← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

54 01

Ch 54 ဒေါင်းထီးလို အမြီးလာဖြန့် ပြနေတယ်။

နန်ကောက လန့်သွားပြီး တစ်ဖက်ကို လှည့်လာတယ်။

ဒါ့အပြင် သူမအစ်ကိုက စောင်ပါးအဖြူရောင်ကို ခြုံထားပြီး ကုတင်ပေါ် ခြေချိတ် ထိုင်နေတယ်။

သူက ဗုဒ္ဓနဲ့တောင် တူပြီး သူ့မျက်နှာက အိုးဖင်လိုမျိုး မဲမှောင်နေတယ်။ သူက သူမကို မကျေမချမ်းနဲ့ ကြည့်နေတယ်။

နန်ကောက စိတ်လှုပ်ရှားကာ တံတွေး မျိုချမိပြီး လက်ကို ဖြည်းဖြည်းချင်း မြောက်လိုက်တယ်။

“အာ အမ် တကယ်တော့ ငါနင့်ကို ရှင်းပြနိုင်ပါတယ်”

သူမအစ်ကိုက အေးစက်စက် ပြုံးလာတယ်။

“နင်က ငါ့ကို ပညာမတတ်ဘူးလားလို့ ပြောခဲ့သေးတာလေ”

နန်ကျဲ့က သူ့လက်ထဲရှိ ဖုန်းကို လှုပ်ယမ်းနေပြီး လှောင်ပြောင် လိုက်တယ်။

“နင်ကတော့ အရမ်းကိုမှ ယဉ်ကျေးမှုရှိတာလေ။ ဒါတောင်မှ အခြားသူတစ်ယောက်ရဲ့ဖုန်းကို ဖွင့်ကြည့်သေးတယ်နော်”

“......” အစတည်းက နန်ကောမျက်နှာပေါ် ရဲတွတ်နေကာ မပျောက်သွားတော့ဘူး။ သူ့စကားတွေကို ကြားတော့ သူမရှက်သွေးဖြာနေတဲ့ မျက်နှာက ပိုလို့တောင် ပူလောင် လာတယ်။

“ငါဘာကိုမှ မကြည့်ရပါဘူး။ ကျိန်ရဲတယ်”

“ပြီးတော့ နင်က သူစိမ်း မဟုတ်ဘူးလေ”

“ငါတို့က မောင်နှမအရင်းတွေ သွေးက ရေထက် ပျစ်တယ်”

“ဖွီ” နန်ကျဲ့ မျက်လုံး လှိမ့်လိုက်မိတယ်။

နန်ကျဲ့က သူမကို စစ်ဆေးနေတုန်းမှာပဲ သူ့ဖုန်းကို ဘေးမှာတင်ရင်း လက်ပိုက်လိုက်တယ်။

“နင်က လက်မလျော့သေးဘူးပဲ”

“ငါက သိချင်ရုံပါ။ ဘာအဓိပ္ပါယ်မှ မရှိပါဘူး”

နန်ကောက တိုးတိုးလေး ညည်းညူနေတယ်။

“နင်က အိပ်နေတာ မဟုတ်မှန်း ဘယ်သူက သိမှာလဲ။ နင်က ငါ့ကို ခြောက်ဖို့ အိပ်ချင်ယောင်ဆောင်နေတာပဲ”

“သေလိုက်လေ”

နန်ကျဲ့က သူမကို ဒေါသထွက်လွန်းလို့ ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်တယ်။

“ငါ မအိပ်သေးဘူးလို့ နင့်ဘယ်သူပြောလဲ။ နင်ပဲ ငါ့ကို နိုးလိုက်တာလေ”

“ဝင်တည်းက နင့်လက်က အသုံးမကျဘဲ ငြိမ်ငြိမ်မနေတဲ့အပြင် ပွစိပွစိလည်း ပြောနေသေးတာလေ”

“ဟမ့် ငါမျက်လုံးဖွင့်လိုက်ချိန်မှာ ထူးဆန်းတဲ့ မျိုးစိတ်အချို့ ရောက်လာတယ် ထင်တာ”

နန်ကော:”.....”

သူမ သွားကို ဖိကိုက်လိုက်ရင်း ကြမ်းပြင်မှ ထကာ လက်လျော့ လိုက်တယ်။

“ဟုတ်တယ်။ ငါ မှားတာကို သိတယ်။ ဒါပေမဲ့ ငါမြင်လိုက်ပြီးပြီ။ နင်က ငါ့ကို ဘာလုပ်နိုင်မှာလဲ”

(ကိုယ်သာဆို ထရိုက်တယ် အဲဒီအချိုးဆို)

နန်ကျဲ့က မျက်လုံးတွေ ကွေးတက်လာသည်အထိ ပြုံးလာ တယ်။

“ငါက နင့်ကို ဘာမှမလုပ်နိုင်ဘူး ထင်တယ်ပေါ့လေ။ ဒါ‌ဆိုနင့်ရဲ့ကားသစ် အကြောင်း ပြောရအောင်လေ”

“ငါ မှားပါတယ်”

နန်ကောက ချက်ချင်းကို ကြောက်လန့်သွားတယ်။ သူမ ခြေထောက်တွေက အားနည်းသွားပြီး သူ့ကို ဒူးထောက်လုနီးပါး အချိန်‌ကျတာနဲ့ ပြောလာတယ်။

“နှစ်သစ်မှာ ပျော်ရွင်ပါစေ ကော”

“ကိစ္စတွေ ရှင်းလင်းလိုက်ရအောင်”

နန်ကျဲ့က သူမကို ရက်ရက်စက်စက် တွန်းထုတ်ပစ်လိုက်တယ်။

“နင့်ရဲ့ ဒီညလုပ်ရပ်က နင့်ကားသစ်ကို တကယ် မမြင်ချင်တော့ဘူးလို့ ငါထင်တယ်”

နန်ကျဲ့က နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။

“ဒါကြောင့် ငါ ဆုံးဖြတ် လိုက်တယ်”

နန်ကော မျက်လုံးတွေက ကျုံ့သွားတယ်။ သူမက အမြန်သူ့ပါးစပ်ကို ပိတ်ကာ သူ့အသံကို တားလိုက်တယ်။

“ဘာလို့ အဲဒါကို ထပ်ပြောရတာလဲ...”

“နန်ကျဲ့ နှစ်သစ်မှာ ပျော်ရွင်ပါစေနော်။ ငါ့ကို ဒီကိစ္စနဲ ငိုအောင် မလုပ်ပါနဲ့”

_______

ညသန်းခေါင်ရောက်တော့ နန်ကောရဲ့ဝီချတ်မှာ စာတစ်စောင်ရောက်လာတယ်။ သူမက ဖက်ထုပ်ကို ယူလိုက်ပြီး အလုတ်ကြီးကြီး ကိုက်လိုက်တယ်။ သူမက အားနေတဲ့ လက်တစ်ဖက်နဲ့ ဖြေးဖြေးလေး လော့ခ်ဖြေကာ စခရင်ကို ပွတ်လိုက်တယ်။

ဘေးက နန်ကျဲ့ကတော့ မျက်လုံးတစ်ဝက် ပိတ်နေပြီ။ သူက သူ့လက်တစ်ဖက်နဲ့ ခေါင်းကို ထောက်လိုက်ပြီး အိပ်ပျော်နေတယ်။

သူက သောက်ပြီးတိုင်း အိပ်ပျော်နေတတ်ပြီး အထူးသဖြင့် နန်ကောကြောင့် နိုးသွားတာတောင် ခဏနေတော့ ပြန်အိပ်ပျော် သွားပြန်တယ်။ သူက ဘာမှ နားထောင်မနေဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပုံရတယ်။

သူမဖုန်းသံ ကြားတော့ သူ့မျက်လုံးတစ်ဖက်က ပွင့်လာပြီး မျက်လုံးထောင့်ကနေ သူမကို စိူက်ကြည့်နေတယ်။

“ညလယ်ကြီး နင့်ကိုဘယ်သူစာပို့လာတာလဲ”

“နင့်သူငယ်ချင်းတွေ နင့်ကို နှစ်သစ်ဆုတောင်း ခုထိ မပေးရသေးဘူးလား”

54 02

နန်ကော သူမ မျက်ခုံးတောင် ပင့်မိသွားတယ်။

“ကော နင်က ဒီလိုမျိုး ကြောက်အောင်ခြောက်မှ ရမှာလား”

“ကျစ် ဒါက ဂရုချက်က စာပဲကို။ ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ”

နန်ကျဲ့က မထီမဲ့မြင် လုပ်တယ်။ သူ့ဖုန်းကို ထုတ်လာရင်း ဝီချတ်က စာတွေကို ဆွဲနေလိုက်တယ်။

သူတောင် ဂရုထဲကနေ နှစ်သစ်ဆုတောင်း မရသေးဘူး။

တစ်ဖက်က နန်ကောကတော့ ဒါကို အခွင့်အရေးယူရင်း ရှန်ရန်ချင်း ပို့ထားတဲ့ အောက်ဆုံးအထိကို အံ့ဩတကြီး ကြည့်နေမိတယ်။

သူမက ဖက်ထုပ်ဝါးနေရင်း ပေါ့ပေါ့ပါးပါး အောက်ထိ ဆွဲကြည့်လိုက်တယ်။

ရှန်:[ ပျော်ရွင်ဖွယ်နှစ်သစ်ပါ]

[ငွေလွှဲရတဲ့အကြောင်းအရင်း:ပင်ဂွင်းပေါက်အတွက် နှစ်သစ်ကူးစာ အိတ်နီ]

[ဟုတ်ပြီ အခုတော့ ဂွတ်နိုက်ပဲ ပြောကြတာပေါ့]

[ဂွတ်နိုက် အိပ်မက်လှလှမက်ပါစေ]

ရှန်ရန်ချင်းက လက်ထောက်ယွမ်နဲ့ ကြိုပြီး အကြံတောင်းခဲ့တယ် ။ တစ်ဖက်က သူက ဘာမှ အများကြီး ပြောစရာ မလိုဘူးလို့ ပြောခဲ့တယ်။ ဒေါ်လာတစ်သောင်းထက် မပိုတာက ပိုကောင်း တယ်ပြောခဲ့တယ်။ မဟုတ်ရင် တစ်ဖက်ကို ဖိအားတွေ အများကြီး ဖြစ်စေတယ်တဲ့။

သူက အခြားနံပါတ်ဖြစ်တဲ့ ၅၂၀ မဟုတ်ရင် ၁၃၁၄လို ဂဏန်းတွေနဲ့ မင်းရဲ့အချစ်ကို ပြရမယ်လို့ ပို့ခဲ့တယ်။

ရှန်ရန်ချင်းက ပထမက နားမလည်ခဲ့ဘူး။ သေချာ လိုက်ကြည့်ပြီးတော့ သူက အဲဒီဂဏန်းတွေရဲ့ ဆိုလိုရင်းကို သိသွားတယ်။

ဒါပေမဲ့လည်း ဒီလိုမျိုးဂဏန်းတွေသုံးပြီး သူ့အချစ်ကို ဖော်ပြဖို့က နည်းနည်းတော့ မလွယ်ကူဘူး။ ပြီးတော့လည်း နန်ကောအရဆို ဒါကို လက်ခံပေးမှာ မဟုတ်ဘူး။

ဒါကြောင့် အဲဒါကို တွေးမိတော့ သူက ဒေါ်လာ၈၈၈၈ထောင်ကိုပဲ ပို့ လိုက်တယ်။

_____

ညစာစားပွဲပေါ်က နန်ကောရဲ့မျက်လုံးက ပြူးကျယ်သွားတယ်။

မသေချာတာမို့ သူမမျက်လုံးတွေကို တခဏတော့ ပိတ်လိုက်ပြီးမှ နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်တယ်။

စာကတော့ အတူတူပဲ ဖြစ်နေတယ်။

ဒေါ်လာ ၈၈၈၈ထောင်ကို လွဲလိုက်တယ်။

ပင်ဂွင်းပေါက်အတွက် နှစ်သစ်ကူးစာအိတ်နီ မုန့်ဖိုးတဲ့။

“ဟစ်” နန်ကော သက်ပြင်းရှိုက်မိတယ်။ သူမက တူနဲ့ညှပ်ကာ ဖက်ထုပ်စားနေခဲပြီး လန့်သွားတာမို့ ပန်းကန်ပေါ် ပြုတ်ကျသွား တယ်။

တိုက်တိုက်ဆိုင်ဆိုင် သူမဘေးက နန်ကျဲ့ပေါ်ကို ရှာလကာရည်တွေက မျက်နှာပေါ် စင်သွားတယ်။

“နန်ကော”

“ဟမ်” သူမ စိတ် ရှုပ်ထွေးစွာနဲ့ ခေါင်းလှည့်လိုက်တယ်။ သူ့မျက်နှာပေါ်က ဟာတွေကို တွေ့တော့ ‌သူ မကြောက်အား လန့်အားနဲ့ တစ်ရူး‌တွေကို ကောက်ယူလိုက်တယ်။

“တောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်”

“နင်စိတ်နဲ့ကိုယ်နဲ့ မကပ်ပါလား။ ဘယ်ကောင် နင့်ကို စာပို့နေတာလဲ”

နန်ကော သူ့မျက်နှာပေါ်ကို သုတ်ပေးနေတာက ရပ်သွားတယ်။

“ဘယ်သူမှ မဟုတ်ဘူး အဲဒါက..ဂရုကစာပါ”

နန်ကျဲ့က သူ့ညီမကို ၁၀၀ရာခိုင်နှုန်း နားလည်တယ်လို့ မပြောရဲဘူး။

ဒါပေမဲ့ နန်ကောရဲ့ အတွေးအများစုကိုတော့ ခန့်မှန်းနိုင်တယ်။

(Tn: ကွာချက် ညီမနဲ့)

သူမရဲ့ အပြစ်ရှိနေတဲ့ ပုံစံကို မြင်တော့ သူအိပ်လို့ မရတော့ဘူး။ သူက တစ်ရူးကို ကောက်ယူပြီး စားပွဲပေါ် ပစ်လိုက်ကာ သူ့ပုံရိပ်ကို ဂရုမစိုက်တော့ဘူး။

သူက အစ်အောက် နေတယ်။

“ရှန်ရန်ချင်း နင့်ကို စာတွေ ပို့လိုက်တာမလား”

ဒါကိုကြားတော့ နန်ကောအံ့ဩသွားတာမို့ မော့ကြည့်မိတယ်။

“ဘယ်လို သိတာလဲ”

သူမပြောပြီးသွားတော့ သူမက နန်ကျဲ့ရဲ့ ကျဉ်းမြောင်းတဲ့ အနက်ရောင်မျက်လုံးနဲ့ သွားဆုံပြီး သူမ‌အတွေးတွေ ဖော်ထုတ် ခံလိုက်ရတယ်။

“အမ်းးး နိုး သူမဟုတ်ဘူး”

သူမက ထိတ်လန့်နေပြီး မသိစိတ်ကနေ သူမဖုန်းကို ဖုံးလိုက်မိတယ်။

နန်ကျဲ့က သူမအပြုအမှုကို ကြည့်ပြီး ဒေါသတကြီး ရယ်လိုက်တယ်။

“ငါက နင် မဟုတ်ဘူး။ ကိစ္စတိုင်းကို ပွင့်ပွင့်လင်းလင်း လုပ်တတ်တဲ့သူ။ ငါက သူများ စာတွေ ခိုးမဖတ်တတ်ဘူး”

ဒါကို ကြားတော့ နန်ကောအလိုအလျောက် ကြည့်လိုက်မိတယ်။

သူမက သူမကောရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားကို ဘယ်တော့မှ မယုံကြည်ဘူး။

နန်ကျဲ့က သူမကို စိုက်ကြည့်နေတယ်။

“နင် ဘာကို ကြည့်နေတာလဲ”

သူက ပြောပြီးတာနဲ့ ဘာမှမဟုတ်သလို ဟန်ဆောင်ရင်း တူကို နောက်တစ်ကြိမ် ကောက်ကိုင်လိုက်တယ်။

နန်ကောက သူ့ကို ကြည့်နေရင်း သူမနှလုံးသားက ဖြည်းဖြည်းချင်း ငြိမ်သက်သွားတယ်။

54 03

တစ်

နှစ်

သုံး

အချိန်ကျတာနဲ့ သူမဘေးက ဟက်စကီးက လက်ထဲက တူတွေကို ပစ်ပေါက်လိုက်ပြီး လက်ဆန့်ထုတ်လာတယ်။

“ငါ့ကို ပြ”

နန်ကော ဆွံ့အသွားပြီး မျက်လုံးလိမ့်မိတယ်။

သူမ ဒါကို ကြိုသိနေခဲ့တယ်။

“နင် ပြောတော့ သူများဟာကို လိုက်မကြည့်တတ်ဘူးဆို”

နန်ကျဲ့ ပြန်ပြောတာတွေက အဓိပ္ပါယ်ရှိလာတယ်။

“ငါက ဘယ်လို ကြည့်နေလို့လဲ။ ဆိုစမ်းပါဦး”

“ငါက နင့်ဖုန်းကို ပေါ်တင် ကြည့်တာလေ။ ဘာလို့လဲ အဲဒါက ပြသနာရှိလို့လား”

သူကပြောပြီးတာနဲ့ အရှက်မဲ့သလို ထပ်လုပ်လာတယ်။

“ငါကတော့ ဂရုမစိုက်ဘူး။ ငါဒီနေ့ နင့်ဖုန်းကို ကြည့်ချင်တယ်။ နင်မပေးရင် ငါ လုရလိမ့်မယ်။ ဘယ်လိုဖြစ်ဖြစ် နင့်ဖုန်း လော့ခ်ဖြေတာကို ငါသိတာပဲလေ”

နန်ကောက မေးလာတယ်။

“နင်က ဓားပြလား”

“ဒါဆိုလည်း ရဲခေါ်လိုက်ပြီး ငါ့လာဖမ်းခိုင်းလိုက်။ ငါစားစရာနဲ့ နေထိုင်စရိတ် ထောက်ပံ့ခံရတာပေါ့”

နန်ကျဲ့က ဘဝင်ခိုက်သလို ကြည့်လာတယ်။

“ဒါပေါ့ ငါ ဒါကို မရွေးလို့လည်း ရတ။ယ် နင်သာ ငါ့ကို ဖတ်ခိုင်းရင်ပေါ့။ ငါက အရမ်းတိကျပါတယ်နော်”

နန်ကော:”.....”

သူမက သူ့ကို စိုက်ကြည့်ရင်း ရွေးချယ်စရာ မရှိတော့တာကို သိတော့ ချက်ချင်းပဲ ပြောပြလိုက်တယ်။

“သူက ငါ့ကို ပျော်ရွင်စရာ နှစ်သစ်ကူးပါတဲ့”

“ငါ နင့်ကို မယုံဘူး” နန်ကျဲ့က လွယ်လွယ်ကူကူပဲ ငြင်းလိုက်တယ်။

“ဒါသာ အကုန်ပဲဆို နင့်မျက်နှာပေါ်က အမူအရာက ဘာလဲ”

“ငါ့မျက်နှာက ဘာဖြစ်နေလို့လဲ”

“နင့်ကြည့်ရတာ စိတ်လှုပ်ရှားနေတာလေ”

နန်ကောက ရှက်ပြီး သူမကိုယ်သူမ မကာကွယ်နိုင်တော့ဘူး။

“ငါ မဖြစ်ဘူးနော်”

“ကျစ် သူနင့်ကို ဝန်ခံလိုက်ပြီလား”

နန်ကျဲ့က သူ့မေးကိုထိလိုက်ပြီး ပြောနေတာ မရပ်တော့ဘူး။

“ဒီအဘိုးကြီးက ဉာဏ်များလိုက်တာ။ သူက ငါ့ကို ဖြောင့်တန်းနေတဲ့ ဘောလုံးလိုမျိုး ရန်စသွားသေးတယ်။ ငါ ပြောရဲတယ်။ သူက နင့်ရှေ့မှာ အမြှီးလှန်ပြတဲ့ ဒေါင်းလို လာလုပ်နေတာပဲ”

******

All Chapters