← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

Ch 65 အကွက်သုံးကွက်တည်းနဲ့ ယောင်္ကျားတစ်ယောက်ကို ဘယ်လိုရနိုင်မလဲ။

“ဘာလို့ အားလုံးက ဒါကိုပဲ မေးကြတာလဲ”

ဒီမေးခွန်းက နန်ကောကို အကျပ် ရိုက်မိစေတယ်။

သူမက တကယ်ပဲ ရှန်ရန်ချင်းနဲ့ ချိန်းတွေ့ မိခဲ့တာများလား။

သူမကတော့ အဲဒီလိုမျိုးမတွေးမိဘူးရော...

သူမတို့နှစ်ယောက်လုံးက ဒီကိစ္စကို အစကနေအဆုံးထိ ဒီလိုမျိုး မဖော်ပြခဲ့ဘူး။

ဒါကိုတွေးလိုက်မိတော့ နန်ကောက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဘာလုပ်ရမှန်း မသိ‌တော့ဘူး ဖြစ်သွားတယ်။

တုံ့ဆိုင်းနေပြီးနောက်မှာတော့ သူမက ရိုးရိုးသားသား ပြောခဲ့တယ်။

“မဟုတ်ပါဘူး”

“ဟမ်” ယွီက သူမကို သိသိသာသာကို မယုံကြည်ခဲ့ဘူး။

“နင်တို့ ဒါကို လုပ်နေပြီး‌နေပြီလေ။ မင်း ဒိတ်နေတာမဟုတ်ဘူးဆိုတာ သေချာရဲ့လား”

“ငါတို့က ဘာလုပ်နေလို့လဲ”

“နင်တို့ ချိန်းတွေ့ ခဲ့ကြတယ်လေ....”

ယွီက အချစ်ရေးမှာအတွေ့အကြုံ အတော်များများရှိ တယ်။

သူ့ရဲ့အချစ်ဦးကလည်း ဂျူနီယာအထက်တန်း ကျောင်းသားဘ၀ တုန်းက စတင်ခဲ့တာ ဖြစ်တယ်။

နှစ်များစွာ ကြာလာတော့ သူနဲ့တွဲခဲ့ဖူးတဲ့ ကောင်မလေး အရေအတွက်က ဘောလုံးအသင်းတစ်သင်းကို ဖွဲ့လို့ရနေပြီလေ။

ဒါကြောင့်ပဲ အကြည့်တစ်ချက်နဲ့တင်း သူတို့နှစ်ယောက်က ဒိတ်နေ ကြလားဆိုတာ တစ်ချက်တည်း ပြောနိုင်တယ်။

“ငါ့ကို လာမလိမ်နဲ့။ လေထုကြီးက ဒီလောက် ရိုမန့်တစ် ဆန်နေတာ

ဒိတ်နေတာ မဟုတ်ရင် ဘာကြီးလဲ”

“အာ…” နန်ကောက တစ်ခုခုကို သဘောပေါက်သွားပြီး

နောက်ဆုံးစကားလုံးကို လေးလေးပင်ပင် ပြောလိုက်တယ်။ “ဒါကို ဒိတ်နေတာလို့ သတ်မှတ်လို့ ရတယ်လား”

ယွီ : “…”

“ငါအခု နင်တို့နှစ်ယောက် အတူတူ မရှိသေးတာကို ယုံလိုက်ပြီ”

နန်ကောရဲ့ သုံးစားမရတဲ့ ခေါင်းအတိုင်းဆို သူမက ဒီလောက်အစောကြီး ချိန်းတွေ့တာကပဲ အံဩစရာ ကောင်းနေမှာ။

“နင်… ငါလေ နင့်ကိုဘယ်လိုပြောရမှန်းတောင် မသိတော့ဘူးဟ”

ယွီက သက်ပြင်း ချလိုက်မိတယ်။

“ဒီနှစ်တွေထဲမှာ နင်ကဒီလိုမျိုးကြီး ဆက်တိုက် နေနေခဲ့တာလား”

ဒါက သူတို့နှစ်ယောက်မှာ သူက နန်ကောထက် အသက်တစ်နှစ် ကြီးတာမို့ ဖြစ်တယ်။ သူတို့နှစ်ယောက်က အတန်းတူ မဟုတ်ပေမဲ့ တစ်လျှောက်လုံး တစ်ကျောင်းတည်း တက်နေခဲ့တာ ဖြစ်တယ်။

ဂျူနီယာအထက်တန်းမှာ နန်ကျဲ့က နန်ကောကို ကာကွယ်ဖို့ဆိုတဲ့ လေးလံတဲ့ တာဝန်ကြီးကို ပေးခဲ့တယ်။

အဲဒီအချိန်တုန်းက သူက နန်ကောကို အတော်လေး အာရုံစိုက် ခဲ့ရတယ်။ အကယ်၍ အဲဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရင် သူက လုပ်နေကျအတိုင်း နန်ကျဲ့ကို ချက်ချင်းပဲ ပြောလိုက်လေ့ရှိတယ်။

ဒါကြောင့် ဒီနေ့ည နန်ကောနဲ့ ရှန်ရန်ချင်းတို့ အတူတူရှိနေတာကိုမြင်တော့ သူက မသိစိတ်အရ ဓာတ်ပုံရိုက်လိုက်ပြီး နန်ကျဲ့ဆီကို ပုံပို့လိုက်မိတယ်။

အဲဒါက လေ့ကျင့်ပေးထားသလိုမျိုး အလိုအလျောက် လုပ်ဆောင်ချက် တစ်ခုလိုမျိုးပဲ။

ဥပမာပြောရရင် ဂျူနီယာအထက်တန်းကျောင်းမှာ ကောင်လေးတစ် ယောက်က နန်ကောကို မုန့်ကျွေးတယ် ဆိုပါတော့။

နန်ကောက သူ့ကို အကြိမ်ပေါင်းများစွာ ငြင်းခဲ့ပြီးတာတောင် သူက သူမကို လက်ဆောင်တွေ ဆက်ပေးနေတုန်းပဲ။

တစ်ကြိမ်မှာတော့ သူမ မငြင်းနိုင်တော့ပဲ အထုပ်ကို ဖောက်စားကာ ကျောင်းဆင်းတော့ သူ့ကိုတောင် ကျွေးလိုက် သေးတယ်။

နောက်ပိုင်းမှာ သူမေးကြည့်တော့ အဲဒါက တခြားကောင်လေးဆီက လက်ဆောင်ဆိုတာ သူသိလိုက်ရတယ်။

ဒါကို ဘယ်လိုများ လုပ်ရတော့မလဲ။

ဒါက လယ်ဗယ်ဝမ်း အချက်ပေးသံ ဖြစ်လာတယ်။

အဲဒီအချိန်မှာ သူက မေးလိုက်တယ်။ “သူက ဘယ်အတန်းကလဲ။ သူ့နာမည်က ဘာလဲ”

“ဘာလို့လဲ”

“သူ့ကို ရိုက်ဖို့ ငါတစ်ယောက်ယောက်ကို ခေါ်သွားမလို့လေ”

“ဘာလို့လဲလို့”

“သူ့အချစ်ကို ဝန်ခံဖို့ဆိုပြီး နင့်အတွက် မုန့်တွေ မပေးခဲ့ဘူးလား။ နင်က အဲဒါတွေကို လက်ခံခဲ့တယ်လေ။ နင့်ဘက်က သဘောတူခဲ့ သေးလား။ နန်ကော နင်ကတော့ သေတဲ့အထိ အရိုက်ခံရမဲ့ အသားတုံးပဲ။ ငါ နင့်အစ်ကိုကို သွားပြောလိုက်တော့မယ်”

“သူက ငါ့ကို အတင်းပေးခဲ့တာပါဟ။ ငါ ငါ ငါ ခဏလေး ဒါက ဖွင့်ပြောလိုက်တာလား”

“…”

အဲဒီအချိန်ကနေပြီး သူက နန်ကျဲ့ အတွေး လွန်နေပြီလို့ သူခံစား လိုက်ရတယ်။

နန်ကောက အသက်ငယ်ငယ်နဲ့ ချစ်မိသွားမှာလားဟ ဟမ့် အဲဒါက တွေးကြည့်ရုံနဲ့ပဲ တော်တော်လေး ရယ်စရာကောင်းနေပြီ။

ကမ္ဘာကြီးပေါက်ကွဲသွားရင်တောင်မှ နန်ကောက ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်မိမှာ မဟုတ်ဘူး။

သူမရဲ့ ဦးနှောက် အလုပ်လုပ်ပုံကြောင့် သူမကို သဘောကျမိ သူတိုင်းက သူတို့အရင်ဘဝက မကောင်းတာတွေကို လုပ်ခဲ့ပြီး ကြီးမားတဲ့ အပြစ်တွေကို လုပ်ခဲ့ရတဲ့သူတွေ ဖြစ်နိုင်တယ်။

“ကျစ် ဒါဆိုငါ့ကိုပြောလေ နင်နဲ့ ရှန်ရန်ချင်းတို့ အခုလုပ်နေတာတွေကို”

“အမ်” နန်ကောက ပြောစရာ မရှိတော့ဘူး။ “အဲဒါက...”

ယွီက သက်ပြင်းချပြီး တဲ့တိုးပြောလာတယ်။

“နင်တို့ အရင်က ဖက်ဖူးလား”

နန်ကောက အတည်ပေါက်ကြီး ခေါင်းညိတ်လာတယ်။

“ဖက်ဖူးတယ်”

ယွီက သူ့နှုတ်ခမ်းတွေကို စုဝိုင်းမိတယ်။ တကယ်တော့ အဆင်ပြေ ပါသေးတယ်။ ဒါက ဖက်ထားရုံပဲလေ။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက် ဖက်ကြတယ်လေ။ ဒါက ကြီးကြီးမားမား ပြဿနာတော့ မဟုတ်သေးဘူး။

ဒါ့ကြောင့် သူက ဆက်မေးလိုက်တယ်။

“လက်ကိုင်တာကရော ဘယ်လိုလဲ”

နန်ကောက ရှက်သွားတယ်။ သူမက ခေါင်းအုံးကို ကောက်ယူလိုက်ပြီး တိုးတိုးလေး ပြောလာတယ်။

“အင်း..”

ဒီညမှာ သူတို့က နှစ်ကြိမ်တိတိ လက်ကိုင်ခဲ့ကြတာ‌လေ။

“ဘယ်လိုမျိုး ကိုင်တာလဲ” အဲဒါက သာမာန်လိုမျိုး လက်ကိုင်ထားရင် အဆင်‌ပြေ သေးတယ်။ သူငယ်ချင်းတွေကလည်း လက်ကိုင်ကြတယ်မဟုတ်လား။

“အမ်… လက်ချောင်းတွေ ယှက်ထားပြီး‌လေ”

သူမ စကားများများ ပြောလာလေ သူမအသံက ပိုပြီးတိုးလာတယ်။ သူမက ရှက်နေမှန်း အတော်လေးကို သိသာတယ်။

“ဟစ်” ယွီ သက်ပြင်း ချလိုက်မိတယ်။ နန်ကျဲ့သာ သိခဲ့ရင် ဥက္ကဌရှန်ရဲ့လက်ကို ခုတ်ပစ်မှာ မဟုတ်ဘူးလား။

“ဒါဆို…” သူက တုံ့ဆိုင်းမိသွားတယ်။

“နင်တို့ နမ်းပြီးပြီလား”

“နိုး နိုးနော်” နန်ကောက ခေါင်းကို ခပ်ပြင်းပြင်း ခါလိုက်မိတယ်။ ဒီတစ်ကြိမ်မှာတော့ သူမအသံက နည်းနည်းလေး ပိုကျယ်လာတယ်။

ယွီက သူမကို ကောင်းကောင်း သိတယ်။ သူမစကားပြောသံမှာ အပြစ်မကင်းဟန် ရှိနေတယ်။

“ နင်တို့ တကယ်ကြီး နမ်းတဲ့ အဆင့်ကို ရောက်နေပြီပဲ။ သေစမ်း နန်ကော နင်က တကယ် တစ်ခုခုပဲ။ အဲဒီလို ဖြစ်သွားမယ်လို့ ငါ ကြို မမြင်ခဲ့မိဘူး”

“နင်က ကိစ္စတိုင်းကို လျှို့လျှို့ဝှက်ဝှက်နဲ့ တိတ်တိတ်လေး လုပ်ခဲ့တာပဲ နင်က ဘာမှကို မလုပ်လောက်ဘူးလို့ လူတိုင်းက ထင်ထားပေမဲ့ နင်က ရုတ်တရက် အစ်ကိုနန်ကို အဲဒီလောက် ကြီးမားတဲ့ ရိုက်ချက်ပြင်းပြင်း ပေးခဲ့တာပဲ”

နန်ကောက ဆွံ့အ သွားတယ်။

“မဟုတ်ဘူး။ ငါ တကယ် မလုပ်ခဲ့ဘူးလို့...”

“ဟုတ်ပြီ။ ဟုတ်ပြီဟ။ ငါနားလည်ပါတယ်လို့။ ငါလည်း အဲဒီနေရာကိုဘ ရောက်ဖူးပါတယ်” ယွီက ပြောနေရင်း တခစ်ခစ်ရယ်လိုက်ရင်း ခပ်တိုးတိုး‌ ပြောလာတယ်။

“စိတ်မပူပါနဲ့ ဒီတစ်ခါတော့ ငါနင့်ဘက်က သေချာပေါက် ရပ်တည်ပေးမှာ “

နန်ကောက ပြန်ပြောလာတယ်။ ”ဟမ်”

“အစ်ကိုနန်ကို ငါမပြောပါဘူး။ ငါက နင့်ကို လျှို့ဝှက်ပေးဖို့ ငါက ကူညီပေးမှာ။ ငါ့ကို ယုံစမ်းပါဟ အနာဂတ်ထိ နင့်အတွက် ငါ ကူဖုံးဖိ ထားပေးမယ်”

နန်ကောက ဘာမှမပြောနိုင်တော့ဘူး။ ဘာကိာ ကျေးဇူးတင်ရမှာလဲ။

“စကားမစပ် နောက်တစ်ပတ်မှာ ချစ်သူများနေ့နော်။ ဥက္ကဌရှန်က နင့်ကို အပြင်ထွက်ဖို့ မေးခဲ့သေးလား”

ယွီက ဒီကိစ္စကို အတော်လေး ပူပန်နေမိတယ်။ သူ ချိန်းတွေ့နေတုန်းက ထက်တောင် ပိုပြီးအလေးအနက် ဖြစ်နေသေးတယ်။

“နင့်ကို အကွက်နည်းနည်း‌ သင်ပေးဖို့ကော ငါ့ကို လိုလား။ ချစ်သူများနေ့ကို အခွင့်ကောင်းယူပြီး သူ့ကိုနင့်ကို အပြတ်ကြွေအောင် လုပ်လိုက်”

“ဒါပေမဲ့ သူက ငါ့ကို မမေးဘူးလေ”

“ကျစ် ဥက္ကဌရှန်က အလုပ်ရှုပ်နေတာကို နားလည်နိုင်ပေမဲ့ နင်က သူ့ကို မေးလို့ရတယ် မဟုတ်ဘူးလား”

“… နင်သေချာရဲ့လား”

“မင်း သူ့ကို နမ်းပြီးပြီပဲ။ ချစ်သူများနေ့မှာ ချိန်းတွေ့ဖို့ကျ ဘာလို့ ရှက်နေတာလဲ”

“ငါတို့ မနမ်းဘူးလို့ နင့်ကို ပြောပြီးပြီလေ”

“ကောင်းပြီ ကောင်းပြီ ကောင်းပါပြီလို့ “ ယွီက ဝတ်ကျေတန်းကျေ ပြန်ဖြေတယ်။

ဒါကို ကြားတော့ နန်ကောက သူက သူမကို မယုံဘူးဆိုတာ သိလိုက်ရတယ်။ သူမ နဖူးကို ပြောစရာ မဲ့စွာနဲ့ပဲ ကိုင်လိုက်မိတယ်။

သူမရင်ထဲမှာ အရမ်းပင်ပန်းနေခဲ့ပြီ။

“ငါ ပြောတာ နားထောင် သူ့ကို အခုပဲ မက်ဆေ့ခ်ျပို့လိုက်။ နောက်အပတ် ချစ်သူများနေ့မှာ ညစာထွက်စားဖို့ တောင်းဆိုလိုက်”

“အခုပဲ သူ့ကို စာပို့ရမှာလား ဒါက အရမ်းကြီးစောဘူးလား” သူမက နည်းနည်းတော့ စိတ်ရှုပ်နေခဲ့တယ်။

“ဒါပေါ့ဟ ဒါမျိုးက မြန်လေ ပိုကောင်းလေပဲ ဥက္ကဌရှန်က ရွှေတံဆိပ်ဆုရှင်လေ။ အဲဒီလိုနေ့မျိုးမှာ လူတော်တော်များများက သူ့ကို အပြင်ထွက်ဖို့ မေးချင်မှာ သေချာတယ်”

“နင်သာ စောစောချိန်းထားရင် ချစ်သူများနေ့မှာ တန်းစီရမဲ့ နံပါတ်အ‌ရေအတွက် မြင့်မြင့်ရဖို့ ပိုများနေမှာ မဟုတ်လား”

“သူ့ကို အခြားအမျိုးသမီးတစ်ယောက်က မေးဖို့ ကြိုးစားနေရင် ဘယ်လိုလုပ်မလဲ”

“သူက သူ့အိမ်မှာ တခြားသူနဲ့ ချစ်သူများနေ့မှာ ညစာအတူစား နေမှာကို နင်က သဘောကျတယ်လား”

“နင့်ဘက်ကသာ အစပျိုးထားရင် တစ်နေ့မှာ ဇာတ်လမ်းတစ်ပုဒ်နဲ့ ကလေးတွေတောင် ရလာမှာ”

“ဟုတ်ပြီ။ ဟုတ်ပြီ။ ဟုတ်ပြီ အဲဒါက အဓိပ္ပာယ် ရှိတယ်”

နန်ကောက သူ့ကို ယုံတယ်။

“အယ် မဟုတ်သေးပါဘူး။ နင်က ဘယ်ကလေးတွေ အကြောင်းပြော နေတာလဲ”

“အသေးအဖွဲ့ ကိစ္စတွေကို ခေါင်းခြောက်မခံနဲ့။ အဲဒါက ဒီအတိုင်း ပြောလိုက်တာ”

“ဒါဆို ငါသူ့ကို ဘယ်လိုမျိုးစာပို့ရမလဲ”

ယွီက သူမကို တစ်စွန်းတစ်စ ပြောလာတယ်။

ဆယ်မိနစ်လောက် ကြာတော့ ခေါ်ဆိုမှုက ပြီးသွားတယ်။

ယွီက သူမကို အတည်ပေါက်ကြီး ဆောင်းပါးတစ်ပုဒ် ပေးပို့ခဲ့တယ်။ အမျိုးသားတစ်‌ယောက်ကို အကွက်သုံးကွက်နဲ့ ဘယ်လိုမျိုး အပိုင်ချုပ်မလဲ။

မှတ်ချက်အနေနဲ့ ရေးလာတယ်။ -[ငါ့ကိုယုံ ဒါက သေချာပေါက် အလုပ်ဖြစ်တယ်]

နန်ကော :[အိုကေ]

_____

နန်ကောက မတုံးဘူး။ ယွီပြောသမျှ အကုန်လုံးကို သူမက မယုံကြည်တာမို့ သူမကို ကူပြီးစစ်ဆေးပေးဖို့ စုဟွေ့ဆီ ပို့ဖို့ လင့်ခ်ကို နှိပ်လိုက်တယ်။

သူမ ပို့ပြီးသွားတာနဲ့ ယွီနဲ့ ဒိုင်ယာလော့ ဘောက်ထဲမှ ထွက်ကာ စုဟွေ့ကို သွားကြည့်လိုက်တယ်။

ရုတ်တရက် ဖန်သားပြင်ရှေ့ရှိ ပင်ဂွင်းပေါက်က ကြောင်အသွားတယ်။

ဘာလို့များ ရှန်ရန်ချင်းဆီ မက်ဆေ့ချ်တစ်စောင် ပို့လိုက်တယ်လို့ သူမဖုန်းက ပြရတာလဲ။

ဒါက ထူးဆန်းလွန်းတယ်။ တုန်လှုပ်သွားပြီးနောက် သူမက အဲဒါကိုနှိပ်လိုက်တာနဲ့ ရင်းနှီးတဲ့ဆောင်းပါးတစ်ပုဒ်ကို ချက်ချင်း တွေ့လိုက်ရတယ်။ ခေါင်းစဉ်က မျက်စိဖမ်းစားနိုင်ပြီး ဖုန်းထဲမှာ ထင်ထင်ရှားရှား ပေါ်လာတယ်။

နန်ကောရဲ့နှလုံးခုန်နှုန်းက တစ်ချက်ချင်း မြန်လာတယ်။

သူမက တုန်ရီနေသောလက်တွေနဲ့ ပြန်ထွက်လိုက်ပြီး စုဟွေ့နဲ့

ဒိုင်ယာလော့ခ်ဘောက်စ်ကို ကြည့်လိုက်မိတယ်။ အဲဒါက ဗလာကြီး ဖြစ်နေတယ်လို့။

အဲဒါက လုံးဝ ဗလာကြီးပဲလို့.................။

သူမက ထိပ်တွင် ချိတ်ထားရမဲ့ ကိစ္စများများ မရှိဘူး‌လေ။

တစ်ခုက သူမရဲ့အခန်းဖော်တွေရဲ့ဂရုချတ်ဖြစ်ပြီး နောက်တစ်ခြု စုဟွေ့ရဲ့ဂရုချတ်သာ ဖြစ်တယ်။

သူမက ဒီနေ့မှ ရှန်ရန်ချင်းကို ထည့်ခဲ့တာလေ။

ပြောင်းပြောရရင် သူမက အခုတင် မှားပြီးနှိပ်ပို့လိုက်မိတာ။

ပြန်ဖျက်ရမယ် သူမက ချက်ချင်းပဲ ပြန်ဖျက်မှရမယ်။

ကံကောင်းလို့ သူမက အချိန်မှီ ရုတ်သိမ်းလိုက်နိုင်တာ။ နန်ကောက သူမရဲ့ရင်ဘတ်ကို ဖိလိုက်မိတယ်။

ဒါပေမဲ့ သူမ သက်ပြင်းတစ်ချက် ချတုန်း ရှိသေးတယ်။ စာအသစ် တစ်စောင်က မြင်ကွင်းမှာ ပေါ်လာတယ်။

[ကိုယ် မြင်လိုက်တယ်]

******

All Chapters