အခန်း ၅၆
Vol. 6 Ch. 56
56 01
Ch 56 ရှန်ရန်ချင်းနဲ့ ရန်ဖြစ်ခြင်း
အခုလေးတင် ရှန်ရန်ချင်းအကြောင်း ပြောမိတာမို့ မစ္စနန်က နန်ကောကို လှည့်ကြည့်လိုက်ပြီး သိချင်စိတ်နဲ့ မေးလာတယ်။
“ရော့ရော့ သမီးနဲ့ ရှန်ရန်ချင်းက ဘယ်အဆင့်ထိရောက်နေပြီလဲ”
“သမီးတို့ အတူတူ ရှိနေကြပြီလား”
မစ္စနန်ရဲ့အပြောက ထူးထူးခြားခြားကို သေချာနေဟန် ဖြစ်နေတယ်။
စကားခေါင်းစဉ်က အလျင်အမြန် ပြောင်းလဲသွားတယ်။ နန်ကောက အစကတော့ ကျေနပ်ပီတီ ဖြစ်နေပြီး ရှိုးကို အားရဝမ်းသာ ကြည့်နေခဲ့တယ်။
မမျှော်လင့်ထားဘဲ နောက်တစ်စက္ကန့်မှာ မြှားဦးက သူမဘက်ကို လှည့်လာခဲ့တယ်။
ရုတ်တရက် သူမပါးစပ်ထဲက ပူပူနွေးနွေး ဖက်ထုပ်လေးက ချက်ချင်းဆိုသလို မွှေးပျံ့ မနေတော့သလို ဖြစ်လာတယ်။
သူမအမေရဲ့ မျှော်လင့် စောင့်စားနေတဲ့ အကြည့်ကိုမြင်တော့ နန်ကော သူမပါးစပ်ထဲက အေါက်ဆီကို မျိုချလိုက်ပြီး ခက်ခက်ခဲခဲ ပြောလာတယ်။
“ကျွန်မတို့ နှစ်ယောက်...”
“အတူတူ ရှိနေကြပြီလား”
သူမတုံ့ဆိုင်းနေတာကို မြင်တော့ မစ္စနန်ကပိုပြီး သေချာလာတယ်။
နန်ကောက ကြောက်လန့်တကြား သူမလက်တွေကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလိုက်တယ်။
“အတူ ရှိမနေပါဘူး။ အစ်ကို့ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားကို နားမယောင်နဲ့”
မစ္စနန်က သက်ပြင်းချလိုက်ပြီး နည်းနည်းလေး ထူးဆန်း သွားသလို ခံစားလိုက်ရတယ်။
“အဖိုးအိမ်မှာ နင့်အစ်ကို ပြောခဲ့တာတွေက အကုန်လုံးက အလိမ်အညာတွေလား”
နန်ကောက သူမ ခေါင်းကို ကိုးရိုးကားယားနဲ့ ကုတ်လိုက်မိတယ်။
“အဲဒီလိုကြီးလည်း မဟုတ်ဘူး”
အဲဒီနေ့က အဖိုးအိမ်ဟောင်းမှာတုန်းက နန်ကျဲ့က သူ့ညီမ ဖြစ်သူကို ခွေးရူးတစ်ကောင်လိုမျိူး ကာကွယ် ပေးခဲ့တယ်။ သူတို့ အားလုံးက ကြက်သေ သေသွားပေမဲ့လည်း မစ္စနန်ရော မစ္စတာနန်ရောကတော့ ကြောင်အသွားခဲ့တယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က နန်ကောကို တိုက်ရိုက်မေးဖို့ အတွက်ရှက်ရွံ့နေမိတယ်။ နေယက်တော့ သူတို့က နန်ကျဲ့ကိုပဲ အသေးစိတ် မေးမြန်းခဲ့ပေမဲ့ နှစ်ရက်ဆက်တိုက် အလုပ်များ နေခဲ့တာမို့ သူတို့က အဲဒီအကြောင်းကို မေ့သွားခဲ့တယ်။
အခု နန်ကျဲ့က ရှန်ရန်ချင်းအကြောင်းကို ပြောလာတော့မှ သူမက ပြန်ပြီး သတိရသွားခဲ့တယ်။
မစ္စနန်က သူမသားအကြောင်းကို ကောင်းကောင်း သိတယ်။ နန်ကျဲ့ရဲ့ စကားတွေက အရမ်းချဲ့ကားလွန်းတာ မှန်ပေမဲ့ သူတို့က တကယ့် အကြောင်းအရာနဲ့ သိပ်မဝေးတာကို သူမ ခံစားမိတယ်။
အဲဒါက ၁၀၀ရာခိုင်နှုန်းကို လေလုံးကြွားတာ မဟုတ်ဘူးလေ။
တကယ်တော့ ရှန်ရန်ချင်းက သူမသမီးငယ်လေးကို လိုက်နေ သေးတာက အဖြစ်နိုင်ဆုံးပဲ။
အဲဒီလို တွေးမိတော့ မစ္စနန်က ပြုံးလိုက်မိတယ်။
“ကောင်းပါပြီ။ တကယ်ဆို အမေက သမီးကို အစောကြီး ရည်းစား မထားစေချင်သေးဘူး”
“အဆုံးမှာ အပြင်မှာက အကြံသမား ယောင်္ကျားသားတွေ ပေါများတယ်လေ”
နန်ကျဲ့က မျက်လုံး လိမ့်မိတယ်။
“အမေ ဒါကို ပြောမယ်ဆိုရင်လည်း ကိုယ့်မျက်နှာ အမူအရာကို ထိန်းချုပ် ထားပါဦးလား”
“အမေ့ပါးစပ်ထောင့်က နားရွက်တောင် တက်ချိတ် တော့မယ်လေ”
“....” မစ္စနန်က သူ့ကို ကန်လိုက်တယ်။
“ငါ အခုထိ ပြောလို့ မပြီးသေးဘူး ဟဲ့”
“အဟမ်း..”
နန်ကောရဲ့အကြည့်နဲ့တွေ့တော့ မစ္စနန်က သူမရဲ့ သိမ်မွေ့ပြီး သိက္ခာရှိတဲ့ ပုံစံကို ပြန်ပြောင်း လိုက်ကာ ဆက်ပြောလာတယ်။
“ဒါပေမဲ့ ရှောင်ရှန်ကတော့ မဆိုးပါဘူး”
(T/n:သူကလေ little Shenလို့ရေးထားတာမို့ ရှောင်ရန်လို့ပဲ ရေးလိုက်တော့တာ ရှန်လေးဆိုတာကြီးက တစ်မျိုးကြီးမို့လေ)
“သူ့ကို မတွေ့ဖူးပေမဲ့လို့ သူက လူကောင်း တစ်ယောက်လို့တော့ အမေ ထင်တယ်”
မစ္စတာနန်က လက်မြှောက်လာတယ်။ “ငါ ထောက်ခံတယ်”
နန်ကောရော နန်ကျဲ့ရော ဆွံ့အ သွားတယ်။
နန်ကျဲ့ကတော့ သူ့မိဘတွေကို ဒီလိုမျိုး ပြောလာအောင် ဘယ်သူကများ သတ္တိ ရှိသလဲဆိုတာကို အဖြေ မရှာနိုင်တော့ဘူး။
သူတို့က အဲဒီလူနဲ့ မတွေ့ရသေးတာတောင်မှ လူကောင်းလို့ တွေးနေကြတယ်တဲ့။
“အမေတို့မှာ အောက်ခြေစည်း မရှိကြဘူးလား”
56 02
“သူက ငယ်ငယ်တုန်းက ကောလဟာလ မထွက်ဘူးပဲ။ အောင်မြင်နေပြီး အလှူအတန်းလည်း ရက်ရောတာမို့ လူကောင်းလို့ ထင်တယ်ပေါ့လေ”
ကျန်သုံးယောက်လုံး ဆွံ့အသွားမိတယ်။ “…....”
မဟုတ်ရင်ရော..
နန်ကျဲ့က ခဏရပ်လိုက်ပြီး သူတို့သုံးယောက်ကို မော့ကြည့် လာတယ်။ သူက အံ့ကြိတ်ပြီး ဝန်ခံလိုက်တယ်။
“အိုကေ သူက အပြင်ပန်းအရတော့ လူကောင်း ဖြစ်ပုံ ရပါတယ်”
“သူ့မှာ ကောင်းတဲ့ အချက်တွေ အများကြီးရှိပေမဲ့ ဆက်ဆံရေးတွေမှာတော့ သူက လုံးဝကို မယုံကြည်ရလောက်ဘူးနော်”
နန်ကောက ပြောလာတယ်။ “အစ်ကို နင်အခုတင် သူက နင့်ထက်စာရင် ပိုကောင်းတယ်လို့ ဝန်ခံလိုက်တယ်လေ”
နန်ကျဲ့ရဲ့နှုတ်ခမ်းထောင့်တွေ မဲ့ရွဲ့ သွားတယ်။
“ဒါက ငါပြောနေတဲ့ အဓိက အချက်ရော ဟုတ်ရဲ့လား”
“အတိုချုပ်ရရင် ဒီကိစ္စကို အဖေနဲ့အမေက ဝင်မစွက်သင့်ဘူးလို့ ထင်တယ်”
မစ္စနန်က သူ့အတွေးတွေကို သိလိုက်တယ်။
“ငါတို့က ဝင်မစွက်ဖက်ရဘူးဆိုရင် နင်ကရော”
“ရှောင်ရှန်က ရော့ရော့ကို သဘောကျတယ်လို့ သူကိုယ်တိုင် ပြောထားတာမို့ နင်က သူ့အပေါ် အဲဒီလောက် ရက်စက်ညနေရတာလား။ နင်ဘယ်လိုတောင် ပြောထားခဲ့လဲ။ ငါက အဲဒီအောက်က စာတွေကို မမြင်ခဲ့ဘူးလို့ နင်က ထင်နေတာလား”
နန်ကျဲ့က ပြောလာတယ်။
“မား ကျွန်တော် ရှင်းပြမယ်။ ကျွန်တော်က နန်ကောကို ကျွန်တော့် မျက်လုံးအောက်မှာ ထိန်းသိမ်း ထားရုံပဲ”
“နင်က သူမကို ကာကွယ် ပေးချင်တာပေါ့လေ။ ငါ့အထင်တော့ နင်က သူမကို တစ်ယောက်တည်း သေစေချင်တာနေမယ်”
“အာ..” မစ္စနန်ရဲ့စကားကိုကြားတော့ နန်ကောက သူမအစ်ကိုကို သဘောပေါက် သွားသလို ကြည့်မိတယ်။
“အဲဒီလိုမျိုး နင်က ငါ့ကို ဖြစ်စေချင်နေတာလား”
ပင်ဂွင်းပေါက်က သူမလက်သီးကို တင်းတင်းဆုပ်ရင်း ဒေါသတကြီး အော်လိုက်မိတယ်။
“သေလိုက်ပါလား”
နန်ကျဲ့:'....'
သူက အရှုံးပေးဖို့ကို ငြင်းဆန်လိုက်ပြီး သူ့ကိုယ်သူ ကာကွယ်လာတယ်။
“နန်ကော အန္တရာယ်ကင်းကင်း ကြီးပြင်းလာတာ ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ်”
“ကျွန်တော့်ကြောင့် မဟုတ်ရင် အပြင်က ကောင်တွေကြောင့် သူမ လမ်းလွဲသွားမှာ”
“သူမ ပထမဆုံး မူကြိုစတက်တူန်းက ကောင်လေးတစ်ချို့က သူမလက်ကို ကိုင်ချင်နေတာ ကျွန်တော်က သူမကို တားခဲ့တာ”
“မူလတန်း ကျောင်းမှာတုန်းက သူမအတန်းကိုယ်စားလှယ်က သူမကို ကြိုက်နေခဲ့ပြီး သူမအိမ်စာတွေကိုတောင် ကူလုပ် ပေးချင်နေခဲ့သေးတာ ကျွန်တော်က အချိန်မီလေး သူမကို ကာကွယ်ခဲ့တာ”
“သူမ ဂျူနီယာအထက်တန်းတုန်းကလည်း ပိုပြီး အရှက်မရှိတဲ့ ငဆိုးငပေတွေက ပိုတောင် ရှိခဲ့သေးတာ။ သူတို့က အရင်လူ တွေထက်တောင် ပိုပြီး ရဲတင်းသေးတာ”
သူက ပြောလေလေပိုပြီး စိတ်လှုပ်ရှား လာတယ်။ သူက ဒေါသတကြီး ထရပ်လိုက်ပြီး ထိုင်ခုံပေါ် ခြေထောက် တင်လိုက်တယ်။
“သူတို့တွေ စားစရာပေးတာက တော်သေးပေမဲ့ ချစ်သူများနေ့မှာ ကျွန်တော်တို့တံခါးမှာ နှင်းဆီးပန်းတွေ လာထားရဲတယ်လေ။ နောက်ဆုံးတော့ ကျွန်တော်ကပဲ သူတို့ကို မတားခဲ့ရဘူးလား”
“သူမ အထက်တန်းကျောင်းတုန်းက ကိစ္စဆို ပိုတောင် မပြောချင်ဘူး။ ဟမ့် ကျွန်တော်သာ သူတို့ကို ဖိအားပေး ချိန်းခြောက်တာမျိုး မလုပ်ရင် နန်ကော စင်ဂယ် ဖြစ်နေသေးမယ် ထင်လား”
မစ္စတာနန်နဲ့မစ္စနန် “.......”
“အပြင်ဘက် ကမ္ဘာကြီးက ဖြားယောင်း သွေးဆောင်မှုတွေနဲ့ ပြည့်နေတာ နန်ကောလို ရိုးရိုးရှင်းရှင်း စိတ်ထားရှိတဲ့သူက သူတို့လို လူတွေကို မခုခံနိုင်ဘူး”
သူ့ဘေးက ပင်ဂွင်းပေါက်လေးက တူကိုကိုက်ရင်း တွေဝေသွား တယ်။
ရိုးရိုးရှင်းရှင်းတဲ့ စိတ် ရှိတယ်။ သူက သူမအကြောင်းကို ပြောနေတာ လား။
“ကျွန်တော်သာ ဝင်မစွက်ဖက်ရင် နန်ကောက ဟိုးကတည်းက ရှန်ရန်ချင်းနဲ့ အတူရှိနေမှာ”
ဒါကိုပြောပြီးချိန်မှာ သူ့စကားသံထဲက စိတ်ကြီးဝင်နေမှု တစ်စွန်းတစ်စက ရှိနေတယ်။
56 03
“အဲဒီလူက လိုချင်တဲ့နေရာကို ရောက်အောင် ချိန်နိုင်တာက အရမ်းတော်လွန်းတယ် ကျွန်တော်သာ မိန်းကလေးဖြစ်ရင်လည်း သူ့လို အရှက်မရှိတဲ့သူကို တွန်းလှန်နိုင်ဖို့ ခက်လောက်တယ်”
“ဟမ်”
တစ်မိသားစုလုံးက သူ့ကို တစ်ချိန်တည်း ကြည့်လာတယ်။
“.....”နန်ကျဲ့က မျက်တောင် ခတ်ရင်း ချောင်းအသာ ဟန့်လာတယ်။
“ကျွန်တော်က တူညီတဲ့အချက်ကို ပြောရုံပဲလေ”
နန်ကောက ပင့်သက်ရှိုက်လိုက်ပြီး သူ့နားကို တိုးလာတယ်။
“အစ်ကို နင် တကယ်ကြီး သူ့ကို ကြိုက်နေတာလား”
နန်ကျဲ့ စဉ်းစားရခက်သွားတယ်။
______
နန်ကျဲ့ရဲ့ ကြားဝင်မှုအပြီးမှာ အစပိုင်းက သူမ မေးဖို့ မေ့သွားခဲ့တဲ့ လွဲသွားတဲ့ လမ်းကြောင်းဆီကို သူက အောင်အောင်မြင်မြင် ပြန်ဆွဲခေါ်နိုင်ခဲ့တယ်။
နန်ကောက အခွင့်အရေးကို အရယူပြီး အပေါ်ထပ်ကို တပ်သွားတယ်။
နှစ်သစ်ကူး ခြောက်ရက်မြောက်နေ့မှာ ဟိုက်မြို့က ထပ်ပြီး ဖွင့်ဖို့ လုပ်လာခဲ့တယ်။
နန်ကျဲ့က ဒီသတင်းကို သူမကို မပြောပြရသေးဘူး။
အဲဒါက ရှန်ရန်ချင်းပဲ။
နန်ကောက နန်ကျဲ့နဲ့အတူ ရှော့ပင်းထွက်နေခဲ့တယ်။ သူမ ထိုင်ခုံပေါ် ထိုင်ပြီး မကြာခင်မှာ ဝီချတ်ကနေ စာတစ်စောင် ရောက်လာတယ်။
ဓါတ်ပုံတစ်ပုံနဲ့ အသံမက်ဆေ့ခ်ျတစ်စောင်သာ ဖြစ်တယ်။
နန်ကောက အပြင်ဘက်က အထုပ်သယ်နေဆဲဖြစ်တဲ့ နန်ကျဲ့ကို ကြည့်နေခဲ့ပြီး တိတ်တိတ်လေး အသံမက်ဆေ့ခ်ျကို ဖွင့်ကာ နားနားကပ်ကာ သေသေချာချာ နားထောင်ခဲ့တယ်။
ရှန်:[ ဒီနေ့ ဘာစားရမှန်းတောင် မသိလို့ စားသောက်ဆိုင်ကို ဖြတ်လာတော့ ဖွင့်ထားမှန်း တွေ့လိုက်တယ်။ အားလပ်ရက်ပြီးရင် ပြန်လာမှာလား]
အမျိုးသားက လမ်းလျှောက်နေရင်း စာပို့နေပုံရတယ်။ နန်ကောက သူ့အသံကနေပြီး လမ်းလျောက်နေတဲ့ ခြေသံကို ကြားနေရတယ်။
[ကျွန်မလား မသေချာဘူး]နန်ကောက ပြန်ဖို့အကြောင်းတွေကို တွေးလိုက်မိတယ်။
[အဲဒါက ကျွန်မအစ်ကိုပေါ် မူတည်တယ်]
နန်ကျဲ့ကို ဖော်ပြရင်း သူမနှစ်စက္ကန့်လောက် တွေးမိပြီး စာရိုက်လိုက်တယ်။
[အဲဒီနေ့က ဘာလို့ ကျွန်မအစ်ကိုကို နှစ်သစ်ကူးမုန့်ဖိုး ပေးရတာလဲ]
အဲဒီနေ့က အကြောင်းကို ပြန်တွေးကြည့်တော့ နန်ကော သက်ပြင်းရှိုက်မိတယ်။
ပထမတော့ သူမက အစ်ကိုကို နှစ်သစ်ကူး မုန့်ဖိုးပေးလိုက် တဲ့သူက ရှန်ရန်ချင်းမှန်း မသိခဲ့ဘူး။
သူမကအစ်ကိုကလည်း သူမကို ဘာမှမပြောခဲ့ဘူး။
ဖက်ထုပ်စားတဲ့ အချိန်တုန်းက သူမအစ်ကိုက အရက် သောက်ထားခဲ့တယ်။ အရက် သောက်ထားတာမို့ ဖြစ်နိုင်တယ်။ သူမအစ်ကိုက ဖုန်းကို ကိုင်ထားရင်း ရှန်ရန်ချင်းကို ရန်ဖြစ်ဖို့ မေးနေကာ အပြင်းအထန် တောင်းဆိုနေခဲ့တယ်။
******