← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

Ch 66 ဘလိုင်းဒိတ်

ရှန်ရန်ချင်းက ကားမောင်းနေဆဲဖြစ်ပြီး သူ့ဘေးမှာ ဖုန်းရှိနေခဲ့တယ်။

ဒါပေမဲ့ နိုတီသံကို ကြားပြီးတော့ သူ စိတ်ထင် နေခဲ့တာမို့ နိုတီဖွင့် ကြည့်လိုက်မိတယ်။

အဲဒါက တကယ်ကို နန်ကောဖြစ်နေတယ်။

အားနေတဲ့လက်တစ်ဖက်နဲ့ သူ့ဖုန်းကို လော့ခ်ဖြေရင်း ဖွင့်လိုက်တယ်။

ဆောင်းပါးတစ်ခုရဲ့လင့်ခ်တစ်ခုက သူ့မြင်ကွင်းထဲ ဝင်ရောက်လာတယ်။ နန်ကောက ပျော်စရာ တစ်ခုခုကို သူ့ဆီ မျှခဲ့တယ်လို့ သူထင်ခဲ့တာ။

ကောင်မလေးက များသောအားဖြင့် လူကြိုက်များတဲ့ ရေပန်းစားတဲ့ အကြောင်းအရာတွေကို သူမရဲ့ဝီချတ်မိုးမန့်မှာ ထူးဆန်းတဲ့ အရာတွေကို တင်ခဲ့တယ်။

တကယ်ကိုပဲ မျိုးဆက် ကွာဟချက်ရှိတာမို့ ဖြစ်နိုင်တယ်။ တစ်ခါတရံမှာ သူတကယ်ပဲ သူမ ပြောနေတဲ့ အကြောင်းတွေကို မသိဘူး။ သူက နားလည်လာအောင် တခြားသူတွေကို ပြန်မေးနေရတယ်။

ဒါပေမဲ့လည်း ဒီဆောင်းပါးရဲ့ခေါင်းစဉ်က ...

“အမျိုးသားတစ်ယောက်ကို အကွက်သုံးကွက်နဲ့ ဘယ်လိုမျိုး ချုပ်ကိုင်နိုင်မလဲ…”

ဒါကို ဖတ်မိပြီးတာနဲ့ သူ ကြောင်အ သွားတယ်။ နန်ကော ပြန်မဖျက်ခင်မှာ သူက ဆောင်းပါးကို နှိပ်လိုက်ပြီး အကြမ်းဖျင်း ကြည့်လိုက်တယ်။

အဲဒါက ရေပန်းစားနေတဲ့ခေါင်းစဉ်သာမက အကြောင်းအရာတွေက လည်း အတော်ကြီး လေးနက် နေလွန်းတယ်။

ဒါပေမဲ့ နန်ကောက ဒီဟာကိုသူ့ဆီ ဘာလို့ပို့လိုက်တာလဲ။

သူက ဆောင်းပါးကို ဆက်မဖတ်တော့ဘဲ သူမကို မေးချင်လာတယ်။

အဆုံးမှာတော့ သူမက ဆောင်းပါးကို အမြန်ပြန်ဖျက်လိုက်တယ်။

သူက စာပို့လိုက်တယ် [ကိုယ်တွေ့ လိုက်တယ်]

[…] နန်ကောက သူ့မက်ဆေ့ချ်ကို မြင်တော့ ခေါင်းအုံးပေါ် သူမခေါင်းကို မြုပ်လိုက်တယ်။

သူမကို မတားကြနဲ့။ သူမကို သေခွင့်ပေးလိုက်တော့။

ရှန်: [ဟမ်...]

ရှန်ရန်ချင်းက သူမကို လွယ်လွယ်နဲ့ မလွှတ် ပေးချင်တာမို့ သူကသူမကို မက်ဆေ့ခ်ျတွေ ဆက်ပြီး ပို့နေလိုက်တယ်။

သူမနားတွေက နိုတီကို ကြားတော့ နားထောင်ရင်း နန်ကောက အတော်ရှက်သွားပြီး အသက် မရှူနိုင်တော့ဘူး။

အတော်ကြာမှ ရှောင်ပြေးတာက အသုံးမဝင်မှန်း သူမ သိလိုက်တယ်။ သူမက နောက်ဆုံးတော့ ဒီကိစ္စကို ရင်ဆိုင်ရတော့တယ်။

[ကျွန်မ မက်ဆေ့မှားပို့ခဲ့တာ မမြင်ယောင် ဆောင်ပေးလို့ ရမလား]

ဒါကို ပို့လိုက်ပြီးနောက် သူက ဒူးထောက်ကာ တောင်းပန်‌နေသည့် အီမိုဂျီတစ်ခုကို ထပ်ပို့ခဲ့တယ်။ [*ကျေးဇူးပြုပြီးjpg*]

[အိုကေ] ရှန်ရန်ချင်းက အလွယ်‌လေး သဘောတူခဲ့တယ်။

နန်ကောက နောက်ဆုံးမှာ သူမရဲ့ နောက်ဆုံး ထွက်သက်ကို ဖမ်းဆုပ် နိုင်ဖို့ အခွင့်အ‌ရေး ရခဲ့တယ်။

ရှန် : [ဒါပေမဲ့ ကိုယ့်မှာ နောက်တစ်ခုမေးစရာရှိတယ်။ ]

[မင်းက ဟုတ်လား မဟုတ်လားပဲ ဖြေဖို့လိုတာ]

[မေးလေ] နန်ကောက သူမဖုန်းကို ကိုင်ထားပြီး သူ့မက်ဆေ့ချ်ကို တိတ်တဆိတ် စိုက်ကြည့်နေရင်း သူ ဘာလုပ်နေမှန်း မသိခဲ့ဘူး။

ရှန်: [အကြောင်းအရာထဲက အမျိုးသား.. မင်းကိုယ့်ကို ပြောချင်တာလား]

နန်ကော ကြောင်အသွားတယ်။

ဘယ် အကြောင်းကို ပြောတာလဲ ဘယ်ကအမျိုးသားလဲ။

ခဏ… သူက ဆောင်းပါးအကြောင်းကို ပြောနေတာလား။

[ကိုယ်ကိုယ်တိုင်က ရှင်းရှင်းလင်းလင်း မပြောခဲ့တာ ဖြစ်မယ်။ ကိုယ် ပြောချင်တာက ကိုယ်က မင်းကို ကြွေဆင်း သွားစေချင်တဲ့ လူလား]

[…] သူ မရှင်းပြခဲ့ရင် အဆင်ပြေသေးပေမဲ့ သူ အဲဒီလို ပြောပြီးတာနဲ့ နန်ကောက စကား လုံးဝ မပြောတော့ဘူး။

ရှန်: [အဆင်ပြေပါတယ် မနက်ဖြန်တော့ မင်းကိုယ့်ကို ပြန်ဖြေနိုင်ရင် အဖြေတစ်ခု ပေးရမယ်]

[ဘာလို့လဲဆိုတော့ ဒီအဖြေက ကိုယ့်အတွက် အရမ်းအရေး ကြီးတယ်]

သူမကို မလွတ်မြောက်နိုင်အောင် ထွက်ပေါက်ပိတ်ခဲ့တဲ့ လွှမ်းမိုးခဲ့ တာမျိုးက သူ့ဆီမှာ ဖြစ်ခဲတယ်။

အရင်တုန်းကတော့ နန်ကော ရှက်လာတာကို ခံစားရရင် သူမကို ပြေးပေါက်ပေးဖို့ သေချာပေါက် အစပျိုးခဲ့မှာပါ။ သူက သူမကို အာရုံလွဲဖို့ ပေါ့ပေါ့ပါးပါး အကြောင်းအရာ တစ်ခုကို ချက်ချင်း ပြောင်းခဲ့တာ။

ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ ကွာခြားတယ်။

ဒီလိုမျိုး လွတ်ထားပေးဖို့ ငြင်းဆန်ကာ သူမကို လက်ထဲမှာပဲ ဆုပ်ကိုင်ထားချင်တာက ပထမဆုံးအကြိမ် ဖြစ်တယ်။ သူက တိကျတဲ့အဖြေကို လိုချင်တယ်။

_______

ဒီလိုမျိုးမက်ဆေ့ချ်ပို့ပြီးနောက် ရှန်ရန်ချင်းက သူ့ဖုန်းကိုပိတ်ရင်း ကားမောင်းဖို့ပဲ အာရုံစိုက်ဖို့ လုပ်ခဲ့တယ်။

ဒီနေရာက သူသွားမဲ့နေရာနဲ့ တစ်နာရီလောက် ဝေးနေသေးတယ်။

သူက သူ့ကို နန်ကောက ချက်ချင်း အဖြေပေးဖို့ မမျှော်လင့်ထားဘူး။

ပင်ဂွင်းပေါက်က အမြဲတမ်း နှေးလွန်းတာမို့ သူမကို စဉ်းစားဖို့ အချိန်အလုံအလောက် ပေးရမယ်‌လေ။

တီ တီ

မက်ဆေ့က အမြန်ပဲ ရောက်လာတယ်။

ပင်ဂွင်းပေါက်: [ဟုတ်တယ်… အဲဒီလူက ရှင်ပဲ]

သူမရဲ့အဖြေကိုကြည့်ရင်း ရှန်ရန်ချင်းက သူ့အကြည့်ကို ပြန်မဆုတ်ခင် အနည်းငယ် အံ့အား သင့်သွားပေမဲ့ ဆက်ပြီး ကားမောင်း နေခဲ့တယ်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူ့ရဲ့ကွေးညွှတ်နေတဲ့ နှုတ်ခမ်းက သူ့လက်ရှိ ခံစားချက်ကို ဖော်ပြနေခဲ့တယ်။

နန်ကောက ဒီနေ့မှာမှ သူ့ရဲ့ခက်ခဲ‌နေတဲ့နှလုံးသားကို လှောင်ပြောင် ချင်နေပုံ ရတယ်။

ဒါ့အပြင် ဒါက အတော်လေးကို သဘောကျချင်စရာ ကောင်းတယ်။ ပင်ဂွင်း‌ပေါက်ရဲ့စပရိုက်က အခုမှ စနေတုန်းပဲ ရှိသေးတယ်။

ပင်ကွင်းပေါက် : [အမ် ကျွန်မ မေးစရာရှိလို့ နောက်တစ်ပတ် ကျရင် ရှင် အားရဲ့လား]

[ကျွန်မက ရှင်အပြင်မှာ စားမှာလား မေးချင်လို့ ]

[အဲဒါက ရှင့်အတွက် အဆင်ပြေရဲ့လား မဟုတ်ရင် နောက်တစ်နေ့ မှ ကျွန်မတို့ တွေ့ကြမယ်လေ]

[*စောင့်နေတယ် jpg*]

ယွီက အစတည်းက နန်ကောကို အကြောင်းအရာ အမျိုးမျိုး အပျော်တမ်း အစပျိုးတာ အမျိုးမျိုးကို ပြောပြခဲ့ပေမဲ့လည်း သူမက အဲဒါတွေကို အသုံးမပြုခဲ့ဘူး။

ယွီက သူမကို ဒီ‌‌နေ့ညမှာ ရှန်ရန်ချင်းကို အပြင်ထွက်ဖို့ မေးခိုင်းပေမဲ့ သူမက သူ့ကို မမေးချင်ခဲ့ဘူး။

နောက်ဆုံးတော့လည်း ဒီကိုးရိုးကားရားကိစ္စက အခုလေးတင် ဖြစ်သွားခဲ့တယ်။

ဒါပေမဲ့ သူ့မေးခွန်းကို ဖြေလိုက်ပြီးနောက် သူမက သူ့ကို ပေါ်တင်ကြီး မမေးနိုင်တော့ဘူး။

ဒါကြောင့်လည်း သူမက သူ့ကို ဘာဗျူဟာမှမရှိဘဲ ဒဲ့တိုးမေးလိုက် သေးတယ်။

စောင့်ဆိုင်းရတဲ့ကိစ္စက အတော်လေးဆိုးလွန်းတယ်။

မက်ဆေ့ပို့ပြီးတာနဲ့ နန်‌ကောက စိတ်လှုပ်ရှား နေခဲ့တယ်။ သူမက အိပ်ယာပေါ်မှထကာ အခန်းထဲ ဖုန်းကိုင်ရင်း အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေမိတယ်။

ခဏကြာတော့ သူမက စိုးရိမ်တကြီး မေးလာတယ်။ [ရှင် ကားမောင်းနေတာလား]

သူဘာလို့ စာမပြန်ရတာလဲ

________

သူမက ဒီစာကိုပို့ပြီး စက္ကန့်အနည်းငယ်ကြာတော့ အခြားတစ်ဖက်မှာ....

ရှန်: [မင်းပြောတဲ့ ရက်အတိအကျကို ကိုယ်သိလို့မလား]

[အမ် ၁၄ ရက်နေ့လား။ အဲဒီနေ့မှာ ဟိုက်မြို့မှာ ရှိနိုင်လောက်တယ်]

စာပြန်လည် ရရှိပြီးနောက် နန်‌ကောက သူမရဲ့မျက်နှာကို အုပ်ကာ အသက်ပြင်းပြင်း ရှူလိုက်မိတယ်။ သူမက အပြစ်ကျူး လွန်မိသလို ခံစားရတယ်။

သူမ တကယ် လိမ်ပြောခဲ့တာ။

အဲဒီနေ့မှာ သူမက ဟိုက်မြို့မှာ မရှိဘူး။ ကျောင်း စမတက်ရ‌ သေးခင် အချိန်နည်းနည်း‌တော့ ရှိသေးတယ်။

ဒါပေမဲ့ သူမသာ မပြောရင် သူမ သူ့ကို မေးလို့ မရလောက်ဘူး။

အချိန်အကြာကြီး သူ စာမပြန်တာကို မြင်တော့ နန်ကောက သူမရဲ့ အတွေးတွေက ထပ်ပြီး ရိုင်းစိုင်းလာတာကို မထိန်းနိုင်လောက်ဘူး။

သူက အချိန်အကြာကြီး ပြန်မဖြေဘူး။ သူက သူမကို ဘယ်လိုမျိုးငြင်းရမှန်း မသိလို့ ဖြစ်နိုင်မလား။

ယွီနဲ့ပြောခဲ့သလိုပဲ ၁၄ရက်နေ့က ကြိုတင် ချိန်းထားပြီးသားများ ဖြစ်နိုင်မလား။

မဖြစ်နိုင်ဘူး။ သူမက တစ်ပတ်ကြိုပြီး ချစ်သူများနေ့အတွက် ချိန်းဆိုထားသော်လည်း အဲဒီလူတန်းစီရမဲ့ အခွင့်အရေးကို‌တောင် မရနိုင်တာကို သူမ လက်မခံနိုင်ဘူးလို့။ သေစမ်း။

သူမက ဒီအတိုင်း ထားလိုက်ရမလား တွေးနေစဥ် အသံမက်ဆေ့ခ်ျ တစ်ခု ထွက်ပေါ် လာတယ်။ သူမက လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး အသံမက်ဆေ့ဂျ်ကို နှိပ်လိုက်တယ်။ သူမက ဖုန်းကို သူမ နားနားကို ထားလိုက်တယ်။

[ကောင်းပြီ။ ချစ်သူများနေ့အတွက် လိပ်စာလေး ပို့ထားလေ။ ကိုယ် မင်းကို လာခေါ်မယ်]

ချစ်သူများနေ့တဲ့လား။

သူက ဒီစကားသုံးလုံး သိသိသာသာ ပြောခဲ့တယ်။ သူက... တစ်ခုခုကို ပြောပြ ချင်နေတာလား။

နန်ကောက ထူးဆန်းတဲ့အသံနဲ့ အော်လိုက်မိတယ်။ သူမက အတော် ခက်ခဲတဲ့ အိုလံပစ် မေးခွန်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး အချိန်တို အတွင်း အဖြေမရှာ နိုင်ခဲ့သလိုမျိုး ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ် နေမိတယ်။

____

သူမက မအိပ်ခင်မှာ တကယ်ကို နန်‌ကောက နန်ကျဲ့ရဲ့အခန်းထဲကို သွားခဲ့တယ်။

နန်ကျဲ့က ဒီတစ်ကြိမ်မှာ တကယ်ကို အိပ်ပျော်သွားတာကို အတည်ပြု ပြီးနောက် သူမက သူ့ဖုန်းကို ယူဖို့ လက်ဆန့် လိုက်တယ်။

အဲဒီနောက် သူမက ဖုန်းက်ို လွယ်လွယ်ကူကူ လော့ခ်ဖွင့်လိုက်ပြီး ယွီ ပို့ခဲ့တဲ့ မက်ဆေ့ချ်ကို ဖျက်ပစ်လိုက်တယ်။

“ပြီးသွားပြီ”

နန်ကောက ဖုန်းကို ဘာမှ သတိမထားမိဘဲ မူလအနေအထား အတိုင်း ပြန်ထားခဲ့တယ်။

နောက်နေ့မနက်မှာ နန်ကျဲ့က နေ့ခင်းအထိ အိပ်နေခဲ့တယ်။

သူနိုးလာတာကိုမြင်တော့ နန်ကောက သူ့ကို လက်လှမ်းပြ လိုက်တယ်။ “မင်္ဂလာနေ့လည်ခင်းပါ ကော”

“ဟိုင်း” နန်ကျဲ့က သမ်းလိုက်တယ်။ သူက သူမကို ဖြတ်လျှောက်လာပြီး သူ့ကိုယ်သူအတွက် ဖန်ခွက်ထဲ ရေကို ထည့်လိုက်တယ်။

နန်ကောက လှည့်ကြည့်ရင်း ကုလားထိုင်နောက်ဘက်တွင် သူမမေးစေ့ကို တင်လိုက်တယ်။ သူမ သူ့ကို ပြုံးပြလိုက်တယ်။ “ကော နင့်အတွက် သတင်းကောင်း ငါ့မှာရှိတယ်”

“ဒေါ်လာ ၅ သန်း နိုင်ခဲ့တာလား”

“ငါ မဟုတ်ဘူး” သူမက ခေါင်းခါလိုက်တယ်။

နန်ကျဲ့က ရေသောက် ပြီးသွားတာတောင်မှ သူ့ခေါင်းက အနည်းငယ် မူးနေ ခဲ့သေးတယ်။

“အို့ ဒါဆို ငါက ငါးသန်း ရခဲ့တာလား”

“အဲဒီလိုလည်း မဟုတ်ဘူး”

နန်ကျဲ့က ခွက်ကိုချလိုက်ပြီး သူ့ဘေးက ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်လိုက်တယ်။ သူက ပြောလာတယ်။

“ငါ သိသားပဲ။ ငါးသန်းကိစ္စက သတင်းကောင်းလို့ ယူဆလို့မှ မရတာ။ ငွေက ငါ့မှာ မရှိတာမှ မဟုတ်တာ”

နန်ကျဲ့ “…”

“အဲဒါကငွေနဲ့ ဘာမှမဆိုင်ပါဘူးနော်”

“ကျစ် ငွေနဲ့သာ မဆိုင်ဘူးဆိုရင် သတင်းကောင်းလို့ ဘာကို ယူဆနေရဦးမှာလဲ”

နန်ကျဲ့က သူမကို မျက်ခုံး ပင့်ကြည့်လိုက်တယ်။ “အဲဒီအကြောင်းကို ပြောစမ်းပါဦး”

နန်ကောက ထိတ်လန့်လာတယ်။ သူမက ချုံပုတ်တစ်ဝိုက်ကို ရိုက်နှက်တာကို ရပ်လိုက်ပြီး တဲ့တိုးပြောလာတယ်။

“အမေနဲ့ အဒေါ်က ၁၄ ရက်နေ့မှာ နင့်အတွက် ဘလိုင်းဒိတ်ကို စီစဉ်ပေးခဲ့တယ်”

******

All Chapters