အခန်း ၅၅
Vol. 6 Ch. 55
55 01
Ch 55 ကံဆိုးမှုအချို့
“နင့်ကို ငါပြောမယ်။ ငါတို့နောက်ဆုံးအကြိမ် တွေ့လိုက်တည်းက ရှာတွေ့ထားပြီးသား”
“ရှန်ရန်ချင်းလို လူမျိုးက မရိုးရှင်းဘူး”
“သူ့ကို ညင်သာတတ်တဲ့ လူကောင်းလို့ လူတွေက ထင်နေကြတယ်မလား။ ကျစ် ကျစ် ကျစ်... အဲဒါတွေ အကုန်လုံးက အပေါ်ယံတွေဘဲ”
“သူက တကယ်တော့ အတ္တကြီးတဲ့သူကြီး ငါ့ကို ယုံစမ်းပါဟ”
“.....”
ဒီစကားကို ကြားတော့ နန်ကော နှုတ်ခမ်းထောင့်တွေက ဒေါသတကြီး တွန့်လိမ်သွားတယ်။
“ဒါက နှစ်သစ်ပါ။ ပျော်ရွင်ဖို့ ဆုတောင်းပေးတဲ့စာလေ ဘာတွေတွေး နေတာလေ”
“ဟမ်...”သေချာပေါက်ကို တစ်စုံတစ်ယောက်ကတော့ အထက်ဆီးဆန်ဆန် အဝေးကို ကြည့်နေခဲ့တယ်။
နန်ကောက ဘာပြောရမှန်း မသိတော့ဘူး။ သူမက တိတ်တဆိတ် ထပ်ပေါင်း ပြောလိုက်တယ်။
“ကောင်းပြီ။ သူက နှစ်သစ်ကူးအတွက် စာအိတ်နီပို့ပေးလိုက်တာ”
“ငါ သိသားပဲ”
သူ့သဘောထားက ဘယ်လိုကြီးလဲ။ သူက သူမ နဖူးကို ပြောစရာ မဲ့သွားကာ ကိုင်လိုက်မိတယ်။
“အဲဒါက သာမန်မဟုတ်ဘူးလား”
သူမအစ်ကိုက အခုချိန်ကြီး အရမ်းဉာဏ်ကောင်းနေတာပဲ။ သူ့ဦးနှောက်က အရမ်းကို အောင်မြင် သွားတယ်။
“သူဘယ်လောက်တောင် ပို့လိုက်တာလဲ”
“သိပ်များပါဘူး။ ၈၈၈၈ထောင်ပါပဲ”
“......” နန်ကျဲ့က ခါးမတ်သွားပြီး သူ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။
“အဲဒါက နင့်အတွက်သာမန်လို့ ထင်တယ်ပေါ့”
“အဲဒါကို အမြှီး ဖြန့်ပြနေတာလို့ ခေါ်တာပဲ”
“ပိတ်ထား”
“အဲဒါကို သူက နင့်ဆီကိုပဲ ပို့ပေးပြီး ငါ့ကိုရော ဘာလို့မပို့ရတာလဲ”
“အဲဒါက အကျိူးအကြောင်း မဆီလျော်ဘူး။ သူက နင်နဲ့မှ မရင်းနှီးတာ နင့်ကိုနင် ဘယ်သူ ထင်နေတာလဲ”
“ဟမ့် နန်ရော့ရော့။ အဆိုးအပေလေး နင်ကြီးလာတာနဲ့ ငါက နင့်ကို ထိန်းချုပ် မရဘူးလို့ ထင်နေတာလား”
“ဘယ်လိုပဲဖြစ်ဖြစ်လေ။ နင်နဲ့သာတွဲရင် ငါက သူ့ရဲ့အနာဂတ် အစ်ကို ဖြစ်မှာလေ”
နန်ကောက သူမလက်ကို မြှောက်လိုက်ပြီး သူ့နောက်ကျောကိုရိုက် လိုက်တယ်။ သူမက ကသိကအောက် ဖြစ်ပြီး မျက်နှာကနီရဲလာတယ်။
“ဘယ်လို အဓိပ္ပါယ်မရှိတာကို ပြောနေတာလဲ”
မောင်နှမတွေ ရှေ့ဆက်ရခက်နေစဉ် နန်ကျဲ့ရဲ့ဖုန်းက တုန်လှုပ်လာတယ်။
သူက လော့ခ်ဖြေပြီး သာမန်အတိုင်း ဖွင့်ကြည့်လိုက်တယ်။
ခွေးကောင်ရှန်:[ဟက်ပီး နယူးရီယားပါ]
[ငွေ ၈၈၈၈ထောင် လွှဲပေးခြင်း]
နန်ကျဲ့က တုန်လှုပ်သွားတယ်။
သူ့အသိစိတ် ပြန်ဝင်လာတော့ သူ့လက်က ဗိုင်းရပ်စ်တစ်ခု တွေ့လိုက်ရသလို တုန်နေခဲ့တယ်။ သူက ဖုန်းကို အဝေးကို လွတ်ပစ်လိုက်တယ်။
“သေစမ်း”
သူက ရှန်ရန်ချင်းအကြောင်းကို ပြောနေစဉ်မှာပဲ သူက စာအိတ်နီလေးကို ဘာလို့ လာပို့ပေးတာလဲ။
ရှန်ရန်ချင်းက သူ့ဖုန်းထဲမှာပဲ ဘာလို့ ထားထားတာလဲ။
သူက ရှန်ရန်ချင်းရဲ့ယောက်ဖဆိုပြီး ပြောလိုက်မိတာကို တွေးလိုက်မိတော့ နန်ကျဲ့ မျက်လုံးတွေကို မှိတ်လိုက်တယ်။ သူက နောင်တရသွားပြီး မြေကြီးတစ်ခု တူးပြီး သူ့ကိုယ်သူ အရှင်လတ်လတ် မြေမြုပ် ပစ်ချင်တယ်။
သူက ဒေါသထွက်ထွက်နဲ့ သူ့ပါးစပ်ကို ပိတ်လိုက်မိတယ်။ သူညည်း လိုက်မိတာကို နောင်တရမိသွားတယ်။
“ရွံ့စရာကြီး။ ထိလိုက်မိတယ်...ကလေး တစ်ယောက်ရဲ့ စကားကို အတည် မယူရဘူးလေ။ ဖွီ ဖွီ ဖွီ”
ဘယ်လိုတောင် ကံဆိုးရတာလဲ။
“....”နန်ကောက ဘေးမှာထိုင်နေပြီး သူ့လက်ကို ဆွဲယူပြီး သူ့အလိုမလိုက်ခင် တခဏလောက် သူညည်းညူတာကို ကြည့်နေခဲ့တယ်။
သူမ သူဘာပြောနေမှန်း မသိတော့ဘူး။ သေချာ နားထောင်ကြည့်တော့ 'အဲဒါက ဒီတိုင်းပဲ ပေါ့ပေါ့ပါးပါးပြောတာ'နဲ့ 'အတည်မယူနဲ့ ဆိုတာမျိုး' ဖြစ်လောက်တယ်။
သူမက သူမခေါင်းကို ကုတ်လိုက်တယ်။ “နင့်ဝါသနာက သရုပ်ဆောင်တာလား”
သူက ဘာတွေ ထူးဆန်းနေတာလဲ။
55 02
သူမက ပြောနေစဉ်မှာပဲ စားပွဲပေါ်က သူ့ဖုန်းဆီကို လည်ဆန့် ထုတ်လိုက်မိတယ်။
ဖုန်းစခရင်က ပွင့်နေဆဲဖြစ်တယ်။ အဲဒါက နည်းနည်းလောက် ဝေးနေသေးပြီး တစ်ချက်လောက် ကြည့်ရုံနဲ့ ဘာမှမမြင်ရနိုင်ဘူး။ ဒါပေမဲ့ ငွေလွှဲသွားတဲ့ဟာကတော့ သိသိသာသာကြီး မြင်နေရတယ်။
“နင့်ကို နှစ်သစ်ကူးမုန့်ဖိုး ဘယ်သူပေးတာလဲ”
သူမတို့ အဖိုးက ဝီချတ်ကို ဘယ်လို သုံးရမှန်း မသိဘူး။ သူမအဖေ ဦးလေး၊အဒေါ်တွေက သူတို့ကို စာအိတ်နီကို တိုက်ရိုက်ပေးတာ။
သူတို့က ညစာ မစားခင်တည်းက ပေးခဲ့ပြီးသား။
သူ့အဆင့်အတန်းနဲ့ သူငယ်ချင်းတွေကြားမှာဆို သူက ဘော့စ်လေ။
ပုံမှန်ဆို သူကသာ နှစ်သစ်ကူးမှာ စာအိတ်နီပေးတဲ့ တစ်ဦးတည်းသော လူလေ။
ဒါက ပထမဆုံးအကြိမ် နန်ကျဲ့ကို တစ်စုံတစ်ယောက်က စာအိတ်နီ ပေးတာပဲ။
“အို့ ဒါက နင့်ထက်အသက်ကြီးတဲ့သူ တစ်ယောက်ယောက်နဲ့ အပြင် မှာဆုံခဲ့တာလား”
“ဖွီ!”
နန်ကျဲ့ရဲ့အမူအရာက အကြောင်းအရင်းကို ပြောပြလို့ မရနိုင်အောင် ကြည့်ရ ဆိုးသွားတာပဲ။ သူက ဒေါသတကြီး ကြည့်လိုက်ပြီး ဖုန်းကို အဝေးကို ဆွဲယူသွားတယ်။
“ငါနဲ့ ဝေးဝေးမှာ နေ”
“ငါက ကြည့်ရုံလေးတင်ကို” နန်ကောက အလိုမကျဖြစ်ကာ အရှေ့ ကို ငုံ့ကြည့်လိုက်ပြီး မြင်ချင်လာတယ်။
“ဘယ်လောက် ရတာလဲ”
နန်ကျဲ့က အော်လိုက်တယ်။
“နင် ပိုတိုးလာရင် နင့်ကို ကိုက်မယ်”
နန်ကောက ဆွံ့အသွားတယ်။ ကောင်းရော။ သူက တကယ်ကို ခွေး ဖြစ်နေတာပဲ။
_______
နှစ်သစ်ရဲ့စတုတ္ထမြောက်နေ့ မနက်ခင်းမှာ
နန်ကောက သူမမျက်လုံးက မူးဝေစွာနဲ့ ဖွင့်လိုက်တယ်။
အပြင်ဘက်မှာ နန်ကျဲ့က တံခါးကို မကြာခဏ ခေါက်နေတယ်။
“ဝက်မ အိပ်ရာထပြီး မနက်စာလာစား”
သူက ပြောပြီးတာနဲ့ တံခါးထဲကလူ ကြားရအောင် အကြိမ်ရေ အများကြီး ခေါက်လာတယ်။ နန်ကောက စောင်ကို သူမခေါင်းကို စိတ်ညစ်ညစ်နဲ့ ခေါင်းပေါ် အုပ်လိုက်ပြီး အိပ်ချင်မူးတူးပြောလိုက်တယ်။
“သိပြီ”
“မြန်မြန်ထ။ ဒါမှ နင်ချီးစားရင် ပူနွေးနေဦးမှာ”
နန်ကော ဆွံ့အသွားတယ်။ ကျေးဇူးပဲ။ သူမစားချင်စိတ် ပျောက်သွားပြီ။
သေချာ ဆေးကြော သန့်စင်ပြီးတော့ နန်ကော နုံးခွေနေလျက် လှေကားပေါ်က ဆင်းလာတယ်။
သူတို့ မနေ့ညကမှ အဖိုးနန်အိမ်ကနေ ပြန်ရောက်လာခဲ့တာ။
အဆုံးမှတော့ အိမ်ပြန်ရောက်တာနဲ့ သူမက ရေချိုးပြီးတာနဲ့ အိပ်ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်။
မမျှော်လင့်စွာနဲ့ပဲ နန်ကျဲ့က ညမှာ သူ့သူငယ်ချင်းတွေကို ကဒ်ကစားဖို့ ခေါ်လာတယ်။ သူက သက်တမ်းအငယ်ဆုံးဆော့တဲ့ သူဖြစ်နေတာမို့ ဂဏန်းတွေ ပြန်ပြောင်းဖို့ သူမကို ပစ္စည်းအဖြစ် အသုံးချသွားတာ။
သူမက အခုမှ ဘယ်လိုမျိုးဆော့ရမလဲ မသိဘဲ အိပ်ချင်နေခဲ့တယ်။
ဒါပေမဲ့ နန်ကျဲ့က အဆင်ပြေတယ် ပြောလာကာ သင်ဖို့ကလည်း လွယ်တယ်ဆိုပြီး ရှင်းပြလာတယ်။
သူမက သူ့ဆီကို ဒေါ်လာ၂သောင်းပေးလိုက်ပြီး လောင်းဖို့အတွက် ရင်းနှီးပေးခဲ့တယ်။
အဆုံးမှာတော့ အကြွေတစ်စေ့တောင် မကျန်ခဲ့ဘဲ နှစ်ကူး စာအိတ်နီထဲက ပိုက်ဆံ၃သောင်းကလည်း မတွေးတတ်အောင် ပျောက်သွားတယ်။
_____
ထမင်းစားခန်းထဲမှာ.........
“မောနင်း”
နန်ကောက နှုတ်ခွန်းဆက်ပြီး စားပွဲပေါ်ရှိ သူမ ထိုင်ခုံမှာ ဝင်ထိုင် လိုက်တယ်။
“နင် မနေ့ညက ဘယ်အချိန်မှ အိပ်တာလဲ”
ထိုင်ခုံပေါ်မှာ နွမ်းနွမ်းနျနျ ထိုင်လိုက်တာနဲ့ မစ္စနန်က သူမအတွက် စိတ်မကောင်း ဖြစ်သွားတယ်။
“ဟမ်” သူမက အိပ်ငိုက်နေဆဲ ဖြစ်တာမို့ နန်ကောရဲ့ဦးနှောက်က လုံးဝကို အလုပ်မလုပ်ဘူး။
တခဏနေတော့ သူမက ပြန်ဖြေလိုက်တယ်။
“မနက်လေးနာရီဝန်းကျင်လောက်”
“ဘုရားရေ သေချင် နေလို့လားကွယ်”
မစ္စနန်က ဒေါသထွက်ပြီး အစားစားနေဆဲဖြစ်တဲ့ နန်ကျဲ့ကို ကန်လိုက်တယ်။
“မင်းကြည့်စမ်း။ ညီမလေးကို ဘယ်လိုလုပ်ပြီး ကတ်ကစားဖို့ တောင်းဆိုရဲတာလဲ”
“နင်က အစ်ကိုတစ်ယောက်နဲ့ လုံးဝကို မတူနေဘူး”
“ဒါက နှစ်သစ်ကူးမှာ အပျော် သက်သက်ပဲလေ။ ကတ်ကစားဖို့ မမေးလို့ ဘာလုပ်ဖို့ ပြောရမှာလဲ တစ်ညလုံး ဒိုင်လုပ်ပေးဖို့ မျှော်လင့် နေတာလား”
မစ္စနန်:”.....”
“ပြီးတော့ ကျွန်တော့်ကိုလည်း ကြည့်အုံး။ ငါးနာရီ နောက်ပိုင်းလောက်မှ အိပ်ရတာ။ ကျွန်တော်ဖြင့် တက်ကြွ နေတုန်းပဲကိုမှ မျက်လုံး အောက်မှာ အမဲရောင် အကွင်းတွေတောင် မရှိဘူး”
55 03
“ဒါပေမဲ့ နန်ကောက အားနည်းတယ်လေ။ သူမက ၂၀ကျော်ရုံပဲ ရှိသေးတာ။ သူမက ညလုံးပေါက် နေလို့မရသေးဘူး။ အနာဂတ်မှာဆို ဘယ်လိုလုပ်မလဲ”
နန်ကောက အံ့ကြိတ်ရင်း သူ့ကိုကန်လိုက်တယ်။
မစ္စနန်က ပင်ပန်းသွားကာ သူကို တတ်နိုင်သလောက် ဖျောင်းဖျလာတယ်။
“နန်ကျဲ့ မင်းက မင်း ကြိုက်သလို ပြသနာရှာတယ်။ အခုဆို သောက်ဖို့နဲ့ ကတ်ကစားဖို့ပဲ သိတော့တယ်။ နင်က ဘာကိုမှ အတည်တကျ မလုပ်ဘူး။ နင့်မှာ ဖြုန်းစရာ အချိန်ရှိနေရင် ငါ့အတွက် ချွေးမရှာလာခဲ့ပေး”
“နင့် ငယ်သူငယ်ချင်းဆို နင့်ထက် တစ်နှစ်ငယ်တယ်။ သူဆို အခု ဒုတိယမြောက် ကလေးတောင် မွေးနေပြီ”
“နင့်ကို ပြန်ကြည့်ရင် တစ်ယောက်တည်းပဲ။ နှစ်နှစ်ကြာရင် နင့်ကို ဘယ်သူမှ မလိုချင်တော့ဘူး”
“အချိန်တန်ရင် လက်ထပ်ရမှာပဲလေ။ အချိန်တန်ရင် ငါ နင့်ကို ယွမ်တစ်သိန်းနဲ့ ပစ္စည်းတွေ ပေးလိုက်မှာပါ”
နန်ကျဲ့ ပြောစရာ မရှိတော့ဘူး။
“အမေ ပြောတဲ့နေ့ ဖြစ်လာမှာမဟုတ်ဘူး”
သူက ဝန်မခံလိုက်ဘူး။
“အရင်တုန်းက ရှန်ရန်ချင်းကို ပြောခဲ့တယ်မလား။ သူက အလုပ်ပဲ အာရုံစိုက်နေပြီး သူက လက်ထပ်ဖို့ နောက်ကျနေပြီဆို ကလေးတောင် ရှိပါ့မလားဆို”
“ကျွန်တော်ကော ဘာလို့အတူတူ မလုပ်ရမှာလဲ”
“ဒါဆို နင်က သူ့ကို ယှဉ်နိုင်လို့လား”
မစ္စနန်က ဖြတ်မပြောဘဲ မနေနိုင်တော့။
“ရှောင်ရှန်က ငယ်သေးပြီး ကတိ တည်တတ်တဲ့သူလေ။ သူက လေးနက်တဲ့ လူငယ်လေးလေ”
သူက သမက်ဖြစ်ဖို့ သင့်တော်တယ်လေ။
နန်ကျဲ့ကို ကြည့်ရင်း သူဘွဲ့ရပြီးတာနဲ့ မိသားစုကုမ္ပဏီမှာ ဝင်ပြီး လုပ်ပိုင်ခွင့်ရဖို့ သင်ယူရဦးမယ်။
ဒါပေါ့။ သူက သူ့အားသူ ကိုးတာမဟုတ်တော့ ယှဉ်စရာကို မလိုတာ။
ဥပမာပေးရရင် သူက ဇိမ်ခံမန်ဘာကတ်လုပ်ရတဲ့ ကလပ်တွေ ဘားတွေ အင်တာတိန်းမန့် ကုမ္ပဏီအချို့ ပိုင်တယ်။ ပြီးတော့ မကြာသေးခင်ကလည်း သူက စားသောက်ဆိုင် ဖွင့်ထားသေးတယ်။
အကုန်လုံးကို သူငယ်ချင်းတွေနဲ့ပဲ ပါတနာအနေနဲ့ ပူးပေါင်းလုပ် ထားတာတွေချည်းပဲ။ သူတို့တွေက ပိုက်ဆံ ရနေပေမဲ့လည်း အသက်ကြီးတဲ့ လူကြီးတွေ မျက်လုံးထဲမှာတော့ ဘာမှ ဟုတ်မနေဘူး။
သဘာဝကျကျကို သူက ရှန်ရန်ချင်းနဲ့ မယှဉ်နိုင်ဘူးလေ။
ဒါကို ကြားတော့ နန်ကျဲ့က နှာခေါင်းရှုံ့မိပြီး သူ့ဘဝကိုတောင် သံသယ ဝင်လာတယ်။
“ဒါဆို ကျွန်တော်က ပေါ့ပြက်ပြက်သမားပေါ့လေ”
ဒါကို ကြားတော့ သူတို့သုံးယောက်လုံးက သူ့ကို စည်းစည်းလုံးလုံး ကြည့်လာတယ်။ သူတို့ရဲ့ ရိုးရိုးသားသား မျက်လုံးတွေက အရာအားလုံးကို ရှင်းပြနေတယ်။
“....”
******