အခန်း ၅၈
Vol. 6 Ch. 58
58 01
Ch 58 ရှန်ရန်ချင်းနဲ့ ဝင်တိုက်မိခြင်း
စူပါမားကတ်ထဲမှာ....
နန်ကောက ဈေးဝယ်လှည်း နှစ်စီးကို နောက်မှနေပြီး ရေကုန်ရေခမ်း တွန်းထားရတယ်။
အဲဒီချိန် တောအတွင်းမှာ နန်ကျဲ့က ဘော့စ်တစ်ယောက်နဲ့ တူတယ်။ သူ့လက်တစ်ဖက်ကို နောက်မှာထားထားပြီး တစ်ဖက်ကတော့ စင်ပေါက်က ပစ္စည်းတွေကို ရွေးနေခဲ့တယ်။ အချိန်တန်တော့ သူက မုန့်ကြီးနှစ်အိတ်ကို ဆွဲလာခဲ့ပြီး သူ့နောက်က လှည်းပေါ်ကို ပေါ့ပေါ့ပါးပါး ပစ်လိုက်တယ်။
ဘန်းခနဲမြည်သံနဲ့အတူ သူ့နောက်က သနားစရာမိန်းကလေးက ဝင်တိုက်မိပုံ ရတယ်။
တစ်ခုခု မှားနေတာကို ကြားတော့ သူက ပြန်လှည့်လာပြီး သိချင်စိတ်နဲ့ မေးလာတယ်။
“ငါ့ရဲ့လတ်လတ်ဆတ်ဆတ် ခေါက်ဆွဲတွေကို ချိုးပစ် လိုက်တာလား”
နန်ကော: “...”
“မဟုတ်ပါဘူးနော်”
“အို့” နန်ကျဲ့က တစ်ဖက်လှည့်ပြီး လမ်း ဆက်လျှောက်သွားတယ်။
သူ့လှုပ်ရှားနေတာက ပေါ့ပေါးပါးပါး ဖြစ်နေပေမဲ့ လူအိုကြီး တစ်ယောက် လမ်းခဏ ထွက်လျှောက်တာနဲ့ ယှဉ်လို့ရတယ်။
“တစ်ခုကို နင်ကိုယ်တိုင် တွန်းတော့”
နန်ကောက သူမလက်မောင်းတွေက တစစ်စစ် ကိုက်နေတာမို့ သူမ လက်တစ်ဖက်ထဲက လှည်းကို တွန်းလိုက်တယ်။
ဖြတ်သွားတဲ့ သူတွေက သူမကို မကူညီကြပေမဲ့ တော်တော် များများကတော့ ကြည့်နေကြတယ်။
နန်ကျဲ့က မျက်တောင် မခတ်ဘူး။ သူက ပြောလာတယ်။
“ငါ့လက်တွေ နာနေလို့ တစ်ခုတောင် မတွန်းနိုင်ဘူး”
“နင် အခုလေးတင် ကြွပ်ရွနေတဲ့ ခေါက်ဆွဲထုပ်နဲ့ ငါ့ကို မရိုက်လိုက်ဘူးလား။ နင် အားအများကြီး သုံးခဲ့တယ် မဟုတ်ဘူးလား”
“အဲဒီလို လား” နန်ကျဲ့က မျက်ခုံးပင့်တင်လိုက်ပြီး အာလူးကြော် တစ်ထုပ်ကို ပစ်တင် လိုက်တယ်။
နန်ကော: “...”
ဈေးဝယ်ထွက်တဲ့ လှည်းနှစ်စီးလုံး ပြည့်သွားတော့ နန်ကောက မမေးဘဲ မနေနိုင်တော့ဘူး။
“အဘွားဆီ သွားလာမှာမို့ တစ်ခုခု ဝယ်သွားချင်တယ်လို့ နင် မပြော ခဲ့ဘူးလား”
“ငါတို့ ဈေးဝယ်နေတာ မဟုတ်လို့လား”
နန်ကျဲ့က နည်းနည်း ဗိုက်ဆာနေတာမို့ နောက်ထပ် tiramisuတစ်ထုပ်ကို ယူလိုက်တယ်။
စင်ပေါ်က လက်ရာမြောက်တဲ့အချိုပွဲကို ကြည့်ရင်း နန်ကော သူမလက်ကို ဆန့်ထုတ်ပြီး ပြောလိုက်တယ်။
“အဖွားက မာတောင့်နေတဲ့ ခေါက်ဆွဲတွေ စားချင်မယ် မထင်ဘူးနော်”
သူမလက်က ဘူးကို ထိလိုက်တာနဲ့ နန်ကျဲ့က သူမလက်ကို အဝေးကို ရိုက်ထုတ်လိုက်တယ်။
“ဘာလုပ် နေတာလဲ”
“ကိတ် ယူနေတာလေ”
သူမက အပြစ်ကင်းစွာ ကြည့်လာတယ်။
နန်ကျဲ့က လက်ပိုက်ပြီး မေးလာတယ်။
“နင်က ပိုက်ဆံ ယူလာလို့လား”
“ငါတို့အိမ်က ထွက်လာတော့ ဒီတစ်နေ့လုံး ကုန်ကျစရိတ်ကို နင်ပေးမယ်လို့ မပြောခဲ့ဘူးလား”
“အဲဒါက ပြီးခဲ့ပြီလေ” နန်ကျဲ့က ပြုံးတယ်။
“ငါက ဟက်စကီးလို့ နင် ပြောလိုက်တည်းက ငါ့ကိုယ်ငါ ဒီနေ့မှာ နင့်အတွက် အကြွေတစ်စေ့တောင် အကုန်မခံနိုင်ဘူးလို့ ပြောထားတယ်”
“နင်က လူယုတ်မာကောင်ပဲ” နန်ကောက ဒေါသထွက်တာမို့ သူ့ကို ရိုက်ပစ်ချင်လာတယ်။ သူမက လှည်းကို ဘာမှမဟုတ်သလိုမျိုး တွန်းလိုက်တယ်။
“နိုးပါ အမှန်က” နန်ကျဲ့က သူ့လက်ညှိုးကို ယမ်းလိုက်ရင်း သူ့မျက်လုံးထဲမှာ မထီမဲ့မြင် အပြည့်ဖြစ်နေခဲ့တယ်။
“ ငါက ချစ်စရာကောင်းတဲ့ ဟက်စကီးလေ”
“နင့်လို သာမန်မျိုးစိတ်က ငါ့လို ဂုဏ်သရေရှိတဲ့ ဟက်စကီးကို ဘယ်လိုတောင် ထိရဲတာလဲ”
နန်ကော ပြောစရာ မရှိတော့ဘူး။ သူက သူ့အခြေအနေကို ဟက်စကီးတစ်ကောင်အဖြစ် အဲဒီလောက် မြန်မြန် လက်ခံ လိုက်တယ်ပေါ့လေ။
သူက အေးအေးဆေးဆေး နာမည်ကို လက်ခံလိုက်ပြီး ပြန်တောင် မခုခံတော့ဘူး။
____________
နန်ကျဲ့နဲ့နန်ကောအဖွာကညဟိုက်နြို့နဲ့ ကျန်းမြို့ရဲ့ နယ်နမိတ်ကြား မှာ နေခဲ့တယ်။
သူမတို့ မိဘတွေက အကြောင်းအရင်းတစ်ခုကြောင့် နောက်ကျ နေပြီး ညမှ ရောက်လာနိုင်တယိ။ သူတို့နှစ်ယောက်က အရင်ဆုံး တစ်ခုခုဝယ်ပြီးမှ ရောက်လာခဲ့တယ်။
ဒီဥယျာဉ်လမ်းကြောင်းက ကျဉ်းလွန်းပြီး လူတစ်ယောက်၊ နှစ်ယောက်သာ ဆန့်တယ်။
နန်ကျဲ့က စမ်းချောင်းနားက လမ်းအပြင်မှာ ကားရပ်ထား လိုက်တယ်။
58 02
ကားနောက်ဖုံးကို ဖွင့်လိုက်ပြီးနောက်မှာ နန်ကျဲ့က အိတ်လေး အိတ်ကို ဆွဲယူလိုက်ပြီး မြေပြင်ပေါ်ကို ချလိုက်တယ်။ သူက သိပ်မဝေးတဲ့ နေရာမှာ သူမဂျတ်ကပ်ကို သပ်ရပ်အောင် လုပ်နေတဲ့ နန်ကောကို သတိပေးလိုက်တယ်။
“ဟက်စကီးရဲ့ညီမရေ မြန်မြန်လာပြီး ဒီပစ္စည်းတွေကို ယူစမ်းပါ”
“……..” ဘာလို့များ သူက တစ်ယောက်ယောက်ကို ကျိန်ဆဲနေ တယ်လို့ ခံစားနေရတာလဲ။
ခြံဝန်းထဲ ရောက်တော့ နန်ကျဲ့က အဆုတ်ပွင့်ထွက်မတတ် စအော်လာတယ်။
“အဖွား..”
“အဖွားရေ...”
“လာပြီ လာပြီ” မကြာခင်မှာ အဘွားက တံခါးကို တွန်းပြီး မာကျောက်ဆော့တဲ့ အပြားတွေနဲ့ ပေါ်လာခဲ့တယ်။
နန်ကျဲ့က ပြုံးလိုက်တယ်။
“ကျွန်တော်သိ သားပဲ။ အဘွား မာကျောက် ဆော့နေမှန်း ကျွန်တော်တို့သာ ကျယ်ကျယ် မအော်ရင် အဘွားကကြားမှာ မဟုတ်ဘူး”
“လူရှုပ်လေး” အဘွားက ပြုံးရင်း သူ့ကို ရိုက်လိုက်တယ်။
“ရော့ရော့ရော ဘယ်မှာလဲ”
“အနောက်မှာ”
“အဖွား” နန်ကောက အိတ်တွေဆွဲထားရင်း ဟောဟဲလို က်နေတယ်။
ဒါကို မြင်တော့ အဘွက အံ့ဩသွားပြီး သူမလက်ထဲက မာကျောက် ပြားတွေကို ပစ်ချလိုက်မိတယ်။ သူမက ဖြည်းဖြည်းချင်းလျှောက်လာ ပြီး သူမလက်ထဲက အိတ်တွေကို ယူလိုက်တယ်။
“နင့်ကောလည်း တူတူပဲ။ ဘယ်လိုများ နင့်ကို ဒီလိုအလေးကြီးတွေ ကိုင်ခိုင်းရတာလဲ”
နန်ကောက နှုတ်ခမ်းဆူပြီး အခွင့်အရေးယူကာ တိုင်တန်း လိုက်တယ်။
“သူက သမီးကို အနိုင်ကျင့်ဖို့ပဲ သိတယ်”
“ရပါတယ်။ အဖွားက သမီးကိုကူပြီး နောက်မှသူ့ကို ရိုက်ပစ်မယ်”
“ကောင်းတယ်”
သူမ အဖိုးအိမ်က လေထုနဲ့ယှဉ်ရင် သူမက အဖွားရဲ့အိမ်ကို ပိုသဘောကျတယိ။
သူမ အဘိုးက အစောကြီးတည်းက ထွက်သွားပြီမို့ ဒီအိမ်မှာ အဘွားနဲ့ ဦးလေးသာ ရှိတယ်။
အပြင်ဘက်က ဆူညံ့သံကိုကြာတော့ မီးခိုချောင်ထဲက သူမ အဒေါ်ရဲ့ခေါင်းက မီးခိုချောင်ကနေ ထွက်လာတယ်။ သူတို့လာတာကို မြင်တော့ သူမက အမြန်ပဲ လည်နေတဲ့ ပင်အပ်ကို အောက်ချလိုက်တယ်။
“အိုးမိုင် ရှောင်ဇယ်နဲ့ ရော့ရော့ ဒီရောက်နေကြတာပဲ”
“ဟက်ပီးနယူးရီယားပါ အဒေါ်”
“ကျေးဇူးပါကွယ်။ လက်ဆေးပြီးရင် လာခဲ့မယ်။ အရင်အထဲဝင် နှင့်ဦး”
“အိုကေ”
သူမ ကျန်းမာရေးကြောင့် သူမဦးလေးနဲ့ လက်ထပ်ပြီး ဆယ်နှစ်ကြာတော့ သူမက ကလေး မရနိုင်တော့ဘူး။
ဒါကြောင့် ဦးလေးတို့စုံတွဲက သူတို့မောင်နှမကို သူတို့ သွေးသားရင်းတွေလိုမျိုး ဆက်ဆံလေ့ ရှိတယ်။
ဒါ့အပြင် သူမရဲ့ဦးလေးနဲ့အဒေါ်က စိတ်ရင်းလည်း အရမ်းကောင်းတယ်။ မောင်နှမနှစ်ယောက် စိတ်ထဲမှာ ဒီမှာရှိတဲ့ သူတွေက အတော်လေး ကောင်းမွန်တယ်လို့ တွေးကြတယ်။
ဒါ့အပြင် သူမအဖွားရဲ့ပြောနေကျ ဟာသတွေအရဆို ဦးလေးနဲ့အဒေါ်မှာ ဒေါ်လာ၁၀၀ရှိရင် ၉၉ဒေါ်လာကို နန်ကောအတွက် မုန့်တွေဝယ်ပေးတယ်။
ကျန်တဲ့၁ဒေါ်လာကို နန်ကျဲ့အတွက် သကြားလုံး ဝယ်ပေးတယ်။
_____________
နေ့လယ် ရောက်တော့ သူမအဒေါ်က စားပွဲအပြည့် စားစရာတွေ ချက်ထားတယ်။
“ဦးလေးက နေ့လယ်ဘက် ပြန်မရောက် သေးဘူးလား”
“ဟုတ်တယ်။ သူက ဒီညနောက်ကျမှာ”
အဒေါ်က သူမကို တူချောင်း ကမ်းပေးရင်း ပြုံးလာတယ်။
“ကုမ္ပဏီက ဒီနေ့အလုပ်လုပ်ဖို့ လူအချို့ကို တောင်းဆို ထားတယ်လေ။ အခြားသူတွေက ပုန်းဖို့ မစောင့်နိုင်တော့တာမို့ သူက စေတနာ ဝန်ထမ်းလုပ်ပြီး သွားတယ်လေ”
နန်ကျဲ့ ပြုံးလိုက်တယ်။
“ဦးလေးက တကယ်ကို လူကောင်းပဲ”
“အမှန်ပဲ”
အဖွားက မာကျောက် ကစားပြီးသွားတော့ သူ့အိမ်နီးနားချင်းတွေကို ပြန်လွှတ်လိုက်ပြီး ညစာစားဖို့ ပြေးလာတယ်။ သူမ ဝင်လာတာနဲ့ သူတို့ပြောနေတဲ့ စကားတွေကို ကြားလိုက် ရတယ်။
“ရော့ရော့ မြေးတို့မိဘတွေက ညမှ လာမှာလား”
“သူတို့က နေ့လယ်လောက်ဆို ဒီကို ရောက်သင့်ပြီလေ။ အိမ်မှာက ဧည့်သည်တွေရှိလို့။ သူတို့က အဲဒီလူတွေနဲ့ နေ့လယ်စာစားပြီးမှ လာမှာ။ ဒါကြောင့်မို့ သူတို့က အစ်ကိုနဲ့ သမီးကို အရင်လာခိုင်းတာ”
နေ့လယ်ရောက်တော့ နန်ကောနဲ့နန်ကျဲ့က ဘာမှ လုပ်စရာ မရှိတော့ဘူး။ ဒါကြောင့်မို့ သူတို့အဖွားနဲ့ အဒေါ်နဲ့အတူတူ ရိုးရိုးရှင်းရှင်း တီဗွီကြည့်နေတယ်။
နန်ကျဲ့ဝယ်လာတဲ့ မုန့်ထုပ်တွေက အသုံးဝင်လာခဲ့တယ်။
ညရောက်တော့ လူတိုင်းက ပြန်ရောက်လာပြီး မြင်ကွင်းက ပိုပြီးအသက်ဝင်လာတယ်။
မစ္စတာနန် ဦးလေးနဲ့ နန်ကျဲ့က သောက်ရတာကို ကြိုက်တယ်။ သူတို့က ဆုံတာနဲ့ သောက်တာ မရပ်တော့ဘူး။
သံသယ ဝင်စရာ မလိုအောင် နန်ကျဲ့က အရင်ဆုံး မူးနေခဲ့တယ်။
အပြင်ဘက်မှာ သူ့ရဲ့သောက်နိုင်စွမ်းက ကောင်းပေမဲ့ မစ္စတာနန်နဲ့ ဦးလေးက အများကြီး သောက်နိုင်ပြီး အရည်အသွေး ကောင်းတဲ့ ဝိုင်ဖြူကို ယူလာခဲ့တယ်။
58 03
နန်ကျဲ့က သူတို့ကို ယှဉ်ပြီး လုံးဝမနိုင်နိုင်ဘူး။
ထမင်းစားခန်းထဲမှာက သောက်စရာတွေ ရှိနေသေးတုန်းပဲ။
နန်ကောက ဟက်စကီးကို အိပ်ရာပေါ် ပစ်တင်လိုက်ပြီး မတိုင်ခင်က သူမ အင်အားတွေက အကုန်သုံးလိုက်ရတာမို့ မြေပြင်ပေါ်မှာ တခဏလောက် အနားယူနေခဲ့တယ်။
“ကားထဲက အိတ်ကိုယူဖို့ ကူပေးပါဦး။ အဲဒီအိတ်ထဲမှာ ဆေးတွေ ရှိတယ်။ နင့်အစ်ကိုကို တိုက်ဖို့မမေ့နဲ့ဦး”
သူမအခန်းထဲ ဝင်တုန်းပဲ ရှိသေးတုန်း သူမအမေက သူမခေါင်းကို ထမင်းစားခန်းထဲက အပေါက်ကနေ ဆွဲထားပြီး ကားသော့ကို လှမ်းပေးတယ်။
“အို့ အိုကေ”
ကလေးပေါက်က နာနာခံခံနဲ့ ခေါင်းညိတ်လိုက်ပြီး ကားသော့ နဲ့အတူ တံခါးကနေ ထွက်သွားလိုက်တယ်။
“ကားကို လမ်းမအလယ်ကြီးမှာ ပါကင်ထိုးထားတယ်။ မမှားစေနဲ့ဦး”
“ဟုတ်ပြီ”
အစက ဒီနေရာမှာ ပါကင်ထိုးစရာနေရာအချို့ ရှိသေးပြီး နှစ်သစ်ကူးအကြိုပွဲလည်း ဖြစ်နေသေးတယ်လေ။ မိသားစုတိုင်း က သူတို့ဆွေမျိုးတွေဆီ လာလည်ကြတယ်။
နန်ကျဲ့က အစတည်းက ပါကင်ထိုးလို့ ကောင်းတဲ့ နေရာကို ဘိုကင်လုပ်ထားခဲ့တယ်။ မစ္စတာနန်က ရောက်တာနဲ့ အပြင်ဘက်နေရာမှာ ကားပါကင် ထိုးလိုက်တယ်။
လမ်းမီးရောင်တွေက အချို့နေရာတွေမှာ မှောင်နေခဲ့တယ်။
ဘယ်သူမှ ဖြတ်မလာတာမို့ တိတ်ဆိတ်နေခဲ့တယ်။
နန်ကောက အမြန်ထွက်လာတာမို့ ဖုန်းမယူလာခဲ့ဘူး။
နှစ်လှမ်းလောက်လှမ်းပြီးတာနဲ့ သူမက ရပ်လိုက်ပြီး လက်သီး ကျစ်ကျစ်ဆုပ်ကာ သူမကိုယ်သူမ အားပေးလိုက်တယ်။
“မကြောက်နဲ့ ဒီတိုင်းသာ ပြေးလိုက်”
“အားတင်းထား”
အိတ်ကို ကောက်ယူပြီးတာနဲ့ ပင်ဂွင်းပေါက်က ထပ်အော် လိုက်ပြီး နောက်ကို ပြန်ပြေးလာတယ်။
လမ်းကြားထောင့်က မီးအလင်းရောင် ဖျော့နေတယ်။
ပင်ဂွင်းပေါက်က အချိန်မှီ မရပ်လိုက်တာမို့ ဘန်းခနဲမြည် သံနဲ့အတူ သူမရှေ့က လျှောက်လာတဲ့ လူတစ်ယောက်ကို ဝင်တိုက်သွားမိတယ်။
******