အခန်း ၅၉
Vol. 6 Ch. 59
59 01
Ch 59 ကိုယ့်ကို ဒီညတော့ အချိန်နည်းနည်းပေးပါ
ရှန်ရန်ချင်းက သူ့အဖွားနဲ့အတူ ညစာစားပြီးတည်းက ထွက်သွားဖို့ကို ပြင်ဆင်ခဲ့ပြီးသား ဖြစ်တယ်။
သူက ဒီမှာ ညအိပ်ဖို့ မစဉ်းစားခဲ့ဘူး။
သူက နှစ်လှမ်းလောက်လျှောက်ပြီးနောက် သူ့အမေဆီက ဖုန်းလက်ခံလိုက်ရတယ်။
“နင့်အဖွားကို သွားတွေ့ ခဲ့သေးလား”
“ဟုတ်တယ် ဝမ်းကွဲပြော...”
“နင့်အဖွားကို သွားမ နှောင့်ယှက်ပါနဲ့လို့ ငါ ဘယ်နှစ်ကြိမ်လောက် ပြောနေရမှာလဲ”
“နင်ငါ့စကားတွေကို ထပ်ပြီး လျစ်လျူရှူ ပြန်ပြီလား။ ငါက နင့်အမေနော်။ ဘာလို့ ငါ့စကားကို နားမထောင်ရတာလဲ”
“မဟုတ်ပါဘူး” ရှန်ရန်ချင်းက လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး သူ့ကုတ်အင်္ကျီ အိတ်ကပ်ထဲကနေ လက်သီး တင်းတင်း ဆုပ်လိုက်မိတယ်။
“ပထမဆုံးအနေနဲ့ အဖွားက ဝမ်းကွဲဆီကနေ ကျွန်တော့်ကို ဖုန်းဆက်ဖို့ တောင်းဆိုပြီး ညစာ လာစားခိုင်းတာ”
“ဒုတိယအနေနဲ့က သူမက ကျွန်တော့်အဖွားဖြစ်ပြီး ကျွန်တော်က သူ့မြေးပါ ကျွန်တော်တို့ အတူတူဆုံပြီး ညစာစားတာက သင့်တော်တယ်လို့ ထင်ပါတယ်”
“ဒါဆို ဘာလို့ အရင်ဆုံး ငါ့ကို လှမ်းမပြော ရတာလဲ။ ငါနဲ့အရင်ဆုံ အတည်ပြု သင့်တယ် မဟုတ်ဘူးလား”
အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက်မှာ သူ့အသံကို ထိန်းချုပ်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
“ကျွန်တော် ဖုန်းလည်း ဆက်ပြီး အီးမေးလ်လဲ ပို့ခဲ့ပေမဲ့ စာမပြန်ခဲ့ဘူးလေ”
“အဖွားက ပြင်ဆင်နေပြီးတာမို့ ကျွန်တော့်ဘာသာပဲ အရင် လာလိုက်တာ”
“စိတ်မပူပါနဲ့။ အကြာကြီးနေခဲ့တာ မဟုတ်ဘူး။ မိနစ်လေးဆယ်ပဲ ကြာခဲ့တာ”
“ကျွန်တော် အခု ထွက်လာပြီ”
“နောက်တစ်ခါ တစ်ခုခုကို မဆုံးဖြတ်ခင်မှာ အမေ အကြောင်း ပြန်တာကို စောင့်မယ်။ ဒါဆို အဆင်ပြေတယ်မလား”
“......”
“ဒီမှာက နောက်ကျနေပြီ ကျွန်တော် ကားမောင်းရဦးမှာမလို့ ဆက်မ ပြော....”
သူ ပြောလို့ မပြီးသေးခင်မှာ ထောင့်စွန်းက ခြေလှမ်းတွေက တဖြည်းဖြည်း နီးလာတယ်။ သူတို့က စိုးရိမ်သောက ရောက်နေပုံ ရတယ်။
သူက မော့မကြည့်ရသေးခင် ထောင့်စွန်းက အရိပ်က ရုတ်တရက်ပေါ်လာပြီး သူ့ကို ဘန်းခနဲ ဝင်တိုက်သွားတယ်။
ဘန်း....
ဖုန်းနဲ့ သူ့ရှေ့က ပုံရိပ်က မြေပြင်ပေါ် လဲကျသွားတယ်။
သူ့ဘက်က ဆူညံ့သံကို ကြားတာနဲ့ သူ့အမေက မေးလာတယ်။
“ဟယ်လို တစ်ခုခု ဖြစ်သွားတာလား”
ရှန်ရန်ချင်းက အတော်လေး အထိနာသွားတာမို့ သူ့ကိုယ်သူ တည်ငြိမ်အောင်လို့ ခြေတစ်လှမ်းလောက် ဆုတ်လိုက်ရတယ်။
ဒါပေါ့ မြေပြင်ပေါ်က ဘောလုံးလေးကတော့ သူ့ထက်တောင် အခြေအနေက ပိုဆိုးနေတယ်။
နန်ကော မြေကြီးပေါ်ကို ပြုတ်ကျတော့ သူမက ကြက်သေ သေသွားတယ်။
ဒါက အခုလေးတင် ပြုတ်ကျသွားလို့ သူမ တင်ပါးနာတာကြောင့် မဟုတ်ဘဲ သူမခေါင်းကြောင့် ဖြစ်တယ်။
အခြားတစ်ယောက်ကို သူမ တိုက်မိသွားလား မသိပေမဲ့ သူမခေါင်း အပေါ်ပိုင်းက တုန်နေပြီး ခေါင်းတစ်ခုလုံး မူးဝေနေခဲ့တယ်။
သူမက ခေါင်းကို ခပ်ပြင်းပြင်း ခါလိုက်မိပြီး သူမ ပိုခါမိလေလေ ပိုပြီး မူးလာလေလေ ဖြစ်နေတယ်။
“နန်...” ရှန်ရန်ချင်းက အံ့ဩသွားပြီး ဖြေးဖြေးချင်း ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။
“နန်ကော....”
အရင်ဆုံး တစ်ဖက်က ညည်းညူလာတာကို သူ ကြားမိတော့ နန်ကောကို သူ တွေးမိသွားတယ်။
အဆုံးမှာတော့ သူက တစ်ချက်လောက် အနီးကပ် ကြည့်မိတာနဲ့ ပိုပြီး သေချာသွားတယ်။
59 02
“မင်းက ဘာလို့ ဒီမှာ ရောက်နေတာလဲ” ဒီလိုမျိုး မစဉ်းမစားဘဲ ပြောပြီးနောက် ရှန်ရန်ချင်းက သူက အဓိပ္ပါယ်မရှိတဲ့ စကားပြောမိသွားသလို ခံစားလိုက်ရတယ်။
သူက လက်ဆန့်ထုတ်ပြီး သူမကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက် တယ်။
“မင်း နာနေလား”
“မူးနေသေးလား။ တစ်နေရာရာမှာများ မင်းအရမ်းကြီး ထိခိုက် သွားတာကော ရှိသေးလား”
နန်ကော ကိုယ်လုံးက ယိမ်းယိုင် နေခဲ့တယ်။ သူက သူမကို ဖက်ကာ ထိန်းပေးပြီးနောက်မှာ သူမ ကိုယ်အလေးချိန်ကို ပြနိညှိ နိုင်သွားတယ်။
“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ကျွန်မ အဆင်ပြေတယ်”
ခဏနေတော့ သူမက ရှန်ရန်ချင်းကို မော့ကြည့်လိုက်တယ်။
“ရှင်လား”
ရှန်ရန်ချင်းရဲ့ နှုတ်ခမ်းပါးပါးက အနည်းငယ် ပွင့်ဟသွားတယ်။ အခုလေးတင် သူက တစ်ခုခု ပြောလိုက်ပြီး မြေပြင်ပေါ်က ဖုန်းနဲ့ အမျိုးသမီးရဲ့အိတ်ကို မြင်လိုက်ရတယ်။
သူက ခါးကုန်းပြီး ပစ္စည်းတွေကို ကောက်ယူလိုက်တယ်။ သူ့ ဖုန်းစခရင်မှာတော့ ဖုန်းကျသွားတာကို ပြနေခဲ့တယ်။
လွန်ခဲ့တဲ့ တစ်မိနစ်က ဖုန်းချသွားခဲ့တယ်။
သူက သူ့မျက်လုံးထဲက စိတ်ပျက်နေမှုကို ဖုန်းကွယ်ထားပြီး သာမန်အတိုင်း သူ့ဖုန်းကို သူ့အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်တယ်။
သူ နောက်တစ်ကြိမ် ခေါင်းမော့လာတော့ သူက သူမကို ပြုံးပြလိုက်ပြီး သူမကို အိတ်ကို လှမ်းပေး လိုက်တယ်။
“ဘယ်လိုတောင် တိုက်ဆိုင်တာလဲ”
နန်ကောက သူမအိတ်ကို ကိုင်ထားလိုက်တယ်။
“ဟုတ်တယ်။ ဟုတ်တယ်။ ဘာလို့ ဒီကိုရောက်နေတာလဲ”
“ကိုယ့်အဖွားလည်း ဒီမှာ နေတာလေ။ အဲဒါကြောင့် သူမနဲ့ ညစာ အတူလာစားတာ”
နန်ကောမျက်လုံး ပင့်ကြည့်မိသွားတယ်။ သူမက အနည်းငယ် စောင်းလိုက်ရင်း သူ့နောက်ကို ကြည့်နေမိတယ်။
“ရှင့်အဖွားက ဘယ်မိသားစုကလဲ ဒီခြံဝန်းထဲမှာပဲ နေတာလား”
“ဟုတ်တယ် အတွင်းထဲက အိမ်မှာ”
“ကျွန်မ အဖွားလည်း အဲဒီနေရာမှာပဲ” နန်ကောက သူ့ကို ဆွဲလိုက်ရင်း သူမဘေးက တံခါးသေးသေးလေးကို ပြတယ်။
“ဒါက ကျွန်မအဖွားအိမ်လေ”
ဒီတစ်ကြိမ်တော့ ရှန်ရန်ချင်းက ကြောင်အ သွားရတယ်။
“ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ”
နန်ကောက ရှန်ရန်ချင်းကို ဒီမှာတွေ့ဖို့ကို မမျှော်လင့်ထားခဲ့ဘူး။ ဒါ့အပြင် သူမတို့က တွေ့ရဖို့ ကံပါလာတာ ထင်တယ်။
ပင်ဂွင်းပေါက်ရဲ့ စိတ်လှုပ်ရှားမှုက သူမမျက်နှာမှာ ရေးထား ခဲ့တယ်။ သူမက အိတ်ကို ဖက်ထားပြီး သူ့ကို စကားပြောတိုင်း လှုပ်ရွနေခဲ့တယ်။
“အတော်လေး နီးတာပဲ။ တစ်အိမ်က ခေါင်းရင်း တစ်အိမ်က ခြေရင်း တဲ့လေ”
“ဒီကို မကြာခဏ လာတာလား အရင်က ကိုယ်တို့ တွေ့ဖူးလား “
“ဝိုးးး ဒါဆို ကျွန်မတို့အရင်က မြင်ဖူးလောက်တယ်”
“ဟေး ကျွန်မတို့ အဖွားတွေက သူငယ်ချင်းတွေ ဖြစ်မယ်လို့ ထင်လား။ နောက်မှ ကျွန်မ အဖွားကို မေးကြည့်ရမယ်”
“ကျွန်မ အဖွားက ဒီနားမှာ အရမ်း နာမည်ကြီး တာလေ။ ရှင့်အဖွားလည်း သူမကို သိလောက်တယ်”
သူမက ရောက်တတ်ရာရာ ပြောနေလေ့ရှိပြီး ရှန်ရန်ချင်းက သူမနဲ့ ပတ်သက်ပြီး အဆင်မပြေတာမျိုး မခံစားရတော့ဘူး။
ဆန့်ကျင်ဘက်အနေနဲ့ ဒီအချိန်မှာ သူ့ရဲ့မူလက ခံစားချက်က သက်တောင့်သက်သာ ဖြစ်လာပြီး ဖြေးဖြေးချင်း စိတ်တည်ငြိမ် လာတယ်။
သူ့ရင်ထဲကို ထိုးဖောက်ဝင်ရောက်ထားတဲ့ စိတ်မချမ်းစရာတွေက ပင်ဂွင်းပေါက်ကြောင့် ပျောက်ကွယ် သွားတယ်။
ပင်ဂွင်းပေါက်ကြောင့် ဒီနေရာမှာ မယုံနိုင်စရာ ကောင်းအောင် ပျော်စရာတွေ ရူးမတတ် ရှိနေတယ်။
သူက လက်ဆန့်ပြီး သူမကို မပြောခင်မှာ သူမနောက်က ရှုပ်ပွနေတဲ့ ဆံပင်ကို သပ်ပေး လိုက်တယ်။
“ကိုယ်တို့အဖွားတွေက အချင်းချင်း သိနေမယ်တော့ မထင်ဘူးနော်”
သူက အရမ်းစိတ်ရှည်ပြီး သူမ စကားတိုင်းကို တုံ့ပြန်ပေး လာတယ်။
59 03
“ကိုယ့်အဖွားက အချိန်အကြာကြီး အပြင်မထွက်ခဲ့တာမို့လေ”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတော့ သူတို့ တွေ့ဖူးကြမှာပေါ့။ အခု ကိုယ့်အဖွားက အသက်ကြီးနေပြီမို့ သူမ မှတ်မိ နေသေးလားတော့ ကိုယ်လည်း မသိဘူး”
နန်ကောက သူမလက်ကို ဝှေ့ယမ်းလိုက်တယ်။
“အဆင်ပြေတယ်။ ကျွန်မအဖွားက မာကျောက်ဆော့တာ အရမ်းတော်တယ်လေ။ ကျွန်မတို့ ရှင့်အဖွားကို နောက်ရက်တွေမှာ မာကျောက် ထွက်ဆော့ဖို့ မေးလို့ရတယ်လေ။ သူတို့က အချင်းချင်း သိနိုင်တယ်”
“သူမ မာကျောက် မကစားနိုင်မှာ ကိုယ် စိုးရိမ်မိတယ်။ သူမက ကျန်းမာရေး မကောင်းဘူးလေ။ ဒါကြောင့်မို့ အပြင်ထွက်ဖို့က သူမအတွက် အဆင်မပြေလောက်ဘူး”
“အိူးး သိပြီ...” နန်ကော ဒါကိုကြားတော့ အမြန် ပြုံးနေတာ ရပ်သွားတယ်။
“ဒါဆို ဒါဆို..”
သူမက အချိန်အကြာကြီး အထစ်၊ အထစ် ဖြစ်နေပြီး ဘာပြောရမှန်း မသိတော့ဘူး။
သူမက စိတ်ရှုပ်သွားတာကို ခံစားလိုက်ရပြီး သူမရှေ့ရှိလူက ရုတ်တရက် မေးလာတယ်။
“အခုက ဘယ်က ပြန်လာတာလဲ”
နန်ကော အသိပြန်ဝင်ပြီး ခေါင်းညိတ်လာတယ်။
“ဟုတ်တယ် အခုလေးတင် အမေ့အိတ်ကို ပြန်ယူတာလေ”
ပြောပြီးတာနဲ့ သူမက အိတ်ကို ရှေ့မှာ ယူလိုက်ပြီး သူ့ကို အမြန် ပြလိုက်တယ်။
အဲဒါက သူမပြောခဲ့တာကို သူမက အတည်ပြုချင်နေပုံ ရတယ်။
“ဒါဆို အမြန်သွားတော့လေ။ အပြင်မှာက နည်းနည်း အေးလာပြီ”
“အို့” နန်ကောက မျက်တောင် ခတ်လိုက်ပြီး နာနာခံခံနဲ့ အိတ်ကို ယူကာ ရှေ့နှစ်လှမ်း လျှောက်လိုက်တယ်။ စက္ကန့်အနည်းငယ် ကြာတော့ သူမက အင်တင်တင်နဲ့ ပြန်လှည့်လာတယ်။
သူမနောက်က ရှန့်ရန်ချင်းက ရပ်နေဆဲ ဖြစ်တယ်။ သူက သူမကို ကြည့်နေခဲ့တယ်။ သူမက ပြန်လှည့်တာမြင်တော့ သူက နှုတ်ခမ်းတွေ ကွေးတက်သွားကာ သူမကို ပြုံးပြလိုက်တယ်။
“အမ် ရှင်အခု ဟိုက်မြို့ကို ပြန်မှာလား”
“ဟုတ်တယ်”
“အို့”
ဒီနေရာက မမျှော်လင့်ဘဲ ကိုးရိုးကားယား ဖြစ်လာတယ်။
နန်ကောက သူမခေါင်းကို ကုတ်လိုက်တယ်။ သူမအသိစိတ်က သူမကို ရှန်ရန်ချင်းက အခုပြန်ရတော့မှာမို့ သူ့အချိန်ကို မဖြုန်းတီးဖို့ ပြောနေတယ်။
ဒီနေရာက ဟိုက်မြို့နဲ့ နီးပေမဲ့လည်း မြို့ထဲဝင်ရောက်ဖို့ကို နှစ်နာရီလောက် မောင်းရတယ်လေ။
ဒါပေမဲ့လည်း သူမနည်းနည်းတော့ တုံ့ဆိုင်းနေမိတယ်။
သူမက ရှန်ရန်ချင်းနဲ့ နည်းနည်းလောက်ဖြစ်ဖြစ် ပိုပြီး စကား ပြောချင်သေးတယ်။ နည်းနည်းကြာကြာ လောက်ပေါ့..။
သူတို့ အကြည့်ချင်း ဆုံသွားတယ်။
နန်ကောတစ်ယောက်တည်း တုံ့ဆိုင်းနေတာ မဟုတ်ဘဲ ရှန်ရန်ချင်းလည်း အတူတူ ဖြစ်နေခဲ့တယ်။
ပင်ဂွင်းပေါက်ကလည်း သူ့အတွေးတွေကို အတူတူ အာရုံခံ မိပုံရကာ သူက အရေထူထူနဲ့ သူမနားကို ချဉ်းကပ် လိုက်ပြီး အသံနိမ့်နိမ့်နဲ့ မေးလိုက်တယ်။
“မင်း ဒီနောက်ပိုင်းမှာ တစ်ခုခု လုပ်စရာရှိလား”
“ဟမ် ကျွန်မလား” နန်ကောက ခေါင်းကို ခါလိုက်တယ်။
“နိုး ကျွန်မက အခုမှ စားပြီးတာလေ”
“မင်း အိပ်တော့မှာလား”
နန်ကောက သူမခေါင်းကို ခါနေဆဲ ဖြစ်တယ်။ သူမက နေ့လယ်ဘက်မှာ တီဗွီကြည့်နေခဲ့တာမို့ သူမတခဏလောက် အိပ်ချင်ခဲ့တယ်။ အခုက စောသေးတယ်လေ။
သူလိုချင်တဲ့ အဖြေကို ရလာတော့ ရှန်ရန်ချင်းက ငုံ့ကြည့် လိုက်ပြီး သူမကို လက်လှမ်းလိုက်တယ်။
“ဒါဆို ဘာလို့ ကိုယ့်ကို အချိန်မပေးရတာလဲ”
******