← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

Chapter 68 ပူးပေါင်းကြံစည်မှု။

“နင်ပဲ ငါ့ကို သွားခိုင်းတာ မဟုတ်ဘူးလား?” နန်ကျဲ့ဟာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ပုံကို စားပွဲပေါ် ဒီတိုင်း ပစ်တင် လိုက်တယ်။ သူဟာ လက်ပိုက်ပြီး သူမကို ကြည့်တယ်။

“ငါသာ မသွားရင် အနာဂတ်မှာ ငါ ဒီအိမ်ထဲ ခြေချလို့မရတော့ဘူးမလား?”

နန်ကောဟာ လျှို့ဝှက်စွာနဲ့ သူ့ကို လက်မထောင်ပြတယ်။ “နင်ဆိုတဲ့ အတိုင်းပဲ။ နင်က နင့်ကိုယ်နင်တော့ ကောင်းကောင်းသိသားပဲ”

နန်ကျဲ့ဟာ ရယ်ပြီး မျက်လုံးတွေကို လှည့်လိုက်တယ်။

“စကားမစပ် အဲဒီနေ့ကျ နင့်မှာ ဘာအစီအစဉ်ရှိလဲ?”

ထင်ထားတဲ့အတိုင်းပဲ Husky ကတော့ Husky ဖြစ်နေတုန်းပါပဲ။ ခွေးတစ်ကောင်ဟာ အမြဲနိုးနိုးကြားကြား ရှိတယ်။

“ငါလား?” နန်ကောဟာ ခဏလောက် ကြောင်သွားပြီး သဘာ၀ကျကျပဲ ပြောလာတယ်။ “ငါ ယွီနဲ့ အခြားလူတွေကို ညစာအတူသွားစားဖို့ ချိန်းထားတယ်။

သူမ ဒါကိုလည်း ပြောရော နန်ကျဲ့ဟာ သူမကို ယုံကြည်ပုံမပေါ်ဘဲ မျက်ခုံးပင့်ပြီး မေးတယ်။ “ယွီ? သေချာလား?”

“အာဟာ”

“ငါတို့ မနေ့က ရက်ချိန်း လုပ်ထားတာ နင်မယုံရင် သူ့ကို မေးကြည့်လို့ ရတယ်”

နန်‌ကောဟာ သူ့ရဲ့အကြည့်ကို ရှောင်လွှဲတာမျိုး မရှိဘဲ သူ့ကို ကြည့်တယ်။ သူမ ကြည့်ရတာ အပြစ်ရှိစိတ် ခံစားရတဲ့ပုံမျိုး မပေါ်သလို သူမ ပြောခဲ့တဲ့ဟာကလည်း တကယ် ဟုတ်ပုံတော့ ပေါ်ပါတယ်။

နန်ကျဲ့ဟာ သူမကို ခဏလောက် စိုက်ကြည့် နေလိုက်သေးတယ်။ သူမရဲ့ မျက်နှာထားဟာ ပုံမှန်ပဲ ဖြစ်နေတာကို မြင်တော့ သူမ လိမ်နေတာတော့ မဟုတ်လောက်ဘူး။ သူဟာ ခေါင်းတစ်ချက်ညိတ်ပြီး သူမကို ယုံကြည်ပေးလိုက်တယ်။

“အပြင်မှာ နောက်ကျတဲ့အထိ မနေနဲ့ အများကြီးလည်း မသောက်နဲ့”

“အိုကေ အိုကေ”

“ငါ တစ်ရေးလောက် နည်းနည်း ထပ်အိပ်လိုက်ဦးမယ်” နန်ကျဲ့ဟာ သန်းပြီး ထလိုက်တယ်။

သူထွက်သွားတာကို မြင်တော့မှ နန်ကောမှာ စိတ်သက်သာရာရပြီး သက်ပြင်း ချနိုင်တော့တယ်။

ယွီဟာ တကယ်ကို တော်တယ်။ သူ မနေ့ညက သူမကို ဖုန်းထဲမှာ ပြောခဲ့တယ်။ နန်ကျဲ့ ချစ်သူများနေ့ကျရင် သူမဘာလုပ်မလဲဆိုတာကို မေးလိမ့်မယ်တဲ့။ အဲဒါနဲ့ သူမ ဘယ်လို ရှောင်ထွက်ရမလဲဆိုတာ ယွီက သင်ပေးခဲ့တယ်။

ကံကောင်းလို့ ဒီတစ်ခေါက်က အကုန်သိထားပြီးသား စာအုပ်တွေထဲက စာမေးပွဲ ဖြစ်နေလို့ပေါ့။ မဟုတ်ရင် သူမ တကယ်ကျမှာ။

ကြည့်ရတာတော့ ယွီတစ်ယောက် သူမကို ကောင်းကောင်း အကူအညီ ပေးလိုက်တာပဲ။

နန်ကောဟာ မော့ပြီး သူမရဲ့ ပါးနှစ်ဖက်ကို ပုတ်လိုက်တယ်။ သူမ ထပြီး နန်ကျဲ့သောက်ခဲ့တဲ့ ခွက်ကို ဆေးမလို့ပဲ ရှိသေး တစ်ယောက်သောသူရဲ့ ခြေသံတွေဟာ အဝေးကနေ ချဉ်းကပ် လာတယ်။ တကယ်တော့ ပြန်လှည့်လာတာ။

“...ဘာလို့ ပြန်လာတာ?” နန်ကောဟာ လှည့်ကြည့်လိုက်ပြီး သူ့ကြောင့် လန့်သွားတယ်။

“နင့်မှာ ပိုက်ဆံ ရှိသေးလား?”

“ဟမ်?” နန်ကောရဲ့ ခေါင်းလေး တုန်ခါသွားတယ်။ သူမဟာ သူပိုက်ဆံတောင်းဖို့ ပြန်ရောက်လာတယ် ထင်သွားပြီး သူမက ပြောလိုက်တယ်။ “ငါ့မှာ ပိုက်ဆံမရှိဘူး ဘလိုင်းဒိတ်အတွက် ပိုက်ဆံပေးဖို့ နင့်ငါ့ကို တောင်းလို့မရဘူးလေ ဟုတ်တယ်မလား?”

ဘယ်လိုလုပ် အဲဒီလိုဖြစ်ရမှာလဲ?

နန်ကျဲ့ဟာ သူမခေါင်းကို သူ့လက်နဲ့ ခပ်ခပ်ပြင်း ခေါက်လိုက်တယ်။ “နင့်အစ်ကိုပုံစံက ပိုက်ဆံမရှိတဲ့ တစ်ယောက်ယောက်နဲ့ တူနေလို့လား?”

“ငါမေးတာက သူတို့နဲ့ အပြင်ထွက်စားဖို့ နင့်မှာ ပိုက်ဆံရှိလား မေးတာ”

မိသားစုက နန်ကောကို တင်းတင်းကြပ်ကြပ် မဆက်ဆံသလို ကန့်သတ် ထားတာမျိုးလည်း မရှိဘူးဆိုပေမဲ့ နန်ကောဟာတော့ နည်းနည်းလိမ္မာပြီး အန္တရာယ်များတဲ့ နေရာတွေကို သွားလေ့ မရှိဘူး။

ဒါပေမဲ့ ယွီနဲ့ အခြားလူတွေကျတော့ နည်းနည်းစွန့်စား တတ်ကြတယ်။ နန်ကော သူတို့နဲ့ အပြင်ထွက်ပြီဆိုတာနဲ့ သူမ ဈေးကြီးတဲ့ နေရာအချို့ကို သွားရတော့မယ်ဆိုတာ မလွဲဧကန်ဘဲ။

အခုလတ်တလော ကားအသစ်ကြောင့် နန်ကောမှာ ပိုက်ဆံ သိပ်မရှိတော့ဘူး။

သူမမိဘတွေ ပေးထားတဲ့ မုန့်ဖိုးတွေအကုန်လုံးကို သူမ သိမ်းထားတာ။ ဒါကို သူသိတယ်။

သူမ မိသားစုဟာ သူမ ငယ်ငယ်ကတည်းက ကြိုးကြိုးစားစား မလုပ်ဘဲနဲ့ ဘာကိုမှ ရမှာ မဟုတ်ဘူးလို့ သင်ခဲ့တယ်။

သူမ တစ်ခုခု လိုချင်တယ်ဆိုရင် သူမ ကြိုးကြိုးစားစား လုပ်ရမယ်။

တစ်လအတွင်း သူမသာ လုံလုံလောက်လောက် ဒလီလိုက်ပို့ပြီးရင် ကားအသစ်အတွက် တစ်ခုခု လုပ်ပေးမယ်လို့ သူ ပြောခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူမမှာလည်း သူမ ကိုယ်ပိုင်စည်းကမ်းတွေ ရှိပြီး သူမကိုယ်သူမ အလျှော့ပေးမှာတော့ မဟုတ်ဘူး။ သူမ အကောင်းဆုံးလုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေဦးမှာပဲ။

သူ့ညီမလေးဟာ နုံလွန်းအား ကြီးတယ်လို့ သူ အမြဲ ခံစားရတယ်။ တစ်ခါတလေ သူမက တကယ်ကြီး တုံးအပြီး အလွယ်တကူ လှည့်စားခံရတယ်။

ဒါပေမဲ့လည်း သူ အဲဒါကို ချို့ယွင်းချက်လို့ မတွေးဘူး။

ရိုးသားပြီး သည်းခံတယ်ဆိုတာ လူအများစုမှာ မရှိတတ်တဲ့ အရာတွေပဲ။

နန်ကောဟာ ဘာမှမပြောဘဲ လက်ထဲ ခွက်တစ်ခွက်နဲ့ ဒီတိုင်းကြီး မတ်တပ် ရပ်နေတာကို မြင်တော့ နန်ကျဲ့ သူမအဖြေကို စောင့်မနေတော့ဘူး။ သူဟာ ဖုန်းကို ထုတ်ပြီး ငွေလွှဲလိုက်တယ်။

အချက်ပေးသံကြားတော့ နန်ကော ဖုန်းကို ဖွင့်ပြီး ကြည့်တယ်။

ဒေါ်လာ၅၀၀၀၀။

“ယူထား အကန်းလိုမျိုး သူတို့နောက်ချည်းပဲ လိုက်ပြီး မသွားသင့်တဲ့ နေရာတွေကို လိုက်သွားဖို့ မလုပ်နဲ့။ နင့်ကို ကြည့်ဖို့ ငါ သူတို့ကို မှာထားမှာ။ နင်ပြိုင်ဖို့ လုပ်ရဲလို့ကတော့ ပြန်လာတာနဲ့ နင့်ကားဘီးတွေကို ဖြုတ်ထားလိုက်မှာ ငါပြောတာ ကြားလား?”

နန်ကောဟာ ဒေါ်လာ၅၀၀၀၀ကြောင့် အနည်းငယ် မူးဝေနေတယ်။ သူ ပြောတာကို သူမ‌ သေချာမကြား‌လိုက်မိဘဲ ခေါင်း‌သာ ညိတ်လိုက်တယ်။ “အော် အိုကေ...”

“မလောက်ရင် ငါ့ကို ဖုန်းခေါ်လိုက် ကြားလား?”

“အိုး အိုကေ...”

သူမရဲ့ အသုံးမ၀င်တဲ့ အမူအရာကို ကြည့်ပြီး နန်ကျဲ့ဟာ နှာခေါင်းတစ်ချက် ရှုံ့ကာ ဆက်အိပ်ဖို့ သူ့အခန်းကို ပြန်သွားတော့တယ်။

သူထွက်သွားတော့ နန်ကောမှာ ပိုက်ဆံကို လက်ခံဖို့ မစောင့်နိုင်တော့။

သူမ ရှန်ရန်ချင်းကို ထမင်းလိုက်ကျွေးချင်ပေမဲ့ ပိုက်ဆံမရှိဘဲ ဖြစ်နေခဲ့တာ။ အစက နောက်ရက်မှ နန်ကျဲ့ဆီ ပူဆာမယ်ဆိုပြီး လုပ်ထားတာ။ ဒါပေမဲ့ သူကိုယ်တိုင် သူမဆီ အရင် လာလိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ?

နိုး မဟုတ်ဘူး!

သူမဟာ စက္ကန့်ပိုင်းလောက် ပျော်နေခဲ့ပြီးမှ ကိုယ့်ခေါင်းကိုယ် ဆင်ခြင်ဉာဏ်နဲ့ တစ်ချက်ခေါက်ကာ နိုးထလိုက်တယ်။

ပြောနေရင်းနဲ့ တစ်ခုခုက မူမမှန်တော့ဘူးဆိုရင် တစ်ခုခုတော့ မှားနေပြီပဲ။

နန်ကောဟာ မေးစေ့ကို ထိကာ ပါးကို ဖောင်းပြီး အပြင်ကို ကြည့်လိုက်တယ်။

သူမအစ်ကိုရဲ့ အခန်းတံခါးက ပိတ်ထားတာမို့ သူမ ဘာကိုမှ မမြင်ရဘူး။

ဟင်း?ပုံမှန်ဆို သူမ သူမအစ်ကိုကို ပိုက်ဆံတောင်းရင် အထပ်ထပ်အခါခါ တောင်းဆိုရတာပါ။ ဒီနေ့ကျ ဘာလို့ သူမအစ်ကိုက လိုလိုလားလားနဲ့ကို တက်ကြွနေတာလဲ?

ရုတ်တရက် ပိုက်ဆံဟာ နည်းနည်းပူတယ်လို့ နန်ကောခံစားလိုက်ရတယ်။

သူမ နားမလည် နိုင်အောင်ကို နောင်တရသွားတယ်။

သူမအစ်ကို သူမကို တစ်ခုခုလုပ်ဖို့ ကြိုးစားနေတယ်လို့ သူမခံစားရတယ်...

သူမအစ်ကို သူမအတွေးတွေကို သိသွားတာများလား?

“ငါသိပြီ!” ဒါကို တွေးမိတာနဲ့ ရုတ်တရက် အရာအားလုံးအဓိပ္ပာယ်ရှိသွားပြီလို့ နန်ကော ခံစား လိုက်ရတယ်။

ဗြောင်ကျလိုက်တဲ့ ပူပေါင်းကြံစည်မှု!

သူမအစ်ကိုက စစတော့ သဘောတူသလိုလို ဟန်ဆောင်ပြီး သူမသတိ လျော့သွားအောင် လုပ်တာ။ အဲဒီနောက် သူမ ရှန်ရန်ချင်းကို ထမင်းလိုက်ကျွေးလို့ရအောင် ပိုက်ဆံပေးတယ်။

အချိန်ကျတဲ့အခါကျရင် သူအစ်ကိုဟာ သူမကို အမိဖမ်းတော့မှာ။

ခဏလေး။ ဘာလို့ သူမအတွက် ဒါက နည်းနည်းထူးဆန်းနေတာလဲ?

ထားလိုက်တော့။

နန်ကောဟာ ဖုန်းကို ထုတ်ပြီး ဒီအကြောင်းပြောဖို့ ယွီကို ချက်ချင်း ဆက်သွယ်လိုက်တယ်။

ဒါကို ကြားပြီးတဲ့နောက် ယွီရဲ့အာရုံဟာ အခုကိစ္စမှာ ရှိမနေဘဲ အဲဒီအစား သူက အခြားမေးခွန်းကို မေးလာတယ်။ “အစ်ကိုနန် ဘလိုင်းဒိတ်သွားတာလား?”

“အာဟာ”

နန်ကော ဖုန်းကို လက်ပြောင်းကိုင်လိုက်ပြီး သူ့ကို အကုန်ပြောပြလိုက်တယ်။ “ဘာပဲဖြစ်ဖြစ် အစက သူ နည်းနည်း ငြင်းနေပေမဲ့ နောက်တော့လည်း လက်ခံလိုက်တာပဲ”

“တကယ်တော့ ငါ့အစ်ကိုက တပ်မက်တတ်တဲ့ လူလို့ ငါမထင်ဘူး။ သူက ပုံမှန်ဆို လူတွေနဲ့ ခွေးတွေကို အတူတူပဲ ခံစားရတာ”

သူက သူ့ကိုယ်သူ ကြီးကျယ်တဲ့ ၀င်ခွင့်နဲ့ ရောက်လာတဲ့ အခွင့်ထူးခံ ကလေးတစ်ယောက်လို ပြုမူတာ။

သူက မြင့်မြတ်ပြီး မထီမဲ့မြင်နဲ့။ သူက ဘယ်သူ့ကိုမှ ဂရုစိုက်တာ မဟုတ်ဘူး။

“အဲဒီတော့ ငါထင်တာက ဓာတ်ပုံကို မြင်ပြီးရင် သူ ဘလိုင်းဒိတ်ကို လက်မခံ လောက်ဘူးပေါ့။ သူ ငါ့ရဲ့ အစီအစဉ်သေးသေးလေးကို မြင်လောက်ပါတယ် ဟုတ်တယ်မလား?”

တစ်ဖက်မှာတော့ ယွီဟာ မေးစေ့ကို ပွတ်ရင်း အသေအချာ ခွဲခြမ်းစိတ်ဖြာနေတယ်။

“ငါ့ကို ဓာတ်ပုံပြကြည့်လို့ ရလား?”

“ဟမ်? အရေးကြီးလို့လား?”

*ငါ့ကို အရင်ပေးကြည့်လေ။ ကြီးမကြီး သိရအောင်လို့”

“အိုကေ ဝီချက်ကနေ ပို့လိုက်မယ်” နန်ကောဟာ ပုံကို ယူပြီး သူ့ဆီ ပို့လိုက်တယ်။

သူတို့နှစ်ယောက်လုံး ဖုန်းမချဘဲ ကိုင်ထားဆဲ။ တစ်မိနစ်လောက်ကြာတော့ ယွီဆီကနေ အာမေဋိတ်အသံ ထွက်လာတယ်။

“ဘာဖြစ်တာလဲ?”

“ငါ ဒီတစ်ယောက်ကို သိတယ်!”

“ဟမ်?” ဘာလို့ သူတို့အချင်းချင်းသိနေတာလဲ?

“မဟုတ်ဘူး ငါ သေချာထပ်ကြည့်ဦးမယ်” ယွီဟာ သူ့ကိုယ်သူ အနည်းငယ် သံသယ ၀င်နေခဲ့တာ ဖြစ်တယ်။ အချိန်တစ်ခု လောက်အထိ ကြည့်ပြီးတဲ့‌နောက်မှာတော့ သူက ပြောတယ်။ “ဒါ သူဖြစ်ရမယ် ဒါပေမဲ့ ဒီပုံက နည်းနည်းဟောင်း နေတယ်မလား? ငါလည်း အရမ်းတော့မသေချာဘူး”

“ဒါပေမဲ့ သူ ၇၀၊၈၀ရာခိုင်နှုန်းလောက်အထိတော့ ဆင်တယ်”

“ဟမ်?” နန်ကောဟာ သူပြောတာကို တစ်လုံးမှ နားမလည်ဘူး။ “ဘယ်သူမလို့လဲ?”

ယွီရဲ့ သူငယ်ချင်းတွေကို သူမ မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ အဓိပ္ပာယ်မရှိဘူး။

“နင့်သူငယ်ချင်းလား?”

“မဟုတ်ပါဘူး” ယွီက ပြောတယ်။ “သူက အစ်ကိုနန်ရဲ့ အတန်းဖော်ဆိုတာကိုတော့ ငါမှတ်မိတယ်။ ဒါပေမဲ့ ဂျူနီယာအထက်တန်း ဒါမှမဟုတ် အထက်တန်းကြီး ကလားဆိုတာ မမှတ်မိတာ...”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်မလေးက အဲဒီကတည်းက အမြဲ အစ်ကိုနန်ရဲ့နောက်လိုက်ပဲ။ ပုံမှန်အားဖြင့် အစ်ကိုနန် ချဖို့ သွားပြီဆိုရင် ဒီကောင်မလေးက သူ့ရဲ့ နံပါတ်၀မ်းဖိုက်တာပဲ”

“ငါ ကြား‌တာ‌တော့ အဲဒီတုန်းက သူက မြို့နယ်တိုက်ကွမ်ဒိုချန်ပီယံဆိုလား?”

“.....”

******

All Chapters