အခန်း ၆၁
Vol. 7 Ch. 61
61 01
Ch 61 ပင်ဂွင်းပေါက်က ရှင့်ကို အဖော်ပြုပေးမှာ
သူ ပြောပြီးတာနဲ့ နန်ကောက ကားခါးပတ်ကြိုးကို သူမရဲ့ တုန်ယီနေတဲ့ လက်များနဲ့ ဆွဲယူလိုက်တယ်။
“တကယ်တော့...ဒါလည်းကောင်းပါတယ်”
သူမက အကြောင်းပြချက် တစ်ချို့ကြောင့် စိတ်လှုပ်ရှား နေခဲ့ကာ သက်တောင့်သက်သာဖြင့် ဗလုံးဗထွေး ပြောနေခဲ့တယ်။
“အန်တီ့မှာ မိသားစုအသစ် ရှိသွားပြီ အနည်းဆုံးတော့ ရှင်က သူမ အပြင်မှာ တစ်ယောက်တည်း ဖြစ်မှာကို စိုးရိမ်စရာ မလိုတော့ဘူးလေ”
“ပြီးတော့ သူမရဲ့ပျော်ရွင်မှုကို ထပ်တွေ့သွားလည်း ရှင်က သူမသား ဖြစ်နေသေးတုန်းလေ။ သူမက ရှင့်ကို အများကြီး ချစ်နေသေးမှာ”
“ဟုတ်တယ်” ရှန်ရန်ချင်းက အပြုံးတစ်ပွင့်နဲ့ ပြန်ဖြေတယ်။
“အဲဒါက တကယ်ကို ကောင်းတယ်”
“ဟုတ်တယ် ဟုတ်တယ်” တက်တက်ကြွကြွ ခေါင်းညိတ်လာတယ်။
“ပြီးခဲ့တဲ့ ရက်တွေတုန်းက ရှင် အန်ကယ်ဆီမှာ နေခဲ့တာလား”
“ဟင့်အင်း။ မနေခဲ့ဘူး။ ကိုယ်က နှစ်သစ်ကူးအကြိုနေ့နဲ့ နှစ်သစ်ကူး ပထမဆုံးရက်မှာပဲ အဲဒီမှာ နေခဲ့တာ ပြီးတာနဲ့ သူတို့လည်း သူတို့ရဲ့ ကိုယ်ပိုင်အိမ်ကို ပြန်သွားခဲ့တာ”
“ဟမ် ဒါဆို ရှင် လွန်ခဲ့တဲ့နှစ်ရက်က အိမ်မှာတစ်ယောက်တည်း နေခဲ့ရတာပေါ့”
“ဟုတ်တယ်။ အဖေ့မှာက ဆွေမျိုးနဲ့သူငယ်ချင်း များတယ်လေ။ ပြီးတော့ အန်တီလည်း သူ့ကို ဂရုစိုက်ဖို့ ရှိနေတယ်လေ။ များသောအားဖြင့် ကိုယ်က အဲဒီမှာ အကြာကြီး မနေတတ်ဘူး”
အန်တီ....
ဒါကို ကြားတော့ နန်ကောက ရုတ်တရက် စိတ်နောက်သွားတယ်။
“ဒါဆို...ရှင့်အဖေက....”
“သူက အစောကြီးတည်းက ထပ်ပြီး လက်ထပ် လိုက်သေးတယ်လေ။ ကိုယ် အထက်တန်းထဲက သူက အန်တီနဲ့ လက်ထပ်ခဲ့တာ”
“......”
နန်ကော တီဗွီဒရမ်မာထဲက ဂန္တဝင် တွင်လောက်တဲ့ မိထွေးတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ရှင်းပြရခက်အောင် တွေးမိသွားတယ်။
“ဒါ..ဒါဆို သူမက အဆင်ပြေရဲ့လား”
သူမက ဒါကို ပြောလိုက်ပြီးနောက်မှာတော့ ဒါကိုမေးတာက မယဉ်ကျေးတာကို သိလိုက်တာမို့ သူမက အမြန် ပြန်ပြင်ပြောဖို့ ကြိုးစားမိတယ်။
“ကျွန်မ ဆိုလိုတာက...သူမက ရှင့်ကို ကောင်းကောင်း ဆက်ဆံရဲ့ လားလို့ပါ”
“အန်တီ အကျင့် ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်တို့က တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးကြဘူး”
“ကိုယ်က အထက်တန်းရော တက္ကသိုလ်တက်တုန်းက အဆောင် နေခဲ့တာလေ။ ဒါကြောင့် အိမ်ပြန်ခဲတယ်။ ဘွဲ့ရပြီးတော့လည်း နိုင်ငံခြား သွားခဲ့တာလေ။ ကိုယ် ဒီကို ပြန်ရောက်တော့လည်း တစ်ယောက်တည်း နေနေပြီလေ”
ပထမဆုံးအကြိမ် သူ့မိထွေးတွေနဲ့ ပတ်သက်ပြီး အများဆုံး ပြောခဲ့တာက သူ့အဖေနဲ့ မိထွေး မင်္ဂလာဆောင်မှာ ဖြစ်နေတယ်။
အဲဒါပြီးတော့ နှစ်တွေ အများကြီး ကြာပြီးတော့ သူတို့ တွေ့တိုင်းမှာ စကားမပြောတော့ဘဲ ရိုးရိုးရှင်းရှင်း နှုတ်ဆက်ရုံ လောက်သာ ဖြစ်တယ်။
သူတို့က တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်သည့် သူစိမ်းတွေနဲ့တောင် တူသေးတယ်။
ဆက်တိုက်ဆိုသလို မှားမေးနေပြီး နောက်မှာ နန်ကောက ခေါင်းငုံ့ပြီး ဘာကိုမှ ထပ်မမေးရဲတော့ဘူး။
သူမက လက်ကိုမြှောက်ရင်း နည်းနည်းလောက် စိတ်ပျက်သွားကာ သူမ ပါးစပ်ကို တိတ်တဆိတ် ရိုက်လိုက်တယ်။
အဲဒါကြောင့် စပ်စုလွန်းတာက မကောင်းဘူးလို့ ပြောတာ။
“ကိုယ့်ကြောင့် စိတ်မကောင်း မဖြစ်နဲ့”
ထိုအချိန်မှာ ဘေးဘက်မှ လက်တစ်ဖက်က ဆန့်ထုတ်လာပြီး သူမခေါင်းကို နှစ်သိမ့်တဲ့ အနေနဲ့ ဖြေးဖြေးလေး ပွတ်ပေးလာတယ်။
“ပြီးခဲ့တဲ့ နှစ်တွေကတော့ အဲဒါက ကိုယ့်အတွက် ထိရှလွယ် ခဲ့တယ်။ ဒါပေမဲ့ အခုတော့ အရေး မပါတော့ပါဘူး”
61 02
“ကိုယ့်မိဘတွေမှု မိသားစုအသစ်တွေရှိနေပြီ ကိုယ် အဆင်ပြေတယ်”
“ဘာလို့လဲ”
သူမက သူပြောနေတာတွေကို လုံးဝ နားမလည် နိုင်ခဲ့ဘူး။
ရှန်ရန်ချင်းက သူမရဲ့အားပေးနေကျ လေသံကို အတုခိုးပြီး ပြောလာတယ်။
“ဘာလို့လဲဆိုတော့.... သူတို့ကို ဂရုစိုက်ပေးမဲ့ လူတွေ ရှိသွားလို့လေ။ ကိုယ့်မှာလည်း ကိုယ်ပိုင် မိသားစု ရှိလာလို့ရပြီ”
“ရှင့်ကိုယ်ပိုင် မိသားစုလား..”
နန်ကောက သူ့စကားကို တိုးတိုးလေး ညည်းညူလိုက်ပြီး သေသေချာချာ တွေးနေမိတယ်။
“အို့ ဒါဆိုရင်..ရှင် ဘာကို ဆိုလိုတာလဲ”
သူ့မျက်လုံးထောင့်မှနေပြီး သူမ မျက်နှာအမူအရာက သာမန်အတိုင်း ဖြစ်နေခဲ့တယ်။ ရှန်ရန်ချင်းက သူမ ဘာကိုမှ နားမလည်မှန်း သိနေခဲ့တယ်။
ဒါပေမဲ့ သူအခု ရှင်းပြပေးမှာ မဟုတ်ဘူး။
ဘာလို့ဆို ဒီအကြောင်းပြောဖို့က ခုထိ စောနေသေးတယ်လေ။
ဒါက ရုတ်တရက် ဆန်လွန်းပြီး သူမကို မသက်မသာ ဖြစ်စေခဲ့ တယ်။
“ကိုယ်တို့က ဒီမှာ..ကိုယ် ကားရပ်မဲ့ နေရာကို ရှာတွေ့ပြီ”
_____________
ဒီနားမှာ သီချင်းရေပန်း ရှိနေခဲ့တယ်။ ရှန်ရန်ချင်းမှာ ဒါနဲ့ပတ်သက်ပြီး အမြင်ကောင်းတစ်ချို့ ရှိနေခဲ့တယ်။
မျှော်လင့်ထားသလိုပဲ။ သူတို့ အဲဒီကို ရောက်တော့ အဲဒီနေရာမှာ လူတွေအများကြီး ရှိနေခဲ့တယ်။ လူအများစုကတော့ ဓါတ်ပုံ ရိုက်နေကြဆဲ ဖြစ်တယ်။
အနီးနားမှာပဲ အလုပ်လုပ်နေတဲ့ စက်နှစ်ခုက ရှိနေတယ်။
“အို့ ဒီနေရာကို ဘယ်လိုသိတာလဲ” ကျန်းမြို့တော်က လာတဲ့ နန်ကောက ဒီနေရာကို သိမနေခဲ့ဘူး။
သူမက သူမအဖွားအိမ်ကို မကြာခဏလာတာ မဟုတ်ပေမဲ့ သူမက တစ်နှစ်ကို အကြိမ်အနည်းငယ်တော့ လာဖူးတယ်။
တကယ်ကို သီချင်းရေပန်းက ရှိနေခဲ့တယ်။ သူမ အရင်ကတည်းက သဘောမပေါက်မိဘူး။
“အရင်တုန်းက ကိုယ့်အဖွားကို တွေ့ဖို့ ဒီကိုလာဖူးတယ်လေ။ ကိုယ့်ဝမ်းကွဲနဲ့အတူ တစ်ခုခုဝယ်ဖို့ လာခဲ့ပေမဲ့လည်း မတော်တဆမှုကို မြင်လိုက်ရတယ်”
“အို့ အိုကေ” နန်ကောက ဖုန်းကို ထုတ်လိုက်ပြီး ပုံရိုက်ဖို့အတွက် နေရာကောင်းကောင်းကို ရှာနေခဲ့တယ်။
တစ်ဖက်မှာတော့ အတွဲတွေက ဒီတိုင်း ဖြတ်သွားရုံဖြစ်ကာ ဘာကိုမှ စိတ်ဝင်စားတာ ရှိမနေဘူး။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် ရှက်သွေး ဖြာနေခဲ့ချိန်က နန်ကောကို သူတို့လက်ထဲက ဘောလုံးနဲ့ ရိုက်မိသွားချိန် ဖြစ်တယ်။
ချက်ချင်းဆိုသလို ပင်ဂွင်းပေါက်ရဲ့အာရုံက တစ်ဖက်လူ လက်ထဲက ဘောလုံးဆီ သွေးဆောင် ခံလိုက်ရတယ်။
အဲဒါက ဝက်ရုပ်ဘောလုံးလေးပဲ။
ရှန်ရန်ချင်းက သူမ အကြည့်အတိုင်း လိုက်ကြည်မိတော့ သူမ အကြည့်တွေက လေထဲမှာ မျောနေတဲ့ ပန်းရောင် ဝက်ရုပ်ဆီ ရောက်နေတယ်။
သူက ဘေးကို လှည့်လိုက်တော့ အနားရှိ ရေပန်းကို မြင်လိုက် ရတယ်။
သူ လိုချင်တာကို တွေ့သွားတော့ ရှန်ရန်ချင်းက ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်တာမို့ သူ့ အရပ်ရှည်ရှည်ဘော်ဒီက နန်ကျဲ့ရဲ့မနာလိုသည့် အကြည့်ကို ပိတ်ဆို့လိုက်တယ်။
“ဟမ်....” သူမ မော့ကြည့် လိုက်မိတယ်။
အမျိုးသားက သူမ လည်စည်းကို သပ်ရပ်အောင် လုပ်ပေးပြီး ကလေးတစ်ယောက်လိုမျိုး သူက သတိပေးလာတယ်။
“ဒီမှာပဲ ဓါတ်ပုံရိုက် ပြေးမသွားနဲ့ဦး။ အရှေ့၊ အနောက်၊ ဘေးဘက်ပဲ ဖြစ်ဖြစ် တစ်မီတာထက် ပိုပြီး ရှေ့မတိုးနဲ့ “
61 03
“ကိုယ်က ဟိုဘက်ကို ခဏသွားမလို့ မကြာခင် ပြန်လာမယ်။ အဆင်ပြေတယ်ဟုတ်”
နန်ကောက သူက ဘာသွားလုပ်မည်ကို မသိပေမဲ့လည်း မမေးခဲ့ဘူး။ သူမက နာနာခံခံနဲ့ ခေါင်း ညိတ်လိုက်တယ်။
“အိုကေ အိုကေ”
ရှန်ရန်ချင်းက နန်ကော အတော်လေး သဘောကျတဲ့ ဝက်ရုပ်ကို သွားတောင်းခဲ့တယ်။
“သေသေချာချာလေး ကိုင်ထား။ မဟုတ်ရင် အဲဒါက ပျံတက်သွားလိမ့်မယ်”
“အိုကေ” ရှန်ရန်ချင်းက သူ့ဖုန်းကို ထုတ်ရင်း စောနက သူ့မျက်လုံးရှေ့မှာ ပျံတက်သွားတဲ့ အနက်ရောင် ဘောလုံးကို ငွေပေး ချေလိုက်တယ်။ သူက နောက်ကို ခြေလှမ်းတစ်ဝက် ဆုတ်ကာ သူ့မျက်မှန်အောက်က အနက်ရောင်မျက်လုံးများ ကျဉ်းမြောင်း သွားတယ်။
နောက်တစ်ခဏ သူမျက်လုံး ပင့်လိုက်တော့ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်က ပေါ်လာတယ်။
“ဒီတစ်ခုကိုရော ယူလို့ ရနိုင်မလား”
“ရပါတယ်”
ရှန်ရန်ချင်း ဘောလုံးဝယ်ပြီး ပြန်လာတော့ ကောင်မလေးက လူအုပ်ထဲက ရေပန်းနားမှာ ရှိနေခဲ့တယ်။
သူမက ပုံတစ်ချို့ ရိုက်နေခဲ့တာ ဖြစ်နိုင်တယ်။ သူမ လက်ကို အိတ်ကပ်ထဲ ထည့်ထားရင်း တစ်ယောက်တည်း မတ်တပ်ရပ်နေကာ သူမရှေ့က ရေပန်းကို ကြောင်တောင်တောင်နဲ့ ကြည့်နေခဲ့တယ်။
ရေပန်းနဲ့ အတော်လေးနီးတာမို့ ရေတွေက လူတွေ စင်လာခဲ့တယ်။
ကောင်မလေးက အရူးလိုမျိုး မရှောင်ခဲ့ဘူး။ အချိန်ကြာတာနဲ့ သူမက မျက်တောင် ခတ်နေရင်း မတ်တပ်ရပ်ကာ ကြည့်နေခဲ့တယ်။
နေရာယူထားပုံက သူ မထွက်သွားခင်ကနဲ့ တူညီနေခဲ့တယ်။ အစမှအဆုံးထိ သူမက တစ်နေရာမှ မရွေ့သွားဘူး။
သူ နီးကပ်လာတာနဲ့ အရိပ်တစ်ခုက ရောက်လာတယ်။
ကောင်မလေးက သတိထားမိချိန် သူမ လည်ပင်းကို မြှောက်ရင်း သူ့ကို မော့ကြည့်လာတယ်။
ချက်ချင်းဆို သလို သူက သူမ မျက်လုံးထဲက ကြယ်တွေလင်း လက်နေတာကို သူ မြင်ခဲ့တယ်။ သူမ မျက်နှာပေါ်က ပျင်းရိနေမှုက အပြုံးချိုချိုတစ်ပွင့် အဖြစ် ပြောင်းလဲသွားတယ်။ သူမက ချီးကျူးဖို့ တောင်းဆို ချင်တာမို့ ပြောလာတယ်။
“ကျွန်မ ဒီနေရာမှာ ရပ်နေဆဲနော်။ တစ်ချိန်လုံး မလှုပ်ခဲ့ဘူးနော်”
သူမက သူမခြေထောက်ထိပ်ရှိ ကြွေပြားကို ကြည့်နေခဲ့ပြီး သူ့ကို ကောင်းကောင်း မြင်ရစေခဲ့တယ်။
တစ်ခဏအတွင်းမှာ ရှန်ရန်ချင်းနှလုံးသားက ပျော့ပျောင်းသွား တယ်။
“ကိုယ် သိတယ်”
သူက သူ့လက်ထဲရှိ ဘောလုံးကို ကမ်းပေးလိုက်ပြီး သူမရဲ့ လက်ကောက်ဝတ်မှာ ချည်ပေးလိုက်တယ်။
နန်ကောက ဆွဲဆောင်ခံလိုက်ရပြီး လေထဲက ဘောလုံးကို မော့ကြည့်နေခဲ့တယ်။
အို့ ဒါက ပန်းရောင်ဝက်ဝံလေးပဲ။
“ဒါက ကျွန် မအတွက်လား” သူမက အံ့အားတကြီး မေးလာတယ်။
“ဟုတ်တယ်။ ဒါက မင်းအတွက် ဆုလေ”
နန်ကောက တခစ်ခစ်ရီရင်း ဘောလုံးကိုင်ထားတဲ့ သူမလက်ကို ဝှေ့ယမ်းလိုက်တယ်။ လေထဲက ဘောလုံးက အောက်ကိုလျော့ ကျလာခဲ့ပြီး အမှတ်တမဲ့ သူ့ဘေးကဘောလုံးနဲ့ ဝင်တိုက် မိသွားတယ်။
“ဟမ် ရှင့်အတွက်ပါ ဝယ်ခဲ့သေးတာလား”
သူမက ခေါင်းစောင်းရင်း သူ့ကို ကြည့်လိုက်တယ်။
“အဲဒါက အနက်ရောင် ဝက်ဝံလား”
ရေပန်းရဲ့မီးရောင်ကလည်း သီချင်းနဲ့အတူ လှုပ်ယမ်းနေပြီး တဖြေးဖြေး မှိန်သွားတယ်။ နန်ကောက အနက်ရောင် အရာဝတ္ထုကိုသာ မြင်လိုက်နိုင်တယ်။
“နိူးးး”
61 04
ရှန်ရန်ချင်းက ကြိုးကိုယူလိုက်ပြီး သူမကိုအနီးကပ် ကြည့်ခိုင်း လိုက်တယ်။
“ဒါက ပင်ဂွင်းပေါက်လေးပါ”
နန်ကောက အံအားသင့်သွားရင်း ပြောလာတယ်။
“ကောင်းတာပေါ့။ ပင်ဂွင်းလေးက အဖော်ပြုပေးမှာမို့ ရှင်ဒီည အိမ်ပြန်ရင် တစ်ယောက်တည်း မဟုတ်တော့ဘူး”
******