← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

Chapter 70 ချစ်သူများနေ့ကို ရေတွက်ခြင်း။

ချစ်သူများနေ့ ရောက်ဖို့ ၂ရက်ပဲလိုတော့တယ်။

အခုတလော ယွီဟာ သူ့ကောင်မလေးနဲ့ မတွေ့ဘဲ နန်မိသားစုရဲ့အိမ်ကို မကြာခဏ လာဖြစ်နေတယ်။

သူ့ရဲ့အပြုအမူတွေဟာ နန်ကျဲ့အတွက် အရမ်းထူးဆန်းနေတယ်။

ပထမ၂ရက်ကတော့ အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ နောက်ကျတော့ နန်ကျဲ့ဟာ မတတ်နိုင်ဘဲ နိုးနိုးကြားကြား ဖြစ်လာတယ်။ သူက သူ့ကို ဖမ်းကိုင်ပြီး နန်ကောကို ကြိုက်နေတာလားလို့ မေးလိုက်တယ်။

ယွီဟာ ဆွံ့အသွားပြီး မျက်လုံးတွေကို လှည့်လိုက်တယ်။

ကံကောင်းစွာနဲ့ပဲ သူဟာ စကားကြွယ်တယ်။ စကား၂ခွန်း၃ခွန်းလောက်နဲ့တင် နန်ကျဲ့ဘက်ကို ကိုင်တွယ်ပြီးသား။

၃ထပ်မြောက်က အိပ်ခန်းထဲမှာတော့။

“ဒီနေ့က နင်၀တ်မယ့်ဟာအကြောင်း ပြောရအောင်” ယွီဟာ ဆိုဖာပေါ်မှာ ထိုင်ပြီး မေးစေ့ကို ပွတ်ကာ သူမကို ခေါင်း‌စခြေဆုံး သေချာကြည့်တယ်။ “အဲဒီနေ့ကျ ဘာ၀တ်မယ်ဆိုတာ နင်ဆုံးဖြတ်ပြီးပြီလား?”

“အာ...အရမ်းတင့်တင့်တယ်တယ် ဖြစ်ဖို့လိုလား?” နန်ကောဟာ ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး တစ်ခါမှ မတွေးခဲ့ဖူးဘူး။

သူမရဲ့ ပထမဆုံး‌သောဒိတ်မှာ သူမ ဘာမှလည်း မသိသလို အနည်းငယ်လည်း ရှုပ်ထွေး နေခဲ့တယ်။

ထပ်ပေါင်းပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ရက်တွေထဲက ယွီဟာ သူမထဲကို အမျိုးမျိုးသော ဗဟုသုတအချက်တွေ ရှိအောင် ထိုးသွင်းနေခဲ့တာ ဖြစ်တယ်။ အဲဒါကြောင့် သူမမှာ ခေါင်းသာ ကိုက်လာရပြီး အခြားဘာကိုမှ ဂရုမစိုက်နိုင်တော့တဲ့မုဒ် ဖြစ်လာတယ်။

“သေချာပေါက်ပေါ့!” ယွီဟာ သူမအတွက် ပုံနှစ်ပုံ ရှာပေးတယ်။ “ဒီလိုမျိုးလေး နင့်ရဲ့ ညနေ၀တ်တွေ အကုန်လုံး ဆွဲထုတ်လိုက်!”

နန်ကောဟာ နည်းနည်းအနီးကပ် တိုးကြည့်ပြီး သက်ပြင်းချတယ်။

“ဒါက...နည်းနည်း များမနေဘူးလား?”

သူမက ဒိတ်သွားလုပ်မှာလေ။ ညစာစားပွဲ သွားမှာမှ မဟုတ်တာ။

စကတ်က မြေကြီးထိနေပြီ။ သူမလမ်းဘေးဆိုင်ကိုသာ သွားလိုက်ရင် သူမကို သေချာပေါက် သောက်ရူးတစ်ယောက်လို့ ထင်ကုန်မှာပဲ။ ဟုတ်တယ်မလား?

“နင်က လူလွတ်လေ နင်ဘာသိလို့လဲ? နင့်အတွက် ဒီဒိတ်က ဘယ်လောက် အရေးပါလဲဆိုတာ ပြဖို့ နင် မြင့်မြတ်ပြီး တင့်တယ် နေရမယ်”

နန်ကော သူ့ကို ယုံတယ်။

သူမ ဗီဒိုထဲကိုသာ မွှေနှောက် ရှာလိုက်တယ်။ သူမမှာ အဲဒီလောက် မျက်လုံးထဲထင်းတဲ့ ဂါ၀န်မျိုးမရှိဘူး။

သူမပိုင်တဲ့ထဲ မျက်လုံးထဲ အထင်းဆုံး ဂါ၀န်ဆိုလို အနက်ရောင် မင်းသမီးဂါ၀န်လေးပဲ ရှိတယ်။

“အဲဒါဆို ဒီတစ်ထည်” ယွီဟာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တယ်။

နန်ကောဟာ အသက်ရှူပြီး ဂါ၀န်ကို ဘယ်ညာသေချာကြည့်ရင်း သူမရဲ့ဘ၀ကို သံသယ ဝင်နေမိတယ်။

“နင် ငါ့ကို ယုံရမယ်” ယွီဟာ ယုံကြည်ချက်အပြည့်။ “နင့်အခြား၀ါ၀န်တွေက ရိုးနေပြီ အသစ်အဆန်းရယ်လို့ မရှိဘူး။ ညအိပ်ဝတ်စုံ ၀တ်သွားတာကမှ ပိုကောင်းဦးမယ်”

နန်ကော “.....”

“တခြားရှိသေးလား?”

“လက်ဆောင် နင် လက်ဆောင် ပြင်ပြီးပြီလား?”

“ငါ မေ့တော့မလို့!”

“ပြင်ဆင်ဖို့ အချိန်ရှိသေးတယ်”

“အပြင်သွားရအောင်”

_____

ယောက်ျားတွေကပဲ ယောက်ျားတွေကို ပိုကောင်းကောင်း သိတယ်။

သူတို့မောလ်ထဲကို ရောက်တာနဲ့ ယွီဟာ သူမကို ချက်ချင်းပဲ လက်၀တ်လက်စားတွေ ကြည့်ဖို့ ဆွဲခေါ်သွားတယ်။

သူတို့ ရင်ထိုးတွေ၊လက်ကိုင်ပုဝါတွေနဲ့ လက်ကြယ်သီးတွေကို ကြည့်ခဲ့ကြတယ်။

သူတို့ဟာ ထူးပြီး ဈေးကြီးနေတာမျိုးတော့ မဟုတ်ပေမဲ့ အဲဒီဟာတွေကို ရှန်ရန်ချင်း သုံးတယ်လေ။

အရင်တစ်ခေါက်က ရှန်ရန်ချင်းနဲ့အတူ နက်ကတိုင် ၀ယ်ခဲ့တာမို့ နန်ကောဟာ တုံ့ဆိုင်းခြင်းမရှိဘဲ အခြားပစ္စည်းတွေကို ကြည့်တယ်။

“ဒီလက်ကြယ်သီးလေးတွေက အရမ်းကောင်းတယ်ရော် နင် ဘယ်လို ထင်လဲ?” နန်ကောမှာ ဘာထင်မြင်ချက်မှတော့ မရှိပါဘူး။ ယောက်ျားလေးလက်၀တ်လက်စားနဲ့ ပတ်သက်ပြီဆိုရင် ယွီရဲ့ ထင်မြင်ချက်ကသာ ပိုအရေးကြီးတာလေ။

“ဟင့်အင်း ဒါက အရမ်းကလေးဆန်တယ်။ ဒါက အစ်ကိုနန်နဲ့ ပိုလိုက်တာ တခြားဟာ ရွေး”

“ဒါရော?”

“ဈေး အရမ်း နည်းလွန်းတယ်။ နည်းနည်း မျက်နှာ ပူစရာဖြစ်မယ်။ နင် သူ့ကို ပေးရင်တောင် သူ မသုံးလောက်ဘူး”

“အမှန်ပဲ”

နန်ကောဟာ ဆက်လက်ပြီး ရွေးတယ်။

နာရီ၀က်နီးနီး‌ ရွေးနေပြီတဲ့နောက် သူတို့နှစ်ယောက်ဟာ နောက်ဆုံးတော့ သဘောတူ သွားတယ်။

နန်ကောဟာ စိတ်သက်သာရာ ရပြီး သက်ပြင်းချလိုက်တယ်။ လက်ဆောင်ပေးတာက ပြဿနာ များတယ်ဆိုတာကို ဒါ သူမ ပထမဆုံးအနေနဲ့ ခံစားမိတာပဲ။

သူမ အပြင်ထွက်လက်စနဲ့တော့ နန်ကောဟာ နည်းနည်းပါးပါး လျှောက်ပတ် ကြည့်ချင်သေးတယ်။

ယွီကလည်း အခြားဘာမှ လုပ်စရာမရှိဘူးဆိုတော့ သူမနဲ့အတူအဖော်လိုက်ပေးတယ်။

အနက်ရောင်ဝါ၀န်နဲ့ လိုက်ဖက်မဲ့ ဖိနပ်တစ်ရံလောက် နန်ကော၀ယ်ချင်တယ်လေ။ သူတို့နှစ်ယောက် ဆိုင်ထဲကို ၀င်သွားတာနဲ့ ဒေါက်ဖိနပ်သံ တစ်သံဟာ ချဉ်းကပ်လာတယ်။

“ဟေး တကယ်ကြီး မင်းပဲ”

နန်ကောနဲ့ ယွီဟာ တစ်ပြိုင်တည်း မော့ကြည့်လိုက်တယ်။

သူမနဲ့ ဆန့်ကျင်ဘက်က အမျိုးသမီးဟာ အသက်၃၀နီးနီးလောက်တော့ ရှိပြီ။ သူမဟာ ရင့်ကျက်စွာ ၀တ်စားထားပြီး “ချမ်းသာတယ်” ဆိုတဲ့ စကားလုံးကို သူမမျက်မှာပေါ်မှာ ရေးထွင်းထားတယ်။ တစ်ကိုယ်လုံးဘရန်းတွေချည်းပဲ။

ဒါပေမဲ့ ဒီလူ...ယွီတော့ သူမကို မသိဘူး။

ဒါကြောင့် သူဟာ နန်ကောကို လှည့်ကြည့်လိုက်တယ်။

သူ့ဘေးက နန်ကောဟာလည်း နည်းနည်း ကြောင်တောင်တောင် ဖြစ်နေတယ်။ သူမ ဒီလူကို သိလို့လား?

အမျိုးသမီးဟာ သူမကို ပြုံးပြတယ်။ “ငါတို့ ရှန်ရန်ချင်းအိမ်မှာ တွေ့ဖူးတယ်လေ”

“အာ!” သူမ သတိပြန်ပေးလိုက်တော့မှ နန်ကောရဲ့စိတ်ထဲ အဲဒီညဟာ ခပ်မြန်မြန် ဖြတ်ခနဲ ပြန်ပေါ်လာတယ်။ “ရှင်က ဥက္ကဌရှန်ရဲ့ ၀မ်းကွဲမလား?”

“ဟုတ်တယ်” အမျိုးသမီးဟာ သူမဆီ လက်လှမ်းပြီး သူမကို ညင်ညင်သာသာ လက်ဆွဲ နှုတ်ဆက်တယ်။ “ဒီကို ၀င်မလာခင်ကတည်းက ငါ မင်းကို တွေ့လိုက်တာ ငါက ငါအမြင်မှားတယ်ထင်လို့”

“တိုက်ဆိုင်လိုက်တာ”

နန်ကောဟာ ခြောက်ကပ်ကပ်ပြုံးပြတယ်။

နန်ကောမှာ တစ်ဖက်လူကို အရင်က တွေ့ဖူးပေမဲ့ သူမကို မမှတ်မိခဲ့ဘူးလို့သာ ပြောနိုင်တော့တယ်။

သူမ ဘာအကြောင်းပြောရမလဲ မသိဘူး။

“သူက မင်းရဲ့...” အမျိုးသမီးဟာ မျက်ခုံးပင့်ပြီး ယွီကို ကြည့်တယ်။

ယွီဟာ ၂၀စွန်းစွန်းပဲ ရှိသေးတယ်။ သူဟာ ငယ်ရွယ်နုပျိုမှုတွေနဲ့ ပြည့်နှက်နေဆဲ။

သူဟာ ရှန်ရန်ချင်းနဲ့တော့ လုံး၀ကွဲပြားတယ်။

သူတို့အတူ ဒီလိုအချိန်ကြီး ဈေး၀ယ်ဖို့ ထွက်လာကတည်းက လျှောက်ပြီး စိတ်ကူးမယဉ်ဘဲနေဖို့က တော်တော်ခက်ပါတယ်လေ။

“ကျွန်မ သူငယ်ချင်းပါ”

“အော်” အမျိုးသမီးဟာ အပြုံးရေးရေးလေးနဲ့ ခေါင်းညိတ်ပြတယ်။

“ရှောင်ယွဲ့?”

အသံကို ကြားတော့ အမျိုးသမီးဟာ လှည့်ကြည့်ပြီး လက်ပြလိုက်တယ်။ “အန်တီ ကျွန်မ ဒီမှာ”

အန်တီ...

နန်ကောဟာ အနည်းငယ် အံ့ဩသွားတယ်။ သူမဟာ တစ်ဖက်လူရဲ့ အကြည့်နောက်လိုက်ပြီး အမျိုးသမီးတစ်ယောက် ဒီဘက်ကို ဖြည်းဖြည်းချင်း လျှောက်လာနေတာကို တွေ့လိုက်ရတယ်။

တစ်ဖက်လူဟာ သူမအမေထက် နည်းနည်းကြီးပုံ ပေါ်တယ်။ သူမဟာ အသက်၅၀နီးနီးလောက် ရှိပေမဲ့ သူမမှာ ကောင်းမွန်တဲ့ တည်ငြိမ်မှုမျိုး ရှိတယ်။

သူမ ငေးနေတုန်းမှာပဲ ယွီဟာ ခေါင်းနည်းနည်းစောင်းပြီး သူမကို တိုးတိုးလေး ပြောတယ်။ “ဒီအန်တီရဲ့ လည်ပင်းနဲ့လက်ပေါ်က ကျောက်စိမ်းတွေက အရမ်းဈေးကြီးတယ်”

“ဟမ်?” နန်ကောဟာ သတိမထားမိဘူး။

ယွီရဲ့ မိသားစုဟာ လက်၀တ်ရတနာ စီးပွားရေး လုပ်တာမလို့ သူဟာ တစ်ချက်ကြည့်ရုံနဲ့ ခန့်မှန်းဈေးကို ပြောနိုင်တယ်။

“ဒီအန်တီရဲ့ နောက်ခံက မရိုးရှင်းဘူး။ သူ့ကြည့်ရတာ စိတ်ပုပ်မဲ့ပုံပဲ။ သူက ဥက္ကဌရှန်ရဲ့ အဒေါ်လား?'

သူမနဲ့ ဆန့်ကျင်ဘက်က ရှောင်ယွဲ့ဟာ ဥက္ကဌရှန်ရဲ့ ၀မ်းကွဲ ဖြစ်တယ်။ ဒီတော့ ဒီအန်တီက သူတို့ရဲ့ အဒေါ် ဖြစ်လောက်တယ်ဟုတ်?

“အန်တီ ရှင်အချိန်ကောင်းမှာ ရောက်လာတာပဲ။ ဒါက ကျွန်မ ရှင့်ကို အရင်က ပြောပြဖူးတဲ့ ကောင်မလေးလေ” ရှောင်ယွဲ့ဟာ အမျိုးသမီးရဲ့လက်ကို ကိုင်ပြီး နန်ကောကို လက်ညှ်ိုးထိုးပြတယ်။

ချက်ချင်းပဲ နန်ကော ပြင်းရှရှ အကြည့်တစ်စုံကို ခံစားလိုက်ရတယ်။

မသိရင် သူမဟာ ကုန်ပစ္စည်းတစ်ခုကို စစ်ဆေး ကြည့်နေသလိုမျိုး။ သူမက သူမရဲ့အကြည့်ကိုလည်း ဖုံးကွယ်ထားမနေဘူး။ အဲဒီမှာ စိစိစစ်စစ်နဲ့ ရန်ငြိုးအနည်းငယ် ပါနေတယ်။

ဒီဟာက တော်တော်လေး သက်တောင့်သက်သာ မရှိဘူး။

နန်ကောဟာ နှုတ်ခမ်းဖိပြီး တဖက်လူကို ယဉ်ယဥ်ကျေး‌ကျေး နှုတ်ဆက်လိုက်တယ်။

အမျိုးသမီးဟာ ခေါင်းညိတ်ရုံသာ ညိတ်ပြီး ဘာမှ မပြောဘူး။

သူမဟာ သူမကို မကျေနပ်ပုံရပြီး ခပ်မြန်မြန်ပဲ အကြည့်လွှဲသွားတယ်။

ဒါက ကောင်းပါတယ်။ နန်ကောလည်း စိတ်သက်သာရာရပြီး သက်ပြင်းချရတာပေါ့။

သူမ ရှောင်ယွဲ့ကို နှုတ်ဆက်ပြီး ထွက်သွားမလို့ လုပ်မဲ့အချိန်မှာပဲ တစ်ဖက်လူဟာ သူမကို နွေးနွေးထွေးထွေး မိတ်ဆက်လာတာကို ကြားရတယ်။ “မင်းနာမည်က နန်ကောမလား? ငါက ရှန်ရန်ချင်းအမေပါ”

နန်ကောဟာ စကားပြောဖို့ကို ရပ်ပြီး အမျိုးသမီးကို မျက်လုံးပြူးကြည့်လိုက်တယ်။

ဘေးနားကနေ ကြည့်နေတဲ့ ယွီဟာလည်းပဲ အံ့အားသင့်သွားတယ်။

အန်တီတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရှန်ရန်ချင်းအမေ?

ဒါပေမဲ့ နန်ကောကို နားမလည်နိုင်စေတာက အဲဒီနေ့က သူ့အမေဟာ နိုင်ငံခြားမှာလို့ ရှန်ရန်ချင်း သေချာပေါက် ပြောခဲ့ပါတယ်။

သူမက အခုဘာလို့ ဒီရောက်နေတာလဲ?

“ငါတို့ တွေ့လက်စနဲ့ ဘာလို့ ထမင်းအတူတူ မစားတာလဲ?” ရှောင်ယွဲ့က အကြံပေးတယ်။

ယွီဟာ သက်ပြင်းချပြီး တစ်ဖက်လူရဲ့ ဦးနှောက်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်။

သူမမှာ ဘယ်လိုလုပ် အတူတူစားဖို့ စိတ်ကူးက ရှိနိုင်သေးတာလဲ?

ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူ အဓိက ဖိတ်ခေါ်နေတာက နန်ကောဖြစ်ပြီး သူ မဟုတ်ဘူးဆိုတော့ သူ နန်ကောကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်တယ်။

“ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့ ၀ယ်စရာလေး ရှိသေးလို့ပါ ပြီးတော့ ကျွန်မတို့ မိသားစုကလည်း အတူစားဖို့ အိမ်မှာ စောင့်နေလို့ပါ။ ကျွန်မတို့ ပြန်တော့မှာရယ်”

“နောက်တစ်ခါမှပေါ့” နန်ကောရဲ့ စကားလုံးတွေဟာ သင့်လျော်တယ်။

“ဟုတ်ပြီ ဟုတ်ပြီ။ နောက်တစ်ခါ ရှန်ရန်ချင်းကိုပါ ခေါ်လိုက်လေ။ ထိုင်ပြီး မိသားစုလိုမျိုး အတူစားရအောင်”

ရှောင်ယွဲ့ ဒါကို ပြောလိုက်တာနဲ့ နန်ကောတောင် မ‌တုံ့ပြန်နိုင်ခင်မှာဘဲ သူမဘေးက အမျိုးသမီးဟာ ပြစ်တင် ရှုံ့ချတဲ့လေသံနဲ့ ပြောလိုက်တာကို သူမ ကြားရတယ်။ “ရှောင်ယွဲ့ နင် ဘာပြောနေတာလဲ? ဘယ်သူ့ကို မိသားစုလို့ ခေါ်နေတာလဲ?”

******

All Chapters