အခန်း ၅၂
Vol. 6 Ch. 52
52 01
Ch 52 နင့်ကို ရိုက်ပစ်ချင်အောင် မလုပ်နဲ့
“အစ်ကို...”
နန်ကောက လန့်သွားပြီး ပန်းသီးကိုတောင် မကောက်ရဲတော့ ဘူး။ သူမက ရှက်သွေးဖြာပြီး နန်ကျဲ့လက်ကို ဆွဲလိုက်တယ်။
နန်ကျဲ့က သူ့ညီမကို ကာကွယ်ပေးဖို့ စိတ်ဖိစီး နေခဲ့တယ်။ သူက နန်ကောနဲ့ ပြောဖို့ အချိန်မရတဲ့အထိ ဒေါသထွက်နေခဲ့တယ်။ သူက လက်ဆန့်ထုတ်ပြီး သူမခေါင်းကို တွန်းထုတ်လိုက်တယ်။
“ဟိုဘက် တိုးစမ်း”
“ဒေါ်လေးငယ် မြင်ပြီလား”
နန်ကျဲ့က လူတိုင်းကို ရတနာတစ်ခုပြထားသလိုမျိုး မတ်တပ် ရပ်နေခဲ့တယ်။ သူက ဖုန်းကို ကိုင်ထားပြီး အခန်းထဲရှိ လူတွေကို လှည့် ပတ်ပြနေတယ်။
“ဒါက တကယ်ကြီးရှန်ရန်ချင်းပဲ”
“ငါ့ကို ပြောစမ်းပါ။ ဘာလို့ နန်ကောအတွက် မကောင်းဘူးလို့ တွေးနေသေးတာလဲ”
“သူမမှာ ခေါင်းအစခြေအဆုံး အရမ်းမိုက်တဲ့ ကိုယ်လုံးရှိတာလား”
“သူမက ဟိုက်တက္ကသိုလ်ရဲ့ လူကုံထံကျောင်းသူ မဟုတ်လို့လား”
“သူမမှာ အားကောင်းတဲ့ နောက်ခံရှိပြီး ကျန်းမြို့မှာ အိမ်နှစ်လုံး ပိုင်တယ်လေ”
“သူမမှာ ဘာတွေ ပြတ်လပ်နေလို့လဲ ပြောစမ်းပါ”
“လူတိုင်းက နန်ကောဆီ ရှန်ရန်ချင်းကိုယ်တိုင်က ပစ်ဝင်လာတာကို သဘောတူကြတယ်လေ”
“ဒေါ်လေးငယ်က ရှန်ရန်ချင်း ဘယ်လိုလူမျိုးလဲ သိထားသင့်တယ်။ သူက ဘယ်သူကမှ မခူးရဲတဲ့ တောင်မြင့်ပေါ်က ပန်းကလေးလို့ မပြောကြဘူးလား”
“ကျစ် ကျစ် ကျစ် တစ်ချက်လောက် ပြန်ကြည့်ဦး။ နန်ကောက ဘယ်ပန်းကို ခူးနေစရာလိုလို့လဲ။ သူကိုယ်တိုင်က နန်ကောဆီ ပစ်ဝင်ချင်နေတာ မဟုတ်ဘူးလား”
“အဲဒီလိုဆိုတောင် နန်ကောက သူ့ကို စိတ်မဝင်စားဘူးလေ”
“ဒါကြောင့် ဒုတိယဒေါ်လေးနဲ့ ဒေါ်လေးငယ်ကို နန်ကောရဲ့ အနာဂတ် ကောင်လေးနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောရသလဲ ဆိုတာပဲ။ ကျွန်တော်ပေးတဲ့ စံချိန်တွေအတိုင်း ဒေါ်လေးတို့ တင်းတင်းကြပ်ကြပ် လိုက်နာမှရမယ်”
“ရှန်ရန်ချင်းက ကျွန်တော့်လိုအပ်ချက်နဲ့ မကိုက်ညီသေးဘူး။ အများဆုံးမှာ သူက အမှတ်၆၀လောက်ပဲ ရတာ။ အဲဒါက အနိမ့်ဆုံးအမှတ်ပဲ ရှိသေးတယ်”
နန်ကောက ပြောစရာမရှိတော့ဘူး။ ဘယ်သူက နန်ကျဲ့ကို အဲဒီလိုပြောဖို့ သတ္တိပေးလိုက်ရတာလဲ။
ဘာလို့များ သူက သူမအတွက် ကြင်ယာတော် ရွေးနေရတာလဲ။
သူမက ပလ္လင်ကို အမွေရတော့မှာမလို့လား။ မဟုတ်ဘူးနော်။
ရှေးခေတ်က အင်ပါယာတွေတောင် အဲဒီလိုမလုပ်ဖူးလေနော့်။
ရှန်ရန်ချင်းက အောင်ရုံလေး တဲ့လား။ ဘာလို့ နန်ကျဲ့က အဲဒီလောက် ကြွစောင်းစောင်း နိုင်ရတာလဲ။
နန်ကောက သူမအစ်ကို အခုဖြစ်နေတာကို ဖော်ပြဖို့ စကားနှစ်လုံးပဲရှိတော့တယ်။ တစ်လုံးက ဘဝင်မြင့်နေတာ ဖြစ်ပြီး နောက်တစ်ခုက ရူးနေတာပဲ။
“တော်လောက်ပြီ။ တော်လောက်ပြီ” နန်ကောက စိတ်ညစ်လွန်းလို့ သူမ ခေါင်းတောင် မထောင်နိုင်တော့ဘူး။ သူမက စိတ်ညစ်ညစ်နဲ့ နန်ကျဲ့ကို ပြန်ဆွဲခေါ်လိုက်တယ်။
နန်ကျဲ့က သက်ပြင်း ရှိုက်လိုက်တယ်။
“ဘာလို့ င့ါကိုဆွဲနေရတာလဲ။ ငါမပြီးသေးဘူးဟ”
“နန်ကောရဲ့ အရည်အချင်းကိုတွေးပြီး ကျွန်တော်.....”
နန်ကောက ဒါကို ထပ်မယူတော့ဘူး။ နန်ကျဲ့ရဲ့ ရောက်တတ်ရာရာ ပြောတတ်တဲ့ ပါးစပ်ကို ပိတ်လိုက်ပြီး အသံတိုးတိုးနဲ့ တောင်းပန် လိုက်တယ်။
“နင့်ကို ရိုက်မိအောင် ငါ့ကို ဖိအားမပေးနဲ့”
“....”
နန်ကျဲ့က ဒေါသထွက်ရလွန်းလို့ အသံတိုးတိုးနဲ့ ကျိန်ဆဲလိုက် တယ်။
ဒီလူဆိုးပေါက်က ကြီးလာပြီပဲ။
“ရှီးးးး” နန်ကောက စူးစူးဝါးဝါး ပြန်ကြည့်လာတယ်။
“နင်က အရှက်မရှိရင်တောင် ငါကတော့ စိတ်ညစ်နေရတာကို မကြိုက်ဘူးနော်”
___________________
ဒီရယ်စရာဟာသက အော်သံတစ်ခုနဲ့ အဆုံးသတ်သွားတယ်။
“ညစာ စားလို့ပြီးပြီ”
52 02
ဒါပေမဲ့လည်း ညစာစားစဉ် တစ်လျှောက်လုံး နန်ကောက အာရုံထွေပြားနေဟန်ရပြီး နန်ကျဲ့ကို ခဏခဏကြည့်နေမိတယ်။
အစကတော့ သူမအဖိုးက သူမအစ်ကိုကို သူနဲ့အတူတူ ထိုင်ပြီး သောက်ဖို့ မေးချင်နေခဲ့တယ်။
ဒါပေမဲ့ သူမအစ်ကိုက မသွားတော့ဘဲ သူမ ဘေးမှာ ထိုင်နေဖို့ကို ရွေးလိုက်တယ်။ သူက ဓါးကိုင်ထားရတဲ့ မင်းသားတစ်ပါးလိုမျိုး တစ်စက္ကန့်တောင် အနား မယူနေဘူးလေ။
“ဘာလို့ ငါ့ကို ကြည့်နေတာလဲ”
နန်ကျဲ့က သူ့စားစရာကို ယူစားနေပြီး သူမဘက်ကို တစ်ချက်ကြည့်ပြီး ခေါင်းစောင်းရင်း မေးလာတယ်။
နန်ကောက သူမ တူကို ကိုက်နေရင်း တုံ့ဆိုင်းနေခဲ့တယ်။
ခဏကြာတော့ သူမကွေးလိုက်ပြီး သူမတို့နှစ်ယောက်သာ ကြားနိုင်တဲ့အသံနဲ့ မေးလာခဲ့တယ်။
“ဘယ်အချိန်က နင် ရှန်ရန်ချင်းကို အပ်လိုက်တာလဲ”
သူမက အခုလေးတင် ရှင်းရှင်းလင်းလင်း တွေ့လိုက်တယ်လေ။
အဲဒီဝီချတ်အိုင်ဒီက ရှန်ရန်ချင်းနဲ့ တကယ်ကို တူလွန်းတယ်။ နာမည်နဲ့ ပရိုဖိုင်ပုံက အတိအကျကို တူလွန်းတယ်။
နန်ကျဲ့က အခုလေးတင် ပြုံးနေခဲ့ပြီး ဒါကိုကြားတော့ သူ့အမူအရာက ပြောင်းလဲသွားတယ်။ သူက ဂုဏ်ယူစွာပြော လိုက်တယ်။
“နင့်အကြောင်း မပါဘူး”
“.....”
သူမအစ်ကိုက ပိုပိုပြီးတော့ ဟက်စကီးနဲ့တူတယ်လို့ ခံစားနေရတယ်။ သူက နောက်တစ်ကြိမ်တောင် မတွေးဘဲ တစ်အိမ်လုံးကို ဖျက်ဆီးပစ်ပြီး သူ့အရည်အချင်းက တရစက် ပြောင်းလဲနေကာ သူ ကိုက်ချင်သလို လူတိုင်းကို ကိုက်နေခဲ့တယ်။
ဘာသင်္ကေတမှ မပြဘဲနဲ့လေ။
“ဘယ်လိုဖြစ်ဖြစ်ပေါ့ ငါ့မှာ လုပ်စရာရှိလို့”
“အို့ တကယ်လား ပြီးတော့ရော”
“နင့်စာပို့ထားတာတွေကို ငါ့ကို နောက်တစ်ကြိမ် ထပ်ပြ”
ခုဏကသူမက နောက်ဆုံးစာနှစ်စောင်ကိုပဲ မြင်လိုက်ရတာမို့....သူမက ရှေ့ကနှစ်ခုကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး။
“အဲဒီမှာဘာကြည့်စရာရှိလို့လဲ” နန်ကျဲ့က လှောင်လိုက်ပြီး စားစရာကို အေးအေးဆေးဆေး နှိုက်စားနေခဲ့တယ်။
“အဲဒါအကုန်လုံးက အတုတွေလေ”
“ဟမ်..”
နန်ကောမျက်လုံးပြူးသွားတယ်။
“အဓိပ္ပါယ်မရှိတာ။ နင်ငါ့ကို ခုဏက အဲဒီလိုမပြောခဲ့ဘူးလေ”
“ဒါက နင့်င့ါကို သိတာက ပထမဆုံးနေ့လား”
“ငါက မျက်တောင် မခတ်စတမ်း လိမ်တတ်တယ်လေ။ မဟုတ်လို့ လား”
“.......နင် နင် နင်တော့” နန်ကော ဒေါကန်သွားတယ်။ အချိန်အကြာကြီး ဒေါသ ထွက်နေပြီးနောက် သူမက ကျိန်ဆဲ လိုက်တယ်။
“အရှက်မရှိတဲ့ကောင်”
“ဘယ်လိုဖြစ်ဖြစ်ပေါ့”
နန်ကျဲ့က သူ့ခေါင်းကို ခါလိုက်ကာ ခါတိုင်းနဲ့မတူ ဘဝင်ခိုက် နေပုံရတယ်။
“ဒါက တရားမဝင် လိမ်လည်တာမှ မဟုတ်တာ”
“နင်လုပ်ရဲရင် ရဲခေါ်လိုက်လေ”
နန်ကော ပြောစရာမရှိတော့ဘူး။ သေစမ်း။
ဘယ်လိုလုပ်ပြီး ဒီလိုအစ်ကိုမျိုး ရှိနေရတာလဲ။
ညစာစားပြီးတော့ နန်ကောက အရှုံးပေးဖို့ ငြင်းဆန်လိုက်တယ်။
သူမက အရက်မူးနေတဲ့ နန်ကျဲ့ကို ဆွဲလိုက်ပြီး ညည်းညူ နေတယ်။
“ငါ တောင်းပန်ပါတယ်လို့ အစ်ကိုကြီးရဲ့ တစ်ချက်လောက် ကြည့်ပါရစေလို့”
“ရှူးးးးး”
နန်ကျဲ့က သူမကို တိတ်တိတ်နေဖို့ လက်ဟန်ပြတယ်။
“နင့်အစ်ကိုက အပေါ်ထပ်တက်ပြီး အိပ်တော့မယ်။ ငါ့ကို မနှောင့်ယှက်နဲ့ အိုကေလား”
“နင်...”
“နင့်ငါ့ကို ထပ်နှောင့်ယှက်ရင် ငါ ခေါက်မိုးမပါ အပျော်စီးကား ကနေ ဈေးပေါတဲ့ သာမန်ကားကို ပြောင်းလိုက်မယ်”
52 03
“.....” ကောင်းပြီ သူမ ပါးစပ် ပိတ်လိုက်ပြီ။
နန်ကျဲ့ အပေါ်ထပ်တက်သွားတာကို ကြည့်ရင်း နန်ကောက ငိုကြွေးရင်း အခန်းထဲ ပြန်ဝင်သွားတယ်။
ဒါက အရမ်းနောက်ကျနေပြီ။ သူမတို့အဖိုးတွေက အပေါ်ထပ်ကို အနားယူဖို့ တက်သွားပြီး အခြားလူကြီးတွေက ဖက်ထုပ်လုပ်နေ တယ်။
သူမ ဝမ်းကွဲနှစ်ယောက်ကလည်း ဘေးမှာ ဂိမ်းဆော့နေတယ်။
သူတို့က အများကြီး မသောက်ခဲ့ပေမဲ့လည်း နည်းနည်းတော့ ထွေနေတယ်။
နန်ကော လာတာကို မြင်တော့ သူက ကြည့်ရုံသာကြည့်ပြီး မနှုတ်ဆက်လိုက်ဘူး။
နန်ကောက သူတို့ကို လျစ်လျူရူလိုက်ပြီး လက်တင်လို့ရတဲ့ ကုလားထိုင်မှာ ထိုင်လိုက်တယ်။ နွေဦး အားကစားပျော်ပွဲကို စောင့်ကြည့်နေရင်း သူမဖုန်းကို ထုတ်လိုက်တယ်။
သူမ ဝီချတ်ဖွင့်လိုက်တော့ စာစောင်တွေအများကြီးက ပေါ်ထွက်လာတယ်။
ဂရုထဲက စာတွေအကုန်လုံးက သူမကို နှစ်သစ်ကူးအတွက် ဆုတောင်းပေးကြတယ်။
ဂရုတိုင်းက စာအိတ်နီတွေက အဆုံးမရှိတော့ဘူး။ နန်ကောက နှစ်ခုကို ကျပန်း ကောက်ယူလိုက်ပြီး ဆင့်လေးဆယ် လုလိုက်နိုင်တယ်။
သူမက ကံအကောင်းဆုံးဆိုရင်တောင် စာအိတ်နီထဲက ဒေါ်လာ၂၀ပဲ အပစ်ခံလိုက်ရတယ်။
စာအိတ်နီပို့ပြီးတော့ သူမက စိတ်လှုပ်ရှားကာ တစ်ယောက်ပြီး တစ်ယောက် စာ လိုက်ပြန်လိုက်တယ်။
သူမက အောက်ဆုံးထိ ဆွဲလိုက်တော့ ရှန်ရန်ချင်းရဲ့ ပရိုဖိုင်ပုံကို မြင်လိုက်တယ်။
ဘောင်ကွက်ထဲမှာ စာနှစ်စောင်ပဲ ရှိနေတယ်။
နောက်ဆုံးစာက လွန်ခဲ့တဲ့ဆယ့်သုံးမိနစ်လောက်ကပေါ့။
နန်ကောက တခဏလောက် တုံ့ဆိုင်းသွားပြီး လက်ဆွဲနှုတ်ဆက် တာကို နှိပ်လိုက်တယ်။
ရှန်:[ပျော်ရွင်စရာနှစ်သစ်ကူးအကြိုပါ]
(Tn:ဘယ်လိုဖြစ်ပြီး နှစ်သစ်ကူးအကြိုထပ်နေမှန်း မသိတော့ဝူး༎ຶ‿༎ຶ)
[စားပြီးပြီလား]
“ဟမ်...”
နန်ကောက ညည်းလိုက်ပြီး သူမ ခေါင်းငုံ့ကာ စာရိုက်လိုက်တယ်။ သူမက ပြန်ဆုတောင်းပေးလိုက်ပြီး ပြောလိုက်တယ်။
“ကျွန်မက စားပြီးရုံပဲ ရှိသေးတာ ရှင်ရော]
[ကိုယ်ရောပဲ]
နန်ကောက သူချက်ချင်းပဲ အမြန်ဆုံး စာပြန်တာတော့ မြန်မြန်ပြန် ရေးချင်ပေမဲ့ ဘာရေးရမလဲ မသိတော့ဘူး။
အဲဒါက သူမအစ်ကိုကြောင့်ပဲ။ သူက သူမကို ကိုးရိုးကားယား ဖြစ်အောင် လုပ်တာ။
တခဏနေတော့ သူမက ပေါ့ပေါ့ပါးပါး မေးလိုက်တယ်။
[ဒါဆို အခုဘာလုပ်နေလဲ]
ရှန်: [ပင်ဂွင်းပေါက်နဲ့ စာပို့နေတာလေ]
နန်ကောက ဒေါသ ထွက်သွားပြီး နှစ်ကြိမ်လောက် ချောင်းဆိုးမိ တယ်။
သူမ ဝမ်းကွဲတွေကလည်း သူမကို ကြည့်ကုန်တယ်။
“ဘာမှားလို့လဲ”
“နင် ရေသောက်ချင်လား”
“ငါနင့်အတွက် ရေငှဲ့ပေးမယ်”
“ခွင့်ပြုဦး ငါလုပ်ပေးမယ်”
တတိယအစ်ကိုက ရေနွှေးကရား အမြန်ပြန်ယူလိုက်တယ်။
“ညီမလေး နင် အပူသောက်မလား အအေးသောက်မလား”
“......” နန်ကောက ဖုန်းကို ဖုံးလိုက်ပြီး သူတို့က စိုးရိမ်သွားပြီး ကြောက်လန့်နေကြတယ်။
“ငါ ငါ... ငါ့ဘာသာလုပ်လိုက်မယ်”
တတိယအစ်ကိုက နိုးလို့ ဖြေတာကို ငြင်းပယ်လိုက်တယ်။ သူ့လက်ကို မြှောက်လိုက်ပြီး ရေနွှေး ငှဲ့ပေးလိုက်တယ်။
“လာ လာ တစ်ငုံ့လောက်သောက်လိုက်”
နန်ကောက ထိတ်လန့်မှုကြောင့် နောက်ဆုတ်သွားပြီး လက်ဆန့်ပြီး မယူခင် တုံ့ဆိုင်းသွားတယ်။
“ကျေး ကျေးဇူးပါ တတိယအစ်ကို”
သူမက ဒီဝမ်းကွဲနှစ်ယောက်နဲ့ တည့်မနေခဲ့ဘူး။ သူတို့က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြဘူး။
သူမဝမ်းကွဲတွေ ကြီးလာပြီးနောက်ပိုင်း သူတို့က ပိုလိမ်မာ လာပြီး သူမကို အနိုင်မကျင့်တော့ဘူး။
ဒါပေါ့။ သူမအစ်ကိုရဲ့ အားအပြည့် ထိန်းချုပ်ထားပေးမှုကို ကျေးဇူးတင်စရာကောင်းတယ်။
******