← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

Ch 67 ဒီသတင်းသာ အပြင်ပေါက်သွားရင် ရှက်စရာ ကောင်းတယ်

“လိပ်စာက မြို့လယ်ထဲမှာ ရှိတာ...”

“ရပ်တော့ ရပ်တော့ ရပ်တော့ဟ” နန်ကျဲ့က သူမကို တားဖို့ သူ့လက်ကို မြှောက်လိုက်တယ်။ ဒါကိုကြားတော့ နန်ကောက သူမခေါင်းကို လှည့်လိုက်ကာ မျက်တောင် ခတ်လိုက်မိပြီး သူ့ကို နားမလည်သလို ကြည့်နေမိတယ်။

“ငါက ဘလိုင်းဒိတ်ကို သွားရမယ်ပေါ့လေ”

နန်ကျဲ့က သူက အခုထိအိပ်ပျော်နေတုန်းပဲလို့ တွေးလိုက်မိတယ်။

“ဟုတ်တယ်‌လေ” သူ့ရဲ့ခပ်စူးစူးအကြည့်အောက်မှာ နန်ကောက အတည်ပေါက်ကြီး ခေါင်း ညိတ်ပြ လိုက်တယ်။

“ဘယ်ထဲက ဒါကို လုပ်ထားရတာလဲ”

“အိုး မနက်ကမှလေ မားက နင်နိုးလာပြီး ဆုံးဖြတ်ချက်ချဖို့ စောင့်နေချင်သေးတာ ဒါမဲ့နင်က နေ့လယ်အထိ အိပ်နေမယ်လို့ ဘယ်သူကသိမှာလဲ။ ”

“...ဒါဆို မားက အဲဒီလောက် မြန်မြန်ကြီး သဘောတူခဲ့တယ်ပေါ့”

“နိုး “ နန်ကောက တုံ့ဆိုင်းနေရာမှ မနက်က အကြောင်းကို ပြန်ပြောပြလာတယ်။

“အဲဒီအချိန်တုန်းက မားက အကြာကြီး မစောင့်နိုင်တော့လို့ဆိုပြီး အရင်ဆုံး လူတိုင်းကို မဲပေးဖို့ ခေါ်လိုက်တာ”

“အဲနောက်မှာ မား ပါး အဖွား ဦးလေး နဲ့အဒေါ်တို့ အားလုံးက မဲပေးကြတယ်လေ။ စုစုပေါင်း ခြောက်ယောက်လုံးက သဘောတူကြ တယ်”

“အိုးးးးဒါဆိုနင်လည်း မဲပေးခဲ့တာပဲ နင်က ကန့်ကွက်မဲ ပေးလို့ ရတယ်‌လေ”

“အခု ကန့်ကွက်မဲပေးဖို့က ငါ့အတွက် အသုံးဝင်သေးရဲ့လား”

“ငါတော့ အဲလိုမထင်ဘူး‌နော်”

“ဒါဆို အဲဒီအကြောင်းကို အခုမှပြောတော့ရော ဘာအသုံးဝင်လို့လဲ” နန်ကျဲ့က ဒေါသ အရမ်းထွက်လာတာမို့ သူမခေါင်းကို ထုလိုက်တယ်။ အဲဒါက တစ်ရေးလောက် အိပ်ရုံ‌လေးလေ။ ဘာလို့များ သူနိုးလာတော့ ကမ္ဘာကြီးက ပြောင်းလဲသွားရတာလဲ။

နန်ကောက ငိုသံကြီးနဲ့ အော်လိုက်ပြီး ခေါင်းကို ကာလိုက်တယ်။ သူမက ဝမ်းနည်းတကြီး ပြောလာတယ်။

“အဲဒါက ငါ့အမှား မို့လို့လား။ ငါက ဒီအကြောင်းကို ပြောပြရုံပဲလေ”

“ဒါဆိုရင် နင်ဘာလို့ကန့်ကွက်မဲ မပေးရတာလဲ”

“ငါက မဲပေးခဲ့ရင်‌ရော အသုံးဝင်မှာမို့လား။ ငါးမဲမှာ နှစ်မဲပဲ ကန့်ကွက်တာလေ။ နင်က အဲဒီအချိန်က အသေကောင်ကြီး ဖြစ်နေတုန်းလေ။ ငြင်းဖို့အတွက်တောင် အခန်းထဲမှာ မရှိဘဲနဲ့”

နန်ကျဲ့: “…”အဲဒါကတော့ ဟုတ်သလိုလို ရှိတယ်။

ခဏ‌လောက် ရပ်လိုက်ပြီးနောက် သူက အဲဒီအကြောင်းကို ပိုပြီးတွေးလေ ပိုပြီးခက်ခဲ လာတယ်လို့ ခံစားရတယ်။

“ ဘာလို့များ သူတို့က ဘလိုင်းဒိတ်ကို စီစဥ်ရတာလဲ”

“ဟုတ်ပြီ မားက နင်ကို အပြစ်ရှာစရာ တွေ့သွားတာ နေမယ်။ ပြီးတော့ နင့်ငယ်သူငယ်ချင်းတွေက သူတို့ရဲ့ဒုတိယ ကလေးတွေတောင် မွေး‌တော့မှာ‌ပေမဲ့ နင်က စင်ဂယ်ဖြစ်နေတုန်းပဲလေ”

နန်ကျဲ့က သူ့လက်ကို မြှောက်လိုက်ပြီး သူမကို ရိုက်လိုက်တယ်။ နန်ကောက ရှောင်လိုက်ပြီး ထပ်ပြောလာတယ်။

“ဘေးအိမ်ကလည်း ဒီမနက်က သူ့ရဲ့မြေးနှစ်ယောက်ကို အိမ်အလည် ခေါ်လာသေးတယ်”

“မားမားလည်း မြေးလိုချင်‌ နေလောက်ပြီ‌လေ ဟုတ်တယ်မလား”

“သူမက နင့်အပေါ်ကိုပဲ မျှော်လင့်ထားရတာလေ။ နောက်ဆုံးတော့ သူက ငါ့ကို လာပုံအပ်လည်း အသုံးမှ မဝင်တာ”

နန်ကောက မျက်တောင် ခတ်လိုက်ကာ အပြစ်ကင်းသလို ပြုံး‌နေခဲ့တယ်။

“သူမကလည်း ဘေးအိမ်က အဖွားရဲ့ဆွေမျိုးတစ်ဦးလေ”

“…” နန်ကျဲ့က သူ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ အကြိမ်အနည်းငယ် လောက် တုံ့ဆိုင်းနေမိတယ်။

သူက ဒီကိစ္စရဲ့အမှန်တရားကို သူ သံသယ ဝင်ပေမဲ့လည်း နောက် ဆုံးတော့ သူ့အမေက ဒီလိုမျိူး လုပ်နိုင်လောက်တယ်လို့ သူ ခံစားလို က်ရတယ်။ ဒါ့အပြင် နန်ကောကလည်း သူ့ကို မလိမ်ရဲလောက်ဘူး။

ဒါတောင်မှ သူက လက်ခံဖို့ ငြင်းဆန်မိတုန်းပဲ။

“ငါ သွားမှာ မဟုတ်ဘူး”

“အဲလိုမျိုး လုပ်လို့မရဘူး။ မားမားက သဘောတူပြီးသားပဲကို”

“ငါ နင့်အတွက် ဓာတ်ပုံတစ်ပုံတောင် တောင်းခဲ့သေးတယ်”

နန်ကောက အပြင်ကို ကြည့်လိုက်ပြီး ပြောလာတယ်။

“ဘေးအိမ်က အဖွားက သူမပုံကို နောက်မှပို့လိုက်မယ်လို့ ပြောသေးတယ်။ သူမက အဲဒီမိန်းကလေးက အရမ်းလှပြီး နင်နဲ့ အတော်လေးလိုက်ဖက်တယ်တဲ့”

“ငါမသွားဘူးလို့ “ နန်ကျဲ့က သူမကို စိုက်ကြ ည့်လိုက်တယ်။ “ငါက ငါ့ဘာ့သာ ကောင်မလေး မရှာနိုင်ပုံ ပေါက်နေလို့လားဟ။ ငါက ဘလိုင်းဒိတ်ကို လုံးဝမသွားဘူးနော်”

အဲဒီစကားလုံးတွေသာ အပြင်မှာပေါက်သွားရင် ဘယ်လောက် တောင် ရှက်စရာ ကောင်းလိုက်မလဲ။

မစ္စနန်က အပြင်ကနေ ပြန်လာတော့ သူပြောတာကို ကြားလိုက်ရတယ်။ အဲဒီနောက် သူမက ခွန်းတုံ့ ပြန်လာတယ်။ “တစ်ခါတလေတော့လည်း ငါ တကယ်ကို နင့်ရဲ့ဦးနှောက်က အသုံးမဝင်ဘူးလို့ ထင်မိတယ်”

နန်ကျဲ့: “...”

မစ္စနန်က ဓာတ်ပုံကို ချလိုက်ပြီး ပြောလာတယ်။

“ငါ့ကို ပြောစမ်း မင်းမှာ အရည်အချင်း ရှိလို့လား။ အိမ်နီးနားချင်းတွေနဲ့ စကားပြောရင်လေ ငါ့မှာဖြင့် မင်းကို ဘယ်လိုမြှောက် ပြောရမှန်းတောင် မသိဘူး”

“နောက်ဆုံးတော့ ရော့ရော့က မင်းကို ရောင်းထုတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်။ အဆုံးမှာတော့ မနက်သုံးနာရီထိ မအိပ်သေးတာကိုပဲ မင်းအရည်အချင်းလို့ မှတ်လို့ရတယ်”

ဒါကိုကြားတော့ နန်ကျဲ့က တစ်ဖက် လှည့်လိုက်ပြီး တစ်စုံတစ်ယောက်ကို အေးစက်စက် ကြည့်နေလိုက်တယ်။

နန်ကျဲ့က သူမနှာခေါင်းကို ကိုးရိုးကားရားကိုင်ရင်း အပြစ်ရှိဟန်နဲ့ အဝေးကို လှည့်လိုက်တယ်။

“မား အဲဒါက ကျွန်တော့်ကို လိုချင်တဲ့သူ မရှိတာနဲ့ မတူဘူးလေ။ ဘာလို့များ ကျွန်တော်က ဘလိုင်းဒိတ်သွားတွေ့ရမှာလဲ”

“ကြည့်လေ ကျွန်တော့်မှာ မိသားစု ကောင်းကောင်းရှိပြီး ရုပ်လည်း ချောသေးတယ်။ ကျွန်တော့်မှာ စုငွေ အိမ်တစ်လုံး ကားတစ်စီးနဲ့ ကုမ္ပဏီတစ်ခုလည်း ရှိသေးတာ ကျွန်တော့်မှာ မိသားစုအမွေ ဆက်ခံဖို့ နန်းပလ္လင်တောင် ရှိသေးတယ်”

“ကျွန်တော်က ဘာလို့ဘလိုင်းဒိတ်ကို သွားတွေ့ရမှာလဲ။ ကျွန်တော့်ဘေးမှာ မိန်းမတွေ ပြတ်လပ်နေလို့လားဗျ”

ပုံမှန်ဆိုရင်တောင် သူ့လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ အမျိုးသမီး တစ်အုပ်စုလုံးက သူတို့ကိုယ်တိုင် သူ့ဆီပစ်ဝင်ကြတယ်လေ။

သူက မိန်းမ,မရနိုင်တော့တဲ့အဆင့်ထိ ‌မရောက်သေးပါဘူးလို့။

“မင်း‌ဘေးနားမှာ မိန်းမတွေ အဲဒီလောက် အများကြီးရှိနေရင် မင်း ဘာလို့ အချိန်အကြာကြီး စင်ဂယ် ဖြစ်နေရတာလဲ။ မင်းက ယောက်ျားတွေကို ကြိုက်တယ်လို့တော့ ငါ့လာမပြောနဲ့နော်”

အဓိက အချက်ရောက်တာနဲ့ မစ္စနန်က မျက်လုံးပြူးလိုက်မိတယ်။

“ငါလေ မင်းဘာလို့များ မိန်းမကောင်းလေးတွေနဲ့ မတွဲရတာလဲဆိုတာ သိချင်မိတယ်”

နန်ကျဲ့ရဲ့ပါးစပ်ထောင့်တွေက ပြင်းပြင်းထန်ထန် တွန့်လိမ်သွားတယ်။

“မား အများကြီး တွေးနေပြီ အခုချိန်မှာတော့ ကျွန်တော် မချိန်းတွေ့ချင်သေးတာမို့ မသွားဘူး”

“နောက်မှပဲ ဒီအ‌ကြောင်းပြောရအောင်လေ ဒီဘလိုင်းဒိတ်ကို မားလည်း ငြင်းလို့ ရတယ်လေ။ အဲဒီရက်မှာ ကျွန်‌တော်မအားလို့ မသွားနိုင်ဘူး”

ဒါပေမဲ့လည်း မစ္စနန်က လုံးဝကို နားမလည်ပေးဘူး။

“အဲဒါက ချစ်သူများနေ့လေ။ ပြီးတော့ မင်းက စင်ဂယ်ပဲ ရှိသေးတာ။ သူများထက်စာရင် အိမ်မှာအိပ်ပြီး သူများစုံတွဲတွေ ပျော်နေတာကို မနာလိုဖြစ်ပြီး ထိုင်ကြည့်ရမှာက လွဲလို့ တခြား ဘာလုပ်နိုင်သေး လို့လဲ”

“မင်းရဲ့ ငယ်သူငယ်ချင်းတွေတောင် ရည်းစားတွေ ရှိနေကြပြီမလား။ အဲဒီနေ့မှာ မင်းအတွက် သူတို့မှာ အချိန်ပေးဖို့ ရှိသေးလို့လား။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ”

နန်ကျဲ့ : “...”

“ကျွန်တော်…”

“တော်ပြီ ဆက်မပြောနဲ့တော့။ အဲဒီနေ့မှာ မင်းအဲဒီကို သွားကိုသွားရမှာ။ ငါ သူမနဲ့ စီစဉ်ပြီးသွားပြီ။ အကယ်၍ မင်းမကြိုက်ဘူး ဆိုရင်တောင် သူမနဲ့ အတူသွားစားပြီး ရုပ်ရှင်ကြည့်တာ တစ်ခုခုတော့ လိုက်လုပ်ပေးလိုက်။ ကောင်မလေးကို ဘေးကင်းအောင် အိမ်ပြန် ပို့ပြီးတာနဲ့ ပြန်လာခဲ့”

“ဒီမှာ သူမရဲ့ဓာတ်ပုံ”

မစ္စနန်က စားပွဲပေါ်ရှိ ဓာတ်ပုံဟောင်းကို လက်ညှိုးထိုးပြလိုက် တယ်။

“သူမက နူးနူးညံ့ညံ့ရှိပုံ ရတယ်။ ငါကြားတာတော့ သူမက အတော်လေး အကျင့်ကောင်းပြီး ယဉ်ယဉ်ကျေးကျေးလေးတဲ့။ သူမက ဓာတ်ပုံဆရာမလေ။ ပြီးတော့ သူမရဲ့ကိုယ်ပိုင်စတူဒီယိုတောင် ရှိသေးတ။ယ် သူမက နာမည်ကြီးတွေနဲ့လည်း မကြာ ခဏ ဓာတ်ပုံ ရိုက်သေးတယ်။ မင်းသာ သူမကိုတွေ့တာနဲ့ သူမကို လုံးဝကြိုက်သွားမှာ”

မစ္စနန် ထွက်သွားပြီးနောက် နန်းကောက ဓာတ်ပုံကို ယူကြည့်ဖို့ မစောင့်နိုင်တော့ဘူး။

“ကော နင်တစ်ချက်တောင် မကြည့်တော့ဘူးလား”

“စိတ်မဝင်စားဘူး။ သူမက နတ်သမီးဆိုရင်တောင် ငါက သူမကို စိတ်ဝင်စားမှာ မဟုတ်ဘူး”

“ဟုတ်ပြီလေ” နန်ကောက ဓာတ်ပုံကို တိတ်တိတ်လေး လှည့်ကြည့် လိုက်တော့ ပုံထဲက မိန်းကလေးရဲ့မျက်နှာမှာ အကြာကြီး စိုက်ကြည့်နေမိတယ်။ သူမက ရုတ်တရက် ကြောင်အသွားတယ်။

“အိုး နေစမ်းပါဦး ငါသူမကို အရင်က တွေ့ဖူးတယ်ထင်တယ်”

“ဘယ်လို”

“သူမ သူမ သူမက ငါ့ကို မ‌နေ့က ကူညီပေးခဲ့‌သေးတယ်”

ရုတ်တရက် နန်ကောက တစ်ခုခုကို တွေးမိသွားပြီး သူမ နှလုံးခုန်သံ တစ်ချက် ဆောင့်ခုန်သွားကာ အေးခဲသွားတယ်။

“မနေ့က ဟုတ်လား” နန်ကျဲ့က သစ်သီးပန်းကန်မှ ပန်းသီးတစ်လုံးကို ယူပြီး ကိုက်လိုက်တယ်။

“မနေ့က သူမကို ဘယ်မှာတွေ့တာလဲ စူပါမားကတ်မှာလား”

မနေ့က နန်ကောက သူနဲ့အတူ စူပါမားကတ်ကို ထွက်သွားခဲ့တာ

သူ မှတ်မိတယ်။

“အိုး”နန်ကောက သိသိသာသာ အပြစ်ရှိသလို ခံစားခဲ့ရပြီး သူမရဲ့နှလုံးခုန်နှုန်းက မြန်လာတယ်။

“ဖြစ်နိုင်တာက ဘယ်လိုပဲဖြစ်ဖြစ် သူမကို ကြည့်ရတာ နည်းနည်းတော့ ရင်းနှီး‌နေတယ်။ ငါ လူမှားတာကို ဝန်ခံပါတယ် ငါက နည်းနည်းလေး မျက်နှာတွေကို မေ့တတ်တယ်လေ နင်သိတယ်မလား”

နန်ကျဲ့က လွယ်လွယ်လေး မလွှတ်ပေးမှာကို ကြောက်လို့ သူမက သူ့ရှေ့ရှိ ဓာတ်ပုံကို အမြန်တစ်ဖက် လှည့်ကာ ပေးလိုက်တယ်။ “ဒါပေမဲ့ ဒီအမျ်ိုးသမီးက တကယ်လှတယ်နော်”

“သူမက ဓာတ်ပုံထဲမှာ ဆံပင်တိုလေးနဲ့ လန်းနေတာနော်။ ဒါပေမဲ့ အခုဆို သူမဆံပင်က ရှည်နေလောက်ပြီ။ ဖူးးး ငါအခုတော့ သူမက ဆံပင်ရှည်နဲ့လား ဆံပင်တိုလားတော့ မသိဘူး။ ငါ့အထင်တော့ သူမက ဆံပင်အရှည်ကြီးနဲ့ဖြစ်မယ်”

“ပြီးတော့ ဒီဓာတ်ပုံက နည်းနည်း ဟောင်းနေပုံ ရတယ်နော်။ ဂျူနီယာအထက်တန်း မဟုတ်ရင် အထက်တန်းကျောင်းမှာ ရိုက်ခဲ့တာဖြစ်မယ်။ ဒီကျောင်းဝတ်စုံနဲ့ သူမကို ငါနည်းနည်းလေး ရင်းနှီးနေတယ် ဟားဟားဟား”

နန်ကောက သူမ အပြစ်ရှိတယ်လို့ ခံစားမိတိုင်း သူမက ပေါက်ကရစကားတွေ အများကြီး ပြောလေ့ရှိတယ်။

ဒါကို နန်ကျဲ့က သိနေခဲ့တယ်။

ဒါပေမဲ့လည်း ဒီတစ်ကြိမ်မှာတော့ သူ့မှာအဲဒီကိစ္စကို အရမ်းကြီးတွေးနေဖို့ကို အချိန်မရှိဘူး။

အကြောင်းအရင်းကတော့ သူက အခုချိန်မှာ သူ့အာရုံတွေအား လုံးက ဓာတ်ပုံကိုပဲ စူးစိုက် ကြည့်နေမိလို့ပါပဲ။

“ဒါက…” သူက မကောင်းဆိုးဝါး တစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ဓာတ်ပုံကို ကောက်ကိုင်လိုက်ပြီး အနီးကပ် ကြည့်လိုက်တယ်။

သူက ပုံကို စိတ်ဝင်စားနေတာတွေ့တော့ နန်ကောက တခစ်ခစ် ရယ်လိုက်တယ်။

“သူမက လှတယ်မလား ချစ်သူများနေ့မှာ သူမကိုတွေ့မှာ ဆိုရင်လည်း သူမအတွက် ပန်းစည်းယူသွားဖို့ မမေ့နဲ့ဦး နှင်းဆီအနီရောင်ဆိုရင် ပိုတောင်ကောင်းဦးမယ်”

နန်ကျဲ့က ခေါင်းညိတ်လိုက်တယ်။

“အို‌ကေ”

“ဟမ် နင်က...သွားမလို့လား”

******

All Chapters