← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

63 01

Ch 63 ချစ်သူများနေ့အတွက် ပလန်ဆွဲထားခြင်း

ဒီညမှာ မစ်တီးဆိုင်ရဲ့စီးပွားရေးက အတော်လေး ကောင်းနေတယ်။

ရှန်ရန်ချင်းက လူနောက်တန်းစီနေစဉ်မှာ ကြော်ငြာပေ့ခ်ျကို ရိုက်ဖို့ အခွင့်အရေး ယူလိုက်ပြီး ဥက္ကဌရုံးခန်းရဲ့ ဂရုချက်ကို ပို့ပေးလိုက်တယ်။

ချက်ချင်းဆိုသလို လူအုပ်လိုက်ကြီး စာပြန်လာတယ်။

1.

ရှန်ရန်ချင်းက စာရိုက်ခဲ့တယ်။

[တစ်ချက်လောက် ကြည့်ပေး။ ဘယ်ဟာက ပိုကောင်းလဲ]

ချက်ချင်း ဆိုသလို သူက ထပ်ပေါင်း ပြောလာတယ်။

[အဲဒါက မိန်းကလေးတွေအတွက် သင့်တော်လား]

အဲဒါကို ပြောပြီးတာနဲ့ သူက အသက်ပြင်းပြင်း ရူထုတ်လိုက်ပြီး မစ်တီးနာမည် အမျိုးမျိုးကို မော့ကြည့်နေခဲ့တယ်။

အားလုံး ပြီးသွားတာတောင်မှ သူက ဘယ်တစ်ခုကို ကြည့်ရမလဲ မသိသေးဘူး။

ဒါက သူ့ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်ဘူး။

ဒါက သူ ပထမဆုံးအကြိမ် မစ်တီး ဝယ်ခဲ့ဖူးတာပဲ။

အရင်တုန်းက နေ့လယ်စာစားချိန်မှာ ဥက္ကဌရုံးခန်းထဲက မိန်းကလေးအချို့က စုံတွဲခွက်တွေ ဝယ်ဖူးတာကို မြင်ခဲ့ဖူးတယ်။

ကြည့်ရတာ မိန်းကလေးတွေက ဒါကို ကြိုက်ပုံရတယ်။

မကြာခင်မှာ ဂရုချက်က ပေါက်ကွဲသွားတယ်။

လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် ပြောလာကြတယ်။ သူတို့ထဲက တစ်ချို့က တကယ်ပဲ ကူရွေး ပေးလာကြတယ်။ အချို့က ပွဲကို စောင့်ကြည့်နေတယ်။ အခြားသူတွေက ကြက်တွေလို အော်နေခဲ့ပြီး အားးခနဲအော်ခဲ့ကြတယ်။

ရှန်ရန်ချင်းက နည်းနည်းတော့ စိတ်ရှုပ်သွားတယ်။ သူက စာကြည့်တဲ့နေရာကို ပြန်လှန်နေခဲ့ပြီး လူတိုင်းရဲ့အကြံဉာဏ်ကို လက်ခံခဲ့တယ်။ သူက လူပြော အများဆုံးဖြစ်တဲ့ အရသာနှစ်ခုကို ဝယ်လာခဲ့တယ်။

မစ်တီးကို စောင့်နေစဉ်မှာ သူက ဂရုထဲကို အကျဉ်းချူပ် ပြန်ဖြေပေးခဲ့တယ်။

[ဥက္ကဌရှန်က မစ္စနန်ကောနဲ့ အတူ ရှိတာလား]

ရှန်:[ဟုတ်တယ်]

[အိုးမိုင်ဂေါ့ နှစ်ယောက်သား အတူတူရှိနေကြပြီလား ဥက္ကဌရှန်ရေ တစ်ခုခုပြောပါဦး]

ရှန်:[နိုး]

နောက်တစ်စက္ကန့်ကြာတော့ သူက အဲဒါက လုံးဝမမှန်ဘူးလို့ ခံစားလိုက်ရတယ်။

[အခုထိတော့ မဟုတ်သေးဘူး]

[ဥက္ကဌရှန်က နွေရာသီ အားလပ်ရက်ကို မစ္စနန်နဲ့ အတူ ဖြတ်သန်းခဲ့တာ မဟုတ်ဘူးလား]

ရှန်:[နိုး ငါတို့က ဒီနေ့မှာ ကျန်းမြို့မှာ တစ်ယောက်နဲ့ တစ်ယောက် ဝင်တိုက်မိသွားတာ]

[မဟုတ်သေးဘူး ဆိုတာက မကြာခင်မှာ နှစ်ယောက်သား အတူတူရှိ မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား]

[ဥက္ကဌရှန်က ချစ်သူများနေ့ မတိုင်ခင်တည်းက ကောင်းကောင်း အသုံးချနေတာပဲ အလုပ် ကြိုးစားလွန်းတယ်]

ဒီစာကို မြင်တော့ ရှန်ရန်ချင်း ရပ်တန့်သွားတယ်။

ချစ်သူ များနေ့လား။

သူက ဗလာသက်သက် မော့ကြည့်နေပြီးတော့ သေသေချာချာ ပြန်တွေးနေမိတယ်။

ဖေဖော်ဝါရီရဲ့ ဘယ်နေ့က ချစ်သူများနေ့များလဲ။

ဒါက အသက်၂၈နှစ်အထိ စင်ဂယ်အဖြစ်‌ နေခဲ့တဲ့ ဥက္ကဌရှန်အတွက် နည်းနည်းတော့ ခက်ခဲနေတယ်။

“ရှင့်ရဲ့မစ်တီး ရပါပြီ”

“ကျေးဇူးပါ”

ရှန်ရန်ချင်း အသိပြန်ဝင်လာတော့ အိတ်ကိုဆွဲပြီး ထွက်သွား တယ်။

သူက ပြန်လာတဲ့လမ်းမှာ သူ့ဖုန်းထဲက ပြက္ခဒိန်ကို ဖွင့်ပြီး အတည်ကြီး လှန်လှော ကြည့်တယ်။

ဖေဖော်ဝါရီ ၁၄ရက်။

ဆိုတော့ တစ်ပတ်တောင် မလိုတော့ဘူးပဲ။

ကျစ်..

ဒါကို သိသွားတာနဲ့ ရှန်ရန်ချင်းက ရုတ်တရက် ဆိုသလို စိတ်လှုပ်ရှား သွားမိတယ်။

သူက ဂရုချက်ကို ပြန်သွားပြီး စာရိုက်လိုက်တယ်။

[အကယ်၍ ချစ်သူများနေ့ ရောက်ရင် သာမန်အတိုင်းပဲပြော လူတွေက ဘာလုပ်ကြလဲ]

[ကျွန်တော်ကတော့ ဝန်ခံပြီး ဒိတ်လုပ်ဖို့ကို အကြံပေးပါတယ်]

လက်ထောက်ယွမ်:[ဥက္ကဌရှန် ခင်‌ဗျားအတွက် ပလန်ဆွဲပေးဖို့ အချိန်ပိုလုပ်ဖို့ ကျွန်တော့်ကို လိုအပ်လားဗျ]

[ဒါပေါ့]ရှန်ရန်ချင်းတော့ ဒီအကြံက ကောင်းတယ်လို့ထင်တယ်။

[မနက်ဖြန်ည မရောက်ခင် မင်းရဲ့အဆိုပြုချက်ကို ငါ မြင်ချင်တယ်]

[ပြဿနာမရှိပါဘူး]သူ့လစာသုံးဆ တိုးဖို့အတွက် လက်ထောက်ယွမ်က အိပ်ရာပေါ်မှ ခုန်ထ လာလိုက်တယ်။ သူက လက်တစ်ဖက်နဲ့ ကွန်ပြူတာကို ဖွင့်လိုက်ပြီး အခြားတစ်ဖက်နဲ့ သူ့ဖုန်းထဲက ဘရောက်ဇာကို ဖွင့်လိုက်တယ်။ သူက အလျင်အမြန်အလုပ် စလုပ်လာတော့တယ်။

ဂရုချက်ထဲက မထွက်ခင် ရှန်ရန်ချင်းက သူ့ရဲ့ကျေးဇူးတင်မှုကို ဖော်ပြဖို့အတွက် ဂရုထဲကို စာအိတ်နီအချို့ ပို့လိုက်တယ်။

“ဒါတွေက ကျွန်မအတွက် လား”

သူ့လက်ထဲက မစ်တီးနှစ်ခွက်ကို မြင်တော့ နန်‌ကောက ထူးဆန်းတာ။ တစ်ခုခုကို ရှာတွေ့ သွားတယ်။

“ဟုတ်တယ်။ ကိုယ်က မင်း ဘာကို ကြိုက်မှန်း မသိလို့။ လူတိုင်းက ဒါက အကောင်းဆုံးလို့ ပြောတာမို့ မင်း သောက်လို့ ရအောင် ဝယ်လာခဲ့တာ”

“ကျွန်မ သောက်နိုင်ဘူးလေ” နန်ကောက တစ်ခွက်ကို သူ့ကို ကမ်းလိုက်တယ်။

“ရှင်က တစ်ခွက်ယူလေ”

“အရင်ဆုံး မင်းဘယ်တစ်ခုကို ကြိုက်လဲ အရင်မြည်းကြည့်လေ

ကိုယ်က တစ်ခြားခွက်ကို ယူလိုက်မယ်”

“ဟမ် အဲဒါဆို ရှင် တကယ်ပဲ အဆင်ပြေရဲ့လား”

နန်ကောက လုံးဝ နားမလည်တော့ဘူး။

“ဒါဆို အဲဒါကို သန့်ရှင်းအောင်လို့ ပိုက်ပဲ သုံးလိုက်မယ်”

သူမက ခွက်နှစ်ခွက်လုံးကို ပိုက်တစ်ခုတည်းနဲ့ပဲ သောက်ခဲ့တယ်။

“အဆင်ပြေပါတယ်” ရှန်ရန်ချင်းက ဒါနဲ့ ပတ်သက်ပြီး အများကြီး ဂရုမစိုက်ခဲ့ဘူး။

သိပ်မဝေးတဲ့ နေရာမှာ ယွီနဲ့ သူ့သူငယ်ချင်းတွေက ဟော့ပေါ့ စားလို့ ပြီးတာမို့ မော်လ်ထဲက ထွက်လာခဲ့တယ်။ သူတို့က တစ်ယောက်ပခုံးပေါ် တစ်ယောက်လက်မောင်း တင်ရင်း ရီမောကာ စကား ပြောနေကြတယ်။

သူ တံခါးကနေထွက်ပြီး ရေပန်းကို‌ ကျော်မသွားခင် တစ်ချက် ကြည့်ရုံနဲ့ နန်ကောကို သူ တွေ့လိုက်ရတယ်။

“ဘာကိုကြည့်နေတာလဲ။ အလှလေးက အဲဒီမှာ ရှိနေလို့လား။ မင်း ဘာလို့ မထွက် သွားတာလဲ”

“ခဏနေ‌ဦး” ယွီက သူ့သူငယ်ချင်းလက်မောင်းကို ဖယ်လိုက်ပြီး အနီးကပ်ကြည့်ဖို့ သူ့မျက်လုံးကို ကျဉ်းမြောင်း မိတယ်။

သိပ်မဝေးတဲ့ နေရာမှာ နန်ကောက သူမရှေ့ကလူကို ‌မစ်တီး တစ်ခွက်ကို လှမ်းပေး နေတယ်။

သူတို့ရဲ့ ရင်းနှီးနေတဲ့ လှုပ်ရှားမှုကို မြင်တော့ သူ့ပါးစပ်က အောက်ပြုတ်ကျသွားတယ်။

“သူက ဘယ်သူလဲ” သူ့သူငယ်ချင်းတွေကလည်း သူ့အတိုင်း လိုက်ကြည့်နေခဲ့တယ်။

ဒါပေမဲ့လည်း အဲဒီမှာက လူအများကြီးရှိနေခဲ့တယ်။ လူအိုကြီးယွီ ယွီ ကြည့်နေတာက ဘယ်သူမှန်း သူတို့က သိမနေဘူး။

“မင်းတို့တွေအရင်ထွက်နှင့် ဖယ်စမ်းကွာ ငါ့ကို လာမပိတ်နဲ့”

သူပြောပြီးတာနဲ့ ယွီက သူ့ဖုန်းကို ထုတ်လိုက်ပြီး ခိုးကြောင် ခိုးဝှက် နန်ကောနဲ့ရှန်ရန်ချင်းတို့ ပုံနှစ်ပုံကို ရိုက်လိုက်တယ်။

နန်ကောက မစ်တီးသောက်နေဆဲမှာ မော့ကြည့်လိုက်တော့ ယွီကို တွေ့လိုက်တယ်။

သူတို့အကြည့်ချင်းဆုံတော့ သူတို့မျက်နှာက အမူအရာက တစ်ယောက်ထက်တစ်ယောက်က ပိုပြီးအံ့ဩသွားလေတယ်။

“.....”

အချင်းချင်းကြည့်နေပြီးတော့ ယွီက အဝေးကို ပြေးသွားတ ယ်။ နန်ကောက တစ်ခဏတော့ ကြောင်အသွားတယ်။ သူမက သူမလက်ထဲက မစ်တီးကို ရှန်ရန်ချင်းကို ပေးလိုက်ပြီး ချက်ချ င်းပဲ သူ့နောက်ကို ပြေးလိုက်သွားတယ်။

“အဲဒီမှာရပ်နေ”

ရှန်ရန်ချင်းလည်း အံ့အားသင့်သွားတယ်။

သူက တစ်ဖက်လှည့်လိုက်တာနဲ့ လူကြားထဲက သူ့တားဂတ်ကို ရှာ တွေ့တယ်။

အနားမှာလူတွေများတာကြောင့် ဖြစ်နိုင်တယ် ယွီကအများကြီး မပြေးနိုင်တော့ဘူး။ နန်ကောက သူ့ကို အမြန်ဖမ်းမိသွားပြီး သူခိုး တစ်ယောက်ကို ဖမ်းမိသွားသလိုမျိုး သူ့ကို ထိန်းထားလိုက် တယ်။

“နင်ဘာလုပ်နေတာလဲ” ယွီက နာကျင်လာတယ်။

“ငါ့ကိုလွတ် ငါ့ကိုလွတ်စမ်း”

“နင်အခုလေးတင် ဘာလုပ်လိုက်လဲ”

နန်ကောက သူ့ကိုလုံးဝမလွတ်ဘူး။ သူမတစ်ကြိမ်လောက်သာ လွှတ် ကြည့် လူကနေပြီး ငါးလိုမျိုး လျှော်ထွက်သွားမှာ။

“ငါက ဘာကိုလုပ်ရဦးမှာလဲ သူငယ်ချင်းတွေနဲ့ ညစာစားပြီး အိမ်ပြန်မလို့လေ”

“ပေါက်ကရတွေ နင်အခုလေးတင် ဘာကိုရိုက်လိုက်တာလဲ”

“ဟမ် နင်ဒါကို မြင်လိုက်တာလား”

“....”

“ငါက နင့်ရဲ့ပုံနှစ်ပုံပဲ ရိုက်ခဲ့တာ ငါက နင့်ကို နောက်နေ့မှာ အဲဒီအကြောင်း မေးမလို့ပဲ”

“ငါမယုံဘူး နင့်ဖုန်းကို ဖွင့်ပြ”

“ကျစ်” ယွီက‌ ရွေးချယ်စရာမရှိတော့တာမို့ သူမကြည့်ရအောင် သူ့ဖုန်းအယ်ဘမ်ကို ဖွင့်ပြလိုက်ရတယ်။

“ကြည့် ငါပြောခဲ့သလို နှစ်ပုံပဲမလား ငါပုံပိုပြီး မရိုက်ထားဘူး”

နန်ကောကဘး သူပြောတာကို မကြားသလို ဟန်ဆောင်နေတယ် ။ သူက ဓါတ်ပုံအယ်ဘမ်က ထွက်လိုက်ပြီး သူ့ရဲ့ဝီချတ်ထဲကို ဝင်လိုက်တယ်။ ဒါကို မြင်တော့ ယွီကရှော့ခ်ရသွားပြီး လက်ဆန့် ထုတ်ကာ ဖုန်းကို ဆွဲလုလိုက်တယ်။

“ဟေးဟေးဟေး ဘာလို့ ငါ့ဝီချတ်ကိုဖွင့်တာလဲ”

“အကျင့်မကောင်းတဲ့ကောင်” နန်ကောက သူ့ကိုစိုက်ကြည့်နေတယ်။

“....”

သူမအော်လိုက်တာနဲ့ အကြည့်များစွာက ယွီ့ဆီရောက်လာတာမို့ သူက မလှုပ်ရဲတော့ဘူး။

နန်ကောက အခွင့်အရေးယူကာ ဝီချတ်ကို ဖွင့်လိုက်တယ်။ သူ့ ထိပ်ဆုံးမှာ တွဲထားတဲ့ ပို့စ်နှစ်ခုကို ကျော်လိုက်ပြီး လွန်ခဲ့တဲ့ နှစ်မိနစ်က မက်ဆေ့ခ်ျဘောက်ကို ဖွင့်လိုက်တယ်။

လက်ခံသူ:[ဘရိုနန်]

ဖွင့်နှိပ်ကြည့်လိုက်တော့: [ပုံ] [ပုံ]

[ကော လာစစ်ကြည့်ပါဦး]

နန်ကော;”.....”

နန်ကောက ပို့စ်တွေကို ပြန်ဖော်လိုက်ပေမဲ့ ကံမကောင်းစွာနဲ့ အရမ်းနောက်ကျသွားတယ်။

သူမက အံကြိတ်ရင်း ယွီကို ကြည့်လိုက်တယ်။

နောက်ကို အမြန်ကြည့်လိုက်မိတော့ သူ့ခေါင်းကိုမြင့်လိုက်ရင်း ဘေးကို ကြည့်လိုက်တယ်။

“ကျစ် ဒီည ငါးအသားလွှာင်ဆိုင်က ဖွင့်မယ်လို့ထင်လား အားလပ် ရက်မှာ ငါးစားဖို့ ဖြစ်နိုင်ပါ့မလား”

“နင်က ငါ့ကောကို ပြန်တိုင်ပြောခဲ့တာပဲ။

နန်ကောက ဒေါသထွက်တာမို့ သူ့ဖုန်းကို ပြန်ပစ်ပေးလိုက်တယ်။

“သစ္စာဖောက် နင်က မယုံကြည်ရတဲ့သူပဲ”

“ဟေး ဘာလို့ တိုင်တယ်လို့ ပြောရတာလဲ”

ယွီက သူ့နှာခေါင်းကို ကိုးရိုးကားယားထိရင်း အမှန်ပြင်ပေး လိုက်တယ်။

“ငါက နင်ကောင်းဖို့အတွက်လေ”

“ငါ...” နန်ကောက ဒေါသထွက်လွန်းလို့ သူ့ကို ရိုက်ချင်လာတယ်။

နောက်တစ်စက္ကန့်မှာပဲ အသံတစ်ခုက သူတို့နားထဲ ဝင်လာတယ်။

“နန်ကော သူက မင်းသူငယ်ချင်းလား”

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်” နန်ကော ပြန်မဖြေရသေ းခင် ယွီက တက်တက်ကြွကြွ ရှေ့တိုးလာတယ်။ သူက မော့ကြည့်တာနဲ့ အံ့အားသင့်သွားတယ်။

“မင်းက အဲဒီလူမဟုတ်.....”အဲဒါက ဘားကလူ မဟုတ်ဘူးလား။

အမျိုးသားက ခေါင်းညိတ်ပြီး သူ့ကိုယ်သူ မိတ်ဆက်လာတယ်။

“ရှန်ရန်ချင်း”

“ဘယ်လိုတောင် ရင်းနှီးတဲ့နာမည်လဲ အရင်ရက်က နင်နဲ့နင့်ကော ပြောတဲ့ ခွေးကောင်ရှန်ဆိုတဲ့လူကို ငါမှတ်မိပြီ သူက တကယ်ကို ဟွာရှန်ဂရုရဲ့ စီးအီးအိုနဲ့ နာမည်တူတာပဲ”

နန်ကော”......အဲဒီလူက တစ်ယောက်တည်း ဖြစ်မယ်လို့ မတွေးမိ ဘူးလား”

++++

All Chapters