အခန်း ၇၄
Vol. 8 Ch. 74
74 01
Chapter 74 ကျွန်တော့်အတွက် သူမက အပြင်လူ မဟုတ်ဘူး။
ဒီနေ့ သူ့ညီမ ပုံမှန်မဟုတ်တဲ့ ကောင်းမွန်တဲ့မုဒ်၀င်နေတယ်လို့ နန်ကျဲ့ သတိထားမိတယ်။
သူမ လမ်းလျှောက်တိုင်း ခုန်ဆွခုန်ဆွနဲ့။ သူမဟာ အနောက်မှာ ပန်းရောင်ပူဖောင်းတွေ တလက်လက်ထနေသလိုမျိုး ရူးကြောင်မူးကြောင်နဲ့ ချိုမြိန်တဲ့အရောင်အဝါကို ထုတ်လွှတ်ထားတယ်။
နန်ကောဟာ ရေခဲသေတ္တာထဲကနေ ဒိန်ချဉ်တစ်ဘူး ထုတ်လိုက်တယ်။ သူမ အပေါ်ထပ်ကို တက်မယ်လုပ်တော့ တစ်ယောက်ယောက်က အိုင်ပတ်တစ်လုံးနဲ့ ဆိုဖာပေါ်မှာ ထိုင်နေတာကို တွေ့လိုက်တယ်။
“ဟေး အစ်ကို ဘယ်တုန်းက ပြန်ရောက်တာလဲ”
နန်ကျဲ့ဟာ သူမကို ၀မ်းပန်းတနည်း ကြည့်လိုက်တယ်။ “ငါ ဒီမှာ ထိုင်နေတာ ၂နာရီနီးပါးလောက်ရှိနေပြီကို နင်က အခုမှ ငါ့ကို တွေ့တယ်ပေါ့လေ”
“အမ်” နန်ကောဟာ တကယ်အာရုံမထားမိဘူး။
“နင် နေ့လည်က ဘာတွေလုပ်နေတာလဲ”
“ငါ ယွီနဲ့ပဲ လျှောက်လည်တာ တခြားဘယ်ကိုမှ ထူးထူးခြားခြား မသွားဖြစ်ဘူး” နန်ကောဟာ နည်းနည်းအပြစ်ရှိသလိုခံစားရတယ်။ သူမဟာ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ခေါင်းငုံ့ကာ ဒိန်ချဉ်ဘူးကို ဖွင့်တယ်။
“နင်ပြီးခဲ့တဲ့၂ရက်ထဲက သူနဲ့ အရမ်းရင်းနှီးနေတာပဲ”
“ဟမ်? ဟုတ်လား” နန်ကောဟာ သေသေချာချာပြန်တွေးကြည့်လိုက်ပြီး သိပ်အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်။ “ငါတို့ ငယ်ငယ်လေးကတည်းက ငါသူနဲ့ အရမ်းရင်းနှီးတာပဲမဟုတ်ဘူးလား”
ဒါက ပြီးခဲ့တဲ့၂ရက်ကမှ ဖြစ်လာတဲ့အရာမှ မဟုတ်ပဲ။
နန်ကောနဲ့ ယွီမှာ ရိုးရိုးသားသားဆက်ဆံရေး ရှိတယ်။
သူမတို့နှစ်ယောက်ဟာ တစ်နှစ်ပဲ ကွာပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးကြတယ်။ ယွီရဲ့ မိသားစုဟာ လက်၀တ်ရတနာလုပ်ငန်း လုပ်ကိုင်တာမို့ ယွီရဲ့မားနဲ့ သူမရဲ့မားဟာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိကြတယ်။ နောက်တော့ သူမတို့နှစ်ယောက်ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ ဒီဟာကပဲ မိသားစု၂စုက ကလေးတွေကို အချင်းချင်း တဖြည်းဖြည်းချင်း ရင်းနှီးလာစေတော့တာပေါ့။
ဒါပေမဲ့ ငယ်ငယ်တုန်းကတော့ သူမနဲ့ ယွီဟာ ကောင်းမွန်တဲ့သူငယ်ချင်းတွေ မဟုတ်ခဲ့ကြဘူး။
အနည်းဆုံးတော့ သူမ မူကြိုတက်တုန်းက ယွီဟာ သူမကို အမြဲအနိုင်ကျင့်တယ်။
နောက်ကျတော့ အကုန်လုံးဟာ နန်ကျဲ့ကို ကျေးဇူးတင်ရမှာပဲ။
အဲဒီအချိန်တုန်းက နန်ကျဲ့ဟာ အနိုင်ကျင့်တတ်တဲ့လူဖြစ်ပြီး ယွီဟာ သူ့ကို အမြဲလေးစားခဲ့တယ်။ ဒါကြောင့် နန်ကျဲ့ဟာ ဒါကို အခွင့်ကောင်းယူပြီး သူမကို ကောင်းကောင်းဆက်ဆံဖို့ ကတိတောင်းကာ သူ့နောက်လိုက်အနေနဲ့ လက်ခံလိုက်တယ်။
ဒါကြောင့် အဲဒီကနေစပြီး ယွီဟာ ကွဲပြားတဲ့လူတစ်ယောက်ဖြစ်လာတယ်။ နေ့တိုင်း သူဟာ ကျောင်းဆင်းရင် သူမကို စောင့်ပေးတယ်။ ဆရာမကပေးတဲ့ မုန့်တွေကိုလည်း သူ မစားဘဲ အတန်းပြီးရင် သူမကို တိတ်တိတ်လေး ပေးတယ်။
သူမတို့နှစ်ယောက် ဖြည်းဖြည်းချင်း သူငယ်ချင်းတွေ ဖြစ်လာတယ်။ နောက်တော့ သူငယ်တန်းရော အလယ်တန်းရော အထက်တန်းရောမှာ သူမတို့နှစ်ယောက်ဟာ ကျောင်းတူတယ်။ သူမတို့ အလိုလိုပဲ ရင်းနှီးသွားကြတယ်။
အခြားကိစ္စတွေမှာ ယွီဟာ နန်ကျဲ့အတွက် သူမကို သစ္စာဖောက်တတ်ပေမဲ့ ယွီဟာ အားကိုးနေရသေးတာတော့ အမှန်ပဲ။
သူမစကားကို ကြားတော့ နန်ကျဲ့ဟာ လက်ထဲက အိုင်ပတ်ကို ချပြီး သူမကို လှည့်ကြည့်တယ်။ “ငါ ရုတ်တရက် တစ်ခုခုသတိရသွားပြီ”
“ဟမ်”
“နင် သူ့ကို သိလာတာကြာပြီပဲ နင် သူ့ကို တစ်ခါမှ မကြိုက်ဖူးဘူးလား”
နန်ကော “.....”
သူမ ဆွံ့အသွားသလို ခံစားလိုက်ရတယ်။
“အစ်ကို ငါ တောင်းဆိုတာပါ နင် တကယ်ကြီး နင့်အလုပ်အကိုင်ကို ပြောင်းပြီး စုံထောက်လုပ်စားသင့်တယ်”
“နင်ကလေ အခုအိမ်မှာ အရမ်းကို မဟုတ်တဲ့သံသယတွေများနေလွန်းတယ် နင် နင့်အချိန်တွေကို အခြားကိစ္စတွေဆီမှာ သုံးပြီး ငါ့ကိစ္စတွေဆီကနေ ဖယ်ပေးရင် ငါ အရမ်းကျေးဇူးတင်မိမှာပဲ”
“နင် ဘာလို့ အပြင်ထွက်ပြီး အခြားတစ်ယောက်ယောက်ကို သွားမနှိပ်စက်တာလဲ? ငါအမှိုက်တွေ ကောက်ပြီး နင်ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံရအောင် လုပ်ပေးရမလား”
“အပိုတွေ မပြောနဲ့တော့” နန်ကျဲ့ဟာ ချောင်းအသာဟန့်ပြီး သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ စက္ကန့်အနည်းငယ်အကြာမှာပဲ ပြန်သုံးသပ်ဖို့ ဘာမှရှိမနေဘူးလို့ သူခံစားရပြန်တယ်။
သူနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေလို့လား? မမှားပါဘူး!
ဒီလိုတွေးမိတာနဲ့ သူဟာ သူဌေးတစ်ယောက်လိုမျိုး ပြန်ထိုင်ပြီး သူနဲ့ ဆန့်ကျင်ဘက်က သံသယရှိသူကို စစ်ဆေးပြန်တယ်။ “ငါ နင့်ကို အရေးကြီးတဲ့ဟာ မေးနေတာ စကားလမ်းကြောင်းမလွှဲနဲ့”
လွန်ခဲ့တဲ့ရက်က ဒေါ်လာ၅၀၀၀၀ကြောင့်သာ မဟုတ်ရင် နန်ကော လက်ထဲက ဒိန်ချဉ်ဘူးကို သူ့မျက်နှာဆီ ပစ်ပေါက်ပြီးနေပြီ!
“ငါ သူ့ကို တစ်ခါမှ မကြိုက်ဖူးဘူး” သူမဟာ အမှန်တိုင်း ပြန်ဖြေတယ်။
“ဘာဖြစ်လို့လဲ? နင်တို့အချင်းချင်းသိလာတာ အနှစ်၂၀လောက် ရှိနေပြီပဲကို”
74 02
“တက္ကသိုလ် မတက်ခင်အထိ နင်တို့က နေ့ရော ညရော အတူတူရှိနေခဲ့ကြတာပဲ နင် ကြီးပြင်းလာရင်း အဲဒီလိုအတွေးမျိုးတွေ တစ်ခါမှ မရှိခဲ့ဘူးလား”
“နင်ပဲ ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားမထားသင့်ဘူးဆို”
“အဲဒါဆိုရင် နင် အရင်တုန်းက သူ့ကို ကြိုက်ဖူးတာပဲ!”
နန်ကျဲ့ကြည့်ရတာ နောက်ဆုံးတော့ သူမကို မိသွားသလိုလို ဘာလိုလို။
“.....”
“ငါမကြိုက်ဘူး ငါတို့က သူငယ်ချင်းကောင်းတွေသက်သက်ပဲ”
“နောက်ပြီး ငါ ငယ်ငယ်တုန်းက သူနဲ့ကစားရတာတောင် ကြိုက်တာ မဟုတ်ဘူး နင်ပဲ သူနဲ့ငါ့ကို သူငယ်ချင်းဖြစ်အောင် ၀င်လုပ်ပေးခဲ့တဲ့လူလေ”
နန်ကျဲ့ဟာ တုံ့ပြန်တယ်။ “ငါ အခုနည်းနည်းနောင်တရနေပြီ အဲဒီတုန်းက အဲဒီကလေးက စိတ်အချရဆုံးဖြစ်ခဲ့တာ သူ ဒီလောက်ကြီး ကြည့်ကောင်းလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
“အဓိကကတော့ နင်မကြိုက်ဘူးဆိုရင် ပြီးတာပဲ အဲဒီကလေးရဲ့ အချစ်သမိုင်းက ကြွယ်၀လွန်းအားကြီးတယ် ဒီတော့ သူက ဆိုးဝါးတဲ့ရွေးချယ်မှုပဲ”
သူဟာ သူ့ငယ်ချင်းတွေကို စော်ကားနေတာမျိုးတော့ မဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင် သူ့ပတ်၀န်းကျင်မှာရှိတဲ့ လူတွေဟာ အဆင်ပြေတဲ့သူငယ်ချင်းတွေတော့ ဖြစ်ကြပေမဲ့ သူ့ရဲ့ယောက်ဖဖြစ်လာဖို့အတွက်တော့ အပြည့်အ၀ မကောင်းမွန်ကြဘူး။
အခုပဲဖြစ်ဖြစ် နောင်ပဲဖြစ်ဖြစ် သူ ဒေါသထွက်ရလို့ သေလိမ့်မယ်။
ဒီလူတွေရဲ့ မိသားစုနောက်ခံတွေဟာ အထင်ကြီးစရာကောင်းပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးတွေကို အလေးအနက်ထားတဲ့လူကို ရှာတွေ့ဖို့ကျ နည်းနည်းလေးခက်ခဲတယ်။
နန်ကောဟာ ခဏလောက် နားမလည်ဖြစ်သွားတယ်။ “နင်က အချစ်သမိုင်းကြွယ်၀တဲ့လူကျလည်း မလိုချင်ဘူး အတွေ့အကြုံမရှိတဲ့လူကျပြန်တော့လည်း မလိုချင်ဘူး နင် တကယ်ကြီး ငါ့ကို သီလရှင်ဖြစ်လာစေချင်တာတော့ မဟုတ်ပါဘူးနော်”
“ဒိတ်အတွေ့အကြုံမရှိတဲ့လူနဲ့ မတွေ့ရဘူးလို့ ငါ နင့်ကို ဘယ်တုန်းက ပြောခဲ့လို့လဲ” သူမ သူ့ကို အမှတ်မှားနေပြီလို့ နန်ကျဲ့ ခံစားရတယ်။
“ဒါဆို ရှန်ရန်ချင်းကျတော့ရော? နင် သူ့ကိုလည်း ဟင့်အင်းလို့ပဲ ပြောမှာမလား” နန်ကောဟာ ခေါင်းကို စောင်းပြီး မေးလိုက်တယ်။
“သူ ဘယ်သူနဲ့မှ မတွဲဖူးဘူးလား”
“သူများတွေ ပြောတာတော့ သူတစ်ခါမှ မတွဲဖူးဘူးတဲ့...”
“အဲဒါ မကောင်းဘူးလား? နင့်မှာ တကယ် ဒဘယ်လယ်စံနှုန်းတွေ ရှိတယ်ဆိုတာ ငါသဘောပေါက်သွားပြီ!”
“အဲဒီကိစ္စကြောင့် နင်ရှန်ရန်ချင်းနဲ့ မတွဲရဘူးလို့ ငါပြောခဲ့လို့လား? ငါက နင့်အတွက် သူက အရမ်းအသက်ကြီးနေတယ်လို့ ထင်တာပါဟ!”
သူ ရှန်ရန်ချင်းနဲ့ သိပ်ပြီး ပြောဆိုဆက်ဆံဖူးတာမျိုး မရှိဘူးဆိုပေမဲ့လည်း ရှန်ရန်ချင်းဟာ တကယ်ပဲ မကောင်းတဲ့မှတ်ချက်တွေ မရှိဘူးဆိုတာကိုတော့ သူ၀န်ခံရမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာက သူ့အသက်ပဲ။
ပြောစကားအရဆို ၃နှစ်ကိုတောင်မှ အသက်ကွာတယ်လို့ ထည့်သွင်းစဉ်းစားကြတာ။ ၈နှစ်ကြီးက...သူတို့နှစ်ယောက်ကြားမှာ သမုဒ္ဒရာကြီးလွန်ဆွဲနေတာနဲ့ ဘာမှမကွာခြားတော့ဘူးမဟုတ်လား?
“သူသာ နင့်ထက် ၁နှစ်၊၂နှစ်လောက်ပဲ အသက်ကြီးတယ်ဆိုရင်လေ နင် သူနဲ့တွဲပြီး သူ့ကို အကောင်လိုက်ကြီး လက်ထပ်ယူဖို့ကို ငါစောင့်နိုင်မှာ မဟုတ်ဘူး ငါ နင့်ကို ခန်း၀င်ပစ္စည်းအတွက် ဒီလောက်တောင် ပေးလိုက်ဦးမယ်”
နန်ကျဲ့ဟာ လက်၈ချောင်းထောင်ပြတယ်။
နန်ကောဟာ လက်တစ်ဖက်ကို လက်ကောက်၀တ်မှာ ထားလိုက်တယ်။ သူမမှာ စိတ်တိုလွန်းလို့ ဘာပြောရမလဲတောင် မသိတော့။
နန်ကျဲ့ဟာ အသက်ကို ဂရုစိုက်တာမဟုတ်ဘူးလို့ သူမထင်တယ်။ သူက ဒီတိုင်း ရှန်ရန်ချင်းကို မုန်းနေတာ!
ဒါက ဘာလို့လဲဆိုတော့ ဒီအသိုင်းအ၀ိုင်းမှာ နန်ကျဲ့ဟာ သူငယ်ငယ်လေးကတည်းက အမြဲတမ်း ရွယ်တူတွေရဲ့ ရှုထောင့်တွေကြား အကောင်းဆုံးဖြစ်နေခဲ့တာ။
ဒါဟာ သူ့ကို သွယ်ဝိုက်တဲ့နည်းနဲ့ သူ့ကိုယ်သူပဲ အလေးထားတာမျိုးဖြစ်စေတယ်။
ဒါကြောင့် သူဟာ သူ့ထက် ပိုကောင်းတဲ့လူတွေကို မသိစိတ်ကနေ တွန်းကန်လိမ့်မယ်!
ဒီလိုတွေးလိုက်တော့မှပဲ နန်ကောဟာ အဓိပ္ပာယ်ရှိသွားတယ်လို့ ခံစားရတယ်။
သေချာပေါက်ကို အရာအားလုံးဟာ မနာလိုမှုကနေ ဖြစ်လာတာပဲ။ ဟူး။ ငါ့ကောင်ရာ!
_____
ရှန်ရန်ချင်း နန်ကောနဲ့ ဖုန်းပြောပြီးတဲ့အခါ သူဟာ မိနစ်အနည်းငယ်လောက် စဉ်းစားကြည့်လိုက်ပြီး ကျန်းမြို့မှာ ရှိနေသေးတဲ့ သူ့မားကို ဖုန်းခေါ်လိုက်တယ်။
ဖုန်းဟာ အကိုင်မခံရသေးခင်အထိ အကြာကြီးမြည်နေခဲ့တယ်။
“နင် ငါ့ကို ဘာလို့ ဖုန်းခေါ်တာလဲ” ဖုန်းကောလ်၀င်သွားတာနဲ့ ရင်းနှီးနေတဲ့ အေးစက်စက်လေသံဟာ ဖုန်းတစ်ဖက်ကနေ ထွက်လာတယ်။
ဘာခံစားချက်မှကို ပါမနေဘူး။
အစောပိုင်းနှစ်တွေတုန်းကလည်း ရှန်ရန်ချင်း သူ့မားအသံကို ကြားရတဲ့အချိန်တိုင်း သူ့နှလုံးသားဟာ နာကျင်ရတယ်။
ဒါပေမဲ့ အခုတော့ သူနေသားကျနေပါပြီ။
“ဒီနေ့ မား ကျန်းမြို့ကို ဘယ်အချိန်ရောက်လဲဆိုတာ ကျွန်တော့်ကို ပြောသင့်တာ မဟုတ်ဘူးလား”
“ငါသွားမယ့်နေရာကို ငါ နင့်တင်ပြနေရဦးမှာလား?'
74 03
“မလိုပါဘူး” ရှန်ရန်ချင်းရဲ့ မျက်နှာထားဟာ ပုံမှန်အတိုင်းပဲ။ “ဒါဆို မားအတွက်ရော ကျွန်တော့်ဘ၀ထဲ ၀င်စွက်ဖက်တာက မှန်ကန်တာလား”
“နင်ဘာကို ဆိုလိုတာလဲ? အော် အဲဒီကောင်မငယ်လေး ကွန်ပလိန်းတက်တယ်ဟုတ်? သူ့နာမည်က ဘာပါလိမ့်...ဟား သူက တကယ်သွက်တာပဲ”
“ရှန်ရန်ချင်း ငါနင့်ကို ပြောလိုက်မယ် နင့်မျိုးရိုးနာမည်က ရှန်ဆိုရင်တောင်မှ ငါက နင့်အမေဖြစ်နေတုန်းပဲ! နင်က ဘာလို့ အခုဖုန်းခေါ်ပြောနေတာလဲ? နင်က ဘာလို့ အပြင်လူတစ်ယောက်အတွက်နဲ့ နင့်အမေကို ဝေဖန်နေရတာလဲ”
“ဒါပေမဲ့ မား ကျွန်တော့်အကြောင်းကို နှစ်တွေအများကြီး ဂရုမစိုက်ခဲ့ပါဘူး ဘာလို့ ကျွန်တော် တစ်ယောက်ယောက်ကို တွဲချင်တဲ့ အချိန်ကျမှ လာပြီး အနှောင့်အယှက်ပေးနေတာလဲ”
“အနှောင့်အယှက်? ငါ နင်ကောင်းဖို့အတွက် လုပ်နေတာပါ! နင်က ငါ့ကို တကယ်စိတ်ပျက်စေတာပဲ”
“ဟုတ်တယ် မား ကျွန်တော့်ကို အနှောင့်အယှက်ပေးနေတာ” ဒါဟာ ပထမဆုံးအနေနဲ့ ရှန်ရန်ချင်းတစ်ယောက် သူ့ရဲ့စိတ်တည်ငြိမ်မှုကနေ လွတ်ထွက်သွားတာဖြစ်တယ်။ ဒါပေမဲ့ ဒါကို ပြောမိလို့ သူနောင်တမရဘူး။ “ဘယ်သူကမှ မားရဲ့နှလုံးသားကို မနွေးထွေးစေနိုင်ဘူး ဒီတော့ ကျွန်တော့်အပေါ်ပဲ အကုန်အပြစ်တင်နေဖို့ မလိုပါဘူး”
“သူ ဒီကိစ္စကို ကွန်ပလိန်းမတက်ဘူး ကျွန်တော့်၀မ်းကွဲပြောပြတာ”
“ပြီးတော့ မားအတွက်တော့ သူနဲ့ကျွန်တော်က ဘာမှ မသက်ဆိုင်တဲ့ အပြင်လူဖြစ်ကောင်းဖြစ်လိမ့်မယ် ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ သူက အပြင်လူမဟုတ်ဘူး”
++++++