← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

60 01

Ch 60 ရှင်ဘယ်ကို သွားနေတာလဲ

နန်ကောက အိတ်နဲ့အတူ သူမအခန်းထဲကို အမြန် ပြန်သွားခဲ့တယ်။

သူမက အိတ်ထဲက ဆေးတွေကို ‌အိပ်ရာပေါ်မှာ တစ်ခုပြီးတစ်ခု တင်ထားလိုက်တယ်။ သူမဘေးက နန်ကျဲ့ကို ခေါင်းအုံးနဲ့ အကြိမ်အနည်းငယ် ရိုက်လိုက်တယ်။

“အမြန် အမြန်ထလို့”

“နင် ဘာလုပ်တာလဲ”နန်ကျဲ့က လက်ဆန့်ထုတ်ပြီး သူ့ကိုရိုက်နေတဲ့ ခေါင်းအုံးကို ပေါ့ပေါ့ပါးပါး ဆွဲယူရင်း ညည်းညူလိုက်တယ်။

အဲဒီနောက်မှာ သူက တစ်ဖက်လှည့်ရင်း ပြန်အိပ်နေခဲ့တယ်။

“ထပြီး အရက်နာကျတာ သက်သာဖို့ ဆေးသောက်ဦး။ ငါ အပြင်သွားမလို့ နင့်ကို ဂရုစိုက်ဖို့ အချိန်မရှိဘူးလို့”

“ရှူး ရှုး ရှုး ငါ့ကို လာမနှောင့်ယှက်နဲ့”

နန်ကော လက်မြှောက်ပြီး သူ့နောက်ကျောကို ပြန်ရိုက် လိုက်တယ်။ နန်ကျဲ့က နာကျင်မှုကြောင့် ညည်းလိုက်မိကာ မျက်လုံး ဖွင့်လိုက်တယ်။

“နင်က ဘယ်သူလဲ ငါ့အိမ်ကို ဘယ်လိုလုပ်ရောက်နေတာလဲ”

“ငါက နန်ကောလေ”

“နန်ကောက ဘယ်သူလဲ”

“နင့်ညီမလေ”

“သေစမ်း နင့်အသိ ခွေးစားသွားပြီလား”

နန်ကော အသက်ပြင်းပြင်းရှုလိုက်ပြီး စိတ်ရှည်ရှည်နဲ့ ပြန်ဖြေလိုက်တယ်။

“ရော့ရော့‌ အကြောင်းရော နင် ရော့ရော့ကို မှတ်မိလား”

“ရော့ရော့လား”

“အမ် အမ်”

နန်ကျဲ့က မှတ်မိသလို အံ့အားသင့်သွားတယ်။ သူက နာမည်ကို ရေရွတ်နေတယ်။

“ရော့ရော့...ပြန်တွေးလိုက်ဦးမယ်”

နန်ကော: “...”

“အရင်ဆုံး ထလိုက်တော့” နန်ကောက သူ့လို ယစ်ထုပ်ကြောင့် စိတ်ရှုပ် မခံတော့ဘူး။

“အမြန် ထထိုင်လိုက်တော့။ နင့်ကို ဆေးတိုက်ပြီး ငါ အပြင်သွားရမှာ။ ရှန်ရန်ချင်းက အပြင်မှာ ငါ့ကို စောင့်နေ သေးတယ်”

ရှန်ရန်ချင်းဆိုတဲ့ စကားလုံးက အမိန့်တစ်ခုလိုမျိုး ဖြစ်နေတယ်။

နန်ကျဲ့က ဒါကို ကြားတာနဲ့ အလိုလို ဦးနှောက်က အလုပ်လုပ်လာကာ ခေါင်းအုံးကို လက်မှာ ပွေ့ထားရင်း ထထိုင်လိုက်တယ်။

“ရှန်ရန်ချင်းလား နင်အခု ရှန်ရန်ချင်းလို့ ပြောလိုက်တာလား”

နန်ကျဲ့က သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်မိပြီး ဘယ်ညာကို လိုက်ကြည့်မိတယ်။ သူ့ရဲ့ မူလက နောက်ကျိနေပြီး နုံးခွေနေတဲ့ မျက်လုံးက ဒီအချိန်မှာ ပိုပြီး ကြည်လင် လာတယ်။

“သူဘယ်မှာလဲ”

“သူက အပြင်မှာ”

“ဟ့ သေစမ်း ခွေးကောင်ရှန်”

“ပါးစပ် ပိတ်ထား”

နန်ကောက အခွင့်အရေးယူကာ သူ့ပါးစပ်ထဲကို အရက်နာကျရင် သောက်တဲ့ ဆေးတွေကို ပစ်ထည့်လိုက်ပြီး စကား‌ပြောတာ ရပ်သွားစေတယ်။

“!”နန်ကျဲ့ မျက်လုံးပြူးသွားပြီး တအင့်အင့် ညည်းညူလာ တယ်။

“* နင်ငါ့ကို ဘာကျွေးလိုက်တာလဲ”

နန်ကြော တစ်ခစ်ခစ် ရယ်ရင်း ပြောလာတယ်။

“အဆိပ်လေ”

“......”

နန်ကောက ဆေးကို သူမအိတ်ထဲ ပြန်ထည့်လိုက်ပြီး သူမက ထုပ်ပြီး ထားခဲ့တယ်။

“‌ဟုတ်ပြီ။ နင် ပြန်အိပ်လို့ရပြီ”

သူမ ထွက်သွားတော့မှာကို မြင်တော့ နန်ကျဲ့က သူမလက်မောင်းကိုအမြန် ဆုပ်ကိုင် လိုက်တယ်။

“နင်ဘယ်ကို သွားမလို့လဲ။ ဟိုခွေးကောင်လား”

(T/nသူပြောထားတာကလေ ယောင်္ကျားတန်‌ဆာနဲ့ဆဲတဲ့ စကားလုံးပါပဲ။ ကြမ်းတာမို့ အဲဒါကိုပဲ သုံးထားလိုက်တာပါလို့)

နန်ကြော သူမနှုတ်ခမ်း စုဝိုင်းသွားပြီး သူ့ကို ရိုက်လိုက်ကာ တိုက်တွန်း လိုက်တယ်။ သူမက သူ့ကို အသံတိုးတိုးနဲ့ ချော့လိုက်တယ်။

“ကော နင့်ရဲ့ အသုံးမကျတဲ့ မျက်လုံးကို ဖွင့်ပြီး ကြည့်စမ်းပါ။ ငါက နင့်ညီမ ငါတို့ တမအေတည်းကပဲလေ”

60 02

အခုတော့ နန်ကျဲ့က နားလည်သွားတယ်။ သူက မျက်လုံး တစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူမကို သေချာကြည့် လိုက်တယ်။

“အာ”

“နင် ငါ့ကို သိပြီလား”

ဆူပူသောင်းကျန်းတာ ပြီးသွားတော့ နန်ကောက သူက သူမကို မှတ်မိလားမေးဖို့ မပြောတော့ဘူး။

နန်ကျဲ့က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်တယ်။

ဒါကိုမြင်တော့ နန်ကော စိတ်သက်သာရာရကာ သက်ပြင်းချ မိတယ်။ သူမက သူ့ကို ပြန်အိပ်ဖို့ ပြောချင်ပေမဲ့ တစ်ယောက်ယောက်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်တယ်။

“နန်ကော။ နင်က အရူးလား မေးခွန်းကို ကြည့်ဖို့။ နင့်ဦးနှောက်ကို သုံးလို့ ငါ နင့်ကို ဘယ်နှစ်ကြိမ် ပြောရမလဲ၊။ ဘာလို့ နားမထောင်တာလဲ”

“ငါသာ မေးခွန်းပေါ်ကို ဆန်အချို့ ဖြန့်ထားရင်း ကြက်တွေတောင် နင့်ထက် သာအောင် တွက်တတ်တယ်”

“.....”နန်ကျဲ့ စကားတစ်ချို့ ပြောပြီးတော့ နန်ကောက သူမရဲ့တတိယနှစ် အထက်တန်းကျောင်း အိပ်မက်ဆိုးကို ပြန်ရောက်သွားပုံ ရတယ်။

အဲဒီအချိန်က နန်ကျဲ့က တစ်ရက်တည်းမှာပဲ သူမကို အကြိမ် အများကြီး ဆူခဲ့တာ။

သူမကို နန်ကျဲ့က ဘယ်လိုမျိုး ဆူခဲ့သလဲဆိုတာကို သူမ အခုထိ မှတ်မိနေတုန်းပဲ။

အဲဒီအကြောင်းကို တွေးမိတာနဲ့ သူမ ရင်ထဲကနေတောင် ကျိန်ဆဲပစ်ချင်မိတယ်။

သူမက သူ့လက်ကို ဖယ်လိုက်ပြီး သူ့အသံထက်တောင် ပိုပြီး ပြင်းပြင်းထန်ထန် ပြောလာတယ်။

“ငါသာ စောစောတည်းက သိခဲ့ရင် အဆိပ်နှစ်ပုလင်းလောက် ဝယ်လာခဲ့တယ်။ အကယ်၍ ကျရှုံးသွားရင်တောင် မနက်ဖြန် အစာထဲမှာ ကြွက်သတ်ဆေး ထည့်ပစ်မှာ “

နန်ကျဲ့က သူမကို မလွတ်ဘူး။ အဆုံးမှာ သူမအမေက ဆူဆူညံ ညံတွေကို ကြားပြီးတော့ တစ်ချက်လောက် လာကြည့်ခဲ့တယ်။ သူမက နန်ကောကို ကယ်တင် လိုက်တယ်။

သူမ မထွက်သွားခင်မှာ သူမအမေက တုံ့ဆိုင်းနေခဲ့တယ်။

“အာ.. ရော့ရော့..”

“ဟမ်” နန်ကောက တစ်ဖက်လှည့်ရင်း သူမအမေကို စိတ်ရှုပ်သွားကာ ကြည့်မိတယ်။

“အဟမ်း”သူမအဖိုးတန် သမီးလေးရဲ့ ရှုပ်ထွေးနေတဲ့ အကြည့်ကို မြင်တော့ မစ္စနန်က နည်းနည်း ဝိရောဓိ ဖြစ်သွားတယ်။

ဒါပေမဲ့ အဲဒီလို တွေးမိသွားတာနဲ့ သူမက အကောင်းဆုံး ကြိုးစားပြီး ပါးပါးနပ်နပ် ပြောလိုက်တယ်။

“ကောင်းပြီ စောစောပြန်လာခဲ့ဦး အခု ကိုးနာရီ‌ ရှိနေပြီ။ သမီးနှစ်နာရီ အတွင်း ပြန်လာနိုင်တယ်မလား”

“နောက်ကျတဲ့အထိနေရင် ရှန်ရန်ချင်းဆိုရင်တောင် မားက စိတ်ပူတယ်”

“ဒါပေါ့ မားက သမီးတို့သူငယ်ချင်းတွေကို နှောင့်ယှက်နေပြီး အပြင်ထွက်တာကို တားဖို့လုပ်‌နေတာ မဟုတ်ဘူး။ မားက နည်းနည်း နောက်ကျနေပြီလို့ ထင်တယ်။ သမီးကော မတွေးမိဘူးလား”

“မား ပြောတယ်နော်။ သမီးကို စောစောပြန်လာဖို့။ မိန်းကလေးဆိုတာ အပြင်ထွက်တိုင်း သတိဝီရိယ ရှိရမယ်”

“အိုကေ သိပြီ”နန်ကောက တစ်ခုပြီးတစ်ခု သဘောတူခဲ့တယ်။

သူမကလည်း အပြင်မှာ အကြာကြီး မနေချင်ခဲ့ဘူး။ အဆုံးမှာတော့ ရှန်ရန်ချင်းက ဟိုက်မြို့ကို အစောကြီး ပြန်ဖို့ လိုတယ်လေ။

“ဒါဆို အပြင်ထွက်တော့မယ်နော် အဆင်ပြေတယ်မလား”

“နေဦး နေဦး နေဦး”မစ္စနန်က စိုးရိမ်နေသေးတယ်။ သူမက သူ့နောက်ကို လိုက်လာပြီး မေးလာတယ်။

“သမီး ရဲတွေရဲ့ဖုန်းနံပါတ်ကို သိတယ်မလား”

နန်ကော: “...”

နှစ်သစ်ကူးအတွင်းမှာ ကျန်းမြို့ရဲ့ညတွေက ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်နေတယ်။

အပြင်ကလူတွေက သူတို့ရဲ့ဇာတိမြို့ကို ပြန်လာကြတယ်။ ဒေသခံတွေက အားလက်ရပ်‌တွေ အိမ်မှာ ပြည့်ကျပ် နေကြတယ်။ သူတို့ထဲက အများစုက အပြင်ထွက် လမ်းလျှောက်ရတာကို သဘောမကျဘူး။

60 03

ခရီးသည်အရှေ့ခုံမှာ နန်ကောက ကားတံခါးဘောင်ကို ပိတ်လိုက်ပြီးကားပြတင်းပေါက် အပြင်ဘက်ရဲ့ လမ်းတစ်လျှောက်က ညမြင်ကွင်းတွေကို ဖြည်းဖြည်းချင်း ရောက်သွားတယ်။

သူမက လမ်းနှစ်ဖက်လုံးက လက်ဆွဲမီးအိမ်တွေကို ကြည့်နေတာ သတိထားမိတော့ ရှန်ရန်ချင်းက ကားကို အရှိန်လျော့လိုက်ပြီး သူမကို ကြည့်နေခဲ့တယ်။

“ဒီည မင်းဒီမှာ အိပ်မှာလား”သူမေးလိုက်တယ်။

“ဟုတ်တယ်။ အဖွားအိမ်မှာ နေမှာ”

နန်ကောက သူမပါးကို လက်တစ်ဖက်နဲ့ ထောက်ထားပြီး ဖြေးဖြေးချင်း ခေါင်းခါလိုက် တယ်။

“ကျွန်မအစ်ကိုက မူးနေတာမို့ ပြန်လို့မရဘူးလေ။ ကျွန်မအဖေလည်း မကြာခင် အတူတူဖြစ်မယ် ထင်တယ်”

“အိုး တကယ် ကြီးလား”

“အမ် ဟမ်”

သူမက မတ်မတ်ထိုင်လိုက်ပြီး သူ့အကြည့်တွေကို သူမဆီ ရွေ့လိုက်တယ်။

“ကျွန်မအစ်ကိုက အပြင်မှာဆို ဘုရင်လေ။ ဒါပေမဲ့ သူအိမ်ပြန်ရောက်ရင်တော့......ကျစ် ကျစ် ကျစ်”

သူမက သူမမျက်နှာပေါ်က စိတ်ပျက်မှုကို မဖုံးကွယ်ထားဘူး။

“ကျွန်မအဖေကမှ နည်းနည်း တော်သေးတယ်။ ကျွန်မဦးလေးကတော့ အသောက်နိုင်ဆုံးပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအဖေက နှစ်တိုင်း ရှုံးတာပဲ”

“ဦးလေးက ခြောက်နှစ်နီးပါး ချန်ပီယံလေ။ အိုးနိုး မဟုတ်သေးဘူး လေးနှစ်”

“ဘာလို့ဆိုတော့ ငါးနှစ်မြောက်က အဖေက ညစ်ခဲ့တာလေ”

ရှန်ရန်ချင်း ပြုံးမိတယ်။

“အိမ်ရဲ့အခြေအနေက အတော်ကောင်းတာပဲ”

နန်ကောက ထောက်ခံတယ်။

“ကျွန်မအမေဘက်က အဖွားအိမ်က ပိုကောင်းတယ်။ ကျွန်မအဖေဘက်က အဖိုးအိမ်က သိပ်အသက် မဝင်ဘူး”

သူမအဖွားအိမ်ထက် သူမအဖိုးအိမ်က လူပိုများပေမဲ့ အဖွားတို့ဘက်က ပိုပြီးရင်းနှီးကာ ဘာစည်းမျဉ်းမှာ မရှိဘူး။

ရှန်ရန်ချင်းက သူမအဲဒီအကြောင်းကို ပြောတာကို သဘောကျနေတယ်။

အဲဒါက သူ စိတ်ကူးယဉ်လို့တောင် ရတယ်။

နန်ကောလို မိန်းမငယ်လေးက ပုံမှန်အားဖြင့် ပတ်ဝန်းကျင်ကောင်း ကောင်းမှာပဲ ကြီးပြင်းလာတာမျိုးလေ။

“ရှင်ကရော ရှင်မှာ အယ်ကိုဟော အလက်ဂျစ် ရှိတယ်မလား။ ဒါဆို နှစ်သစ်မှာ ရှင် အကြီးအကဲတွေနဲ့ရော သောက်ခဲ့ သေးတယ်မလား”

“ဟုတ်တယ် “ ရှန်ရန်ချင်း ခေါင်းညိတ်လိုက်တယ်။

“ဒါပေမဲ့ ကိုယ်က နှစ်သစ်မှာ ရံဖန်ရံခါ အိမ်မှာ နေလေ့မရှိဘူး”

“ဒီနှစ်က လွဲလို့ပေါ့ ကိုယ့်အဖေက တစ်ခါတလေ မိသားစုထဲမှာ အရက် သောက်တတ်တဲ့သူလေ”

“အရင်တုန်းက နှစ်သစ်ကူးကို နိုင်ငံခြားမှာပဲ နေခဲ့တာလား”

နန်ကောရဲ့မျက်လုံးကြီးများထဲ သိချင်စိတ်တွေ ပြည့်နေခဲ့တယ်။

ချမ်းသာတဲ့ မိသားစုကဘယ်လိုမျိုးလဲ။

“အဲဒီလိုလည်း မဟုတ်ဘူး”

“ကိုယ့်မိဘတွေက ဟိုးကတည်းက ကွာရှင်း ထားတာလေ။ ကိုယ်နိုင်ငံခြားမှာ စာသင်တည်းက နှစ်သစ်ကူးကို နိုင်ငံခြားမှာ အမေနဲ့ဆင်နွှဲခဲ့တာ။ ဒီနိုင်ငံကို ပြန်ရောက်တော့ ကိုယ်အရင် နှစ်တွေအတိုင်း ပြန်လာခဲ့တာ။ သူမက အဲဒီမှာ တစ်ယောက် တည်းလေ။ ဒါကြောင့် နည်းနည်း အထီးကျန်နေတာ”

“သိပြီ ...ဒါဆို ဒီနှစ် ရှင်ဘာလို့ အဲဒီကို မပြန်ရတာလဲ”

“အန်တီလည်း ဒီကို ပြန်လာတော့မှာလား”

“အဲဒီလိုလည်း မဟုတ်ဘူး” သူက ရုတ်တရက် ပြုံးလိုက်တယ်။

“ဒီမှာ သူမက မိသားစုအသစ် ရသွားပြီလေ။ သူမက ကိုယ့်ကို ထပ်မလိုတော့ဘူးလေ”

******

All Chapters