အခန်း ၆၂
Vol. 7 Ch. 62
62 01
Ch 62 လက်ကိုင်ထားခြင်း
နန်ကော ပြောပြီးသွားတဲ့နောက်မှာ ရှန်ရန်ချင်းက တစ်ခဏတော့ ကြောင်အ သွားတယ်။
သူက ပြုံးတယ်။
“ဟုတ်သား။ ဒီလိုဆို ကိုယ် ဒီည ဒါကို အိမ်ယူသွားလိုက်မယ်”
ရေပန်းရဲ့မီးရောင်က မှိတ်တုပ်မှိတ်တုပ် ဖြစ်နေပြီး ရေအမြှင့်ကလည်း သီချင်းသံနဲ့ တဖြည်းဖြည်း မြှင့်လာပြီး ပြန်အောက် ကျသွားတယ်။
(T/n:ရေပန်းက အပေါ်ကို ပန်းထွက်လာပြီး ပြန်ပြီးပိတ်သွားတာကွာ ဘယ်လိုရှင်းပြရပါ့)
ရှန်ရန်ချင်း လှည့်ကြည့်လိုက်တော့ လူအတော်များများက ဓာတ်ပုံ ရိုက်နေကြတယ်။
သူက တုံ့ဆိုင်းနေပြီး သူ့ဖုန်းကို ထုတ်ရင်း သူမကို မေးလိုက် တယ်။
“မင်း..ဓါတ်ပုံ ရိုက်ချင်လား”
“ကျွန်မ အစောကြီးတည်းက ပုံအချို့ ရိုက်ပြီးပြီ”
နန်ကောက အခုလေးတင် ရေပန်းနားမှာ ဓါတ်ပုံအများကြီး ရိုက်ခဲ့ပြီးပြီ။
သူက ပြုံးနေရင်းက ရှင်းပြလာတယ်။
“ကိုယ် ပြောတာက...ကိုယ်က ရေပန်းနဲ့ ပတ်သက်ပြီး ပြောနေတာ မဟုတ်ဘူး”
“ဟမ်...”
တစ်မိနစ်လောက်ကြာတော့ နန်ကောက သူမနောက်မှာ လူနည်းနည်းသာ ရှိတဲ့ နေရာတစ်ခုကို ရွေးချယ်ခဲ့တယ်။
“ဒီဘက်မှာ... ဒီမှာပဲ ဓါတ်ပုံ ရိုက်ရကြမယ်လေ”
သူမက ဖြည်းဖြည်းချင်း လှည့်ပြီး ငြိမ်းချမ်းရေးပုံစံ သူမရဲ့ မပြောင်းလဲတဲ့ ပိုစ့်ကို လက်ထောင်ထားတယ်။
(T/n:ကိုယ်တွေလိုဆို အမြဲ လက်နှစ်ချောင်း ထောင်တာကို ပြောတာပါ)
သူမ ရှေ့ရှိ ရှန်ရန်ချင်းက သူမကို ကင်မရာက တစ်ဆင့် ကြည့်နေခဲ့တယ်။
ကောင်မလေးက လက်တစ်ဖက်မကို ဗွီပုံစံသင်္ကေတ လက်ဟန် ပြထားပြီး ကျန်တစ်ဖက်က ဘောလုံးနှစ်လုံးကို ကိုင်ထားခဲ့တယ်။ ပန်းရောင်ဝက်လေးနဲ့ ပင်ဂွင်းငယ်လေးတို့က တစ်ခုနှင့် တစ်ခု နီးနီးကပ်ကပ် လွင့်မျောနေခဲ့တယ်။
အခုလေးတင် သူ့လက်ထဲမှာ ဘောလုံးနှစ်ခု ကိုင်ဖို့ အဆင်မပြေတာမို့ သူမက ချက်ချင်း ယူသွားခဲ့တယ်။ သူမက သူ့ကို ခဏလောက် ကူညီပြီး ကိုင်ပေးထားတာလို့လဲ ပြောသေးတယ်။
“ရိုက်ပြီးပြီလား” နန်ကောက မလှုပ်ရဲတာမို့ အကျယ်ကြီး အော်မေးလိုက်တယ်။
အဲဒီတော့မှ ရှန်ရန်ချင်းက အသိပြန်ဝင်လာတယ်။ “ပြီးပြီ”
“ဒါဆို လာတော့လေ” သူမက သူ့ကို လက် ဝေ့ယမ်းပြတယ်။ “အတူတူ ဓာတ်ပုံ ရိုက်ကြမယ်လေ”
နန်ကောက ချဉ်းကပ်ရလွယ်တဲ့ အမျိုးသမီးငယ်တစ်ဦးကို တွေ့ခဲ့ပြီး သူတို့ကို ဓာတ်ပုံ ရိုက်ပေးဖို့ တောင်းဆိုခဲ့တယ်။
အမျိုးသမီးလေးက အဆင်သင့်ပဲ သဘော တူခဲ့တယ်။ သူမက ဖုန်းကို ယူပြီး တစ်ဖက်ကို လမ်းလျှောက်ရင်း ပရော်ဖက် ရှင်နယ်ဆန်တဲ့ ပုံစံမျိုးနဲ့ နေနေခဲ့တယ်။
“နည်းနည်းလေး အနား တိုးလိုက်ဦး”
“ဘောလုံးကို နည်းနည်းလောက် အောက်ကိုဆွဲချလိုက်။ ဟုတ်တယ်။ အဲဒီတိုင်းလေး ကောင်းတယ်”
“အယ် ရှင်တို့တွေက လက်မကိုင်ကြဘူးလား”
62 02
“ဟမ်” နန်ကောက ကြောင်အသွားတယ်။
အမျိုးသမီးလေးက သူမကို နားမလည်သလို ကြည့်လာတယ်။ အခုခေတ် လူငယ်စုံတွဲတွေက ဓါတ်ပုံရိုက်ရင် လက်မကိုင်တော့ဘူးလား။
“ကျွန်တော်တို့က မတွဲ…” ရှန်ရန်ချင်းက နန်ကောကို ရှက်သွားတာမျိူး မဖြစ်စေချင်တာမို့ သူက ချက်ချင်းပဲ ရှင်းပြချင်ခဲ့တယ်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ နန်ကောက တစ်ဖက်သူကို ခပ်ပြင်းပြင်း ခေါင်း ညိတ်လိုက်တယ်
“အမ် ဟမ် ဟုတ်တယ် ကျွန်မတို့ လက်ကိုင်ထားသင့်တယ်”
သူမရဲ့ နည်းနည်းလေး အေးနေတဲ့လက်က သူ့ကို ထိလိုက်ချိန်မှာ သူ့နှလုံးသားက တစ်ချက် ခုန်သွားတယ်။
သူမ အသက်ရှူနှုန်းကလည်း ပုံမှန် ဟုတ်မနေတော့ဘူး။
နန်ကောက သူ့လက်ကို တကယ် မကိုင်ရဲခဲ့ဘူး။ သူမက သူ့လက်သူကြွယ်နဲ့ လက်သန်းလေးကိုပဲ ဖြေးဖြေးချင်း ကိုင်ထားကာ သူမက သူ့ကို စိတ်အနှောင့်အယှက် ပေးမိမှာကို ကြောက်နေခဲ့တယ်။
တစ်ခဏ ရပ်တန့်သွားပြီး သူမက ရုတ်တရက် မသေချာသလို ခံစားလိုက်ရတယ်။ သူမက မော့ကြည့်ရင်း မေးလိုက်တယ်။
“အမ် ရှင် အဆင်ပြေလား”
ရှန်ရန်ချင်းက အခုလေးတင် တိတ်ဆိတ် သွားခဲ့တယ်။
သူ့ရဲ့ အနက်ရောင် မျက်လုံးတွေက သူမကို မျက်တောင် မခတ် စိုက်ကြည့်နေတာမို့ နန်ကောကို သူမရဲ့ယုံကြည်မှုကို ရုတ်တရက် ပျောက်သွားစေခဲ့တယ်။
သူမ နှုတ်ခမ်းကို စုဝိုင်းလိုက်ရင်း သူမရင်ထဲက စိတ်ပျက်မှုကို မျိုသိပ်လိုက်ပြီး သူမ လက်ကို တိတ်တဆိတ် ဆွဲထုတ်လိုက်တယ်။
သူမရဲ့လက်ချောင်းတွေကို ခွာလိုက်တဲ့အချိန် နွေးထွေးတဲ့ လက်ဖဝါးတစ်ခုက သူမလက်ကို အတိအကျ ရှာတွေ့သွားကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ခံလိုက်ရတယ်။
အဲဒါက သူက သူမ တကယ်ပဲ ထွက်ပြေးမှာကို ကြောက်နေပုံ ရတယ်။
နန်ကောက အံ့အားသင့်သွားတယ်။
“ပင်ဂွင်းပေါက်က ပထမခြေလှမ်းကို ရဲရဲဝံ့ဝံ့ လှမ်းရဲမှတော့ မင်း ထွက်ပြေးဖို့ကို ခွင့်မပြုတော့ဘူး”
သူ့လေသံက ခါတိုင်း သူမနဲ့ စာချုပ် ချုပ်ထားသလိုမျိုး အချိန်ထက်တောင်ပိုပြီး လေးနက်နေသေးတယ်။
နန်ကောက နေရာမှာ ကျောက်ချ ရပ်နေမိပြီး အချိန်အကြာကြီး မတုံ့ပြန်နိုင်ဘဲ နားမလည်သလို သူ့ကို ကြည့်နေခဲ့တယ်။
သူက စကားပြောပြီးတာနဲ့ သူ့လက်ချောင်းတွေက သူမလက် ချောင်းကြားရှိ နေရာလွတ်ထဲကို တိုးဝှေ့လိုက်ပြီး သူတို့လက်တွေကို တင်းတင်းကြပ်ကြပ် ချိတ်ထားတယ်။
နန်ကောက မျက်မှောင် ကြုတ်လိုက်မိတယ်။ သူမ လည်ပင်းက တောင့်သွားပြီး သူမတို့ လက်တွေကို ငုံ့ကြည့်နေခဲ့တယ်။
“ဟုတ်တယ်။ ဟုတ်တယ်။ အဲဒီတိုင်းလေး ကောင်းတယ်”
“ရိုက်ပြီနော် ကင်မရာကို ကြည့်မယ်”
“ပြုံးထားနော် သုံး နှစ် တစ်”
“အိုကေ” အမျိုးသမီးလေးက ဓာတ်ပုံရိုက်ပြီးတဲ့နောက် သဘောတကျနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“အကောင်းဆုံးပဲ”
(T/n: mean perfect)
ဒါက နန်ကောနဲ့ ရှန်ရန်ချင်းတို့ရဲ့ ဒုတိယမြောက် ဓာတ်ပုံပဲ ဖြစ်တယ်။
ဓာတ်ပုံထဲမှာ အနက်ရောင် ကုတ်အင်္ကျီ ဝတ်ထားတဲ့ အမျိုးသားက ဘေးမှာ ရပ်နေပြီး သူ့ဘေးနားက ကောင်မလေးက အတော်လေး ချစ်စရာ ကောင်းနေခဲ့တယ်။
အနီးကပ် စစ်ဆေးကြည့်မယ်ဆိုရင် အမျိုးသားက ပြုံးနေမှာကို တွေ့ရနိုင်တယ်။ သူက ခေါင်းကို အနည်းငယ် စောင်းကာ ငုံ့လိုက်ပြီး သူ့ရဲ့နူးညံ့တဲ့ အကြည့်တွေက ကောင်မလေးအပေါ် ကျောက်ချနေခဲ့တယ်။
သူတို့နှစ်ယောက်က နီးနီးကပ်ကပ်ရှိကြပြီး သူတို့လက်တွေကလည်း အချင်းချင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားကြတယ်။
62 03
“နောက်တစ်ပုံ ရိုက်ချင်သေးလား” အမျိုးသမီးငယ်လေးက အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့တယ်။ သူမရှေ့က ကြည့်ကောင်းတဲ့စုံတွဲကို ကြည့်လိုက်ပြီး အကြံပေးလိုက်တယ်။ “ရှင်တို့...နမ်းချင်ကြလား”
နန်ကောက ရုတ်တရက် လက်ကိုပြန်ဆွဲကာ အမျိုးသမီးငယ်ကို လက်ခါပြလိုက်တယ်။
“နိုး နိုး”
ဒါ..ဒါက....
“ဟေး နင်က ဘာကို ရှက်နေတာလဲ။ နင့်ပတ်ဝန်းကျင်က ဓာတ်ပုံ ရိုက်နေတဲ့ စုံတွဲတွေကို ကြည့်လိုက်ဦး”
အမျိုးသမီးငယ်က ပေါ့ပေါ့ပါးပါး ညွှန်ပြလာတယ်။ နန်ကောက ကြည့်လိုက်တော့ အတွဲတစ်တွဲက နမ်းနေတာကို တွေ့လိုက်ရတယ်။
စက္ကန့်ပိုင်းအတွင်း နန်ကောက ခေါင်းကို လှည့်လိုက်ပြီး ပူဖောင်း များကို တင်းတင်းကြပ်ကြပ်ကိုင်ကာ သူမ မျက်နှာက နီရဲလာတယ်။
သူမက ရှန်ရန်ချင်းရဲ့ ချောမောမှုကို မက်မောနေပေမဲ့ အနမ်းတစ်ခုကတော့... ဟုတ်ပြီ ဒါက အရမ်းမိုက်မှာပဲ။
သူမ စိတ်ကူးမယဉ်ဘဲ မနေနိုင်တော့ဘူး။ သူမက အဲဒီမြင်ကွင်းကို တွေးမိချိန် နန်ကောက အသက်ပြင်းပြင်း ရှူလိုက်မိပြီး အသက်ရှု ကြပ်ကာ သေဆုံးလုနီးပါး ဖြစ်တော့မယ်။
အဲဒါက သူမကို သတိနေတာပဲ။ သူမက အချိန်မရွေး သေသွားနိုင် တယ်လို့ ခံစား လိုက်ရတယ်။
အနက်ရောင် ပင်ဂွင်းပေါက်က သူမက ညစ်ညစ်ပတ်ပတ်တွေ တွေးနေမိပြီလို့ ခံစားလိုက်ရတယ်။
ဝူးးးဟူးးးး တစ်စုံတစ်ယောက်ကများ သူမကို ကယ်တင်နိုင်မလားလို့။
“ကိုယ့်ကိုကိုယ် ဒုက္ခပေးစရာ မလိုဘူး” နောက်ဆုံးတော့ ရှန်ရန်ချင်းက သူ့ဖုန်းကို ပြန်ယူဖို့ ရှေ့တိုး လာခဲ့တယ်။ သူက တစ်ဖက်သူကို ကျေးဇူးတင်လိုက်ရင်း ရှင်းပြ လိုက်တယ်။
“သူမက ရှက်နေလို့ပါ”
“ဘာလို့ နင်က အရမ်း ရှက်နေရတာလဲ။ နင့်ချစ်သူကို နမ်းရတာပဲ။ မဟုတ်ဘူးလား။ ဘာတွေကြောက်နေရတာလဲ”
“ကျွန်မတို့က ရည်းစားတွေ မဖြစ်သေးဘူး”
“ဟမ်...”
“ဒီနေ့ပြီးရင် သိပ်မကြာခင် ပြောင်းလဲလာမယ်လို့ ငါတော့ ထင်တယ်”
ရှန်ရန်ချင်းက သူ့ဖုန်းကို ဆွဲယူလိုက်တယ်။ တစ်ဖက်လူရဲ့ အံ့အားသင့်နေတဲ့ အကြည့်အောက်မှာ သူက ခေါင်းညိတ်ပြပြီး ကျေးဇူးတင်ကြောင်း ထပ်ပြောလိုက်တယ်။
“ကျေးဇူးပါ”
ဘာကြောင့်များ သူမကို ကျေးဇူး တင်နေရတယ်ဆိုတာကို သူ တစ်ယောက်ပဲ သိနေခဲ့တယ်။
___________
ဓာတ်ပုံ ရိုက်ပြီးတဲ့နောက် နန်ကောရဲ့မျက်နှာပေါ်ရှိ အပူချိန်က လျော့သွားခဲ့တယ်။
“မင်း တစ်ခုခု သောက်ချင်လား”
ရှန်ရန်ချင်းက သူမရဲ့ခံစားချက်များကို ကောင်းကောင်းသိပြီး သူမတစ်ယောက်တည်း သီးသန့် စိတ် အေးအေးထားဖို့ လိုအပ်ကြောင်း သိခဲ့တယ်။
အခုလေးတင် ဖြစ်ပျက်ခဲ့တာကို သူ ပြောလိုက်တာနဲ့ အဲဒါက မီးထဲ လောင်စာ ထည့်သလို ဖြစ်နေမှာက သံသဃရှိစရာ မလိုပါဘူး။
အဲဒါက ပိုပြီး ပူလောင်လာရုံပဲ ရှိမယ်။
အဲဒီနောက်မှာ သူမက ပြန်ပြီးကောင်းလာဖို့ အချိန်တစ်ရက် နှစ်ရက်လောက် လိုအပ်နိုင်တယ်။
“နန်ကော..”
“ဟင်” နန်ကောက သူက သူမကို ခေါ်လိုက်ချိန် မသိစိတ်အရ မော့ကြည့်လိုက်မိတယ်။
“မင်း ဘာကို သောက်ချင်လဲ”
“ဟိုးဘက်နားမှာ မစ်တီးဆိုင်ရှိတယ်” ရှန်ရန်ချင်းက တစ်ဖက် လှည့်ပေးလိုက်တော့ နောက်က ဆိုင်ကို သူမ မြင်လိုက်ရတယ်။
ရေပန်းရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်နိုင်တယ်။ အနီးနားရှိ ဈေးဆိုင်များက လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက ကြိုတင်ပြီး ဆိုင်ခန်းတွေ ပြန်လည် စလာခဲ့တယ်။ စီးပွားရေးကလည်း မဆိုးဘူး။
62 04
“ကျွန်မ အဲဒါကို ကြိုက်တယ်”
“ဒါဆို မင်း ဘာသောက်ချင်လဲ”
နန်ကောက သူမစိတ်ထဲမှာ စိတ်ပျက်စရာ ပုံရိပ်အကြောင်း စွဲကျန်နေတာမို့ ခေါင်းကို ကုတ်လိုက်တယ်။
“ဘာမဆို အဆင်ပြေပါတယ်”
“ဟုတ်ပြီ။ ကိုယ်သွားဝယ်လိုက်မယ်။ ဒီမှာစောင့်နေ အိုကေလား”
“ဟုတ်ကဲ့… ဟုတ်ကဲ့” နန်ကောက သူမ မြင်ကွင်းထဲကနေ သူ ပျောက်သွားဖို့ကို မစောင့်နိုင်တော့ဘူး။
မဟုတ်ရင် သူမ စိတ်ထဲက အရာတွေကိုရှင်းဖို့ တကယ် ခက်လိမ့်မယ်။
သူတို့ထွက်သွားပြီးနောက် သူမမျက်နှာကို အလျင်စလို ဖုံးထားလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်မိတယ်။
နမ်းတာ စတဲ့ ဟာတွေက အရမ်းကို ရှက်စရာ ကောင်းလိုက်တာပဲ။
ထိုမြင်ကွင်းကို တွေးလိုက်ရုံနဲ့ သူမ မျက်နှာ ပူလောင် လာပြန်တယ်။
ဒါပေမဲ့လည်း ဒီကိစ္စအတွက် သူမက တကယ်ကို အပြစ် မပြောနိုင်တော့ဘူး။
သူမလည်း ဒီလိုမျိူးဖြစ်ဖို့ မလိုချင်ခဲ့ဘူး။
သက်ပြင်းချလိုက်ရင်း ရှန်ရန်ချင်းသာ အခုနေ သူမ တွေးတာကို သိရင် သူမက မကောင်းတဲ့ ပင်ဂွင်းပေါက်လို့ သူ ထင်သွားဖို့ ဖြစ်နိုင်ချေ ရှိတယ်။
ဒါ့အပြင် သူမဟာ ရမက်ကြီးပြီး ကြမ်းတမ်းတဲ့ ပင်ဂွင်းတစ်ကောင် ဖြစ်နေခဲ့တယ်။
သူမက မျှော်လင့်ချက် မဲ့နေခဲ့ပြီလား။ တကယ်လို့ ရှန်ရန်ချင်းသာ သိသွားခဲ့ရင် ရဲကို ဖုန်းဆက်လောက်လား။
အပြင်မထွက်ခင်က သူ့အမေက ရဲစခန်းရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ် ကို သတိပေးခဲ့လို့လည်း သူမကို အပြစ်တင်လို့ မရနိုင်ဘူး။
သူမ သက်ပြင်း ချလိုက်မိတယ်။ သူမကို ရဲတွေဆီမှာ သူမကိုယ်သူမ ပြောင်းလဲဖို့အတွက် သူမ ဘာသာ အခွင့်အရေး ပေးသင့်တယ်။
အချိန်ကျတာနဲ့ သူမက အဲဒီအမျိုးသားကို အတင်းနမ်းတာကြောင့် ဖမ်းဆီးခံရသည့် ပထမဆုံးပင်ဂွင်း ဖြစ်လာတော့မှာ မဟုတ်ဘူးလား။
******