← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

75 01

Chapter 75 ကျွန်တော့်မင်္ဂလာပွဲကျရင်လည်း လာနိုင်မယ်လို့မျှော်လင့်ပါတယ်။

ရှန်ရန်ချင်းရဲ့ မှတ်ဉာဏ်တွေထဲမှာ အမေတစ်ယောက်ရဲ့ အခန်းကဏ္ဍဆိုတာ သူ့အတွက် သိပ်မရင်းနှီးနေခဲ့ဘူး။

သူ ငယ်ငယ်တုန်းက သူ့မိဘတွေဟာ အပြင်မှာပဲ အလုပ်တွေ ရှုပ်နေခဲ့တာ။ သူဟာ အိမ်မှာရှိတဲ့ အိမ်အကူတွေလက်ထဲ ကြီးပြင်းလာတာဖြစ်တယ်။

သူ့ပါးက အဆင်ပြေပါတယ်။ သူ့မှာ လူမှုရေးအရ ချိန်းဆို ဆက်ဆံရတာ‌တွေ အများကြီးရှိပေမဲ့ သူဟာ နေ့တိုင်း အိမ်ပြန်လာတယ်။

သူ့မားကျတော့ အလုပ်အကိုင်ပေါ် ပိုအာရုံစိုက်ပြီး ကမ္ဘာအနှံ့အလုပ်ခရီးတွေ ထွက်ခဲ့တယ်။ အိမ်မှာ သူမ တစ်လလောက် နေတယ်ဆိုရင်တောင်မှ သူမဟာ တစ်ပတ်လောက်လေးတောင် သူ့အတွက် အချိန်မပေးဘူး။

ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့မိဘတွေ အချင်းချင်း ချစ်ချစ်ခင်ခင်ရှိနေကြသေးတယ်

အချိန်ကြာလာတာနဲ့အမျှ သူ့တို့ရဲ့ ဆက်ဆံရေးဟာ ပိုယုတ်လျော့လာပြီး ပဋိပက္ခတွေအများကြီး တိုးပွားလာခဲ့တယ်။

အချိန်တွေကြာလေ ဒီဆက်ဆံရေးထဲက အက်ကြောင်းဟာ ပိုပိုကြီးလာလေ ဖြစ်ခဲ့ပြီး သူ အထက်တန်း ကျောင်းသားဘ၀မှာ အပြီးတိုင် ပေါက်ကွဲသွားတော့တယ်။

အဲဒီအချိန်တုန်းက ပါးဟာ လက်မလွှတ်ချင်ခဲ့သေးဘူး။

ဒါပေမဲ့ မားကတော့ ထွက်သွားဖို့ကို စိတ်ဆုံးဖြတ်ချက် ချခဲ့တယ်။

အဲဒီနေ့က မား စိတ်ဆိုးဒေါသထွက်ပြီး ကျန်းမြို့ကို ပြန်သွားကြောင်း သိရတော့ သူ့မှာ ကျောင်း၀တ်စုံတောင် မလဲနိုင်ဘဲ ချက်ချင်း အပြေးလိုက် သွားခဲ့တယ်။

ဒါပေမဲ့ အဆုံးကျတော့ သူ့မားဟာ သူ့ကို တံခါးကို ဖြတ်ခွင့်‌ပေးဖို့တောင် ငြင်းဆိုခဲ့တယ်။

သူ့မားထွက်မလာခင်အထိ သူအပြင်မှာ အကြာကြီးစောင့်နေခဲ့တယ်။

ဒါပေမဲ့ ထွက်မသွားခင် မားဟာ ပါးကို ကွာရှင်းစာချုပ်မှာ တတ်နိုင်သမျှ အမြန်ဆုံး လက်မှတ်ထိုးပေးဖို့အကြောင်းသာ သူ့ကို ပြောခိုင်းခဲ့တယ်။

သူမဟာ တုံ့ဆိုင်းမှုတစ်ချက် မရှိဘဲ ထွက်သွားခဲ့တယ်။ သူ သူမ‌အနောက်ကို လိုက်လာမှာ စိုးရိမ်တဲ့အလား ကားဟာ အလျင်အမြန် ထွက်ခွာသွားခဲ့တယ်။

သူ အဲဒီမြင်ကွင်းကို အချိန်အကြာကြီး မှတ်မိနေခဲ့တယ်။

သူ့ရဲ့ မားဟာ အမေတစ်ယောက်အနေနဲ့ တစ်ခါမှ အရည်အချင်း ပြည့်မှီခဲ့ပုံ မပေါ်ဘူး။

အစကတော့ သူ၀မ်းနည်းပြီး နားမလည်နိုင် ဖြစ်ခဲ့ရတယ်။ မားနဲ့ အဆက်အသွယ် မပြတ်ဖို့ကို သူမျှော် လင့်ခဲ့တယ်။

‌အဲဒီနောက်ပိုင်းတော့ တစ်ယောက်ကို တစ်ယောက် မနှောင့်ယှက်တာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ သူ ခံစားလာရတယ်။

နှစ်ဖက်လုံးဟာ ရှင်းလင်းစွာပဲ ဒီအရာကို တိတ်တိတ်လေး သဘောတူခဲ့ကြတာပါပဲ။ ဘာလို့ အခုမှ ဒီဟန်ချက်ညီနေမှုကို လာဖျက်နေရတာလဲ။

သူ့မားရဲ့ ပုံမှန်အကျင့်စရိုက်ကို စဉ်းစားကြည့်တာနဲ့ သူတောင် နာကျင်ရတယ်ဆိုရင် နန်ကောဆို ပြောနေဖို့တောင် မလိုဘူး။

သူမဟာ သူမမိသားစုကနေ ကောင်းကောင်း အကာကွယ်ခံထားရတယ်ဆိုတာ သိသိသာသာပဲ။

အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ့မား ထပ်မ‌ပြောနိုင်ခင် ရှန်ရန်ချင်း ပြောလိုက်တယ်။ “မား ဘယ်သူ့ကိုမှ တကယ်မချစ်ခဲ့ဖူးပါဘူး”

“မား တစ်ခါမှ မားရဲ့ ယောက်ျား ဒါမှမဟုတ် သားကို မချစ်ခဲ့ဖူးဘူး။ မားရဲ့အခြားအမျိုးတွေလည်း မားဆီက တစ်ခါမှ အချစ်မခံရဖူးတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်‌သေးတယ်။ မားရဲ့မျက်လုံးထဲ မားကိုယ်မားပဲ မြင်တာ”

“အရင်က...မဟုတ်သေးဘူး တကယ်တော့ အခုရောပဲ ကျွန်တော် မားကို ဆက်သွယ်တဲ့အချိန်တိုင်း မား အမြဲစိတ်မရှည်ဘူး”

“ကျွန်တော် အဖွားဆီ သွားလည်ပြီး လူ၀င်တိုက်မိလို့ မားနဲ့ ဖုန်းပြောတာ ပြတ်သွားတုန်းကလည်း မား ကျွန်တော့်ကို ဂရုမစိုက်ဘဲ ချက်ချင်း ဖုန်းချသွားတယ်။ အခြားဆင်တူတဲ့ ဖြစ်စဉ်တွေလည်း အများကြီး ရှိသေးတယ်။ ကျွန်တော် တစ်ခုမှ မပြောခဲ့ဘူးဆိုတာ ကျွန်တော်က လူကြီးတစ်ယောက် ဖြစ်နေပြီမို့ ဒီလိုကိစ္စသေးသေးလေးတွေအပေါ်မှာ လိုက်ပြီး ကွန်ပလိန်းတက်တာက မဆီလျော်ဘူးထင်လို့”

ခဏရပ်ပြီး သူ တစ်ချက် ရယ်လိုက်တယ်။ “ကျွန်တော့်ရဲ့ ဖြစ်တည်မှုက မားအတွက် ကျူးကျော်မှုကြီးလို ဖြစ်နေမှတော့ ဘာလို့ ကျွန်တော်တို့ အခုကစပြီး အချင်းချင်း မဆက်သွယ်ဘဲ မနေကြတာလဲ”

75 02

ဒါကို ကြားတော့ ဖုန်းတစ်ဖက်က အမျိုးသမီးဟာ လေသံမာမာနဲ့ ပြောလာတယ်။ “ရှန်ရန်ချင်း ငါ့ကို အဲဒီလိုပြောဖို့ နင့်ကို ဘယ်သူသင်ပေးထားလဲ”

“နင်က အပြင်လူတစ်ယောက်အတွက်နဲ့ နင့်အမေအရင်းကိုတောင်မှ စွန့်ပစ်တော့မယ်ပေါ့?!”

မားဟာ သူများအပေါ် အပြစ်ပုံချတဲ့နေရာမှာ အရမ်းတော်ကြောင်း ရှန်ရန်ချင်း သဘောပေါက်သွားတယ်။

သူ့မှတ်ဉာဏ်ထဲမှာလည်း သူ့မိဘတွေ ကွာရှင်းတုန်းက ပါးလုပ်တာ မှန်သမျှ မှားတယ်လို့ မားက ထင်ခဲ့တာ။

ဒါပေမဲ့ သူမကသာ လွတ်လပ်မှုက တောင့်တပြီး မိသားစုကို ထားသွားချင်ခဲ့တဲ့လူလေ။

“မားက ကျွန်တော့်အမေ ဖြစ်နေတုန်းပါပဲ။ အနာဂတ်မှာ မားတစ်ခုခု လိုအပ်တယ်ဆိုရင် ကျွန်တော်က လိုလိုလားလား ကူညီပေးမှာပါ။ ဒါကတော့ မပြောင်းလဲပါဘူး။ အခုက ကျွန်တော်တို့ တစ်ယောက်ဘ၀ တစ်ယောက် ၀င်မစွက်ဖက်တော့တာကပဲ အကောင်းဆုံး ဖြစ်မယ်ထင်လို့ပါ”

“ကျွန်တော့်ရဲ့ လက်တွဲဖော် ရွေးချယ်တဲ့ စံနှုန်းအနေနဲ့ကတော့ မားနဲ့ အသိအသာကြီးကို ကွာပါတယ်။ ဒီကိစ္စကို ၀င်မပါဖို့ ကျွန်တော် အကြံပေးတယ်”

“ကျွန်‌တော်သာ ကံကောင်းမယ်ဆိုရင်ပေါ့ မား ကျွန်တော့်လက်ထပ်ပွဲကို လာနိုင်ဖို့တော့ မျှော်လင့်ပါတယ်”

“ကျွန်တော်ပြောချင်တာက ဒါအကုန်ပါပဲ ကျွန်တော် မားကို ထပ်မနှောင့်ယှက်တော့ဘူး။ နိုင်ငံကို ပြန်ရောက်တုန်းလေး မားအချိန်ကောင်းရမယ်လို့ မျှော်လင့်ပါတယ်”

“နှုတ်ဆက်ပါတယ်”

အဲဒါနဲ့ပဲ ရှန်ရန်ချင်း တစ်ဖက်လူ ပြောမှာကို နားမထောင်တော့ဘဲ ပထမဆုံးအကြိမ် တစ်ဖက်က ဒေါသသံကို လစ်လျူရှုပြီး သူ့ဘက်က အရင်ဖုန်းချလိုက်တယ်။

သူ ဆက်ပြောနေရင်လည်း မားဟာ သူ့ကို နားလည်မှာမဟုတ်ဘူးဆိုတာ သူသိတယ်။

သူမ နားလည်အောင် သူ မလုပ်နိုင်ဘူးဆိုမှတော့ သူ လေအကုန်ခံနေဖို့လည်း မလိုတော့ဘူးလေ။

သည်းခံခြင်းကို အခြားပိုထိုက်တန်တဲ့ လူတွေအတွက်ပဲ ချန်လှပ်ထားသင့်တယ်။

_____

သူ ဧည့်ခန်းထဲက‌နေ အိပ်ခန်းထဲကို ပြန်ရောက်ရောက်ချင်းပဲ လက်ထောက်ယွမ်ဆီကနေ စာတစ်စောင် လက်ခံရရှိလိုက်တယ်။

[ဥက္ကဌရှန် စားသောက်ဆိုင်နဲ့ ရုပ်ရှင်ရုံကို စီစဉ်ပြီးပါပြီ။ အရာအားလုံး စီစဉ်ထားတဲ့ အတိုင်းပါပဲ။ အောင်မြင်တဲ့ ဒိတ်လေးတစ်ခု ဖြစ်ပါစေလို့ ကျွန်တော် ကြိုပြီးဆုတောင်းပေးလိုက်ပါတယ်!]

[*ဓာတ်ပုံ*]

[*ဓာတ်ပုံ*]

ညစာစားပွဲပေါ်မှာ ‌ဖယောင်းတိုင်တွေနဲ့ ကိတ်တွေ ရှိနေခဲ့တယ်။ အနောက်မှာလည်း အများကြီး အလှဆင်ထားသေးတယ်။

ရိုမန်တစ်ဆန်ဆန်တော့ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ ကြည့်နေရင်း တစ်ခုခုလိုနေတယ်လို့ ခံစားရတယ်။

၅မိနစ်လောက်ကြာပြီး နောက်ဆုံးတော့ ရှန်ရန်ချင်း ပြဿနာကို ရှာတွေ့သွားပြီး စာရိုက်လိုက်တယ်: [နှင်းဆီပန်းတွေ မရှိဘူးလား?]

အရည်အချင်းပြည့်မှီတဲ့ အထူးလက်ထောက်တစ်ယောက်အနေနဲ့ သူ ဘယ်လိုလုပ် ဒါကို လစ်လျူရှု ထားပါ့မလဲ။

လက်ထောက်ယွမ်: [ကျွန်တော် အစက ပြင်ထားပါတယ်။ ဒါပေမဲ့ မင်းက ၀တ်မှုန်နဲ့ အလတ်ဂျစ်ရှိတော့ စားသောက်ဆိုင်နဲ့ ပြန်တိုင်ပင်ပြီး ကျွန်တော် ဖယ်လိုက်တာ။ ]

ပထမဆုံးအကြိမ် ရှန်ရန်ချင်း သူ့ရဲ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို ဒေါသထွက်မိသွားတယ်။

[မိန်းကလေးတွေက ပန်းတွေကို အရမ်းကြိုက်လောက်တယ်ဟုတ်?]

လက်ထောက်ယွမ်: [စာရင်းအရဆိုရင်တော့ ဟုတ်တယ်ရယ်။ ဒါပေမဲ့ မင်းရဲ့အခြေအနေနဲ့ကျ နည်းနည်းလေး ထူးခြားတယ်ဆိုတော့ နားလည်ပေးလို့ ရပါတယ်။ ]

ဒီအကြောင်းကို ထပ်ခါထပ်ခါ တွေးကြည့်ပြီးတဲ့နောက်မှာတော့ ရှန်ရန်ချင်း စာထပ်ပို့လိုက်တယ်။ [ငါ့အတွက် ပန်းစည်းတစ်စည်း မှာပေး။ ]

လက်ထောက်ယွမ်မှာ ရွေးချယ်စရာမရှိဘဲ သူ့တောင်းဆိုချက်ကို သဘောတူ ရတော့တယ်။

75 03

ရှန်ရန်ချင်းဟာ အရင်က တစ်ခါမှ ပန်းတွေကို မပို့ဖူးဘူး။ ဒီလိုအချိန်မျိုးမှာ နှင်းဆီနီတွေကသာ အသင့်တော်ဆုံးလို့ သူခံစားရတယ်။

[ဒါဆို ကျွန်တော် မင်းအတွက် နှင်းဆီနီတစ်စည်း မှာထားလိုက်ပါမယ်။ ]

[ကျေးဇူးပဲ။]

_____

နောက်‌တစ်နေ့ကျတော့ နန်ကောဟာ အစောကြီးနိုးလာပြီး မနက်ဖြန်အတွက် ၀တ်မယ့်ဟာကို ပြင်ဆင်ထားတယ်။

သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးတဲ့နောက် သူမဟာ စတင်ပြီး ရေမွှေးကို အလေးအနက် ရွေးနေတယ်။

နန်ကျဲ ၀င်လာတာနဲ့ သူဟာ လေထဲက ရေမွှေးကြောင့် ချောင်းဆိုးသွားတယ်။

“နင်ဘာလုပ်နေတာလဲ” နန်ကျဲဟာ အခန်းထဲကနေတောင် ပြန်ခုန်ထွက်မိတော့မလို့။ သူဟာ လက်ကို မြှောက်ပြီး ဝှေ့လိုက်ပေမဲ့ ပြင်းထန်တဲ့အနံ့ဟာ ပျောက်မသွားဘူး။

နန်ကောဟာ မျက်တောင် တစ်ချက်ခတ်ကာ သူ့ကို လိမ်လိုက်တယ်။ “ငါ့ရေမွှေးတွေကို ရှင်းနေတာ”

“နင့်မှာ တကယ်လုပ်စရာ ဘာမှမရှိဘူးဆိုရင် အပြင်ထွက်ပြီး အမှိုက်‌သွားကောက်စမ်းပါ”

နန်ကောဟာ သူ့ကို ပွစိပွစိလုပ်မလို့ ပြင်လိုက်တဲ့အချိန်မှာ သူ့လက်ထဲက ပစ္စည်း‌ကို တွေ့လိုက်တယ်။ ရင်းနှီးတဲ့ လိမ္မော်ရောင်ဘူးလေးကို မြင်တဲ့အခါ သူမမျက်လုံးတွေဟာ‌ တောက်ပသွားတယ်။ “ငါ့အတွက် လက်ဆောင်လား”

“နှစ်သစ်က ပြီးသွားပြီ မဟုတ်ဘူးလား”

သူမဟာ အဲဒီလိုပြောလိုက်ပေမဲ့လည်း ထပြီး အဲဒါကို အပြုံးလေးနဲ့ ယူလိုက်ပါသေးတယ်။

စိတ်မကောင်းစွာနဲ့ ချက်ချင်းပဲ နန်ကျဲဟာ သူ့လက်ကို ပြန်ရုတ်လိုက်တယ်။

နန်ကော “ဟမ်”

“နင့်အတွက် မဟုတ်ဘူး။ ငါ့အတွက် နင့်ကို ကူရွေးခိုင်းမလို့”

“.....”

နန်ကျဲ့ဟာ သူမပုခုံးကို ၀င်တိုက်ပြီး အထဲကို ၀င်လာတယ်။ သူဟာ ဘူးနှစ်ဘူးကို ဖွင့်လိုက်ပြီး ဘေးချင်းယှဉ်ထားလိုက်တယ်။ “ငါ ဒီအရောင်နှစ်ရောင်နဲ့ ပဋိပက္ခ ဖြစ်နေလို့ တစ်ချက်ကူကြည့်ပေး”

အိတ်ထဲက ဘူးတွေကို ကြည့်ရင်း နန်ကောတစ်ယောက် တိတ်ဆိတ်သွားတယ်။

ဒါဟာ မိန်းမအိတ်တွေ။ ဒီတော့ နန်ကျဲ့ ဒါကို မလိုတာတော့ အသေအချာပဲ။

သူမအတွက် လက်ဆောင်လည်း မဟုတ်ဘူး။

သူမ မားကလည်း ဒီလိုပုံစံမျိုး မကြိုက်တတ်ဘူး။

ဒါဆို...

ရုတ်တရက် နန်ကောစိတ်ထဲ လူတစ်ယောက်ပေါ်လာတယ်။

နန်ကျဲ့ဟာ မဆုံးဖြတ်နိုင်ဘူးဖြစ်နေတာ။ အဲဒီက အရောင်း၀န်ထမ်းကို သူမေးတော့ တစ်ဖက်လူက ဒီအရောင်နှစ်ရောင်က ရောင်းကောင်းနေတယ်လို့ ပြောတယ်။

အရင်က သူဟာ နန်ကောအတွက်ပဲ လက်ဆောင်ရွေးဖူးတာလေ။ ဒါပေမဲ့ အများကြီးရယ်လည်း မဟုတ်ဘူး။

ဘာလို့လဲဆိုတော့ များသောအားဖြင့် နန်ကောမှာ သေချာတဲ့ဟာရှိပြီး သူမ လိုချင်တာကို သူ့ကို တိုက်ရိုက် ပြောပြတတ်တယ်။

သူက ပိုက်ဆံရှင်းပေးရုံပဲ။

ဒါကြောင့် သူ နှစ်မျိုးလုံး ၀ယ်လာခဲ့လိုက်တယ်။ နန်ကောဟာ မိန်းကလေးမို့ ဘယ်တစ်ခုက ပိုကောင်းလဲဆိုတာ သူမ သိလောက်မှာပါ။

“နင် ဘယ်ဟာ ပိုအဆင်ပြေတယ်ထင်လဲ”

“ဘယ်ဘက်ကဟာ ငါ့ကို ကျန်တဲ့တစ်ခု ပေးလို့ ရလား”

နန်ကျဲ့ဟာ ပြုံးပြီး အေးစက်စက်နဲ့ ပြန်ပြောတယ်။ “ဟင့်အင်း ငါ့အခန်းထဲမှာ အခြား သေးသေးမွှားမွှားလေးတွေ ရှိတယ် နင်လိုချင်သွားယူလို့ရတယ်။ အော် ဒါနဲ့ နင် ၂ခုပဲ ယူလို့ ရမယ်”

“…”

******

All Chapters