← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

51 01

Ch 51 ရှန်ရန်ချင်းက သူမကိုလိုက်နေတယ်တဲ့

ပင်ကွင်းပေါက်က ဒုတိယအဒေါ်ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီး သူမခေါင်းက ရုတ်တရက်‌ မော့လာကာ လိမ္မော်သီး စားတာကိုသာ အာရုံစိုက်နေခဲ့တယ်။

နေဦး။ သူမ အသက်က နှစ်ဆယ်ရှိပြီပဲ။ သူမက တကယ်ကိုပဲ ယောင်္ကျား တစ်ယောက်တွေဖို့ အလျင်မလိုဘူး။ ဟုတ်တယ်မလား။

သူမအစ်ကိုတောင်မှ စင်ဂယ်ပဲ ရှိသေးတာ။ သူမအစ်ကိုကို ဘာလို့ ကျော်တက်ရမှာလဲ။

ကြည့်ရတာတော့ သူမက အငယ်ဆုံးဖြစ်နေဆဲပါပဲနော်။

“မလိုပါဘူး။ ကျွန်မက အဆင်ပြေပါတယ်နော်။ ဒုတိယအဒေါ် ကိုယ့်ဘာ့သာ ဒုက္ခမရှာပါနဲ့။ ကျွန်မမှာ ဒိတ်ဖို့အတွက် တွေးချိန်တောင် မရှိဘူး။ ကျွန်မက စာနဲ့ နပန်းလုံးနေရတုန်း”

သူမက အေးစက်စက် ပြုံးလိုက်တယ်။

ဒုတိယအဒေါ်က သူမလက်ကို ဝှေ့ယမ်းလိုက်တယ်။

“မင်းက ဒီထက်ပိုပြီး မငယ်တော့ဘူးလေ။ မင်းရဲ့ ဒုတိယအစ်ကိုကိုပဲကြည့် သူဆို အထက်တန်းထဲက ကောင်မလေး ရှိနေပြီ”

ဒီဒုတိယအစ်ကိုက ဒုတိယအဒေါ်ရဲ့သားဖြစ်ပြီး သူမရဲ့ဝမ်းကွဲလည်း ဖြစ်တယ်။

နန်ကောက ဒေါသ ထွက်သွားတယ်။ သူမက ဘေးမှာ ထိုင်နေရတာမို့ သူမအကာအကွယ်ကို ရုတ်တရက် အသက်သွင်းလိုက်ပြီး တစ်ခုခု ပြောချင်လာမိတယ်။

“ဒုတိယ‌အဒေါ်က အသက်ကြီးနေပြီ။ ဘာလို့များ အကောင်းအဆိုးကို မပြောတတ်‌ ဖြစ်နေသေးတာလဲ”

“ရှင်က အထက်တန်းတုန်းက ဝမ်းကွဲရဲ့မတော်တဆမှုကို ဒီလိုမျိုး တရားနည်းလမ်းကျကျ ကောင်းတဲ့ အရာတစ်ခုလို ပြောရဲသေးတယ်လား။ အဲဒီအကြောင်း တွေးရတာ စိတ်မဖိစီးဘူးလား”

“ကျွန်မသာ အဲဒီအချိန်တုန်းက အကြောင်းသိတုန်းကဆို ကျွန်မမျိုးရိုး နာမည်ကို ချိန်းပြီး ချက်ချင်းကို ရှင်နဲ့ အဆက်ဖြတ်ပစ်မှာ”

ဒါကို ကြားတော့ အဖိုးနန်က ချောင်းဆိုလာတယ်။

“နင် ဘာအကြောင်းကို ပြောတာလဲ”

နန်ကျဲ့က သေချာနားထောင်မနေတာမို့ ဆက်ပြီး အားအင်စိုက်ထုတ် နေမိတယ်။

“ကျွန်မတို့ အစ်ကိုက သူဆယ်ကျော်သက်တုန်းက သူများမိသားစုရဲ့ အဖိုးတန် သမီးလေးကို ထိခိုက်၊ နစ်နာစေတာလေ။ သူက အထက်တန်း လူလားမမြောက်ခင်တည်းက ကောင်မလေးကို ဟော်တယ်ထဲ ခေါ်ပြီး ပြန်ပေးဆွဲဖို့ လုပ်တာလေ။ ကံကောင်းလို့ သူမ မိဘတွေက အချိန်မီ ရောက်လာပြီး သူ့ခြေထောက်ကို ရိုက်ချိုးသွားတာ”

“သူက သူမနဲ့ လမ်းခွဲလိုက်ရလို့ စိတ်ရှုပ်သွားတယ် ပြောပေမဲ့ အပြင်မှာတော့ လျှောက်ပတ် အိပ်တုန်းလေ။ အဲဒီကိစ္စပြီးတော့ ကောင်မလေးက စာတောင် မလုပ်နိုင်တော့ဘူး။ ကောလိပ် စာမေးပွဲကို ကျသွားပြီးတော့မှ သူမ စာကို ထပ်ပြီး ပြန်လုပ်လာတယ်။ အဲဒီနောက်မှာ ဝမ်းကွဲက ပြန်လှည့်သွားပြီး သူမကို ထားခဲ့တယ်။ သူက တက္ကသိုလ်ရောက်တာနဲ့ ချက်ချင်းပဲ တခြားသူနဲ့ဒိ‌တ်တော့တယ်လေ”

“ကျစ် ကျစ် ကျစ် နှစ်တွေ ဘယ်လောက်ကြာကြာ ဒါကို ကြားတိုင်း ရီချင်မိတာပဲ”

“အကယ်၍ နန်ကောသာ အဲဒီလို လူမျိုးနဲ့တွေ့ခဲ့ရင် ဟမ့်”

တကယ်ပဲ တစ်ယောက်ယောက်ရဲ့ ရင်ဘတ်က မြှင့်တက်လာပြီး နန်ကျဲ့က လှောင်လိုက်ချိန်မှာ ဖြေးဖြေးချင်း နိမ့်ဆင်း သွားတယ်။

“အဲဒါက မဟုတ်သေးဘူး နန်ကောက အဲလိုလူနဲ့ တွဲမှာ မဟုတ်ဘူး”

“နန်ကော သူ အဲဒီလိုလူနဲ့ တွဲဖို့ဆို ငါ ခွင့်ပြုမှာ မဟုတ်ဘူး။ သူမသာ အဲဒီလိုအမျိူးသားနဲ့ တွဲဖြစ်ရင် အတော်လေး ဒေါသထွက်မိမှာ”

“ငါတို့မိသားစုက ကောင်းကောင်းမွန်မွန် သင်ကြား ပေးခဲ့တာပဲလေ”

နန်ကျဲ့ ပြောပြီးမကြာ နန်ကောကလည်း သူ့ကိုထောက်ခံကာ သံ ယောင် လိုက်လာတယ်။

“ကျွန်မက သူများနဲ့ ချစ်ဖို့ မပြောချင်သလို သူများရဲ့ရိုးသားမှုကို နင်းချေဖို့က ပိုတောင် မလုပ်နိုင်ဘူး”

“အဲဒါက လုံးဝမမှန်ဘူး”

“ပြောတာ ကောင်းတယ်” နန်ကျဲ့က သူမခေါင်းကို ပုတ်လိုက်တယ်။

သူ့မျက်နှာမှာလည်း အပြုံးကြီး ရှိနေခဲ့တယ်။

“လာပါဦး။ ငါ နင့်ကို ပန်းသီးနောက်တစ်လုံး ဆုချမယ်”

51 02

ဒုတိယအဒေါ်က ဒေါသထွက်လာလွန်းလို့ သူမနှာခေါင်းတောင် ကောက်‌သွားတယ်။ ဒုတိယအစ်ကိုက ဒါကို ကြားတော့ သူ့နှာခေါင်းကို ကိုးရိုးကားယား ထိလိုက်ပေမဲ့ ဘာမှ မပြောရဲခဲ့ဘူး။

သူက မချေပရဲသလို ဘာမှလည်း မပြောရဲဘူး။ သူက နန်ကျဲ့ကို ကြောက်တာလည်း တစ်စိတ်တစ်ပိုင်းပါပေမဲ့ အခြားတစ်ဖက်ကတော့ အဖိုးနန်ကို ကြောက်ရတာလည်း ပါတယ်။

အဆုံးမှာတော့ နန်ကျဲ့က ဒီမိသားစုထဲက အဓိက လူအနေနဲ့ ညီတယ်လေ။ အိမ်ရှေ့စံမင်းသားအနေနဲ့ သူက ပလ္လင်ကို ဆက်ခံရမှာလေ။

သူက မင်းသားလေးကို ရန်မစရဲဘူး။

နောက်တစ်စက္ကန့်မှာပဲ မင်းသားလေးရဲ့ လက်ထဲရှိ ဓါးက သူ့ပေါင်ကို ထိုးစိုက် လာနိုင်တယ်လေ။

“ကောင်းတယ်”

အဆုံးမှာတော့ အဘိုးနန်က ကိုးရိုးကားယား အခြေအနေကို တစ်ခါတည်းနဲ့ ငြိမ်းချမ်း သွားစေတယ်။

“သူမက ငယ်သေးတယ်။ ဘာ‌ကိုအလျင်လိုနေတာလဲ”

“သူမ အကျင့်နဲ့ဆို သူမက တက္ကသိုလ်တက်နေစဉ်မှာ ဘယ်လိုလုပ် ဒိတ်နိုင်မှာလဲ။ သူမက လိမ်ရဲမှာတဲ့လား။ သူမ တက္ကသိုလ်က ဘွဲ့ရပြီးမှ ဆက်ပြောတာပေါ့”

“ဒါနဲ နန်ကျဲ့မှာ ထူးချွန်တဲ့ သူငယ်ချင်းနဲ့ အတန်းဖော်တွေ အများကြီးရှိတာ အချိန်တန်ရင် သူမက သင့်တော်တဲ့ သူနဲ့ မတွေ့ နိုင်ဘူးလား”

“နိုး မရပါဘူး” နန်ကျဲ့က ပြန်ပြောလာတယ်။

“ကျွန်တော့် သူငယ်ချင်းတွေကို မသိတာလဲ မဟုတ်ဘဲ”

“ဟေး ကလေးစုတ် ငါက မင်းကို လွတ်လမ်း ပေးနေတာလေ။ ဘာလို့ င့ါကို ဆန့်ကျင်နေရတာလဲ”

အဖိုးနန်က သူ့ကို ပြုံးရင်း မေးလာတယ်။

“ဒါဆို ငါ့ကိုပြော မင်းက ရော့ရော့အတွက် ဘယ်‌လိုကောင်လေးမျိူး ရှာပေးချင်လဲ”

အဖိုးနန်က သူ့ကို ရံဖန်ရံခါ နောက်လေ့ရှိပေမဲ့ နန်ကျဲ့ကတော့ အတည်ပေါက်ကြီး ဖြစ်နေတယ်။ သူက သူ့မေးစေ့ကို ပွတ်လိုက်ပြီး အတည်ကြီး တွေးနေခဲ့တယ်။

“အနည်းဆုံး သူ့နာမည်နဲ့ အိမ်အချို့ရှိရမယ်။ သူတို့ တစ်ခုချင်းစီက စတုရန်း၇၀၀မီတာ ရှိရမယ် ဟုတ်”

“ဒါပေါ့။ ဟိုက်မြို့နဲ့ ကျန်းမြို့ကဆို ပိုကောင်းတယ်။ အခြားမြို့ဆိုရင်တော့ မရဘူး။ အိမ်ဈေးတွေ နိမ့်နေလိမ့်မယ်”

“ကား အများကြီး ရှိဖို့တော့ မတောင်းဆိုပါဘူး။ အနည်းဆုံးတော့ ကားရှိနေရင် ကုန်ကျငွေ ရှစ်ပုံတစ်ပုံလောက်ပဲ ကုန်တယ်လေ။ ဟုတ်တယ်မလား။ ဒါကြောင့်မို့ သူ့မှာ ကား လေးစီးလောက်တော့ ရှိသင့်တယ်”

“သူက တတိယမြောက် လူချမ်းသာ ဖြစ်နေရင်တောင် ကိစ္စမရှိဘူး။ ဒုတိယမျိုးဆက်တွေကတော့ စိတ်မချရဘူး”

“ပြီးတော့ သာမန်အသေးစား ကုမ္ပဏီဆိုရင်လည်း မရဘူး။ အမှိုက်ကောက်သမားနဲ့ ဘာမှ မကွဲခြားဘူးလေ”

“အနည်းဆုံး သူ့မှာ ကိုယ်ပိုင်ကုမ္ပဏီရှိရမယ်။ ကော်ပိုရေရှင်း အကြီးကြီးဆို ပိုကောင်းတယ်။ အဲဒါက နိုင်ငံခြားကိုလည်း လွှမ်းမိုး နိုင်စွမ်းရှိရမယ်”

“သူက နန်ကောထက် အသက်အများကြီး ကြီးလို့မရဘူး။ ဒါ့အပြင် သူတို့ စကား ပြောစရာတောင် မလိုဘူးနော်။ ပြီးတော့ အသက်ကြီးတဲ့ သူတွေက ဉာဏ်နီဉာဏ်နက် အရမ်းများတာ။ နန်ကောက ကလေးပဲရှိသေးတာ။ အဲဒါမို့ သူတို့က သူမကို အရူးလုပ်ဖို့ လွယ်တယ်”

“ပြီးတော့ မိဘတွေ အဝေးမှာနေတဲ့ သူဆို ပိုကောင်းတယ်။ ဒါဆိုသူမက သူမရဲ့ယောက္ခမတွေနဲ့ ပတ်သက်ပြီး စိတ် ပူစရာမလိုဘူးလေ”

“ဒါပေါ့ သူက တစ်ဦးတည်းသောသား ဖြစ်ရင် ပိုကောင်းတယ်။ အဲဒါဆို အရေးမကြီးတဲ့ ဆွေမျိုးတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ အားထုတ်စရာ၊ အချိန် ဖြုန်းစရာ မလိုတော့ဘူး”

“အင်း.... သူ့အကျင့်စရိုက်ကတော့ ကျွန်တော့်မှာ သူ့ကို မေးစရာ နည်းနည်း ကျန်သေးတယ်။ နန်ကောက နှေးကွေးတာမို့ သူက နားလည် ပေးတတ်ရင် ပိုကောင်းတယ်။ သူ့အကျင့်က တက်တက်ကြွကြွ ဖြစ်ရင် ပိုကောင်းတယ်။ သေချာပေါက် သူမက အရူးတစ်ကောင်နဲ့ တွဲလို့တော့ မရဘူးပေါ့”

“ဒါပဲ ကျွန်တော် မျှော်လင့်တာ ခက်ခက်ခဲခဲတော့ မရှိပါဘူး”

လူတိုင်းက ပြောစရာ မရှိတော့ဘူး။

မစ္စနန်က ဒါကိုကြားတော့ အတော်လေး ရူးနေပြီလို့ ခံစားလိုက်ရတယ်။ သူမက မပြောဘဲ မနေနိုင်တော့ဘူး။

“နင့်ညီမကို တစ်ယောက်တည်း သေစေချင်ရင် ဆက်ပြောလိုက် အဲဒီလို အလန့်တကြား ဖြစ်အောင် ပြောစရာ မလိုဘူး”

နောက်တော့ သူက အရိုး ကင်းသလိုမျိုး ပခုံးတွန့်ပြတယ်။

51 03

“ကျွန်တော်က လိုက်လျောညီထွေ နေတတ်ပါတယ်။ သူ့ရုပ်ရည်ကိုတောင် ဘာမှ မတောင်းဆို ရသေးဘူးလေ”

“ပိတ်ထား” မစ္စနန်က ခေါင်း ကိုက်လာတယ်လို့တောင် ခံစား လိုက်ရတယ်။

“မင်း ပြောသလိုဆို ဘယ်သူမှ ကျေနပ်နိုင်မှာလဲ”

“ဘာမှ မပြောဘဲ နေကြရအောင်။ နင် မျှော်လင့်ထားသလို အမွေနဲ့ စီးပွားရေးအတိုင်း ဖြစ်မြောက်ဖို့က ခက်တယ်”

“အရမ်း ခက်လို့လား။ ကျွန်တော် မတွေးလိုက်မိဘူး”

“သူတို့လိုမျိုး ယောင်္ကျားအများစုက တကယ်မရှိဘူးလား”

နန်ကျဲ့က အများကြီး မတွေးလိုက်ဘူး။

မစ္စနန်က သက်ပြင်းရှိုက်လာတယ်။

“သားရေ နင်ပြောတာနဲ့ ကိုက်ညီတဲ့ သူကို အမေ စဉ်းစားမိတယ်”

“တွေ့တယ်လား။ သင့်တော်တဲ့သူနဲ့ ရှာတွေ့နေပြီလား”

နန်ကျဲ့က အနောက်ကို ပြန်မှီလိုက်ပြီး ပျင်းပျင်းရိရိ ပြောလာတယ်။

“ဘယ်သူလဲ ကျွန်တော့်ကိုပြော သူ့က သင့်တော်ရင် ကျွန်တော်တို့တွေ့ဖို့ စီစဉ်ထားရမယ်”

သူ့ဘေးမှာထိုင်နေရင်း ပန်းသီးစားနေတဲ့ နန်ကောက မျက်လုံးပြူးပြီး သူ့ကိုထိုးဖို့ သူမလက်ကို မြှောက်လိုက်တယ်။

သူမက ဒိတ်ဖို့စောလွန်းတာကို သူမက မငြင်းတော့ဘူးလား။

ဘာလို့ သူက သူမကို မြန်မြန်ရောင်းထုတ်နေရတာလဲ။

မစ္စနန်က မောင်နှမတွေကြားက အပြုအမှုတွေကို သတိမထားမိဘဲ တဲ့တိုးပြောလာတယ်။

“ရှန်ရန်ချင်းလေ မင်းဟွာရှန်ဂရုကို သိတယ်မလား”

“.....” နန်ကောက တခဏလောက် ကြောင်အသွားတယ်။

သူမက သူမအမေကို ကြည့်ဖို့ တောင့်ဆတ်ဆတ်နဲ့ ကြည့်တယ်။

နန်ကျဲ့အပြုံးတွေက တောင့်ခဲသွားတယ်။

“မေ့လိုက်တော့ မိသားစုထဲ လက်ထပ်ဝင်ဖို့ တစ်ခြားတစ်ယောက်ကို တွေးလို့ရတယ် ဟုတ်တယ်ဟုတ်”

ဒါကိုကြားတော့ ဒေါ်လေးငယ်က မရီဘဲမနေနိုင်ဘူး။

“အမှန်ဘဲ။ ရှန်ရန်ချင်းကိုရော ဘယ်လိုမြင်လဲ။ သူက ရော့ရော့နဲ့ ဒိတ်ဖို့ ဖြစ်နိုင်လား။ ငါတို့တားဂတ်ကို ပြောင်းသင့်လား”

နန်ကျဲ့က ရှန်ရန်ချင်းကို အစတည်းက‌ မုန်းတာကြောင့် ဒါကို ကြားတော့ ဒေါသတကြီး ထခုန်ရင်း မတ်တပ် ထရပ်လိုက်တယ်။

“ဒေါ်လေးငယ်ပြောတာကို ကျွန်တော် သဘောမတူဘူးနော်”

“ရှန်ရန်ချင်းက နန်ကောကို အခုလိုက်နေတာ။ ပြီးတော့ နန်ကောက ဘာဖြစ်နေလို့လဲ”

“နင် လာနောက်နေတာလား”

ဒေါ်လေးငယ်က သူ့ကိုမယုံတာမို့ သူမကခေါင်းကို မထီမဲ့မြင်ပြုကာ တစ်ဖက် လှည့်လိုက်တယ်။

“ဘာလို့လိမ်ရမှာလဲ။ ပြီးခဲ့တဲ့ နှစ်ရက်ကမှ သူနဲ့စကားပြောထားတာ။ သူကိုယ်တိုင် နန်ကောကို ကြိုက်တယ်ပြောခဲ့တာ”

ဒါကိုကြားတော့ နန်ကောမျက်လုံးက ကြောက်လန့်မှုတွေနဲ့ ပြည့်သွားတယ်။ သူမက အံ့ဩတကြီးနဲ့ သူမအစ်ကိုကို မော့ကြည့်လိုက်တယ်။

သူမအစ်ကိုက သူမကို ကြည့်မနေဘဲ သူမကို ဂရုစိုက်ချင်စိတ် ရှိမနေဘူး။ သူက သူ့ဖုန်းကိုဖွင့်လိုက်ပြီး သူ့ဒေါ်လေးငယ်ကို အပြစ်တင်ဖို့ အာရုံစိုက်နေခဲ့တယ်။

သူက ဘလက်လစ်စာရင်းထဲက သူကို ထုတ်လိုက်ပြီး ဖုန်းစခရင်ကို ကိုင်ထားခဲ့တယ်။

“မြင်ပြီလား”

[ကျွန်တော် သူမကို သဘောကျတယ်]

ဖတ်....

နန်ကောလက်ထဲက ပန်းသီးက မြေမြင်ကို လိမ့်သွားတယ်။

******

All Chapters