အခန်း ၅၃
Vol. 6 Ch. 53
53 01
Ch 53 နင့်မှာ ပညာမသင်ခဲ့ရဘူးလား
နန်ကောက ရေတစ်ငုံ့လောက်မော့ သောက်လိုက်တယ်။
သူမဝမ်းကွဲ နှစ်ယောက်က ကြည့်မနေတာကို သိတာနဲ့ သူမ ဖုန်းကို ဖွင့်ရသွားတယ်။
သူမက ချက်ချင်း စာမပြန်ခဲ့ဘူး။
ရှန်ရန်ချင်းက နောက်ထပ် စာတစ်စောင် ထည့်ပို့လာတယ်။
[ကိုယ်တောင်းပန်ပါတယ်။ မင်း ကြိုက်မကြိုက်တာကို ကိုယ်မတွေး လိုက်မိဘူး]
[ပင်ဂွင်းပေါက်လို့ခေါ်တာက အခြားအဓိပ္ပါယ်မရှိပါဘူး။ ကိုယ် ကြည့်ခဲ့ဖူးတဲ့ ပင်ဂွင်းပေါက်လေးနဲ့တူပြီး အရမ်းချစ်ဖို့ ကောင်းတယ်]
[ကိုယ် နိမ့်ပါးလိုစိတ်နဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။ ကိုယ်ထပ် မခေါ် တော့ဘူးလေ။ ဘယ်လိုလဲ]
________________
ထိုခဏ ဟိုက်မြို့မှာ.......
ရှန်ရန်ချင်းက ပြင်သစ်ပြတင်းပေါက်နားမှာ ထိုင်နေပြီး ဂဏမငြိမ် ဖြစ်နေတယ်။ သူက ဖုန်းကို စက္ကန့်တိုင်းကြည့်နေတယ်။
သူမက အချိန်အကြာကြီး စာမပြန်တော့တာမို့ သူတို့ရဲ့စာပို့ထားခဲ့တာကို ကြည့်နေမိတယ်။ သူက ပင်ဂွင်းပေါက်လေးဆိုတဲ့ စကားက ပြသနာရှိတယ်လို့ ခံစားရတယ်။
သူက အစတည်းက သူမဘာသာ ဒီနာမည်ပြောင်ကို ပြောင်းလဲ လိုက်တယ်။
သူမက နာမည်ကို ကြိုက်တယ် မကြိုက်ဘူးလို့တော့ မပြောခဲ့ဘူး။
သူ့ရည်ရွယ်ချက်က ဒီပုံစံလေးကသူမလိုမျိုး ချစ်စရာ ကောင်းပြီး သူမအတွက် အထူးသီးသန့် ပြောခဲ့တာမျိုး။
ဒါပေမဲ့လည်း သူက သူမသဘောတူလား မေးဖို့ကို မေ့သွားခဲ့တယ်။
အဲဒါက သူတို့ကျောင်းတက်ချိန်က အတန်းဖော်အချင်းချင်း တစ်ယောက်ကို တစ်ယောက် နာမည်ပြောင်ပေးသလိုမျိုး ဖြစ်နေခဲ့တယ်။ သူတို့ထဲကအချိူ့ကတော့ သူတို့ကို လက်မခံခဲ့ဘူး။
ဒါကို သိသွားတော့ သူက နည်းနည်းတော့ စိတ်ပူသွားတယ်။ သူက ရှင်းပြဖို့အတွက် စာအချိူ့ကိုပြောလိုက်ပြီး တောင်းပန်လိုက်တယ်။
ဒီလို အကျင့်မျိုးကို လူတစ်ယောက်က သဘောတူညီတာ မရှိရင် မထောက်ခံသင့်ဘူး။
သူက တကယ်ပဲ ရိုင်းသွားတယ်။
နန်ကောက အချိန်အကြာကြီး စာမပြန်တာတွေ့တော့ ရှန်ရန်ချင်းက မတ်တပ် ထရပ်မိတယ်။ သူက သူမကို ဖုန်းခေါ်ဖို့ကို မစောင့်နိုင်တော့ဘူး။
တစ်ချိန်တည်းမှာပဲ နန်ကောက ဆိုဖာပေါ်ထိုင်နေပြီး စာပြန်ရိုက်ဖို့ ပြန်ပြင်နေခဲ့တယ်။
သူမ စာရိုက်ပြီးတုန်းမှာ စခရင်က ရုတ်တရက် တုန်ခါလာပြီး အသံကောလ်တစ်ခု ပေါ်လာတယ်။
သူမ အသက်ရှုသံက နှေးသွားတယ်။ သူမက အသံပိတ် လိုက်ပြီး ထရပ်လိုက်တယ်။
သူမဝမ်းကွဲအစ်ကိုနှစ်ယောက်က သူတို့မျက်လုံးထောင့်ကနေ သူမကို ကြည့်လာ ကြတယ်။ သူမ ထွက်သွားတော့မှာကို မြင်တော့ သူတို့က မေးလာတယ်။
“မင်း အနားယူတော့မှာလား”
“အာ...ဟုတ်တယ် ဟုတ်တယ်”
နန်ကော ခေါင်းညိတ်လိုက်တယ်။
“ဒုတိယအစ်ကို တတိယအစ်ကို နင်တို့က ထပ်ဆော့နှင့်လေ။ ငါ အရင် တက်နေမယ် ပြီးမှ ပြန်ဆင်းလာမယ်”
___________
တံခါးပိတ်ပြီးတာနဲ့ နန်ကောက မီးပိတ်ဖို့ အချိန်တောင် မရခဲ့ဘူး။ သူမက တံခါးနောက်ပိုင်းကို မှီလိုက်ပြီး ဖုန်းကိုဂရုတစိုက် ကောက်ကိုင်လိုက်တယ်။
“ဟယ်လို”
ရှန်ရန်ချင်းက နည်းနည်းတော့ ကြောင်အသွားတယ်။
ကောင်မလေးရဲ့အသံရှုသံတွေက ပြင်းနေပြီး သူမ စကားပြောတိုင်းမှာ အသံတွေ တုန်နေခဲ့တယ်။ သူမအသံက နောက်ဆုံးမှာ တိုးသွားတယ်။
“မင်း....”
ပထမဆုံးအနေနဲ့ ရှန်ရန်ချင်းက ပြောစရာရှိမနေခဲ့ဘူး။ သူက ပါးစပ် ဖွင့်လိုက်ပေမဲ့လည်း ဘာမှမပြောနိုင်ခဲ့ဘူး။
“အခုဏက အောက်ဘက်မှာ ဖုန်းပြောဖို့က အဆင်မပြေလို့ပါ။ ကျွန်မက အခု အခန်းထဲမှာ”
နန်ကောက ရှင်းပြလာတယ်။
တခဏရပ်လိုက်ပြီးနောက် သူမကပြောလာတယ်။
“ကျွန်မ ရှင့်စာကို မြင်လိုက်ပါတယ်။ ကျွန်မရှင့်ကို စာပြန်ခါနီး ရှင်ဖုန်းဆက်လာတာ”
“တခြားကိစ္စကြောင့် ဖုန်းဆက်တာ မဟုတ်ဘူး။ ကိုယ်က မင်းကို တောင်းပန်ချင်လို့ပါ”
“ကိုယ် တကယ်ပဲ အဲဒီကိစ္စကို အများကြီး မတွေးလိုက်မိဘူး။ ကိုယ် မင်းရဲ့ခံစားချက်တွေကို တခဏလောက် ဂရုမစိုက်ဘူး”
“အဲဒါက အဲဒါက အဆင်ပြေပါတယ်”
နန်ကောက ဖုန်းကိုကိုင်ရင်း စိတ်လှုပ်ရှားနေမိတယ်။
“ကျွန်မ ဒေါသမထွက်ပါဘူး။ ကျွန်မက တွေးနေရုံတင်”
သူမက စကားထစ်နေပြီး သူမ အသံက တစ်ဖြည်းဖြည်း တိုးသွားတယ်။
ရှန်ရန်ချင်းက ဖုန်းကို အနီးထိ ဆွဲယူလိုက်ပေမဲ့ သူမပြောတာကို ကောင်းကောင်း မကြားရဘူး။
“ဟမ် မင်း ဘာကို တွေးတာ”
“ကျွန်မ အထင်တော့ အဲဒါက ကောင်းတယ်လို့ထင်တယ်”
နန်ကောက လက်မြှောက်ပြီး သူမမျက်နှာကို ကာလိုက်တယ်။ သူမက တံခါးကိုမှီပြီး ဖြေးဖြေးချင်း လျှောထိုင်ချလိုက်တယ်။ ရှန်ရန်ချင်းက သူမရဲ့တိုးဖွဖွ အသံလေးကိုပဲ ကြားလိုက်ရတယ်။
“ပြီးတော့ ကျွန်မ မကြိုက်ဘူးလို့ မပြောခဲ့ပါဘူး”
တခဏတော့ အသက်ပြင်းပြင်းရူသံကသာ ဖုန်းတစ်ဖက်စီ ကနေ ကြားလိုက်ရတယ်။
53 02
ရှန်ရန်ချင်းက တခဏတော့ ကြောင်အသွားတယ်။ စက္ကန့် အနည်းငယ်ကြာတော့ ရှန်ရန်ချင်းက ပြုံးလိုက်ပြီး ပြတင်း ပေါက်အပြင်ဘက်က ဝေဝါးနေတဲ့ ညရူခင်းကို နူးနူးညံ့ညံ့ ကြည့်လိုက်တယ်။
“ဒါဆို ကောင်းတာပေါ့” သူ့မျက်လုံးထဲက အပြုံးတွေက တဖြည်းဖြည်းနဲ့ ပိုပြီး သိသာလာတယ်။
“အနာဂတ်မှာ မင်းတစ်ခုခုကို မကျေနပ်ရင် မကောင်းတဲ့အလုပ် တစ်ခုကို လုပ်မိတယ်လို့ ခံစားရရင် ကိုယ့်ကို ချက်ချင်း ပြောလေ”
“အနာဂတ်မှာ ကိုယ့်ကိုကိုယ်ပိုပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ် ထားမှာမို့ ဒီလိုအမှားမျိုး နောက်တစ်ကြိမ် ထပ်ပြီး မဖြစ်စေရဘူး”
“အာ...အဲဒီလောက် အသေးစိတ်ကြီး ဖြစ်စရာမလိုပါဘူး”
နန်ကောအသက်ရူသံက သူမရှင်းပြတိုင်းမှာ ပရမ်းပတာ ဖြစ်နေခဲ့တယ်။
“ရှင်ဘက်က ရီဗျူးကောင်းကောင်း ပေးတည်းက ကျွန်မ နားလည်ပြီးသားပါ။ ရှင်က တခြားသဘောနဲ့ ပြောမှန်းမဟုတ်တာကို သိတယ်”
ရှန်ရန်ချင်းက ရယ်နေခဲ့တယ်။
“ကိုယ်သိပြီ။ ကိုယ်ပြောချင်တာက အနာဂတ်မှာပိုပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားမှာမို့ အနာဂတ်မှာ တူညီတဲ့အမှားကို ထပ်မလုပ်တော့ဘူး ပြောတာပါ”
“ဘာလို့ဆို.......ဒါက ပထမဆုံးအကြိမ် မိန်းကလေး တစ်ယောက်ကို သဘောကျမိ တာမို့လေ။ တစ်ခါတလေတော့ ဒီခံစားချက်တွေက ကိုယ့်အတွက် အသစ်အတိုင်းပဲ။ ကိုယ်က အချို့အသေးစိတ်ကို လျစ်လျူရှုတာမို့ အမြဲလိုလို နားမလည်ခဲ့ဘူး”
“ဒါကြောင့်မို့ ကိုယ့်ကိုထိန်းထားပေးဖို့ မင်းကို အားကိုးပါရစေ”
“!!!!”
သူက ကြိုက်နေတယ်.. ကောင်မလေးတစ်ယောက်ကိုတဲ့။
ပင်ဂွင်းပေါက်က တအီအီ လုပ်လာပြီး ဘာစကားမှ မပြောနိုင်ဘဲ ရှက်သွေး ဖြာလာတော့တယ်။
အခြားတစ်ဖက်မှာတော့ ရှန်ရန်ချင်းက အချိန်ကို ကြည့်လိုက်မိတယ်။ ဒါက ညသန်းခေါင်တောင် ရှိပြီပဲ။
“ဟုတ်ပြီ နောက်ကျနေပြီ။ မင်းမိသားစုနဲ့ မနက်ဖြန် တွေ့ရဦးမှာ မလား”
“ကိုယ်မနက်ဖြန်မှပဲ မင်းကို နှောင့်ယှက်တော့မယ်။ အဆင်ပြေတယ်မလား”
“အို့ အိုကေ” နန်ကောက တိုးတိုးလေး ပြောလိုက်တယ်။
သူမက အော်သံတွေလိုမျိုး ထူးထူးဆန်းဆန်း အသံတွေကို လုပ်မိမှာကြောက်ကာ ဘာကိုမှ မပြောရဲခဲ့ဘူး။
ရှန်ရန်ချင်းက ပြောတယ်။
“ဒါဆို ကိုယ်အရင် ဖုန်းချလိုက်ရမလား”
နန်ကောက သူမကိုယ်သူမ ပြန်ထိန်းကာ သူ့ကိုတိုးတိုးလေး ဂွတ်နိုက် ပြောခဲ့တယ်။
“နောက်မှ ဖုန်းထပ်ခေါ်လိုက်မယ်”
“ဟမ်” နန်ကော နားမလည်ဘူး။
“ဘာလို့ အခုမပြောတာလဲ။ ကျွန်မရှင့်ကို နောက်တော့မှ ရှင့်ရဲ့ဂွတ်နိုက်ကို စာပြန်မလို့”
__________
နန်ကောက ဖုန်းချပြီးတော့ ကော်ဇော်ပေါ်မှာ ထိုင်ချလိုက်ပြီး သူမကိုယ်သူမ စိတ်အေးအေးထားဖို့ သူမ ဒူးပေါ်မှာ မျက်နှာ အပ်ထားလိုက်တယ်။
ကံဆိုးစွာနဲ့ သူမနှလုံးသားက တည်ငြိမ်မနေခဲ့ဘူး။
ဒါက ဝန်ခံတာ များလား။
ဒါပေါ့ လုံးဝ မဟုတ်သေးဘူး။
ပင်ဂွင်းပေါက်က လက်မြှောက်ပြီး သူမခေါင်းကို ခေါက်လိုက်တယ်။ သူမက နည်းနည်းလောက် နှေးကွေးနေတယ်။
တခဏလောက် တိတ်ဆိတ်နေပြီးတော့ သူမအစ်ကိုရဲ့ ပြောထားတဲ့စာတွေကို တွေးမိပြီး ကြောက်ကြောက်လန့်လန့်နဲ့ ထရပ်လိုက်မိတယ်။ သူမက စုံစမ်းကြည့်ဖို့ကို ဆုံးဖြတ်လိုက် တယ်။
ဘေးအခန်းထဲကို သူမက ခိုးကြောင်ခိုးဝှက် ဝင်သွားတယ်။
အခန်းထဲမှာ နွေးထွေးတဲ့ အဝါရောင်စားပွဲတင် မီးအိမ်တစ်ခု ရှိနေခဲ့တယ်။ သူမအစ်ကိုက စောင်ခြုံထားပြီး ဟောက်သံတောင် ထွက်နေတယ်။
သူမက သူခိုးတစ်ယောက်လို ဝင်လာပြီး ဖြေးဖြေးချင်း အသက်ရူထုတ်လိုက်တယ်။ သူမက စားပွဲဘေးက သူမအစ်ကိုရဲ့ ဖုန်းကို ကောက်ယူလိုက်တယ်။
သူမက မတ်တပ် မရပ်နိုင်တော့ဘူး။ သူမက အိပ်ရာကို ကျောပေးမှီလိုက်ပြီး ကောင်းကောင်း ပုန်းထားရင် ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။
နန်ကျဲ့က မျက်လုံးဖွင့်ပြီး တစ်ဖက် လှည့်လိုက်တာနဲ့ သူမကို မြင်သွားမှာကို လန့်နေမိတယ်။
53 03
နန်ကျဲ့ရဲ့ လျှို့ဝှက်နံပါတ်က ရိုးရှင်းလွန်းတာမို့ ချက်ချင်းပဲ လော့ခ်ဖြေချလိုက်နိုင်တယ်။
သူမက လွယ်လွယ်ကူကူပဲ လုပ်လိုက်နိုင်တယ်လေ။
ဒါက ပထမဦးဆုံးအကြိမ် သူများဖုန်းကို တိုးတိုးတိတ်တိတ် ကြည့်ဖူးတာပဲ။ အဲဒီက ရိုင်းပြမှန်း သိပေမဲ့ သူမက ကြည့်ချင်နေဆဲ ဖြစ်တယ်။
သူမက ဝီချတ်ကို ဖွင့်ပြီးတာနဲ့ တိုးတိုးတိတ်တိတ် ညည်းညူ လိုက် တယ်။
“ငါဘာမှ လျှောက်မကြည့်ပါဘူး။ စိတ်မပူပါနဲ့ အစ်ကို ရှန်ရန်ချင်းနဲ့ ပြောထားတာကို ဖတ်ပြီးတာနဲ့ နင့်ကို ပြန်ပေးမှာပါ”
နန်ကောက သူမစကားကို သူမ သိတယ်။ သူမက ရင်းနှီးနေတဲ့ ပရိုဖိုင်ဓာတ်ပုံကို နှိပ်လိုက်ပြီး စကားပြောထားတဲ့နေရာကို ဝင်ကြည့်လိုက်တယ်။
သူမက တက်တက်ကြွကြွနဲ့ ထိပ်ဆုံးကိုဆွဲလိုက်ပြီး စနစ်ရဲ့ အလိုအလျောက် နှုတ်ဆက်တာကစပြီး ဖတ်လိုက်တယ်။
ထိုစကားလုံးတွေကို ထပ်မြင်လိုက်ရတယ်။ သူမက အဲဒီစကားတွေ ကြားထားပြီးပေမဲ့လည်း သူမနှလုံးသားက မတုန်လှုပ်ဘဲ မနေနိုင်ဘူး။
သူမ အမူအရာကို ခက်ခက်ခဲခဲ မြိုသိပ်ထားလိုက်ရပေမဲ့ တိတ်တိတ်လေး ဓာတ်ပုံရိုက်ကာ သူမဖုန်းထဲကို ပို့လိုက်တယ်။
ပြီးတာနဲ့ သူမ စဖတ်တော့တယ်။
အရေးကြီးတဲ့ဘယ်အရာကိုမှ သူမ မချန်ခဲ့ဘူး။ ဒါက သူမအစ်ကိုရဲ့တစ်ဖက်သတ် စည်းကမ်းချက်တွေ ကြောင့်ပဲ။
လုံလောက်ပြီ။ သူမက စိတ်ကူးယဉ် နေမိတာပဲ။ သူမအစ်ကိုက စကားကောင်းပြောမှာ မဟုတ်ဘူး။
“တကယ်ကိုပဲ နင် ဘယ်လို ပြောရဲရတာလဲ”
“ဘယ်လိုတောင် ရိုင်းစိုင်းရတာလဲ”
နန်ကောက ပျစ်ပျစ်နှစ်နှစ်ကို ကွန်ပလိန်း တက်နေမိတယ်။ နောက်တစ်စက္ကန့်မှာပဲ လက်တစ်ဖက်က ဆန့်ထုတ်လာပြီး ဖုန်းကို အဝေးကို ဆွဲယူလိုက်တယ်။
“ဟမ့်...နင့်ကိုတောင် ချက်စားလို့ရတယ်လေ”
နန်ကော :”.....”
******