← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

Ch 50 ရည်းစားအနေနဲ့ မိတ်ဆက်ခြင်း

ရှန်ရန်ချင်းဆီက စာလာတော့ နန်ကျဲ့ပါးစပ်ထဲက ထမင်းတွေပါ စင်ထွက်လာတယ်။

မစ္စနန်”......”

“နင် စားနိုင်သလောက်ပဲ စားစမ်း။ မဟုတ်ရင် မဖြန်းတီးနဲ့”

“နင် ဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

မစ္စနန်က အတော်လေး အန်ချင်သွားတာမို့ သူ့ကို တစ်ရှူးဘူးနဲ့ ပေါက်လိုက်တယ်။

နန်ကျဲ့က ထမင်းတွေကြောင့် နင်သွားပြီး တစ်ရှူးကို ကိုင်ရင်း အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်တယ်။ နန်ကောက စွပ်ပြုတ်ထဲက ယောက်ချိုဇွန်းနဲ့ စွပ်ပြုတ် ခပ်တိုက်ရင်း ကူညီ လိုက်တယ်။

“ဘာမြင်လိုက်လို့လဲ”

“နင် ဘာတွေ လန့်နေတာလဲ။ နင့်ကုမ္ပဏီ ဒေဝါလီခံရလို့လား”

“....”နန်ကျဲ့က မုန့်အချို့လုံးတစ်ခု ယူပြီး သူမ ပါးစပ်ထဲ ထိုးထည့် လိုက်တယ်။

“ပိတ်ထား”

“ပါး၊ မား ကျွန်တော် စားပြီးပြီ။ အပေါ် အရင်တက်‌နှင့်မယ်”

သူက အလျင် လိုနေပုံရတယ်။ သူက ပြောပြီးတာနဲ့ သူ့တူနဲ့ ထမင်းပန်းကန်ကို ချပြီး သူ့ဖုန်းနဲ့ အဝေးကို ထွက်သွားတယ်။

နန်ကော ကြည့်လိုက်တော့ ဓါတ်လှေကားတံခါး ပိတ်သွားတာကို မြင်ရုံလောက်ပဲ အချိန်ရလိုက်တယ်။

ထူးဆန်းလိုက်တာ။

“နင့်အစ်ကို မကြာသေးခင်က ဘာတွေလုပ်နေတာလဲ။ သူက ဘာလို့ နေ့တိုင်း ထူးဆန်းနေတာလဲ”

မစ္စနန်က ညည်းညူ နေတယ်။

သူမ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ရင်း နန်ကော သူမရဲ့တူကို ကိုက်ရင်း သူမ ခေါင်းအသာ ခါလိုက်တယ်။

“မကြာသေးခင်တည်းက တစ်ချိန်လုံး အဲဒီလိုလုပ်နေတာ သူ့ကို ကြည့်ရတာ ရူးခါနီးနေပြီ”

မစ္စနန်က အံအားသင့်နေတယ်။

“ဒါဆို နှစ်သစ်ကူး တည်းကပဲ။ ငါနင့်အစ်ကိုကို ဆေးရုံမှာ တစ်ချက်လောက် စစ်ဆေးဖို့ ခေါ်သွားရမယ်။ ငါ နင့်ကို ပြောပါတယ်။ သူ့ခေါင်းက တစ်ခုခု ဖြစ်နေပါတယ်လို့”

နန်ကောက ခက်ခက်ခဲခဲ ခေါင်းညိတ်ကာ သဘောတူလိုက် ရတယ်။

အပေါ်ထပ်မှာ နန်ကျဲ့က တံခါးကို ကန်ဖွင့်လိုက်ပြီး ဆိုဖာပေါ် ထိုင်လိုက်တယ်။

သူ့ဖုန်းကို ထပ်ဖွင့်လိုက်တယ်။ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ သူရဲ့စကားတွေက ဒီတိုင်းရှိနေဆဲပဲ။

ဒါက သူမှားမြင်တာ မဟုတ်ဘူး။

ဟ ဒါက ပေါ်တင် ရန်စတာပဲ။

နန်ကျဲ့က ရှန်ရန်ချင်းရဲ့စကားတွေကို အကြိမ်အနည်းငယ်လောက် ဖတ်ရင်း သူ့သွေးတွေ တိုးလာတယ်လို့ ခံစားလိုက်ရတယ်။

သူက အံကြိတ်လိုက်ရင်း လက်နှစ်ဖက်လုံးနဲ့ စာရိုက်လိုက်တယ်။ သူက တစ်ခုခုကို မကျေမန ပ်ဖြစ်နေသလို ‌ဖုန်းကို ကွဲအက်မတတ် စာရိုက်နေတယ်။

[မင်း ဘယ်လိုတောင် ဒီလိုစကား ပြောရဲတာလဲ]

[ငါက နန်ကောအစ်ကိုလို့ မင်းကို မပြောခဲ့လို့လား။ မင်းက သေချင် နေတာလား။ မင်းမှာ ပိုက်ဆံ နည်းနည်းရှိရုံနဲ့ ကမ္ဘာကြီးက မင်းကို မူတည်ပြီး လည်ပတ်နေတယ် ထင်နေလား]

[ငါ မင်းကို ပြောလိုက်မယ်။ အနာဂတ်မှာ နန်ကောနဲ့ ဝေးဝေးနေ]

[သူမက မင်းကို မကြိုက်ဘူး။ နောက်တစ်ခါ သူမကို နှောင့်ယှက်ရင် ငါမင်းကို တွေ့တိုင်း ရိုက်ပစ်မယ်]

[မင်းဘာသာ ဘာကောင်ကြီး ဖြစ်ဖြစ် ဂရုစိုက်ဘူး။ င့ါညီမနဲ့သာ ဝေးဝေးနေ ငါ ပြောတာကြားလား]

[ဂရုစိုက်နေ တစ်နေ့မှာ မင်းခြေထောက်ကို ရိုက်ချိုးပစ်မှာ]

စာကြောင်းတိုင်းနောက်က သင်္ကေတကို တစ်ဒါဇင်လောက် သုံးထားတာက တစ်ဖက်‌သူရဲ့ ဒေါသကို သိသာစေတယ်။

တစ်ဖက်မှာတော့ ရှန်ရန်ချင်းက စိတ်ရှည်ရှည်နဲ့ စာတွေကို ဖတ်နေခဲ့တယ်။

သူက စာပြန်ချင်ပေမဲ့လည်း နန်ကျဲ့ရဲ့ စာရိုက်နှုန်းက အရမ်းမြန်တယ်။ စာ‌တစ်စောင်ပြီး တစ်စောင်က သူ့အတွေးရထားကို တကယ်ကို နှောင့်ယှက် နေလွန်းတယ်။

ဒါကြောင့် သူက ခပ်မြန်မြန် စာမပြန်ဖြစ်တော့ဘူး။ ပြီးတာနဲ့ သူက စာမရှိတော့တာ သေချာအောင် အတည်ပြုလိုက်ပြီး သူ့မျက်ခုံးတွေ ပြေလျော့သွားပြီး စာပြန်ရိုက်လိုက်တယ်။

ဒါပေမဲ့လည်း စာပို့နေစဉ်မှာပဲ အနီရဲရဲသင်္ကေတကြီးက သူ့ကို နှုတ်ဆက်နေခဲ့တယ်။

ရှန်ရန်ချင်း:”.....”

ဒါက ဥက္ကဌရှန်အနေနဲ့ သူများဆီက သူငယ်ချင်းစာရင်းထဲမှ ဖျက်ခံရပြီး ဘလက်ခ်လစ်စာရင်း သွင်းခံရတာက ပထမဆုံးဖြစ်တယ်။ သူက နည်းနည်းတော့ စိတ်ရှုပ်သွားတယ်။

သူက သူ့မေးစေ့ကို စိတ်ရှုပ်ရှုပ်နဲ့ ကုတ်လိုက်မိတယ်။

ဘာလို့ နန်ကောက သူ့အစ်ကိုနဲ့ မတူရတာလဲ။

သူ့အမြင်အရဆို ပင်ကွင်းပေါက်က စကားပြောတာ နူးညံ့တယ်။ ရံဖန်ရံခါ သူမ ဒေါသထွက်ချိန်မှ ခပ်မြန်မြန် စကားပြောတာ။

သူမ အစ်ကိုရဲ့စာတွေကို မကြားရ မမြင်ရတော့တာမို့ ရှန်ရန်ချင်းက စာကနေ တစ်ဆင့် သူ့ရဲ့စိတ်နေစိတ်ထားကို အကြမ်းဖျင်း ဆုံးဖြတ်လိုက်တယ်။

မောင်နှမနှစ်ယောက်က တစ်ပင်တည်းက ထွက်လာတဲ့ အကိုင်းအခတ် အသစ်တွေနဲ့ တူတယ်။ သူတို့ ကြီးပြင်းလာတာနဲ့ ဦးတည်ရာ နှစ်ခုကို ပြောင်းသွားတယ်။

ဒါပေမဲ့ နန်ကောအစ်ကိုက သူ့ကို ဘယ်လိုသိတာလဲ။ သူ့ဝီချတ်ကိုရော ဘယ်က ရလာတာလဲ။

နန်ကောက သူ့ကို ပြောလိုက်တာလား။

ဘယ်လိုမျိုး သူမက သူ့အစ်ကို သူ့ကို ပြောလိုက်တာလဲ။ ဘာလို့သူမ အစ်ကိုက အရမ်းဒေါသထွက်နေတာလဲ။

ဥက္ကဌရှန်က နည်းနည်းတော့ စိတ်ရှုပ်သွားတယ်။

ဒီချိန်မှာ သူက လုံးဝကို ရန်စတယ်လို့ သတ်မှတ်ခံရလိုက်တဲ့ စကားနဲ့ပတ်သက်ပြီး မေ့သွားခဲ့တယ်။

နှစ်သစ်ကူးနီးတည်းက နန်ကောမှာ ရှန်ရန်ချင်းနဲ့ စကားပြောဖို့ အချိန်မရှိခဲ့ဘူး။

နှစ်သစ်ကူးအကြိုညမှာ မိသားစုက အိမ်ဟောင်းဆီကို ပြန်ကြပြီး နှစ်သစ်ကူးဖို့ ပြင်ဆင်ကြတယ်။

နန်ကျဲ့ကို မြင်တော့ သူတို့ အဖိုးအဖွားတွေက အရမ်း ပျော်သွားကြပြီး သူတို့က သူ့ကို အတင်းထိုင်ခိုင်းတယ်။

နန်ကောက သူ့နောက်မှ လိုက်လာကာ သူမ လက်က အထုပ်ကို ချလိုက်ပြီး စိတ်ဖိစီးလာကာ သူမ နှာခေါင်းကို ပွတ်လိုက် မိတယ်။

နန်ကျဲ့က ပြုံးပြီး သူတို့တို့ အသိအမှတ်ပြု နှုတ်ဆက်လိုက်ပေမဲ့ သူက မသွားလိုက်ဘူး။ အဲဒီအစား သူက နန်ကောကို လှည့်ကြည့်လာတယ်။

“ဘာလို့ အဲဒီမှာ မတ်တပ်ရပ်နေတာလဲ။ ဒီကိုလာထိုင်လေ”

“အိုကေ”

သူမက ‌ဖြည်းဖြည်းချင်း လျှောက်လာကာ နောက်က လိုက်လာတယ်။

သူမ နီးကပ်လာတာနဲ့ နန်ကျဲ့က သူမ လက်မောင်းကို ဆွဲယူလိုက်ပြီး သူမကို အနားဆွဲလိုက်ကာ သူ့ဘေးနားမှာ သူမကို အတင်းပေးထိုင်လိုက်တယ်။

“စားလေ” သူက သူ့ဝမ်းကွဲရဲ့ ကော်ဖီစားပွဲဘေးက သစ်သီးပန်း ကန်ကို ယူပြီး ငုံ့ကာ ပြောလာတယ်။ သူက အဲဒီထဲက လိမ္မော်သီးနှစ်လုံး ယူလိုက်ပြီး နန်ကော လက်ထဲ ထိုးထည့်လိုက်တယ်။

သူတို့ အဖိုးအဖွားတွေက သူမတို့ကြားက လှုပ်ရှားမှုတွေကို မြင်လိုက်တယ်။

အဖွားက ချောင်းအသာဟန့်ကာ မတော်တဆ ဟန်ဆောင်ရင်း မေးလိုက်တယ်။

“ရော့ရော့က နှစ်သစ်ကူးအကြိုညက ဖျော်ဖြေပွဲကို သွားသေးလား။ မင်းရဲ့အဒေါ်က မင်းကို ဝီချတ်မှာ မြင်လိုက်တယ် ပြောတယ်”

“အာ...” သူမ အဖွားရဲ့အသံကို ကြားတော့ သူမ ဦးရေပြားက ထုံကျင်သွားတယ်။

သူမက သူမလက်ထဲက‌ လိမ္မော်သီးကို ခပ်တင်းတင်းဆုပ်ထားကာ ခေါင်းညိတ်လိုက်တယ်။

“ဟုတ်ကဲ့ သွားခဲ့ပါတယ်”

သူမ ဘာပြောရမှန်း မသိတော့ဘူး။

သူမ အဖွားက ထပ်ပြောလာခင်မှာ သူမ ဘေးမှာ ခြေချိတ်ထိုင်နေတဲ့ နန်ကျဲ့ကို ပြောခဲ့တယ်။

“ငါ နင့်ကို‌မပြောခဲ့ဘူးလား”

“နင် ဘာတွေ မေးနေတာလဲ။ နင့်အသက်ကြီးလာတော့ မှတ်ဉာဏ်တွေ ချို့ယွင်းသွားတာလား။ နောက်ပြီးကျ ငါ တစ်ယောက်ယောက်ကို နင့်အတွက် ဦးနှောက်အထူးပြု သေတ္တာအစုံလိုက် ဝယ်ခိုင်းလိုက်ရမလား”

“အဟွတ် အဟွတ် အဟွတ်”

နန်ကောက လိမ္မော်သီးစားနေရင်း နင် သွားတယ်။

“မင်းကို ကြည့်ဦး ကလေးလား”အဖွားက သူ့ကို အပြစ်တင်ဟန် ကြည့်တယ်။ “ပေါက်ကရတွေနော်”

နန်ကောက မော့ကြည့်လိုက်တယ်။ သူမ အဖွားက အဲဒီလိုပြောပေမဲ့ သူမ မျက်နှာမှာ ဒေါသရှိမနေဘူး။ သူမက မျှော်လင့်ထားသလို ပြုံးနေခဲ့တာ။

တကယ်ကိုပဲ။

သူမက စိတ်သက်သာရကာ သက်ပြင်းရှည် ချလိုက်မိတယ်။

သူမ အဒေါ်ဆင်းလာချိန်မှာ သူမက နန်ကျဲ့ရဲ့စကားကို ကြားပြီး စကားအနည်းငယ် ပြောလာတယ်။

နန်ကျဲ့က တစ်ချက်မှ မကြည့်နေဘူး။ သူက အောက်ငုံ့ကာ ပန်းသီးကို အခွံခွာရင်း ပြုံးလာတယ်။

“ဒေါ်လေးငယ်က ပြီးခဲ့တဲ့ တစ်ခေါက်တည်းက နားပူနာဆာ ပြောတတ်လာတယ်နော်။ သွေးဆုံးချိန် ရောက်လာလို့များလား။ တစ်ခုခုဖြစ်နေတာလား။ ဦးနှောက်ကို အထူးပြုတဲ့ သေတ္တာနှစ်ခု ဝယ်ပေးရဦးမလား။ အဒေါ်ကတော့ နှစ်ခုထက် ပိုယူထားသင့်တယ်”

သူမက သူတို့ကြားက အသက်ကွာခြားချက်ကို အသုံးချရင်း သူတို့ကို အာဏာ ပြလေ့ရှိတယ်။

“....”သူမက ဒေါသထွက်လွန်းတာမို့ နှုတ်ခမ်းတွန့်သွားတယ်။ သူမက တစ်ခုခု ပြန်ပြောချင်ပေမဲ့ သူမ အဖွားက သူမကို ရပ်ခိုင်း လိုက်တယ်။

“ဒါပေါ့ ဒါပေါ့ ရှောင်ကျဲ့တောင်မှ မင်းနဲ့ပေါင်းပြီး နောက်တတ်လာပြီပဲ။ ဘာလို့ ကလေးတစ်ယောက်နဲ့ အတည်ကြီး ငြင်းခုံနေရ တာလဲ”

နန်မိသားစု အဖိုးကြီးနန်မှာ သားသုံးယောက် ရှိတယ်။

သေချာပေါက်ကို နန်ကျဲ့က အကြီးဆုံးမြေးကြီး ဖြစ်ပြီး အချစ်ဆုံးဖြစ်ကာ မိသားစုထဲက ထိန်းမရဆုံးသူ ဖြစ်လာတယ်။

နန်ကျဲ့ရဲ့ စိတ်ထားကြောင့် သူက ဆုတောင်းစကားတွေကြား ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့ပြီး သေ‌လောက်သည်အထိ အရိုက်မခံခဲ့ရဘူး။

ဒါ့အပြင် သူက ငယ်ရွယ်စဉ်တည်းက အရိုက်မခံရရုံသာမက သူတို့အဖိုးနဲ့အဖွားက သူ့ကို ကြမ်းကြမ်းတမ်းတမ်းတောင် မပြောခဲ့ဖူးဘူး။

သူတို့အဖိုးမှာ သက်တမ်းကြာကြာ အလှဆင်ထားတဲ့ အိမ်ကြီး တစ်လုံးရှိခဲ့တယ်။ သူငယ်စဉ်က နန်ကျဲ့က ကလေးစီးစက်ဘီးကို စီးနေဆဲသာရှိပြီး ပယ်ခံရကာ လျှော့ဈေးနဲ့ရောင်းလိုက်ရတယ်။ သူ့အဖိုးက ဒေါသထွက်လွန်းလို့ သူ့မျက်လုံးက လည်သွားပြီး မေ့လဲသွားတယ်။

သူက နိုးလာတဲ့အထိတောင် ဒေါသမပြေခဲ့ဘူး။

သူက ရှေးဟောင်းပစ္စည်း ပြည့်နေတဲ့နေရာကို ဆုံးရှုံးလို့ ဝမ်းနည်းနေပေမဲ့ သူ ပထမဆုံးမေးခဲ့တာက နန်ကျဲ့လေးရော ဝမ်းနည်း သွားလားဆိုတာပဲ။

ဦးလေးတွေ၊ အဒေါ်တွေက မိသားစုထဲက တစ်ယောက်ယောက် လို့ သီးသန့် ပြောခဲ့ပေမဲ့လည်း သူတို့တွေက ခုချိန်ထိ မိသားစု စည်းမျဉ်းအတိုင်း အပြစ်ပေး ခံနေရတုန်း ဖြစ်တယ်။

ပြသနာဖြစ်ခဲ့ရင် နောက်‌ကျောကို ကြိမ်လုံးနဲ့ နှစ်ချက်လောက် ရိုက်ခံရရုံမက သူတို့က အဖိုးနန်ရဲ့ဒေါသကို ပြေအောင် မလုပ်နိုင်ဘူး။

ဒုတိယအဒေါ်က စကား ခေါင်းစဉ်ပြောင်းဖို့ အခွင့်အရေး ယူလိုက်တယ်။

“ပြောခါမှ ရော့ရော့ တက္ကသိုလ်မှာ တစ်ယောက်ယောက်နဲ့ ဒိတ်နေပြီလား နောင်နှစ်ဆို တက္ကသိုလ် တတိယနှစ်မလား။ သမီး ကောင်လေးတစ်ယောက်နဲ့တော့ တွေ့လောက်ပြီမလား”

“တစ်ယောက်မှ မတွေ့သေးရင် တက္ကသိုလ်က လူတွေကို သဘောမကျလို့လား။ ဘာလို့ အဒေါ်က သမီးကို တစ်ယောက်ယောက်နဲ့ မိတ်မဆက်ပေးဘဲ နေရမလဲ။ သမီးက ဘယ်လိုလူမျိုးကို ကြိုက်တာလဲ”

နန်ကော:”.....”

******

All Chapters