင့် သူ့ကို အကူအညီ တောင်းခဲ့တာ။ အဆုံးမှာတော့ သဘာဝကျကျပဲ နှစ်ယောက်တွဲ ဓာတ်ပုံ ရိုက်ခဲ့တာလေ”
သူမ အစ်ကိုက သူမကို ထပ်လိမ်နေပြန်ပြီလားပုံစံနဲ့ ဘေးစောင်း ကြည့်လာတယ်။
“နင့်အထင် ငါနင့်ကို ယုံနိုင်မယ်ပေါ့လေ”
“.....”
“သူက သူ့ဝီချတ်အကောင့်မှာ ပုံတင်လိုက်တယ်လေ။ အဲဒါက လုံလုံလောက်လောက် မသိသာသေးဘူးပေါ့”
“မဟုတ်သေးဘူးလေ”
နန်ကော ဆွေးနွေးငြင်းခုံရလွန်းလို့ ထိပ်ပြောင်တော့မယ်။ သူမက အလေးအနက်ကြီး ရှင်းပြလာတယ်။
“ငါ ဝီချတ်မှာ ပို့စ်တင်လိုက်တော့ သူက တကယ်ကို လိုက်တင်ဖို့ကို တုံ့ဆိုင်းနေခဲ့တာ”
“သူက အဲဒါကို ပို့စ်မတင်ခင် င့ါအမြင်ကို မေးနေသေးတယ်။ ဒါကြောင့် ငါက ရတယ်လို့ ပြောလိုက်တာ”
အားလုံးထဲက ပထမဆုံး ဦးစားပေးအနေနဲ့ အဲဒီနေ့က ဝီချတ်မှာ တင်ဖို့ တကယ် ဖြစ်သင့်တယ်လေ။ သူတို့က ဖျော်ဖြေပွဲထဲ ရောက်နေပြီး နှစ်သစ်ကူးအကြိုညလည်း ဖြစ်သေးတယ်။
ပြီးတော့ ရှန်ရန်ချင်းက အဲဒီအချိန်က ဓာတ်ပုံရိုက်တာလည်း မရှိခဲ့ဘူးလေ။ သူက သူမနဲ့ပဲ ဓာတ်ပုံရိုက်ခဲ့တာ။
ဒါကြောင့် ပို့စ်တင်ဖို့ အဆင်ပြေတယ်လို့ သူမ တွေးခဲ့မိတာ။
သူက ကွယ်ဝှက်ပြီး ပို့စ်မတင်ခဲ့ဘူး။ မတိုင်ခင်ကလည်း ထပ်တလဲလဲ သူမနဲ့အတူတူ အတည်ပြုခဲ့တယ်လေ။
“ရှန်ရန်ချင်းက ရိုးရိုးသားသား လူတစ်ယောက်ပါဟ။ နင် ပြောသလောက် သူက မဆိုးပါဘူး”
နန်ကောက သူမ လက်တွေက ဆန့်လိုက်ပြီး ပြောစရာ ပျောက်သွားတယ်။
နန်ကျဲ့က ခွန်းတုံ့ပြန်တယ်။
“နင်က ဘယ်သူ့ကို လူဆိုးလို့ ပြောချင်နေတာလဲ”
“ဘယ်သူက ယဉ်ကျေးမှုမရှိတာလဲ။ ဘယ်သူက ဦးနှောက် မရှိတာလဲ”
“....”
ဒါက မသိသာလို့လား။ သူက ဒါကို ခုထိ ခန့်မှန်း နေတုန်းလားဟ။
အိမ်ပြန်ရောက်တဲ့အထိ နန်ကျဲ့က ထထဖောက်နေတုန်းပဲ။
နောက်နေ့ည မတိုင်ခင်အထိ သူက စားသောက်နေတုန်းတောင် သူ့ဖုန်းကိုပဲ ကြည့်နေတာကို သူမ သိလိုက်ရတယ်။ သူက မယုံနိုင်စရာကောင်းအောင် အတည်ပေါက်ကြီး ဖြစ်နေတာ။
စိတ်တိုစရာ ဟက်စကီးကောင်က ဒီနေ့တော့ နည်းနည်း တိတ်ဆိတ်နေခဲ့တယ်။
နန်ကောကတော့ ဒါက ကောင်းတဲ့ကိစ္စလို့ မထင်ဘူး။
လူတွေကပြောတယ်။ ဟက်စကီးကြီး ငြိမ်နေပြီး အရမ်းနာခံနေရင် ကောင်းတာတစ်ခုခု မဖြစ်တတ်ဘူးတဲ့။
သူ့စိတ်ထဲကနေ ဘာကိုကြံနေမှန်း ဘယ်သူက သိမှာလဲ။
“ဘာလို့ နင့်ဖုန်းကိုပဲ ကြည့်နေရတာလဲ။ နင် သေသေချာချာ မစားနိုင်ဘူးလား”
မစ္နန်က သူ့လက်ကို ခေါက်လိုက်ပြီး အပြစ်ဖော် ဆုံးမနေတယ်။
“နင် မစားချင်ရင် ခွေးသွားကျွေးလိုက်”
“.....”
နန်ကျဲ့က ပြန်ဖြေတယ်။
“ကျွန်တော်က ပရောဂျက်အချိန်ဇယားကို ကြည့်နေတာ ကျွန်တော့်ကို နှောင့်ယှက်တာ ရပ်ပါဦး”
မစ္စနန်ကတော့ သူ့ကို မယုံကြည်ဘူး။ သူမက မျက်လုံးလှိမ့် လိုက်ရင်း သူ့ကို အမြန်စားဖို့ နှိုးဆော်လိုက်တယ်။
သူ့လက်ထဲက ဖုန်းဆီ စာတစ်စောင် ရောက်လာတော့ နန်ကျဲ့က စားစရာတစ်ပိုင်းကို ကောက်ယူလိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်တယ်။
ဘောက်ထဲမှာ ရိုးရိုးရှင်းရှင်း စာနှစ်ကြောင်းသာ ပေါ်လာတယ်။
နန်ကျဲ့:[ငါက နန်ကော အစ်ကို]
ရှန်ရန်ချင်း:[ ကျွန်တော်က ရှန်ရန်ချင်းပါ]
ဒါကိုမြင်တော့ တစ်ဖက်လူက စာပြန်လာတယ်။ နန်ကျဲ့က သူ့တူကို ချိုးလိုက်ပြီး စာရိုက်နေတယ်။
[မကြာသေးခင်က မင်းနဲ့ ငါ့ညီမက အရမ်းရင်းနှီးနေတယ်လို့ ငါကြားတယ်]
တစ်ချိန်တည်းမှာ ဟိုက်မြို့ကတော့....
တစ်ဖက်လူဆီက စာကိုကြည့်ရင်း ရှန်ရန်ချင်းမျက်ခုံးတွေ တွန့်သွားတယ်။
စာကြောင်းကို ကြည့်ရုံနဲ့ တစ်ဖက်လူမှာ ရည်ရွယ်ချက်ကောင်း မရှိတာကို သူပြောနိုင်တယ်။
သူ အမြန် ထရပ်တာကိုမြင်တော့ စားပွဲပေါ်ရှိ လူတွေက ရုတ်တရက် တိတ်ဆိတ်သွားတယ်။
သူ့အဖေက ကြောင်သွားပြီး သူ့ဆီမှာ တစ်ခုခု မှားနေတာ များလားလို့ တွေးမိတယ်။
“ရန်ချင်း ဘာမှားလို့လဲ”
“ကျွန်တော် စာပြန်စရာရှိလို့ အဖေတို့ အရင်စားနှင့်ပါ”
သူက အတူရှိနေတဲ့ သက်ကြီးပိုင်းတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ညင်ညင်သာသာ ပြုံးပြလိုက်တယ်။
သူ့အကြည့်က သူ့မိထွေးဆီ ရောက်ချိန် ခေါင်းအသာ ညိတ်ပြလိုက်တယ်။
သူထောင့်နားမှာ ပျောက်သွားတာနဲ့ သူ့အဖေက ချောင်းအသာ ဆိုးလာတယ်။
“ကြည့်ရတာ ထပ်ပြီး အလုပ်ပဲနေမယ် စားကြစို့”
“စကားမစပ် ပြီးခဲ့တဲ့ နှစ်သစ်ကူးက ရှန်ရန်ချင်းတောင် အသက်၂၉နှစ် ရှိပြီနော်။ ဟုတ်တယ်မလား သူအတွက် လက်ထပ်ပေးဖို့ တွေးသင့်ပြီမဟုတ်လား”
“ဟုတ်တယ်။ ဟုတ်တယ်။ သူသာ ကောင်မလေးရှာထားရင် ဒီနှစ် ဒါမဟုတ် နောက်နှစ်နှစ်နေရင် လက်ထပ်ပေးရအောင်။ သူလည်း သုံးဆယ်ထဲ ဝင်တော့မယ်မလား”
“ငါတို့ အချိန်အကြာကြီး နှောင့်နှေးလို့မရဘူး”
“ယွမ်မိသားစုက သမီးအငယ်လေးလဲ မဆိုးဘူးလို့ ငါထင်တယ်။ သူမက လှပြီး အသိပညာလည်း ကြွယ်တယ်။ သူမက ဒီနှစ်ထဲမှာဘွဲ့ရပြီး နိုင်ငံထဲ ပြန်လာပြီလေ။ သူမက မြို့တော် ဆေးရုံမှာ အလုပ်လုပ်နေပြီး အဲဒီဆေးရုံက ဆရာဝန်လေ။ မကောင်းဘူးလား”
“အဲဒါကို ထားလိုက်ပါဦး”
ရှန်ရန်ချင်းအဖေက လက်ယမ်းလိုက်တယ်။
“သူ့ဘာသာ သူ ဆုံးဖြတ်နိုင်တယ်။ ငါ ဝင်ပါစရာမလိုဘူး”
သူ ဒီလိုပြောလိုက်တာနဲ့ အခြားဆွေမျိူးတိုင်း ပါးစပ်ပိတ်သွား ကြတယ်။
အခန်းထဲမှာ ရှန်ရန်ချင်းက ဆိုဖာပေါ်ထိုင်နေပြီး စာပြန်လာတယ်။
[မကြာသေးခင်ကမှ ကျွန်တော်တို့ အချင်းချင်း သိကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က သူငယ်ချင်းပဲ ရှိပါသေးတယ် မစိုးရိမ်ပါနဲ့]
[ကျစ် ဒါဆို အနာဂတ်မှာ ပြောဖို့ ခက်တယ်လေ။ မင်းင့ါညီမအပေါ် တခြားခံစားချက်တွေ ရှိနေတာလား]
ရှန်:[ကျွန်တော်က သူမကို အရင်ပြောမလို့။ ဒါပေမဲ့ မင်းမေးလာတော့ မင်းကို အရင်ပြောနိုင်ပါတယ်]
[ဟုတ်တယ် ကျွန်တော် သူမကို ကြိုက်တယ်]
[သူမကို အရမ်းသဘောကျတာ]
******