← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

76 01

Chapter 76 ရိုမန့်၀တ္ထု‌တွေ ရောင်းနေတယ်။

ချစ်သူများနေ့။

နန်ကောဟာ တတ်နိုင်သမျှ မထင်ပေါ်အောင်နေပြီး တိတ်တဆိတ် စောင့်နေတယ်။

သူမဟာ နန်ကျဲ့ကို မိုဘိုင်းမော်နီတာလိုမျိုး စောင့်ကြည့်နေခဲ့တယ်။

နေ့လည်ခင်းမှာတော့ နန်ကျဲ့ဟာ အ၀တ်လဲပြီး လက်ဆောင်ရယ် ကားသော့ရယ်နဲ့ အပြင်သွားဖို့ လုပ်တယ်။

ဆူညံဆူညံအသံ ကြားတော့ နန်ကောဟာ အမြန်ပဲ လှည့်ကာ ဆိုဖာပေါ် မှီချရင်း လှမ်းကြည့်လိုက်တယ်။

နန်ကျဲ့ဟာ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေတာကို မြင်တဲ့အခါ သူမ သူမရဲ့ရယ်ချင်စိတ်ကို ထိန်းပြီး အတည်မေးလိုက်တယ်။ “အစ်ကို နင်အခု အပြင်သွားတော့မှာလား”

“စောမနေသေးဘူးလား။ နေ့လည်၂နာရီပဲ ရှိသေးတယ်။ နင်တစ်ရေးလောက် မအိပ်တော့ဘူးလား”

“နင် ဘာလို့ ဒီနေ့မှ အရမ်းစကားများနေတာလဲ” နန်ကျဲ့ဟာ သူမနားက ဖြတ်လျှောက်သွားရင်း သူမခေါင်းကို ခေါက်လိုက်တယ်။ “ကိုယ့်ကိစ္စကိုယ်လုပ်*

“.....” နန်ကောဟာ အပြစ်ရှိသလို ခံစားနေရပြီဖြစ်တယ်။ ဒီတော့ သူမ ချက်ချင်း အသံတိတ်လိုက်ပြီး စကားနားထောင်တဲ့သဘော ဟန်ဆောင်လိုက်တယ်။

“စကားမစပ် အပြင်မှာ အရမ်းနောက်ကျတဲ့အထိ မနေနဲ့”

“အော် အိုကေပါ” နန်ကောဟာ အားကြိုးမာန်တက် ခေါင်းညိတ်လိုက်တယ်။

နန်ကျဲ့ ကျေနပ်စွာနဲ့ အကြည့်လွှဲလိုက်တယ်။ “ဒါဆို ငါသွားပြီ”

“ဘိုင့်!”

နန်ကောဟာ ပျော်ပျော်ရွှင်ရွှင်ပဲ သူမလက်ကို ဝှေ့ယမ်းပြတယ်။ “သာယာချောမွေ့တဲ့ ဘလိုင်းဒိတ်လေး ဖြစ်ပါစေလို့ ငါ ဆုတောင်း ပေးလိုက်ပါတယ်!”

နန်ကျဲ့ဟာ လှည့်မကြည့်ဘူး။ သူဂာ လက်ကိုသာ မြှောက်ပြီး အနောက်ဘက်ကို ဝှေ့ယမ်းပြကာ သူမ အပြင်ထွက်ခွင့်ရကြောင်း ဖော်ပြနေတယ်။

နန်ကျဲ့ ထွက်သွားတဲ့အခါ နန်ကောဟာ တိတ်တိတ်လေး ပြတင်းပေါက်နားကို သွားလိုက်တယ်။ သူ့ကား ဂိုဒေါင်ထဲကနေ ဖြည်းဖြည်းချင်း မောင်းထွက်သွားတော့မှပဲ သူမမှာ လုံး၀စိတ်သက်သာရာ ရသွားတယ်။ သူမဟာ ရွှင်လန်းသွားပြီး မိတ်ကပ်ပြင်ဖို့ အပေါ်ထပ်ကို တက်သွားတယ်။

နန်ကျဲ့ဟာ ဂိုဒေါင်ထဲမှာ ကားကို အချိန်အကြာကြီး ရွေးနေခဲ့တာ ဖြစ်တယ်။ သူဟာ အမြဲ တောက်တောက်ပြောင်ပြောင်ရှိတဲ့ ကားတွေကို ပြင်းပြင်းပျပျ ဖြစ်တတ်ပေမဲ့ နောက်ဆုံးတော့ သူဟာ ပိုပြီးရင့်ကျက်တဲ့ ခပ်ဟောင်းဟောင်း ကားတစ်စီးကိုပဲ ရွေးချယ်လိုက်တယ်။

ပုံမှန်အားဖြင့် သခင်ငယ်လေးနန်ဟာ လမ်းပေါ်ထွက်ရင် ပုံရိပ်ကို မြင့်နိုင်သမျှ အမြင့်ဆုံးထားတတ်တယ်။ ဒီနေ့ကတော့ တကယ်ကို ခြွင်းချက်ဖြစ်သွားတယ်။

_____

၃နာရီကြာပြီးနောက် နန်ကောဟာ အောက်ထပ်ကို အချိန်မီ ဆင်းသွားတယ်။

သူမရဲ့ မိဘတွေဟာ အိမ်တွင်းအောင်းတဲ့သူ‌တွေ။ သူတို့ သူမဆင်းလာတာကို မြင်တဲ့အခါ သူမကို ညွှန်ကြားချက်အချို့လောက်ပဲ ပို့ချပြီး သူမကို လိုက်ပို့ပေးဖို့ ဒရိုင်ဘာကို ခိုင်းတယ်။

သူမမိဘတွေရဲ့အမြင်မှာ သူမဟာ ကားမမောင်းနိုင်သေးဘူး။ ဒီတော့ နန်ကောဟာလည်း လျှို့ဝှက်ပြီး ကားမမောင်းပါဘူး။

အိမ်က ဒရိုင်ဘာဟာ ကားကို မှန်မှန်မောင်းပြီး သူမကို သူမရည်ရွယ်တဲ့ ပန်းတိုင်ဆီ ၇နာရီမတိုင်ခင် ရောက်အောင် ပို့ပေးတယ်။

ရှန်ရန်ချင်းနဲ့ သိပ်မဝေးတဲ့နေရာကို နန်ကော ရှာတွေ့သွားပြီး ကားထဲကနေ ထွက်လိုက်တယ်။

ဒီလိုမှ သူမကို ခေါ်ဖို့ သူ့အတွက် ပိုပြီးအဆင်ပြေမှာ။

သူမ ကားထဲက ထွက်ပြီးတာနဲ့ သူမဟာ တည်နေရာကို ပို့ပေးလိုက်တယ်။ [ကျွန်မ ဒီမှာ။ ]

76 02

ချက်ချင်းပဲ ရှန်ရန်ချင်းဟာ ဂျီပီအက်စ်တည်နေရာကို ရှယ်ဖို့ ဖိတ်ခေါ်စာကို ပြန်ပို့တယ်။

နန်ကောဟာ အဲဒါကို မနှိပ်ခင် နည်းနည်းအံ့ဩသွားသေးတယ်။

‌မြေပုံဟာ သူတို့လက်ရှိတည်နေရာကို ရှင်းရှင်းလင်းလင်း ပြနေတယ်။ သူတို့ဟာ အချင်းချင်း ၄၊၅ကီလိုမီတာလောက်ပဲ ကွာတာ။

သူမရဲ့ တည်နေရာကို သေသေချာချာတွေ့ရတဲ့နောက် ရှန်ရန်ချင်းဟာ လက်တစ်ဖက်ကို ဖြုတ်ပြီး သူမကို စာရိုက်မေးလိုက်တယ်: [မင်း လမ်းဘေးမှာလား?]

[ဟုတ်တယ်။ ဟုတ်တယ်။ ]

ရှန်: [အနီးအနားမှာ မင်းစောင့်လို့ရမယ့် ဆိုင်ရှိမရှိ တစ်ချက်ကြည့်ကြည့် အပြင်မှာ မစောင့်နဲ့။ ဒီနေ့ နည်းနည်းအေးတယ်။ ]

သူ့ဆီက စာကို မြင်ပြီးတဲ့နောက် နန်ကောဟာ ဖုန်းကို ကိုင်ပြီး ဟိုဟိုဒီဒီ ကြည့်ကြည့်လိုက်တယ်။ အဆုံးမှာတော့ သူမ ကော်ဖီဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားပြီး ၀င်ထိုင်ဖို့ နာနာခံခံနဲ့ပဲ ၀င်သွားလိုက်တယ်။

[ဘေးကင်းကင်းမောင်းပါ။ ရောက်ရင် ကျွန်မကို ဖုန်းခေါ်လိုက်။ ကျွန်မဆိုင်ထဲမှာ ထိုင်စောင့်နေမယ်။ ]

[*ဓာတ်ပုံ*]

ဒါဟာ ပတ်၀န်းကျင်ဆိုင်ရာမြေပုံ ဖြစ်တယ်။ ကော်ဖီဆိုင်ထဲမှာလည်း လူသိပ် ရှိမနေဘူး။

အဲဒါကြောင့် ရှန်ရန်ချင်းဟာ စိတ်သက်သာစွာ ဖုန်းကို ချပြီး ကားမောင်းတာကို အာရုံစိုက်လိုက်တယ်။

နန်ကောဟာ သူမဖုန်းကို မပိတ်ဘူး။ သူမဟာ ‌တည်နေရာရှယ်နေတဲ့စခရင်ကို ပြန်သွားလိုက်ပြီး ကော်ဖီတစ်ခွက်မှာလိုက်တယ်။ သူမဟာ ထောင့်နားမှာ ထိုင်နေပြီး စခရင်ကို ငြိမ်ငြိမ်သက်သက်လေး ကြည့်နေတယ်။

ဒီလုပ်ဆောင်ချက်ဟာ ကောင်းမွန်တဲ့ တီထွင်မှုလို့ သူမ တကယ်ကြီးခံစားရတယ်။

သူမဆီ အဆက်မပြတ် ချဉ်းကပ်လာတဲ့ ပရိုဖိုင်ပုံကို ကြည့်ရင်း နန်ကောဟာ စိုးရိမ်ပြီး စိတ်လှုပ်ရှားနေခဲ့တယ်။

သူမ သူ့ကို အရင်ကလည်း အကြိမ်ပေါင်း မရေတွက်နိုင်အောင် သေသေချာချာ မြင်ဖူးပါတယ်။ ဒါပေမဲ့လည်း သူမ ဒီနေ့ ရောထွေးနေတဲ့ခံစားချက်မျိုး ရနေတုန်းပဲ။ အွန်လိုင်းဖရန့်ကို ပထမဆုံးအကြိမ် တွေ့‌ရသလိုမျိုးပဲ။ ထူးထူးဆန်းဆန်းလေး ခံစားရတယ်။

ဒီအချိန်လောက်ဆို ဟိုက်မြို့က မီးတွေဟာ လင်းလာပြီး လမ်းမီးတွေဟာလည်း ဖြည်းဖြည်းချင်း လင်းလာတယ်။

ချစ်သူများနေ့ကြောင့် ဟိုက်မြို့ဟာ ပုံမှန်ထက်တောင် ပိုပြီး အသက်၀င်နေတယ်။

နန်ကောဟာ ဆိုင်ထဲမှာ ထိုင်နေရင်း အတွဲငယ်ငယ်လေးတွေ လမ်းပေါ်မှာ သွားလာနေတာကို အချိန်နဲ့အမျှ တွေ့နေရတယ်။

လူတိုင်းဟာ ဖက်ပြီး လက်တွဲထားကြတယ်။ လူတိုင်းလက်ထဲမှာလည်း ပန်းစည်း ကိုယ်စီ ရှိကြတယ်။

လမ်းပေါ်မှာ ရိုမန့်၀တ္ထုတွေ၊ပန်းတွေနဲ့ ပူဖောင်းတွေကိုလည်း ရောင်းနေကြတယ်။

နန်ကောဟာ သူမမျက်နှာကို ကိုင်ထားပြီး တောက်လျှောက် ပြတင်းပေါက်အပြင်ကို ကြည့်လိုက်၊စားပွဲပေါ်က ဖုန်းကို ကြည့်လိုက်နဲ့ ဖြစ်နေတယ်။

လူရှုပ်တဲ့လမ်းဖြစ်တာနဲ့အညီ မီးပွိုင့်ဟာလည်း လူစည်ကားနေပြီး ဟွန်းသံတွေကို မကြာခဏ ကြားနေရတယ်။

နန်ကောဟာ ခုနက ဒါကို သတိမထားမိလိုက်တော့ သူမဟာ မြန်မြန်ပဲ ရှန်ရန်ချင်းကို စာပို့လိုက်တယ်။ [ဒီမှာ ယဉ်ကြောပိတ်နေတယ်။ နီးတဲ့နေရာမှာပဲ ရပ်လိုက်။ ရှင် ရောက်ရင် ကျွန်မ ရှင့်ကို လာရှာလိုက်မယ်!]

ရှန်ရန်ချင်းဟာ စာပြန်ဖို့ အချိန်ယူရသေးတယ်: [ကောင်းပြီ။ ]

ဒါပေမဲ့ မြေပုံပေါ်က အမှတ်လေးကတော့ သူမဆီ ဖြည်းဖြည်းချင်းစီ ချဉ်းကပ်လာနေဆဲ။

ဒါကို မြင်တော့ နန်ကော အလျင်စလို ပစ္စည်းတွေကို ယူပြီး ထွက်သွားတယ်။

သူမဟာ အနီးတစ်ဝိုက်ကို ကြည့်ကြည့်လိုက်ပေမဲ့ ရင်းနှီးနေတဲ့ကား‌ကို မတွေ့ရဘူး။ ဦးတည်ရာကို အတည်ပြုပြီးတဲ့နောက်မှာတော့ သူမဟာ အမှတ်လေးအတိုင်း ဖြည်းဖြည်းချင်း အရှေ့ကို လျှောက်လာတယ်။

_____

သိပ်မဝေးတဲ့နားမှာ ရှန်ရန်ချင်းဟာ အကြည့်တွေကို ဖမ်းစားနိုင်တဲ့ နှင်းဆီနီနီပန်းစည်းကြီး တစ်စည်းနဲ့အတူ လျှောက်လာတယ်။

76 03

သူဟာ အပြင်ထွက်လာကတည်းက သူ့ဆေးတွေကို ကြိုသောက်ထားခဲ့တယ်။ မက်စ်တပ်တာက အကောင်းဆုံးလို့ လက်ထောက်ယွမ်ဟာ သူကို သတိပေးခဲ့ပြန်သေးတယ်။

ဒီက လမ်းတွေက နန်ကောပြောသလိုပဲ မီးပွိုင့် မိနေကြတယ်။ သူဟာ ကားကို အဝေးမှာသာ ရပ်ခဲ့ရပြီး ပြေးလာတာ။

သူဟာ အရမ်းမြန်မြန် ရွေ့နေတာမို့ သူ ကားမောင်းနေတယ်လို့ပဲ နန်ကော ထင်နေခဲ့တယ်။

သူတို့အချင်းချင်း ဘေးချင်ယှဥ်ပြီး ဖြတ်သွားမိတာနဲ့တစ်ပြိုင်နက် ရှန်ရန်ချင်း သူမ လက်ကို အမြန်လေးလှမ်းဆွဲလိုက်တယ်။ “မင်း ဘယ်ကိုသွားနေတာလဲ”

နန်ကောဟာ ရပ်ဖို့ အတင်း အတားခံလိုက်ရပြီး ငေးကြောင်ကာ မော့ကြည့်မိတယ်။

အမျိုးသားဟာ အနက်ရောင်မက်စ်ကို တပ်ဆင်ထားပြီး ရင်းနှီးနေတဲ့ မျက်မှန်ကိုလည်း တပ်ဆင်ထားတယ်။ တစ်ချက်လှမ်းကြည့်ရုံနဲ့ သူ့ရဲ့မျက်နှာအစိတ်အပိုင်းတွေကို မမြင်နိုင်အောင် လုပ်ထားတယ်။

သူမဟာ သူ့ကို သူစိမ်းတစ်ယောက်ကို ကြည့်သလိုမျိုး ငေးကြည့်နေမိတယ်။

ရှန်ရန်ချင်းဟာ လွှတ်ပေးလိုက်ပြီး မက်စ်ကို ဆွဲချလိုက်တယ်။ သူက သူမကို ပြုံးပြပြီး “ကိုယ်ပါ”

“!” နန်ကောရဲ့ မျက်ဆံတွေဟာ ရှားပါးတဲ့သတ္တဝါတစ်ကောင်ကို တွေ့လိုက်ရသလိုမျိုး ကျယ်ပြန့်သွားတယ်။ “ရှင် ဘာလို့ မက်စ်တပ်ထားတာလဲ”

ရှန်ရန်ချင်းဟာ တောင်းပန်တယ်။ “ကိုယ် ၀တ်မှုန်နဲ့ နည်းနည်းအလတ်ဂျစ်ရှိလို့”

ဒါကို ကြားတော့ နန်ကောဟာ အကြည့်ကို ပြောင်းလိုက်ပြီး သူ့လက်ထဲက ပန်းစည်းကို သတိထားမိသွားတယ်။

တောက်ပနေတဲ့ အနီရောင်နှင်းဆီပန်းတွေဟာ သူ့ရဲ့ကုတ်အင်္ကျီအနက်ကို တင်းတင်းကျပ်ကျပ် ကပ်တွယ်ထားတယ်။

အနီရောင်နဲ့ အနက်ရောင်ရဲ့ ပေါင်းစပ်မှုဟာ တကယ်ပဲ မျက်လုံးကို ဖမ်းစားတယ်။

အနီးကပ်စစ်ဆေးကြည့်လိုက်တော့ ပွင့်ဖတ်တစ်ဖတ်ဟာ အမျိုးသား၀တ်ထားတဲ့ ၀တ်စုံရဲ့ ရင်ထိုးမှာ ကပ်ငြိနေတာကို‌ တွေ့ရတယ်။

သူတို့နှစ်ယောက်လုံး စည်ကားနေတဲ့ လူအုပ်ကြီးထဲ အေးခဲနေတဲ့ ပန်းချီစုတ်ချက် တစ်ချက်လို တိတ်ဆိတ်စွာ မတ်တပ် ရပ်နေမိတယ်။

ရှန်ရန်ချင်း သူမဆီ ပန်းစည်းကို ကမ်းပေးလာတော့မှ သူမ အသိပြန်၀င်လာတယ်။

“ပျော်ရွှင်စရာချစ်သူများနေ့ပါ”

“အာ...ဟုတ် ကျေးဇူးပါ!” နန်ကောဟာ အခုလေးတင်မှ စကား ဘယ်လိုပြောရမလဲ သင်ထားတဲ့ ကလေးတစ်ယောက်လို စိတ်လှုပ်ရှားနေတယ်။ သူမ တောင့်တောင့်ကြီး ပန်းစည်းကို ယူပြီး လက်ထဲ ပိုက်ထားတယ်။ နမော်နမဲ့နိုင်ပြီး ချစ်စရာ ကောင်းတယ်။

“ပျော်...ပျော်ရွှင်စရာ ချစ်သူများနေ့ပါ”

သူ့မျက်နှာပေါ်က အပြုံးကို မြင်တဲ့အခါ နန်ကောဟာ ရှက်ရှက်နဲ့ ခေါင်းငုံ့ချလိုက်တယ်။ “မက်စ်ကို သေချာတပ်ပါ။ ရှင်ရဲ့အလတ်ဂျစ်က အသားချင်း ထိတာကနေရော အစပျိုးတတ်လား”

“ကိုယ်အဆင်ပြေတယ် ကိုယ်ထွက်လာတုန်းက ဆေးသောက်ခဲ့တယ် ကိုယ်အဆင်ပြေလောက်ပါတယ် အခုတော့ ဘာတုံ့ပြန်မှုမှ မရှိဘူး”

“အော် ဟုတ်ပါပြီ” အရင်တစ်ခါက နန်ကောဟာ သူအရက်နဲ့ ဓာတ်မတည့်တာကိုဘဲ သိထားခဲ့ပြီး ၀တ်မှုန်နဲ့ ဓာတ်မတည့်တာကိုတော့ မသိထားခဲ့ဘူး။ အကြည့်တစ်ချက်မှာပဲ သူမရှေ့က အရပ်ရှည်ရှည်နဲ့အမျိုးသားဟာ ချက်ချင်း ယိမ်းယိုင်လာလို့ သူမမှာ သူ့ကို သေချာဂရုစိုက် ရသေးတယ်။

“ဒါဆို နောက်ဆိုရင် ပန်းတွေကို မ၀ယ်ရအောင်”

“တကယ်တော့ ကျွန်မလည်း ပန်းတွေကို သိပ်မကြိုက်ဘူး...ဒါပေါ့ ရှင် ဒီနေ့ ပေးတဲ့ဟာကတော့ အရမ်းလှတယ် အာ ဒါပေမဲ့...”

နန်ကောဟာ သူမ ဆိုလိုချင်တာကို အဖြေရှာမရဘဲ မျက်မှောင်ကြုတ်ကာ ရပ်‌နေမိတယ်။

သူမ ပြောချင်တာက နောက်ဆို သူ သူမကို ပန်းတွေ ပေးစရာမလိုဘူးလို့။ ဒါပေမဲ့ သူမ မကြိုက်ဘူးလို့ ပြောခဲ့ရင်တောင်မှ ဒီနေ့ ပေးတဲ့ပန်းတွေကို သူမ မကြိုက်ဘူးလို့ မဆိုလိုဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူမ ပန်းတွေကို မကြိုက်ဘူးဆိုတာဟာ အလိမ်အညာတစ်ခုပဲ။

“ကိုယ် နားလည်ပါတယ်။ မင်း ပန်းတွေကို မကြိုက်ပေမဲ့ ကိုယ်ပေးတဲ့ပန်းတွေကိုတော့ မင်း ကြိုက်တယ်”

“အာ ဟုတ်တယ် ဟုတ်တယ်” အဲဒါ သူမဆိုလိုချင်တာ။

သူဟာ ခေါင်းငုံ့ကာ သူမရဲ့ လက်ကို အတိအကျလှမ်းကိုင်တယ်။ “အဲဒါ ကောင်းပါတယ် အနာဂတ်မှာ ကိုယ်တစ်ယောက်တည်းကသာ မင်းကို ပန်းပေးလို့ရတဲ့လူပေါ့”

******

All Chapters