အခန်း ၅၇
Vol. 6 Ch. 57
57 01
Ch 57 ပင်ဂွင်းပေါက်ကို အိမ်ခေါ်လာချင်တယ်
အဲဒီနေ့က နန်ကျဲ့က အတော်လေး သောက်ခဲ့တာ။ ဧည့်ခန်းမှာလည်း သူက ဝိုင်နီပုလင်းကို လက်ထဲမှာ ကိုင်ထားခဲ့ပြီး အခြားတစ်ဖက် က ဖုန်းကို ကိုင်ထားခဲ့တယ်။ သူက ဆိုဖာပေါ်မှာ ထိုင်နေပြီး ရိုက်ပစ်ချင်တဲ့ အကြောင်းကို ညည်းညူနေခဲ့တယ်။
အဲဒီအချိန်မှာပဲ နန်ကောက သူ့ရဲ့မူးနေတဲ့ စကားတွေထဲက သူမအစ်ကိုဆီ နှစ်သစ်ကူးစာအိတ်နီ ပို့ပေးတဲ့သူက တခြားသူ မဟုတ်ဘဲ ရှန်ရန်ချင်းဆိုတာကို သိလိုက်ရတယ်။
အဲဒီအချိန်တုန်းက သူမအစ်ကိုက ဖုန်းကို ဖွင့်ပြီး ရှန်ရန်ချင်းကို ဖုန်းဆက်ခဲ့တယ်။
သူမက သူ့ဆီက ဖုန်းလုဖို့ကို နေ့တစ်ဝက်လောက် ကြိုးစား လိုက်ရပြီး အမှိုက်ပုံးထဲက ပစ်ထည့် လိုက်ရတယ်။
ဒါပေမဲ့ သူမအစ်ကိုက ဒေါသအတော်လေး ထွက်နေတာတာမို့ သူ့ဖုန်း မရှိတာတောင် မရပ်တန့်တော့ဘူး။
အဲဒါက တစ်မိသားစုလုံးကို ဆူညံ့သွားစေပြီး ညသန်းခေါင် ထိတောင် အိပ်မရခဲ့ဘူး။
သူမ အဖေဆို ဒေါသထွက်လွန်းလို့ သူ့ကို ကန်ပစ်လုနီးပါပဲ။
အဖိုးနန်က သူ့မြေးကို ချစ်လွန်းတယ်။ သူက သူ့မြေးလေး အအေးမိ မှာစိုးတာမို့ တစ်ယောက်ယောက်ကို အရက်နာကျ တာပျောက်အောင် စွပ်ပြုတ်ပူပူကို ယူခိုင်းပြီး ခွေးရူးစိတ် ငြိမ်အောင် အားထုတ်ခဲ့တယ်။
ကံမကောင်းစွာနဲ့ပဲ အသုံးမဝင်ခဲ့ဘူးလေ။
သူမအစ်ကိုက ဆိုဖာပတ်ဝန်းကျင်မှာ ဒေါသတကြီး ခုန်ပေါက် နေခဲ့ပြီး ငိုနေရင်း ရေးကြီးခွင်ကျယ် လုပ်နေခဲ့တယ်။ အချိန်ကြာ ပြီးမှ သူပြောလာတယ်။
“ဟုတ်ပြီ။ ဟွာရှန်ဂရုကြီး ဒေဝါလီခံရအောင် သူလုပ်ဖို့ အချိန်တန်ပြီ”
သူက ပြောသေးတယ်။
“ရှန်ရှန်ချင်းကို အမှိုက်ကောက်ခိုင်းဖို့ အာဖရိကကို ပို့ပစ်မယ်”
အဆုံးမှာ သူမက ချော့လိုက်တာမို့ သူမအစ်ကိုက ငြိမ်ကျသွားခဲ့တယ်။
သူ မစကားပြောတော့ မနက်လေးနာရီ ထိုးခါနီးခဲ့ပြီလေ။
“ရှန်ရန်ချင်းက နင့်ကိုရော ငါ့ကိုရော စာအတူတူပို့ခဲ့တာ။ သူက ဘက်မလိုက်ခဲ့ပါဘူး”
“သူက နင့်ကိုဘယ်လောက်ပို့ခဲ့တာလဲ” သူမအစ်ကိုက မေးလာတယ်။
“နင်နဲ့အတူတူပဲ ဒေါ်လာ၈၈၈၈ပဲ”
“ဒါဆို ငါကရော ဘယ်လောက်လဲ”
“ဒေါ်လာ၈၈၈၈လေ”
“အိုး မိုင် ငါက နင့်ထက် ၈၀တောင် ပိုရတာပေါ့”
“ဟ ဟမ် အဲဒီလို များလား”
“ဟမ့် ကြည့်ရတာ ငါ့ကို သူ့ယောက်ဖအနေနဲ့ လေးစားသမှု ရှိသားပဲ။ မဆိုးဘူး မဆိုးဘူး”
အဲဒီနောက်မှာ သူအစ်ကိုက ပုလင်းကို ဖက်ရင်း သူ့အခန်း ထဲဝင်ကာ ကျေကျေနပ်နပ်ကြီး အိပ်ပျော်သွားတယ်။
ရုပ်ပျက်ဆင်းပျက် ဖြစ်ရပ်ကလည်း အလျင်အမြန် ပြီးသွား ခဲ့တယ်။
တကယ်တော့ အခုချိန်ထိ သူမက အပိုရလာတဲ့ ငွေ၈၀က ဘယ်က ရောက်လာမှန်း မသိသေးဘူး”
နောက်နေ့မနက်မှာ သူမအစ်ကိုက အဲဒီကိစ္စကို လုံးဝ မေ့သွားခဲ့တယ်။ ဒါကြောင့် သူမလည်း ပြန်အစ မဖော်ရဲဘူး။
သူမက ရှန်ရန်ချင်းကို မေးဖို့တောင် မေ့နေခဲ့တာ။
ရှန်:[ကိုယ်က မတော်တဆ သူကိုယ့်ကို ဘလော့ထားတာ ဖြေလိုက်မှန်း သိသွားလို့ နှစ်သစ်ကူးဆုတောင်းပို့ပြီး နှစ်သစ်မုန့်ဖိုး စာအိတ်နီကို ပေးခဲ့တာ။ အဲဒါက လောကဝတ် သက်သက်ပါပဲ]
ရှန်ရန်ချင်းရဲ့ ရှင်းပြချက်ကိုကြည့်ရင်း နန်ကော ခေါင်းခါမိကာ သက်ပြင်းချမိတယ်။
အသေအချာကိုပဲ တခြားသူ့ရဲ့လောကဝတ်ကို သူက ရန်စတယ်လို့ တွေးလိုက်တာပဲ။
(T/n: တရုတ်နှစ်သစ်ကူးဆိုရင် အကြီးတွေက အငယ်တွေကို မုန့် ဖိုးပေးလေ့ ရှိတယ်။ အဲဒါက အစဉ်အလာ ထုံးစံလိုမျိုးပါပဲ)
သူမအစ်ကိုက အပေါ်ယံမှာ အရမ်းကိုမှ အထင်အမြင်သေး နေပေမဲ့ ငွေကို ရလာရင်တော့ လက်ခံဖို့ကို တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။
စကားလုံးအပြည့်နဲ့ မန္တန်ရွတ်သလို ကျိန်ဆဲအပြီးမှာတော့ သူက ရှန်ရန်ချင်းက ငွေပြန်သိမ်းမှာ ကြောက်တာမို့ အမြန် ဖွင့်ကြည့်လိုက်တယ်။
______
ပင်ဂွင်းပေါက်:[ကျွန်မအစ်ကိုပြောတာကို စိတိထဲမထားနဲ့ သူ့မှာ ရည်ရွယ်ချက် အဆိုးကြီးမရှိပါဘူး]
57 02
“ရန်ချင်း မင်း ဘာလို့ မစားသေးတာလဲ”
“ကျွန်တော် ဒီမှာ စာပို့စရာလေးတွေ ရှိလို့ပါ” ရှန်ရန်ချင်းက အခြားသူတွေကို ပြုံးပြလိုက်ပြီး သူဖုန်းဆီကို အာရုံပြန်စိုက်လိုက် တယ်။
သူက အပြင်ကနေ ခုဏကမှ ပြန်လာခဲ့တာ။ အခြားသူတွေလည်း ဒီမှာ ရှိနေတာမို့ အသံမက်ဆေ့ခ်ျပို့ဖို့က တကယ်မသင့်တော် ဘူး။
[ကိုယ်သိတယိ သူက မင်းကို အရမ်းဂရုစိုက်ပေးတာကို ကိုယ်ပြောနိုင်တယ်]
[ကိုယ် စိတ်ထဲ မထားပါဘူး။ မနက်တုန်းက ပြောပုံအရဆို သူက မင်းကို တော်တော်လေး ကောင်းကောင်း ဆက်ဆံပေးတာပဲ]
[သူ့စကားတွေက အရမ်းကို ပြတ်ပြတ်သားသား ဖော်ပြနေပေမဲ့ သူ့စကားတစ်ချို့က အဓိပ္ပါယ်ရှိတယ်။ သူက မင်းအတွက် လုပ်နေတာမှန်း သိတယ်]
ရှန်ရန်ချင်းက အမှန်ကို ပြောခဲ့တာ။
သူ့အစ်ကိုက စာအိတ်နီကို လက်ခံပြီးတာနဲ့ သူက သူ့ကို ထပ်ပြီး ဘလော့သွားတယ်။
သူက အခြားသူကို အနီးကပ်လေ့လာပြီး သတိပေးခဲ့ပေမဲ့ သူ တကယ် ဒေါသ ထွက်မနေခဲ့ဘူး။
အစ်ကိုကြီးတစ်ယောက်ရဲ့နေရာကဆိုရင် သူက တစ်ဖက်သူရဲ့ ခံစားချက်ကို လုံးဝကို နားလည်တယ်။
သူ့မှာ ညီမတစ်ယောက် မရှိတာတောင်မှပေါ့။
ပင်ဂွင်းပေါက်:[ အင်း...အဲဒါတော့ ဟုတ်တယ် အစ်ကိုက ကျွန်မ အပေါ် အရမ်းကောင်းတာ]
[ဒါပေမဲ့ သူ့အကျင့်က အတော်ကို မကောင်းတာ သူ့အပြုအမှုတွေ အတွက် ကျွန်မကပဲ တောင်းပန်ပါတယ်]
[*တောင်းပန်ပါတယ်*jpg]
[မင်း တောင်းပန်စရာ မလိုပါဘူး။ ကြီးကြီးမားမား ပြသနာမှ မဟုတ်တာ] ရှန်ရန်ချင်းက မျက်လုံး အောက်ငုံ့ကာ ပြုံးလိုက်တယ်။
[ကိုယ်သာ မင်းအစ်ကိုဆိုရင်လည်း အေးအေးဆေးဆေး နေနိုင်မယ် မထင်ဘူး]
[ယောင်္ကျားတွေအကြောင်း ယောင်္ကျားအချင်းချင်း အသိဆုံးပဲ။ မင်းအစ်ကိုရဲ့ အပြုအမှုတွေက မမှားပါဘူး]
ပင်ဂွင်းပေါက်:[အိုး ...အဲဒီလိုလား]
[ဒါပေါ့ ကိုယ့်အိမ်မှာလည်း ဒီလိုချစ်စရာကောင်းတဲ့ ပင်ဂွင်းလေး ရှိခဲ့ပြီး တစ်ယောက်ယောက်က ဖြားယောင်းပြီး သူမကို ပြန်ပေးဆွဲဖို့ လုပ်ရင် ကိုယ်လည်း အရမ်း ဒေါသထွက် လောက်တယ်လေ]
[ဒါပေမဲ့လည်း ကိုယ့်ဘက်က အမြင်အရဆို ကိုယ်လည်း အလျော့ပေးပြီး ကြိုးစား ကြည့်ချင်တုန်းပဲ]
ပင်ဂွင်းပေါက်: [....ဘာကို ကြိုးစားမှာလဲ]
[ပင်ဂွင်းပေါက်လေးကို အိမ်ခေါ်လာဖို့ အလျော့ပေးပြီး ကြိုးစားချင်တာလေ]
______
နန်ကျဲ့ကားတံခါးဖွင့်လိုက်ချိန် ခရီးသည်ခုံမှာ ထိုင်နေတဲ့ တစ်စုံတစ်ယောက်က သူမမျက်နှာကို အုပ်လိုက်ပြီး အရူးလိုမျိုး ဟီလာထနေခဲ့တယ်။
ဒါကို မြင်တော့ ရှားလော့ဟုမ်းလိုမျိူး လက်ပိုက်လိုက်ပြီး ကားအပြင်မှာ မတ်တပ်ရပ်ရင်း သံသဃဝင်လာတာမို့ သေသေချာချာ လေ့လာနေမိတယ်။
“ဟေး”
“......” နန်ကော မော့ကြည့်လိုက်တော့ သူမမျက်နှာပေါ်က အပြုံးတွေက အေးခဲသွားတယ်။
သူမက အပြစ်ကင်းစွာ မျက်တောင် ခတ်လိုက်တယ်။
နန်ကောက ရှက်သွားပြီး ပါးပြင်တွေ နီရဲလာကာ နားရွက်တွေ ကလည်း ပုံမှန်မဟုတ်ဘဲ နီရဲလာတယ်။
ရှက်နေတဲ့ မိန်းကလေးအနေနဲ့ သူမ ဖျော့တော့တဲ့ အရေပြားအပေါ်မှာ ပန်းရောင် အရိပ်မြွက်လေး ရှိနေခဲ့တယ်။
(T/n:ရှက်တာက သိသာနေလွန်းလို့ ပါးပြင်တွေ ရဲနေတယ်လို့ ပြောတာပါ)
သူမရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမှုတွေပေါ် အခြေခံပြီး နန်ကျဲ့က အရိပ်အမြွက်တစ်ခု ရသွားတယ်။
“ကျစ် ခွေးကောင်ရှန်က ဒီအချိန်ကြီး နင့်ကို စာပြန် ပို့လာတာလား”
“ငါလည်း အားပါးတရ ရီလို့ရအောင် ပြောစမ်းပါဦး”
နန်ကော ပြောစရာ မရှိတော့ဘူး။
57 03
နှစ်စက္ကန့်နေတော့ သူမပါးပြင်းကို လက်ညှိုးနဲ့ ကုတ်လိုက်မိကာ တိုးတိုးလေး ပြောလာတယ်။
“ငါ့အထင်တော့ ငါပြောလိုက်တာနဲ့ ရီချင်စိတ် မရှိလောက် တော့ဘူး”
နန်ကျဲ့:”.....”
သူ့ကို ချော့ကာ ကားထဲ ဝင်ခိုင်းလိုက်ပြီးတော့ နန်ကော စကားခေါင်းစဉ် ပြောင်းလိုက်တယ်။
“ဘာလို့ နင့်စားသောက်ဆိုင်ကို ဒီနေ့ ဖွင့်လိုက်ရတာလဲ”
“မစောလွန်းဘူးလား”
နန်ကျဲ့က ကားမောင်းနေတုန်း ပြန်ဖြေလာတယ်။
“လူတိုင်းအတွက်တော့ အားလပ်ရက် မဟုတ်ဘူးလေ။ တစ်ချို့တလေကတော့ စားဖို့ လိုအပ်နေတုန်းပဲလေ”
“အို့..” နန်ကောက ဝတ်ကျေတမ်းကျေ ခေါင်းညိတ်လိုက်တယ်။
“အလုပ်တွေ ပြန်စနေမှန်း နင် ဘယ်လို သိတာလဲ။ လူအိုကြီးဖုက နင့်ကို ပြောပြတာလား”
လူအိုကြီးဖုဆိုတာက စားသောက်ဆိုင်က မန်နေဂျာကို ပြောနေတာ ဖြစ်တယ်။
“အမ်..”နန်ကောက တကယ်ကို မလိမ်တတ်လေဘူး။
“အဲဒီလို မဟုတ်ဘူး”
“အို့..” နန်ကျဲ့က ကားမောင်းတဲ့အပေါ်မှာ အာရုံစိုက်ထားပြီး အဲဒီအကြောင်းကို အများကြီး တွေးမနေဘူး။
ကားကို နှစ်ကီလိုမီတာလောက် မောင်းလာပြီးတော့ သူက မီးနီကို စောင့်နေရစဉ်မှာ မျက်မှောင်ကြုံမိတယ်။
“ရှန်ရန်ချင်း ပြောတာလား”
နန်ကောက ပြောလာတယ်။
“အမ် အမ် အမ်”
“ငါ ထင်သားပဲ” နန်ကျဲ့ အံ့ကြိတ်လိုက်မိတယ်။
“သူက အဲဒီလိုစားနေကျလား”
[ဟုတ်တယ်လေ]
“ကောင်းတယ်”
နန်ကျဲ့ အံ့ကြိတ်ရင်း ခေါင်းညိတ်လိုက်တယ်။
“ငါ လူအိုကြီးဖုကို သတိပေးချက်ရေးပြီး တံခါးမှာချိတ်ဖို့ ပြောရ မယ်”
နန်ကော သိချင်လာတယ်။
“ဘာသတိပေးချက်လဲ”
“ရှန်ရန်ချင်းနဲ့ ခွေးများ ဝင်ခွင့် မပြုဘူးလို့လေ”
“ဟမ်”
နန်ကျဲ့က အနည်းငယ် ဘဝင်ခိုက်နေတယ်။
“ဘာလို့လဲ နင်က သူ့အတွက် အစောကြီးတည်းက တောင်းပန်နေရတာလဲ”
“မဟုတ်ပါဘူး” နန်ကောက သူမခေါင်းကို ခါလိုက်တယ်။
“သူ လာမစားရင်တောင် အစာရေစာငတ်ပြတ်ပြီး သေမှာမဟုတ်ဘူးလေ”
“ဒါပေမဲ့ ကော အဲဒီ ပိုင်းခြားချက်ကြီးက အရမ်းကြီး မကျယ်ပြန့်ဘူးလား”
သူမအသံက ထူးထူးခြားခြား ရိုးသားလာတယ်။
“ဒီလိုဆိုရင် နင်က ဆိုင်ထဲကို ဘယ်တော့မှ ဝင်လို့မရတော့ဘူးလေ”
“ဘာလို့ ငါက....”
ရုတ်တရက် နန်ကျဲ့အသံက တိခနဲရပ်သွားတယ်။
သူက တစ်ခုခုကိုတွေးနေရင်း ခရီးသည်ခုံမှာ ထိုင်နေဆဲဖြစ်တဲ့ နန်ကောကိုကြည့်ဖို့ ဖြေးဖြေးချင်း ခေါင်းလှည့်လာတယ်။
“နင်က ငါ့ကို ခွေးလို့ခေါ်လိုက်တာလား”
“အမ်... ကော နင် တကယ်တော့ ငါ လိမ်တာ မတော်မှန်း သိတယ်မလား”
နန်ကောက သူမခေါင်းကို ကုတ်ရင်း တစ်ခစ်ခစ် ရယ်လာတယ်။
“ကော နင်က နည်းနည်းတော့ ဟက်စကီးနဲ့တူတယ်”
“နင်က တကယ်တော့ ခွေးပေမဲ့ ချစ်စရာကောင်းတဲ့ ဟက်စကီးပါ”
နန်ကျဲ့: “......” ကျေးဇူးပဲ။
******