← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

73 01

Chapter 73 ပင်ကွင်းပေါက်လေး မင်းကို သဘက်ခါကျ တွေ့မယ်။

နန်ကောနဲ့ ရှန်ရန်ချင်းဟာ ကိစ္စတွေကို တရား၀င်လုပ်ဖို့ အဆင့်တစ်ဆင့်ပဲ လိုတော့တာ။ သူတို့လိုအပ်တာဆိုလို့ ပေါ့ပေါ့ပါးပါးပဲ တိုး၀င်လို့ရမယ့် အခွင့်အရေးတစ်ခု။

သူမ အစ်ကိုက ပြောဖူးတယ်။ ယောက်ျားတွေဟာ စကားသွက်တယ်တဲ့။ အထူးသဖြင့် အသက်ကြီးတဲ့ယောက်ျားတွေ။

ဘာလို့လဲဆိုတော့ သူတို့မှာ အတွေ့အကြုံတွေ ရှိပြီးသားဖြစ်တာမို့ အတွေ့အကြုံမရှိသေးတဲ့ မိန်းမငယ်လေးတွေဟာ အလွယ်တကူထိန်းချုပ်ခံရတတ်တယ်။

အဲဒီအချိန်တုန်းက သူမအစ်ကိုဟာ သူမကို လေးလေးလေးနက်နက် ထပ်ခါတလဲလဲ သတိပေးခဲ့တယ်။ သူက ပြောသေးတယ်။ သူအပါအ၀င် ဘယ်ယောက်ျားမှ မကောင်းဘူးတဲ့။ ဒါဟာ လက်တွေ့မကျတဲ့ကတိက၀တ်‌တွေ ပေးတတ်တဲ့ ယောက်ျားတွေအတွက်ကတော့ အမှန်ပဲ။ သူတို့လိုယောက်ျားတွေဟာ သေသင့်တယ်!

ဒါပေမဲ့ ရှန်ရန်ချင်းရဲ့ စကားတွေကို ကြားပြီးတဲ့အခါ နန်ကောဟာ မတတ်နိုင်ပါဘဲ အကျယ်တ၀င့် သွေးဆောင်ခံလိုက်ရတယ်။

သူမအစ်ကိုပြောတာက မှန်ပါတယ်။ ဒါပေမဲ့ ရှန်ရန်ချင်းဟာ အဲဒီလိုလူစားမျိုး မဟုတ်ဘူးလို့ သူမ ခံစားနေရတုန်းပဲ။

သူမအစ်ကို ရှန်ရန်ချင်းနဲ့ ပတ်သတ်ပြီး မကောင်းကြောင်းတွေချည်း ပြောခဲ့ပေမယ့် သူမက ရှန်ရန်ချင်းနဲ့ တကယ် အပြန်အလှန်ပြောဆိုဆက်ဆံရတဲ့လူလေ။

ရှန်ရန်ချင်းက သူမအစ်ကိုပြောခဲ့သလို ဟုတ်မဟုတ်ဆိုတာက သူမ ပြောနိုင်ပါသေးတယ်။

သူမမှာ အသေအချာကိုပဲ အမှန်အကန် ဆုံးဖြတ်စီရင်ပိုင်ခွင့်ရှိပါတယ်။

လူတစ်ယောက် ကြီးပြင်းလာမှုဆိုတာ အတုလုပ်ယူလို့ မရဘူး။ အစမှာ ရှန်ရန်ချင်း ဟန်ဆောင်နေတယ်ဆိုရင်တောင်မှပဲ သူတို့နှစ်ယောက်ဟာ အချင်းချင်းသိလာတာ အချိန်တစ်ခုလောက် ရှိနေပြီ။ အကြာကြီးကိုပဲ သူဟာ ဘာဖော်ထုတ်ခံရတာမျိုးမှ မရှိခဲ့ဘူး။

အဲဒီမှာ ရှင်းပြချက် ၂ခုပဲ ရှိတယ်။ တစ်ခုက သူဟာ ကောင်းမွန်တဲ့သရုပ်ဆောင်စကေးနဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နောက်တစ်ခုကတော့ သူဟာ သူ့ရဲ့ပုံစံအမှန်ကို ‌ထုတ်ဖော်ပြသထားခဲ့တာဖြစ်တယ်။

အရင်ကသာဆိုရင် သူမ လိုလိုလားလားနဲ့ လက်ခံပေးလိမ့်မယ်။

သူ့ရဲ့ သရုပ်ဆောင်စကေးတွေက အရမ်းကောင်းလွန်းပေမဲ့ သူဟာ ဆုရတဲ့ သရုပ်ဆောင်တစ်ယောက်တော့ ဖြစ်မလာခဲ့ဘူး။ သူမကို အရူးလုပ်ဖို့အတွက်နဲ့ သူ့စကေးတွေကို သုံးတာက အလကားဖြုန်းတီးနေသလိုပဲ ဖြစ်လိမ့်မယ်။

သူမ အဲဒါကို ရှိုးပွဲတစ်ပွဲ ကြည့်သလိုမျိုးပဲ ဆက်ဆံပေးမှာ။

ဒါပေမဲ့ သူမဟာ သူမရဲ့နှလုံးသားနောက်လိုက်ပြီး သူဟာ နောက်ကျနေသေးတယ်။

သူမဘ၀မှာ ၂ခါပဲ ပုန်ကန်ဖူးတယ်။

ပထမတစ်ခါက ရှန်ရန်ချင်းဆီက ဆွဲဆောင်ခံလိုက်ရပြီး သူမမိသားစုကို မပြောဘဲ စွန့်စားပြီး ဟိုက်တက္ကသိုလ်မှာ ၀င်ခွင့်လျှောက်တာ။

ဒုတိယတစ်ခါကတော့ အခုပေါ့။ သူမ သူမအစ်ကိုရဲ့ စကားတွေကို လစ်လျူရှုပြီး ရှန်ရန်ချင်းကို‌ အခိုင်အမာ ရွေးချယ်ချင်တာ။

“ကျွန်မ...” နန်ကောဟာ သူမ ပိုပြီးလေးနက်ဖို့လိုတယ်လို့ တွေးမိပုံရပြီး ခပ်မြန်မြန်ပဲ မတ်တပ်ထရပ်လိုက်တယ်။

သူမဘက်က လှုပ်လှုပ်ရွရွအသံကို ကြားတော့ ရှန်ရန်ချင်းဟာ သူမကို မလောဘဲ စိတ်ရှည်ရှည်နဲ့ စောင့်ပေးတယ်။

ပြင်သစ်ပြတင်းပေါက်ရဲ့လသာဆောင်မှာ ရပ်လျက်အနေအထားနဲ့ပဲ သူဟာ တည်ငြိမ်နေပုံပေါ်တယ်။

ဒါပေမဲ့လည်း သူ့ရဲ့လည်စလုတ်ဟာတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး သူ့ရဲ့ ခုန်ပေါက်နေတဲ့နှလုံးသားဟာ သူ့ရဲ့စိတ်မသက်မသာဖြစ်မှုကို ဖော်ပြနေတယ်။

နန်ကော ဘာပြောချင်လဲဆိုတာ သူ မသိဘူး။ စောင့်နေရတဲ့ မိနစ်တွေဆိုတာ တကယ်တော့ ညှင်းပန်းနှိပ်စက်နေသလိုပဲ။

ထောင်ပေါင်းများစွာသော ဖြတ်ရာတွေကို လက်ခံရတဲ့ ခံစားချက်နဲ့ ဘာမှ သိပ်မကွာဘူး။

“အမ် ရှင်ရှိသေးလား” သူမနားနားက လက်ခံသူဘက်က တိတ်‌ဆိတ်နေတော့ သူဖုန်းချသွားပြီလို့တောင် နန်ကောထင်မိတော့မလို့။

“အင်း” ရှန်ရန်ချင်းဟာ ယောင်ဝါးဝါးနဲ့ ပြန်ပြောလိုက်မိတယ်။ သူ့အသံထဲက အလျင်လိုနေမှုကို မဖုံးကွယ်ထားနိုင်ခဲ့ဘူး။

အခုလေးတင် သူ့လေသံ တစ်ခုခုမှားသွားတာကို သတိပြုမိတဲ့အခါ သူလက်သီးဆုပ်ကာ ချောင်းထဆိုးလိုက်တယ်။ သူ့မျက်လုံးထဲက ရှက်ရွံ့မှုကို ဖုံးထားဖို့အတွက် သူ့မျက်တောင်လေးတွေဟာ အနည်းငယ် နိမ့်ကျသွားတယ်။

ဒီတစ်ခါတော့ သူ သူ့ရဲ့အသံကို ပုံမှန်အတိုင်း နူးညံ့လိုက်တယ်။ “ကိုယ် ရှိပါသေးတယ်”

“မင်း...ဘာပြောချင်တာလဲ”

73 02

နန်ကောဟာ သူ့လေသံဆီကနေ သူမအတွေးတွေကို ပြန်ရုတ်သိမ်းလိုက်ပြီး သူမရဲ့ အပြတ်ပြတ်အတောက်တောက်နဲ့ ဦးနှောက်ကို ပြန်ဆက်သွယ်လိုက်တယ်။ သူမက “ဘာမှ မဟုတ်ပါဘူး အဲဒီနေ့ကျ ရှင်ဘာစားချင်လဲ မေးမလို့ပါ”

“ကျွန်မ စားသောက်ဆိုင်ဘွတ်ကူယူဖို့ လုပ်တော့ စားသောက်ဆိုင်အများကြီးက ဘွတ်ကင်ပြည့်နေပြီ အခု ရွေးချယ်ဖို့က သီးသန့်စားသောက်ဆိုင်၊ဟော့ပေါ့ ဒါမှမဟုတ် ဂျပန်ဆိုင်တွေပဲ ကျန်တော့တယ်ရယ်...”

အဆုံးနားရောက်လေ နန်ကောရဲ့ အသံဟာ ပိုပိုပြီးတိုးသွားလေဖြစ်ပြီး သူမ အလွန်အမင်း အပြစ်ရှိစိတ်ခံစားနေရတာဖြစ်တယ်။

အရင်က သူမ တီဗီဒရာမာတွေထဲမှာ တွေ့ဖူးတယ်။ အဓိကမင်းသားနဲ့ အဓိကမင်းသမီးတို့ သူတို့ရဲ့ ပထမဆုံးဒိတ်မှာ ဖွင့်ပြောကြရင် ပိုပြီးရိုမန်တစ်ဆန်တဲ့ လေထုမျိုးမှာ ရှိနေရမယ်ဆိုတာ။ ဒါပေါ့။ အနောက်တိုင်းစားသောက်ဆိုင်တွေကတော့ အကောင်းဆုံးရွေးချယ်မှုပေါ့။

တယော၊‌ဖယောင်းတိုင်နဲ့ နှင်းဆီနီနီတွေက အကောင်းဆုံးရွေးချယ်စရာတွေပဲ!

အခြားရွေးချယ်စရာတွေက သူမရဲ့ ဂါ၀န်နဲ့လည်း မလိုက်ဖက်ဘူး!

ဘယ်သူက ဟော့ပေါ့သောက်ဖို့အတွက်နဲ့ ၆ပေလောက်ရှည်တဲ့ ဂါ၀န်ကြီးကို ၀တ်လာမှာလဲ?

၀တ်လာလို့တော့ ရပေမဲ့ သူမကို အရူးတစ်ယောက်လို ဖြစ်စေမှာပေါ့။

အခု ပိုပြီးရယ်ရတာက သူမ တကယ်ကြီးကိုပဲ အဲဒီအရူးမ‌ဖြစ်လာနိုင်လောက်တယ်။

ဘာလို့လဲဆိုတော့ သူမ တကယ်ကြီး စားပွဲတစ်လုံးတောင် မယူလိုက်နိုင်လို့!!!

သူမတို့ဆက်ဆံရေးအတွက် သူမ တကယ်ကို အရမ်းကြိုးစားခဲ့တာပါ။ သူမ အခု ငိုတောင် ငိုလို့ရတယ်။

ဘာပဲဖြစ်နေဖြစ်နေ သူမအစ်ကိုစားသောက်ဆိုင်ကိုတော့ ရှန်ရန်ချင်းကို သူမ ခေါ်သွားလို့မရဘူးလေနော်?

အချိန်ကျလာလို့ရှိရင် ဆိုင်ထဲကိုတော့ ၀င်လို့ရလောက်ပါတယ်။ ဒါပေမဲ့ ဆိုင်ထဲကနေ အကောင်းတိုင်း ပြန်ထွက်လာနိုင်မနိုင်ဆိုတာလေးပဲ မသိရတာ။

ရှန်ရန်ချင်းဟာ ခဏလောက် ကြောင်‌သွားပြီး မေးတယ်။ “စားသောက်ဆိုင်? မင်း ကိုယ်တို့ ချစ်သူများနေ့မှာ စားမယ့်စားသောက်ဆိုင်အကြောင်း ပြောနေတာလား”

“ဟုတ်တယ်...ကျွန်မ မကြိုးစားကြည့်ခဲ့တာ မဟုတ်ပါဘူး လူတွေက သူတို့ရဲ့ ဘွတ်ကင်ကို အစောကြီးကြိုယူထားကြလို့ပါ”

သူမ အရမ်းနောက်ကျနေခဲ့လို့ မဟုတ်ဘူး။ အခြားလူတွေက အရမ်းစောနေခဲ့တာ!

“ဆောရီး ကိုယ် မင်းကို ပြောဖို့ မေ့သွားတယ်” ရှန်ရန်ချင်းဟာ စိတ်သက်သာရာရတဲ့ လေတစ်ချက် ရှူထုတ်လိုက်တယ်။ “ကိုယ် စားသောက်ဆိုင်ဘွတ်ကင်ယူထားပြီးသား မင်း စိုးရိမ်ဖို့ မလိုဘူးရယ်”

“အဲဒီနေ့ကျ မင်းဟိုက်မြို့မှာလို့ ပြောတယ်မလား? ကိုယ့်ကို လိပ်စာသာပေး ကိုယ် လာခေါ်မယ်”

“ရှင် ဘယ်တုန်းက ဘွတ်ကင်ယူလိုက်တာလဲ” နန်ကောဟာ ‌ကြောင်သွားတယ်။ သူမ မှတ်မိတာသာ မှန်တယ်ဆိုရင် ရှန်ရန်ချင်းနဲ့ ရက်ချိန်းပြီးတဲ့ နောက်တစ်နေ့ပဲ သူမ စားသောက်ဆိုင်ဘွတ်ကင်ယူဖို့ ကြိုးစားခဲ့တာပါ။

သူမ ကြိုးစားတုန်းကတော့ စားပွဲတစ်လုံးမှ မရှိဘဲနဲ့။ သူ့မှာ သဘာ၀လွန်စွမ်းအားတွေဘာတွေများ ရှိနေသလား?

“ကိုယ်တို့ ရက်ချိန်းလုပ်တဲ့ညပဲ ကိုယ်သင့်တော်မယ့်စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးထားလိုက်ပြီး နောက်နေ့မနက်ကျ ဘွတ်ကင်ယူလိုက်တာပါ”

“ဘယ်တစ်ခုကို ယူလိုက်လဲဟင်”

ရှန်ရန်ချင်းဟာ အင်္ဂလိပ်စားသောက်ဆိုင်နာမည်ကို ပြောပြလာတယ်။

“.....” နန်ကောဟာ စကားမပြောခင် အကြာကြီး ချုပ်တည်းထားလိုက်သေးတယ်။ “အိုး! ဒါဆို ရှင်က ကျွန်မ မတိုင်ခင် နောက်ဆုံးစားပွဲကို ဘွတ်ကင်ယူလိုက်တဲ့တစ်ယောက်ပဲ!”

“ကျွန်မ အရမ်းနီးစပ်ခဲ့တာပေါ့!”

အဲဒါက ဈေးအကြီးဆုံးစားသောက်ဆိုင်ပဲ!

သူတို့ရဲ့ အသုံးမ၀င်တဲ့ တိတ်တဆိတ်အသိပညာလေးဟာ ပြန်လည်တိုးပွားလာပြီ။

ကွန်ပလိန်းတက်ပြီးတဲ့နောက် နန်ကောဟာ နည်းနည်း၀မ်းသာသွားတယ်။ “ကံကောင်းလို့ အဆုံးမှာ ဘာစားပွဲမှ မကျန်တော့တာ မဟုတ်ရင် ကျွန်မသာ အခြားစားပွဲတစ်လုံး ယူထားလိုက်မိရင် ပိုက်ဆံကို ဖြုန်းတီးရာရောက်သွားတာပေါ့ မဟုတ်ဘူးလား”

အဲဒါဟာ ငွေပြန်မအမ်းကြဘူးလေ!

73 03

“မင်း အစကတည်းက ဒီစားသောက်ဆိုင်မှာ ဘွတ်ကင်ယူချင်တာလား” ရှန်ရန်ချင်းဟာ သူမပြောတာကို သိပ်နားမလည်ဘူး။

သူ မှတ်မိတာသာ မှန်မယ်ဆိုရင် ဒီစားသောက်ဆိုင်ရဲ့ ပျမ်းမျှကုန်ကျငွေက နန်ကောလက်ခံနိုင်တဲ့ပမာဏထက် ကျော်မယ်ထင်တယ်...

“မဟုတ်ပါဘူး” နန်ကောဟာ အမှန်တိုင်းပြောလိုက်တယ်။ “အစက ကျွန်မ အခြားစားသောက်ဆိုင်တွေကို ယူချင်ခဲ့တာ ဒါပေမဲ့ တစ်ဆိုင်မှ မအားတော့ဘူး အဲဒါနဲ့ ကျွန်မလည်း မတတ်နိုင်ဘဲ ဒီဆိုင်ကို ကြိုးစားကြည့်ရတော့တာပဲ”

“ဒီဆိုင်က တကယ်ကိုပဲ အတော်‌လေးဈေးကြီးတယ်”

တွေးကြည့်ရုံနဲ့တင် နန်ကောရဲ့ နှလုံးသားလေးဟာ နာကျင်သွားရတယ်။ ပုံမှန်ဆို သူမမိဘတွေရယ် အစ်ကိုရယ်နဲ့အတူ သူမ အပြင်ထွက်စားတဲ့အခါ ဈေးနှုန်းကို စိတ်၀င်စားတာ ရှားတယ်။

ဒီတစ်ခါကျ သူမကိုယ်တိုင် စားသောက်ဆိုင်ဘွတ်ကင်ယူရတဲ့အလှည့်လေ။ သူမ အစားအစာတွေရဲ့ ဈေးနှုန်းကို တစ်ချက်ကြည့်ပြီး သူမပိုက်ဆံအိတ်လေးကို တစ်ချက်လှမ်းကြည့်မိတယ်။ ဟူး...သူမက တော်တော်မွဲတေနေတာပဲ။

“ရှင် ဘာလို့ ကျွန်မကို ဒီအကြောင်း မပြောတာလဲ? ကျွန်မက ရှင့်ကို အပြင်ထွက်ဖို့ ခေါ်တဲ့လူပါ ဒီတော့ ဒါက ကျွန်မ လုပ်ရမှာကို”

“မင်း အဲဒီလို တွေးလို့ မရဘူးလေ”

“အဲဒီနေ့က တကယ်တော့ အစကတည်းက ကိုယ်လည်း မင်းကို ဘယ်လိုမျိုးအပြင်ထွက်ဖို့ မေးကြည့်ရမလဲဆိုပြီး စီစဉ်ထားတာပါ မင်းက အရင်ပြောလာလိမ့်မယ်လို့သာ ကိုယ် မထင်ထားခဲ့မိတာ”

“ကိုယ် မင်းကို မဖိတ်ခင် မင်း ကိုယ့်ကို အရင်ဖိတ်တာဆိုတော့‌ သေချာပေါက်ကိုပဲ မင်း ကိုယ့်ကို ဆီလျော်တဲ့အပြုအမူမျိုး ပြနိုင်ဖို့ အခွင့်အရေးပေးရမယ်လေ”

“အခုတစ်ခေါက်က မင်းက ကိုယ့်ကို အရင်မေး‌ပြီးနေပြီဆိုတော့ ကျန်တာ ကိုယ်ပဲ စီစဉ်မယ် နောက်တစ်ခါကျ ကိုယ် မင်းကို မေးတဲ့အခါ မင်း ကိုယ့်ကို ဟော့ပေါ့ ဒါမှမဟုတ် ဂျပန်အစားအစာ စားဖို့ ခေါ်သွားလို့ ရတယ်လေ”

“အဲဒီလိုဆို မကောင်းဘူးလား”

နန်ကောဟာ ရှန်ရန်ချင်းစကားနားထောင်ရတာကို သဘောကျတယ်။

သူမ သိသမျှလူတွေထဲ သူဟာ စကားကို ဘယ်လိုပြောရမလဲဆိုတာ အကောင်းဆုံးသိတဲ့လူပဲ။

ဥပမာအနေနဲ့ အခုပဲ ကြည့်။

သူတို့ဟာ အစကတည်းက အတူတူပဲ။ ပြီးတော့ သူမက သူ့ကို ဖိတ်ဖို့ အရင်အစပျိုးတဲ့လူပါ။

ဒါပေမဲ့ သူဟာ သူက ယောက်ျားလေးမို့ အစီအစဉ်တွေကို လုပ်ဆောင်သင့်တယ်ဆိုပြီး မပြောခဲ့ဘူး။

ချစ်သူများနေ့ မရောက်ခင် တစ်ရက်နဲ့ နေ့တစ်၀က် ကျန်သေးတယ်။ နန်ကောဟာ ဒီဒိတ်လေးကို ပိုပိုပြီး မျှော်လင့်နေမိပြီ။

ဖုန်းမချခင် ရှန်ရန်ချင်းဟာ သူမကို တားပြီးတော့ သူ့ရဲ့ ပုံမှန်ညင်သာ‌တဲ့အသံလေးနဲ့ ပြောသေးတယ်။ “ပင်ကွင်းပေါက်လေး သဘက်ခါကျ တွေ့ကြမယ်”

++++++

All Chapters