အခန်း ၆၉
Vol. 7 Ch. 69
Chapter 69 အချစ်နည်းပြတွေအလှည့် ရောက်ပြီ။
ကောင်မလေးဟာ မြို့နယ်တိုက်ကွမ်ဒိုချန်ပီယံတဲ့။
အသေမိုက်တယ်!
နန်ကောဟာ မနေနိုင်ဘဲ မေးလိုက်တယ်။ “အဲဒီတော့ ဘာဆက်ဖြစ်လဲ?”
“ဘာဆက်ဖြစ်လဲဆိုတာ ဘာကို ပြောတာလဲ?” ယွီဘက်ကနေ မီးခြစ်ခြစ်သံ ထွက်လာတယ်။ ဆေးလိပ်ကို မီးညှိနေသလိုမျိုးပဲ။ ခဏလောက်ကြာတော့ သူက ဆက်ပြောတယ်။ “ငါ သူ့ကို မသိဘူး”
“ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက အစ်ကိုနန်နဲ့ ရင်းနှီးတဲ့လူတွေကတော့ သူ့ကို သိရင် သိလိမ့်မယ်”
နန်ကျဲ့နဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းတွေဟာ အခန်းသာ မတူရင် မတူမယ်။ ကျောင်းကတော့ အတူတူပဲ။ ဒါပေမဲ့ သူကတော့ နန်ကျဲ့ထက် အတန်းနည်းနည်း ငယ်တာမလို့ အများကြီး မသိဘူး။ သူ တစ်ချို့တစ်လေကိုသာ အခြားလူတွေဆီက ကြားရတာ။
“သူတို့ပြောတာတော့ သူနဲ့ အစ်ကိုနန်က ခွဲလို့ မရဘူးတဲ့”
“ကျန်တာတော့ ငါလည်း မသေချာဘူး”
ဒါဟာ ဒီအကြောင်းကို နန်ကော ပထမဆုံးကြားဖူးတာပဲ။ “ဒီလိုကိုး...ငါ့အစ်ကို အရင်က ဒီအကြောင်းပြောတာ တစ်ခါမှ မကြားဖူးဘူး”
“အတော်လေးကြာပြီမလား? သူတို့က ဂျူနီယာအထက်တန်း အတန်းဖော်တွေသာဆိုရင် အထက်တန်း အောင်ပြီးကတည်းကဆို ၁၀နှစ်လောက်ရှိပြီ အဲဒီတုန်းက နင့်အသက် ဘယ်လောက်ရှိမလဲ?”
“အမှန်ပဲ”
“ဒီတော့ ငါ့အစ်ကိုက သတိထားမိတာပေါ့?”
“ထင်တာပဲ”
သူနဲ့ မရင်းနှီးတဲ့လူကတောင် ၇၀၊၈၀ရာခိုင်နှုန်းလောက် ဆင်တယ်လို့ ခံစားရတာ။ နန်ကျဲ့ဆို တစ်ချက်ကြည့်ရုံနဲ့ ကျိန်းသေပေါက် သူမကို တန်းမှတ်မိမှာ။
“ငါ့အစ်ကို အရင်က ရည်းစားတစ်ခါမှ မထားခဲ့ဘူးလား။ သူက ဒီကောင်မလေးနဲ့ သူငယ်ချင်း သက်သက်ပဲလား?”
“ဒီပုံထဲကတစ်ယောက်က အမြဲဆံပင်တိုတိုနဲ့ ကောင်လေးနဲ့ တူတယ်။ သူတို့ တွဲခဲ့လား မတွဲခဲ့လားကတော့...ငါတော့ မတွဲခဲ့ဘူးထင်တာဘဲ”
နှစ်တွေအများကြီး နန်ကျဲ့ဟာ ဘယ်သူနဲ့မှ မတွဲတဲ့ လူတစ်ယောက်ရဲ့ ပုံမှန်ဥပမာတစ်ခုလို့ ပြောလို့ရတယ်။
သူဟာ သူတို့ အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံခဲ့ရပြီး အဆင့်အတန်း မြင့်လို့ ဆိုပြီး အမြဲလူတိုင်းဆီက အလှောင်ခံရတယ်။
သူ ဘယ်သူနဲ့မှ မတွဲဖူးတာကို ထည့်မပြောနဲ့ဦး။ ညကလပ်တွေ သွားရင်လည်း ဘယ်မိန်းကလေးကိုမှ တစ်ခါမှ မထိခဲ့ဖူးဘူး။
“သေချာမသိတဲ့ လူတွေကတော့ တစ်ယောက်ယောက်အတွက် သူ့သီလကို စောင့်ထိန်းတယ်လို့ ထင်ကြမှာပဲ” ယွီက ကွန်ပလိန်း တက်တယ်။
အစောပိုင်း နှစ်တွေတုန်းက ဒီလောကက လူမှုရေးသမားတွေဟာ နန်ကျဲ့ကို ဖြားယောင်း သွေးဆောင်ဖို့ဆို ဆယ်နဲ့ချီတဲ့ မီလီယံတွေသုံးရရင်တောင် တုံ့ဆိုင်းနေကြတာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ရဲ့အချစ်ကို အမျိုးမျိုးသော မြင့်မားတဲ့ နည်းတွေနဲ့ ထုတ်ဖော် ပြကြတယ်။
ကံမကောင်းစွာနဲ့ဘဲ နန်ကျဲ့ဟာ သူ့တို့ကို လှည့်တောင် မကြည့်ဘဲ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရဲ့ နှလုံးသားကို နာကျင်စေခဲ့တယ်။
နောက်ကျတော့ ကလပ်ပိုင်ရှင်ကတောင်မှ မထိန်းနိုင်မသိမ်းနိုင် နန်ကျဲ့ကို ချစ်မိသွားပါတယ်ဆိုပြီး အတင်း သူ့ဆီ ပစ်၀င်သေးတယ်။
ဒီကိစ္စကိုဆို လူစုံတိုင်း ပြန်ပြန်ထည့်ပြော ကြတယ်။ ဒီဟာက အသေရယ်ရတဲ့ ဟာသတစ်ခုကိုး။
“တစ်နည်းအားဖြင့် ပြောရရင် ငါ ရှန်ရန်ချင်းကို သွားတွေ့လို့ ရတယ်ပေါ့?”
“အင်း အစ်ကိုနန် ဖုန်းခေါ်တဲ့အခါကျရင် နင် ငါနဲ့အတူရှိတယ်လို့ ငါပြောလိုက်မယ် လုံး၀ အဆင်ပြေ သွားပါလိမ့်မယ်”
“အဓိကက နင် ဒီရက်ပိုင်းထဲသာ သတိထားပြီးနေ ကိုယ့်ကိုယ်ကို မဖော်မိစေနဲ့”
“နိုး ငါ မလုပ်ပါဘူး!” နန်ကောဟာ ယုံကြည်ချက်အပြည့်။
ယွီဟာ ရယ်ပြီး ဘာမှတ်ချက်မှတော့ မပေးဘူး။ “ဒိတ်လေး အောင်မြင်သွားရင် ဥက္ကဌရှန်ရဲ့ ဖုန်းနံပါတ်ကို ပေးဖို့ သတိရဦး”
“နောက်လထဲ ဟွားရှန်အဖွဲ့အစည်းမှာ ထုတ်ကုန်အသစ် မိတ်ဆက်ဖို့ ရှိတယ်တဲ့။ ဟီးဟီးဟီး ငါလည်း ပျော်ချင်လို့”
“အိုကေ!”
_____
နန်ကျဲ့ရဲ့ ဘလိုင်းဒိတ်ကို လက်ခံတာဟာ ပူးပေါင်းကြံစည်မှု မဟုတ်ကြောင်းကို အတည်ပြုပြီးတဲ့ နောက်မှာတော့ စားသောက်ဆိုင်ဘွတ်ကင်ယူဖို့အတွက် နန်ကောဟာ သူပေးတဲ့ ဒေါ်လာ၅၀၀၀၀ကို ယူလိုက်တယ်။
သူမဟာ လူတွေအများကြီးကို လိုက်မေးခဲ့ပြီး လိုင်းပေါ်မှာလည်း အချိန်အကြာကြီး ရှာခဲ့တယ်။ အဆုံးမှာတော့ သူမဟာ စုံတွဲစားသောက်ဆိုင်ကို ရွေးလိုက်တယ်။
“ဟယ်လို စားပွဲတွေ အားသေးလား မသိဘူး? ကျွန်မ ချစ်သူများနေ့ညနေအတွက် စားပွဲတစ်ပွဲ ကြိုယူထားချင်လို့ပါ”
“စိတ်မကောင်းပါဘူး မဒမ် လွန်ခဲ့တဲ့လ၀က်လောက်ထဲက လူတွေ ကြိုယူထားကြလို့ပါ အခုဆို စားပွဲမကျန်တော့ဘူးရယ်”
“ဟမ်?”
ဖုန်းချပြီးတဲ့နောက် နန်ကောဟာ နောက်ထပ်စားသောက်ဆိုင်နှစ်ဆိုင်ကို ကြိုးစားကြည့်ပေမဲ့ ရလဒ်ကတော့ အတူတူပဲ။
ဒါဟာ နန်ကောအတွက် ပထမဆုံးအကြိမ် ချစ်သူများနေ့ကို ဆင်နွှဲတာဖြစ်ပြီး ပထမဆုံးအကြိမ် ချစ်သူများနေ့မှာ စားသောက်ဆိုင် ဘွတ်ကူယူဖို့ ခက်ခဲတယ် ဆိုတာကိုလည်း သိလိုက်ရတယ်။
သူမဟာ အခန်းထဲ စိုးစိုးရိမ်ရိမ်နဲ့ ပတ်လျှောက်နေပြီး မနေနိုင်ဘဲ စုဟွေးဆီပါ ကွန်ပလိန်း တက်လိုက်သေးတယ်။ “ဘာလို့ စားသောက်ဆိုင်တွေက ဘွတ်ကင်ယူဖို့ သိပ်ခက်ခဲ နေရတာလဲ?!”
စုဟွေးဟာ သေချာပေါက်ကို သူမထက် ပိုအတွေ့အကြုံရှိ ဖူးတယ်။ “ဒီလိုအချိန်ဆို စားသောက်ဆိုင်တွေက များသောအားဖြင့် ပြည့်နေပြီ။ နင် နည်းနည်းလောက် ထပ်စောင့်ရင်တော့ ပယ်ဖျက်တဲ့လူတွေလည်း ရှိရင်ရှိမှာ။ နင် အဲဒါတွေကို ကြိုးစား ကြည့်လို့ရတယ်။ ဒါပေမဲ့ အခွင့်အရေးတော့ နည်းတာပေါ့”
“ပြောလက်စနဲ့ ချစ်သူများနေ့အတွက် စားသောက်ဆိုင်ဘွတ်ကင်ကို ဘာလို့ နင်က ယူနေရတာလဲ? ဥက္ကဌရှန်က ယူရမှာမဟုတ်ဘူးလား?”
“အော်” နန်ကော ရှက်ရှက်နဲ့ နှာခေါင်းကို ကိုင်ပြီး တိုးတိုးလေး ရှင်းပြတယ်။ “ဘာလို့ဆို ငါက သူ့ကို မေးတဲ့လူမလို့လေ”
“ငါလူး?!”
ဒါကို ကြားတော့ စုဟွေးဟာ အိပ်ရာပေါ် ထထိုင်လိုက်တယ်။ “နန်ကော ငါတော့ လေးစားသွားပြီ!”
“အို တကယ်လား?”
“ငါအမြဲထင်နေခဲ့တာက ဥက္ကဌရှန်သာ အရင်မစဘူးဆိုရင် နင်ဆို ဒီအဆင့်ကို စဖို့ တော်တော်လေးကြာ နေမှာလို့”
“ငါ ဒါကို မမျှော်လင့်ထားဘူး ဘယ်လောက်ကြာပြီလဲ? နင်ရဲ့ တိုးတက်မှုနှုန်းက မြန်လိုက်တာ!”
ဒါကို ကြားတော့ နန်ကောဟာ ခေါင်းကို ကို့ရို့ကားယား ကုတ်လိုက်ပြီး “ဟမ်? အရမ်းမြန် နေလို့လား?”
“ဘယ်လိုပြောရမလဲ?” စုဟွေးဟာ ဖရဲသီးစေ့ကို ကိုက်လိုက်ပြီး ရှင်းပြတယ်။ “နင့်အတွက်တော့ နည်းနည်းလေး မြန်နေနိုင်ပေမဲ့ အခြားလူအတွက်ကျ home run ရသွားသလိုပဲ”
“ခဏလေး ဘာလဲ home run က?”
[TN - home run က baseball ကစားနည်းမှာ သုံးတဲ့ အသုံးအနှုန်းပါ။ ဒီမှာကတော့ တစ်ခုခုကို ကြီးကြီးမားမား အောင်မြင်သွားတယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။ ]
“အာ...” စုဟွေးဟာ ခဏလောက် တွေးကြည့်လိုက်ပြီး သူမကို မကောင်းတဲ့အရာတွေ မသင်ပေးဖို့ဘဲ ဆုံးဖြတ်လိုက်တယ်။ “အဲဒါက အရေးမကြီးပါဘူး”
“နင် အခုစားသောက်ဆိုင်တောင် ဘွတ်ကင် မရသေးဘူးမလား?”
“အင်း...နေဦး” နန်ကောဟာ ရုတ်တရက် အခြားစားသောက်ဆိုင် တစ်ဆိုင် ရှိနေသေးတယ် ဆိုတာကို သတိရသွားတယ်။
“ငါ မမေးရသေးတဲ့ တစ်ဆိုင်ရှိသေးတယ်”
အဲဒီစားသောက်ဆိုင်ဟာ ဟိုက်တစ်မြို့လုံးမှာ အကောင်းဆုံးလို့တောင် သတ်မှတ်လို့ ရတယ်။
အစကတော့ ပရိုမိုရှင်း စာရွက်ကို တွေ့ပြီး သူမ ဆွဲဆောင်ခံလိုက်ရတာ။ အဲဒီနောက် သူမ ပိုက်ဆံအိတ်ကို ကြည့်လိုက်တယ်။ သူမပိုက်ဆံအိတ်လေးဟာ အနည်းငယ် တင်းကျပ် နေတယ်။
“ငါခေါ်ပြီး စားပွဲ ရှိသေးလား။ မေးကြည့်လိုက်မယ်”
နန်ကောဟာ တုံ့ဆိုင်းမနေတော့ဘူး။ သူမဟာ ဖုန်းနံပါတ်ကို ရှာတွေ့သွားပြီး စားသောက်ဆိုင်ကို ခေါ်လိုက်တယ်။
ဖုန်းကောလ်ဟာ အမြန်ဖြတ်စီးသွားပြီး ၀န်ထမ်းဟာ ချက်ချင်းပဲ ဖုန်းဖြေတယ်။
“ကျွန်မ ချစ်သူများနေ့အတွက် အားတဲ့စားပွဲများ ရှိသေးလားသိချင်လို့ပါ”
“ချစ်သူများနေ့ညလား မဒမ်?”
“ဟုတ်တယ်”
“စိတ်မကောင်းပါဘူး မင်း မကောင်းတဲ့အချိန်မှာ ခေါ်မိတာပဲ”
“ဟမ်?” စားပွဲ မရှိပြန်ဘူးလား?
“ကျွန်တော်တို့ စားသောက်ဆိုင်က နောက်ဆုံးစားပွဲက လွန်ခဲ့တဲ့တစ်နာရီကမှ ပြည့်သွားတာပါ စိတ်မကောင်းပါဘူး”
“ရပါတယ်” နန်ကောဟာ စိတ်ပျက်ပျက်နဲ့ ဖုန်းကို ချလိုက်ပြီး ဖြေရှင်းချက်တစ်ခုခုကို စဉ်းစားဖို့အတွက် စုဟွေးကို သွားရှာတယ်။
“ဒါက ငါတို့ လမ်းဘေးမှာပဲ စားလို့ရတော့မယ်ဆိုတဲ့ သဘောလား?”
“မလိုပါဘူး” စုဟွေးက ပြုံးပြီး အေးတဲ့ရေနောက်တစ်ပုံးဟာ သူမအပေါ် လောင်းကျသွားတယ်။ “လမ်းဘေးဆိုင်တွေမှာတောင်မှ နင်တို့ ခုံမရလောက်ဘူး”
နန်ကောဟာ ဆွံ့အ သွားတယ်။ သူမ စပြီး ဆောက်တည်ရာမရဖြစ်လာပြီ။
“အဲဒါဆိုလည်း ငါ ထပ်ရှာ ကြည့်ဦးမယ်။ တကယ်လို့ မရတော့ဘူးဆိုရင်လည်းပဲ ပိုက်ဆံနဲ့ဆို မဖြေရှင်းနိုင်တာ မရှိဘူးမလား?” ပိုက်ဆံက ကမ္ဘာကြီးကို လည်ပတ်နေစေတာ။ သူမ ပိုက်ဆံမရှိဘဲ စားပွဲတစ်လုံးတောင် မရနိုင်ဘူးဆိုတာကို သူမ မယုံဘူး။
“တကယ်တော့ နင်တို့ ဘယ်မှာ စားလဲဆိုတာက အရေးမကြီးဘူး။ နင်တို့ ၂၄နာရီစတိုးတွေမှာတောင် စားလို့ ရတယ် အဓိကက အဲဒီနေ့ရဲ့ ရိုမန့်တစ် ဆန်ဆန်လေထုနဲ့ နင် ဘာပြောချင်လဲဆိုတာပဲ!”
“နန်ကော နင်အခွင့်အရေးကို အမိအရ ယူရမယ်နော်!”
“မကြောက်နဲ့!”
“စိုးရိမ်တာတွေအားလုံးကို လွှတ်ပစ်လိုက်! တည့်ချ!”
စုဟွေးဟာ နန်ကောအတွက် စိုးရိမ်ပူပန်နေတာ ဖြစ်တယ်။ “ဥက္ကဌရှန် နင့်ကို စိတ်၀င်စားတယ်ဆိုတာ အသိသာကြီး။ နင်က နောက်ခြေတစ်လှမ်း လှမ်းဖို့ပဲ လိုပြီး ဒီကိစ္စကလည်း အခြေကျသွားလိမ့်မယ်!”
“နားလည်လား?”
“အာ ငါနားလည်တယ်” ကြက်ပေါက်လေးတစ်ကောင် ဆန်ကို တွတ်နေသလိုမျိုး နန်ကောဟာ ခေါင်းကို အထပ်ထပ်အခါခါ ညိတ်တယ်။
ယွီလိုပဲ စုဟွေးဟာလည်း သူမ လွဲချော်သွားမှာကို စိုးရိမ်တာ။
အချစ်နည်းပြ နှစ်ယောက်ရဲ့ အလှည့်ပေါ့လေ။
ယွီဟာ စာပို့ပြီးတောင် မေးလာသေးတယ်: [ငါ နင်နဲ့အတူလိုက်ပေးဖို့ လိုလား?]
[???] နန်ကောဟာ ကြောင်သွားတယ်။ [ဘယ်ကို?]
ယွီ: [ငါပြောတာက နင်နဲ့အတူ ဒိတ်ကို လိုက်ပေးရမလားလို့!]
[ငါ နင့်ကို အားပေးနေမယ်လေ!]
[နိုး နိုး လူတွေ ရှိတယ်။ ]
[ရပါတယ်။ ငါကိစ္စမရှိဘူး။ ]
[.....] ဒီကောင် ရူးနေတာလား?
ယွီဟာ နန်ကောအပေါ် ယုံကြည်ချက် ရှိမနေဘူး။ [အချိန်ကျရင် ငါ့ကို မသိအောင် ခိုးခေါ်လိုက်ပါလား?နင် ဥက္ကဌရှန်နဲ့ စကားပြောတာကို ငါ ကူညီပေးမယ်။ နင် အောင်မြင်လိမ့်မယ်လို့ ငါအာမခံတယ်။ ]
******