အခန်း ၇၈
Vol. 8 Ch. 78
78 01
Chapter 78 ကိုယ်အောင်ပြီလား?
“ဘာဖြစ်လို့လဲ” နန်ကောဟာ မော့ကြည့်လာပြီး သူ့မျက်လုံးတွေနဲ့ မတော်တဆဆုံမိသွားတယ်။
ရှန်ရန်ချင်းဟာ ခေါင်းခါပြီး “ကိုယ် ဒီတိုင်း ရုတ်တရက် ကိုယ့်ကံကလည်း သိပ်မဆိုးဘူးခံစားရလို့”
နန်ကောဟာ ဖြည်းဖြည်းချင်း မျက်တောင်ခတ်ကာ ဒီစာကြောင်းရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို သိပ်နားမလည်ဘူး ဖြစ်နေတယ်။
ရှန်ရန်ချင်းဟာ တစ်ခါမှ ဇောဒက မတက်ဖူးဘူး။
လူတိုင်းရဲ့ဘ၀ဟာ ဖြောင့်ဖြူးနေတယ်လို့ သူ မထင်ပါဘူး။ ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူလည်း ကံကောင်းတယ် မထင်ခဲ့ဘူး။ ကံက အရာရာကို ဆုံးဖြတ်နိုင်တယ်လို့ သူ မခံစားရဘူး။
သူ့ရဲ့ မူလမိသားစုက သယ်ဆောင်လာခဲ့တဲ့ စိတ်ဒဏ်ရာဟာ သူ့ကို နှစ်တွေ အများကြီး ထိခိုက်စေခဲ့တယ်။
စွန့်ဦးတီထွင်မှုရဲ့ စစချင်းအဆင့်မှာရောအပါအ၀င်ပေါ့။ သူ ပြဿနာတွေ အများကြီးနဲ့ ကြုံခဲ့ရတယ်။
သူဟာ ဒီနေ့သူရှိနေတဲ့ နေရာကို ဖြည်းဖြည်းချင်း တက်လာခဲ့ရတာ။
ဒါပေမဲ့ အခုတော့ သူဟာ ကံကောင်းတဲ့လူလို့ သူ တကယ်ကြီး ခံစားနေရတယ်။
အရာအားလုံးဟာ မှန်ကန်တယ်လို့ ထင်တယ်။
သူသာ အဲဒီတုန်းက မီဒီယာနဲ့ အင်တာဗျူးလုပ်ဖို့ သဘောမတူခဲ့ဘူးဆိုရင် “ရှန်ရန်ချင်း” ဆိုတဲ့ စာလုံးဟာ နန်ကောရဲ့ကမ္ဘာမှာ မရင်းနှီးတဲ့ စာလုံးတစ်လုံး ဖြစ်နေခဲ့မှာ။
ပြီးတော့ အဲဒီမိုးရွာတဲ့ညက သူသာ သူမရဲ့ ထီးကို မယူခဲ့ဘူးဆိုရင် သူမကို သူ သိခဲ့မှာ မဟုတ်ဘူး။
ဒါကြောင့်လည်း သူ့ကြည့်ရတာ ကံကောင်းပုံပါပဲ။ အဲဒါကြောင့် သူတို့နှစ်ယောက်ကြားက ကြုံဆုံမှုတွေကို သူ တစ်ခါမှ မလွဲခဲ့ဖူးတာဘဲ ဖြစ်မယ်။
_____
ညစာစားခန်းထဲမှာတော့။
စားပွဲထိုးဟာ လမ်းပြတယ်။ နန်ကောဟာ ရှန်ရန်ချင်းဘေးကနေ လက်ဆောင် သေးသေးလေးနဲ့ လျှောက်၀င်လာတယ်။
သူတို့ ၀င်လိုက်တာနဲ့ သူတို့ ရှည်လျားတဲ့စင်္ကြန်ကို တွေ့လိုက်ရတယ်။ မီးအလင်းရောင်တွေဟာ ရောယှက်နေခဲ့ပြီး ကြမ်းပြင်ပေါ် ရောင်ပြန်ဟန်နေတယ်။ အနီးကပ် သေချာကြည့်ကြည့်တဲ့အခါ အဲဒီမှာ တကယ်တော့ ဒီဇိုင်းတစ်ခု ရှိနေခဲ့တာဖြစ်တယ်။
“အိုး ငါးသေးသေးလေးတွေ!”
နန်ကောဟာ သူ့အင်္ကျီလက်ကို ဆွဲပြီး သူ့ကို ညွှန်ပြတယ်။
ရှန်ရန်ချင်း အသံကို ကြားလို့ ကြမ်းပြင်ကို ကြည့်လိုက်တဲ့အချိန် ငါးသေးသေးလေးဟာ ကူးခတ်ပြီး ပျောက်ကွယ်သွားတယ်။
“အာ...သူတို့ လွတ်သွားပြီ” နန်ကောဟာ နည်းနည်း နောင်တ ရသွားတယ်။
ရှန်ရန်ချင်းဟာ ရပ်ပြီး သူမနဲ့အတူ ထိုင်ချတယ်။ သူဟာ ပူးပေါင်းတဲ့သဘောမျိုးနဲ့ ပြောတယ်။ “ခဏလောက် စောင့်ကြည့် သူတို့ ပြန်လာလောက်မှာပေါ့”
အရှေ့က စားပွဲထိုးဟာ ထောင့်နားတောင် ရောက်နေပြီဖြစ်ပြီး သူအနောက်ကို လှည့်ကြည့်လိုက်တော့မှ ဧည့်သည်တွေ ပျောက်သွားတာကို သိလိုက်ရတယ်။
စားပွဲထိုးဟာ ခပ်မြန်မြန် ကဆုန်ပေါက်ကာ ပြန်ပြေးလာပြီး စင်္ကြန်မှာ ကုန်းထိုင်ပြီး ငါးကြည့်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။
“.....”
နောက်ဆုံးတော့ နန်ကောဟာ ငါးသေးသေးလေးကို တွေ့ပြီး စိတ်အားထက်သန်စွာနဲ့ ရှန်ရန်ချင်းကို ခေါ်လိုက်တယ်။ “ဒီမှာ ဒီမှာ!”
“ချစ်စရာလေး”
အဲဒါ အတုဆိုရင်တောင်မှ နန်ကောဟာ အရမ်းသဘောကျတယ်။ သူမဟာ ဖုန်းကို ထုတ်ပြီး ဓာတ်ပုံတောင် ရိုက်လိုက်သေးတယ်။
“ဒီစင်္ကြန်က ငါးပြတိုက်လိုပဲ” ပြင်ဆင်ထားတဲ့ အရောင်တွေရယ် ဒီဇိုင်းတွေရယ်ကြောင့် ဟုတ်ဟုတ် မဟုတ်ဟုတ်။
စားပွဲထိုးဟာ ချဉ်းကပ်လာရင်း ဒါကို ကြားသွားတယ်။ ဒီတော့ သူဟာ ဒီနေရာက ပြင်ဆင်ထားတဲ့ ဒီဇိုင်းအကြောင်း ရှင်းပြတယ်။ အဲဒါဟာ တကယ်ကိုပဲ ငါးပြတိုက်ဒီဇိုင်း ဖြစ်နေခဲ့တာ။
ရှန်ရန်ချင်းဟာ သူမ မတ်တပ်ထတာကို ကူညီပေးပြီး မေးလိုက်တယ်။ “ကိုယ်တို့ နောက်ရက်ကျ ငါးပြတိုက်ကို အတူတူသွားလို့ ရပါတယ်”
ကြည့်ရတာ သူမ အရမ်းသဘောကျမဲ့ ပုံပဲ။
“ဒါပေါ!” နန်ကောဟာ ငါးပြတိုက်ကို တစ်ခါသွားဖူးတဲ့ အကြောင်း မှတ်မိသွားတယ်။
အဲဒါဟာ ဂျူနီယာအထက်တန်းတုန်းက တစ်ယောက်ယောက်က ယွီကို လက်မှတ်တွေ အလကား ပေးခဲ့တာထင်တာပဲ။ အဲဒီတုန်းက သူတို့ အတူတူ သွားခဲ့ကြတယ်။
ဒါပေမဲ့ အဲဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး သူမမှာ စွဲစွဲလန်းလန်းရယ်လို့တော့ မရှိဘူး။
_____
မီနူးကို ဖတ်ပြီးတဲ့အခါ နန်ကောဟာ ဒီတိုင်းပဲ စိတ်၀င်စားစရာ ကောင်းတဲ့ ဟင်းပွဲအနည်းငယ်ကိုသာ မှာချလိုက်တယ်။
ဒီနေ့အပြင်အဆင်ဟာ ချစ်သူများနေ့လေ။ ဒီတော့ မီနူးကလည်း ပြောင်းသွားတာပေါ့။ ဟင်းပွဲတွေ ကြည့်ရတာ အတော်လေး ဖန်တီး တီထွင်ထားသလိုပဲ။
သူတို့နှစ်ယောက်ဟာ မသောက်တဲ့ အတွက်ကြောင့် အခြားစားပွဲတွေပေါ်က ယိမ်းနွဲ့နေတဲ့ အနီရောင်ဝိုင်တွေ ထက်စာရင် သူတို့ဘက်က ပိုပြီး တည်တည်ငြိမ်ငြိမ် ရှိတယ်။
78 02
တစ်ယောက်မှ သူမကို နှောင့်ယှက် မနေဘူးဆိုတာကို မြင်ရတဲ့အခါ နန်ကောဟာ လက်ကို သုတ်ပြီး အိတ်ထဲကနေ လက်ဆောင်ကို ထုတ်ဖို့ အခွင့်ကောင်းယူကာ လှမ်းပေးလိုက်တယ်။
“ဒါ ရှင့်အတွက်”
သူမ အိတ်တစ်အိတ်ကို သယ်ထားမှန်း ရှန်ရန်ချင်း သတိထားမိပေမဲ့ အထဲမှာ လက်ဆောင်ရှိ နေလိမ့်မယ်လို့တော့ သူမထင်ထားခဲ့ဘူး။
သူဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး လက်နှစ်ဖက်လုံးနဲ့ ယူလိုက်တယ်။
“ဒါ...ကိုယ့်အတွက် လက်ဆောင်လား” သူ တကယ်ကြီး ဒါကို မမျှော်လင့်ထားဘူး။
နန်ကောဟာ ခေါင်းကို လေးလံစွာ ညိတ်တယ်။ “ဖွင့်ကြည့်ပြီး ကြိုက်မကြိုက် ကြည့်ကြည့်”
“ကျွန်မက ဒါတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း မသိဘူးလေ။ ကျွန်မသူငယ်ချင်း ကူရွေးပေးတာ ရှင်ဟိုတစ်ခါက တွေ့လိုက်တဲ့ တစ်ယောက်လေ”
“ကိုယ် သူ့ကို မှတ်မိတယ်”
အဲဒီတုန်းက နန်ကောဟာ ကောင်လေးကို ယွီဆိုပြီး မိတ်ဆက်ပေးတယ်။ သူ့ရဲ့မျိုးရိုးနာမည်က ယွီမလို့ သူ့ရဲ့ နာမည်ပြောင်ဟာလည်း ယွီဖြစ်နေခဲ့တယ်။
နန်ကောရဲ့ မျှော်လင့်တကြီးနဲ့ အကြည့်အောက်မှာ ရှန်ရန်ချင်းဟာ အပေါ်က အနက်ရောင်ဖဲကြိုးကို ဖြည်းဖြည်းချင်း ဖြည်လိုက်တယ်။
နန်ကောဟာ လည်ကို အရှေ့တိုးလာပြီး သူ့ကို သေချာကြည့်တယ်။ သူ့မျက်နှာပေါ်က မျက်နှာအမူအရာ ပိစိလေးတောင်မှ လက်လွတ် မခံချင်တဲ့အတိုင်း။
ဒါဟာ သူမ ဒုတိယအကြိမ် ရှန်ရန်ချင်းကို လက်ဆောင်ပေးတာ ဖြစ်တယ်။
ပထမတစ်ကြိမ်က လည်စည်းလေး ဖြစ်ပြီး သူမ အဲဒါကို အရမ်းကြီး လေးလေးနက်နက် မရွေးခဲ့ဘူး။ အရောင်း၀န်ထမ်းဆီက အကြံပေးခံခဲ့ရတာ။
ဒီတစ်ကြိမ်ကတော့ ယွီက သူမကို ကူခဲ့တယ်ဆိုပေမဲ့လည်း သူမ သူ့ကို တကယ်ကြီး လက်ဆောင် ပေးချင်ခဲ့တာ။
ဘူးပွင့်သွားတဲ့အခါ ရှန်ရန်ချင်းဟာ အထဲက အပြာရင့်ရောင် လက်ကြယ်သီးတစ်စုံကို ကြည့်ပြီး အတွေးနက်နက်ထဲ ရောက်သွားတယ်။
တိုက်ဆိုင်စွာပဲ သူဟာ ဒီလက်ကြယ်သီးအစုံကို လွန်ခဲ့တဲ့တစ်လက မြင်ဖူးတယ်။
အားလပ်ရက် မတိုင်ခင်ကပေါ့။ သာမန်စကားဝိုင်းထဲမှာပဲ လက်ထောက်ယွမ်ဟာ လက်ကြယ်သီးတွေကို ရွေးနေခဲ့ပြီး ဘယ်လိုနေလဲလို့ သူ့ကို မေးခဲ့တယ်။
သူ မှတ်မိတာသာ မှန်မယ်ဆိုရင် ပုံထဲမှာ ဖော်ပြထားတဲ့ ဈေးနှုန်းဟာ...ဒေါ်လာ၉၀၀၀ကျော်?
ဟူး။
ဒလီပို့တာအတွက် နန်ကောရဲ့ တစ်လစာက ဘယ်လောက်ပါလိမ့်။
ပိုဆိုးတာက အားလပ်ရက်စကတည်းက သူမ သိပ်ပြီး ဒလီ မပို့ရသလိုပဲ။
လက်ဆောင်ကို ရတော့ သူ အံ့ဩတာမျိုး ဒါမှမဟုတ် ပျော်နေတာမျိုးကို မမြင်ရတဲ့အခါ နန်ကောရဲ့ မျက်နှာပေါ်က အပြုံးလေးဟာ တဖြည်းဖြည်း ပျောက်ကွယ် သွားတယ်။
သူ မကြိုက်ဘူးလား?
အဲဒါက မဖြစ်သင့်ပါဘူး။
သူမနဲ့ ယွီဟာ အကြာကြီးရပ်ပြီး ဒီမော်ဒယ်ဟာ အကောင်းဆုံးရွေးချယ်မှုဆိုတာ သူတို့နှစ်ယောက်လုံး ၁၀၀ရာခိုင်နှုန်း ယုံကြည်တယ်။
ပြီးတော့ ဈေးက ကြီးကြီးမကြီးကြီး။ အဲဒါကို လက်ဆောင်အနေနဲ့ ပေးဖို့ သူမအတွက် လက်ခံနိုင်စရာရှိတယ်။
ဒီတော့ ဘာမှားသွားတာလဲ။နန်ကောဟာ ကြောင်သွားတယ်။
တုံ့တုံ့ဆိုင်းဆိုင်းနဲ့ပဲ သူမက မေးလိုက်တယ်။ “မလှလို့လား”
ရှန်ရန်ချင်းဟာ မော့ကြည့်ပြီး အသိပြန်၀င်လာတယ်။
သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းတွေဟာ အနည်းငယ် ဟသွားတယ်။ “မဟုတ်ဘူး အရမ်းလှတယ်။ ကိုယ် ဒါကို အရမ်းကြိုက်တယ်”
နန်ကောဟာ ခေါင်းကုတ်ပြီး တိုးတိုးလေး ပြောတယ်။ “ဟမ်? ရှင့်ရဲ့အမူအရာကို ကြည့်တာတော့ ရှင်ကြိုက်တဲ့ပုံမပေါ်ပါဘူး...”
“ကိုယ် တောင်းပန်ပါတယ်”
ရှန်ရန်ချင်းဟာ အလျင်အမြန် တောင်းပန်တယ်။ “ကိုယ်က ဒါက နည်းနည်း ဈေးကြီးတယ်လို့ တွေးမိလို့ပါ”
သူ့ရဲ့ ရှင်းပြချက်ကို ကြားပြီးတဲ့နောက် နန်ကောဟာ ရယ်တယ်။
“မကြီးပါဘူးနော်”
“ဒါက ကျွန်မ ရှင့်ကို ပထမဆုံးအကြိမ် တရား၀င်လက်ဆောင်ပေးတာလေ သေချာပေါက် အရမ်းဈေးပေါနေလို့ မရဘူးပေါ့။ ပြီးတော့ ဒီဟာက ရှင်နဲ့လည်း လိုက်တယ်”
ရှန်ရန်ချင်းဟာ ချက်ချင်း အပြစ်ရှိသလို ခံစားသွားရတယ်။
“ကိုယ်...ဘာမှ မပြင်ဆင်လာခဲ့ဘူး”
သူဟာ နည်းနည်း ဂရုစိုက်တတ်တယ်လို့ သူ ထင်ခဲ့တာ။ ဒါပေမဲ့ သူ လှည့်ကြည့်လိုက်တော့ အဲဒါက အဓိက မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။
သူဟာ ဒီလောက်အရေးကြီးတဲ့ကိစ္စကို မတွေးမိလိုက်ဘူး။
သူလည်း လက်ဆောင် ပြင်ခဲ့သင့်တာကို။
သူဟာ ဒေါသထွက်ပြီး မျက်မှောင် ကြုတ်လိုက်မိတယ်။ အချိန်တစ်ခုလောက်အထိတော့ သူ့ခံစားချက်ဟာ အပြစ်ရှိစိတ် ခံစားနေရတာပဲ။
“ဘယ်သူပြောလဲ” နန်ကောဟာ ပတ်၀န်းကျင်ကို လက်ညှိုးထိုးပြပြီး “ရှင် ပန်းတွေနဲ့ စားသောက်ဆိုင်ကို ပြင်ဆင်ခဲ့တာမဟုတ်ဘူးလား”
78 03
“ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မတို့နှစ်ယောက် တကယ်ကြီး ဒီနေ့ လမ်းဘေးဆိုင်မှာ ထိုင်စားနေရတော့မှာ”
“ကျွန်မသာ ဒီဂါ၀န်ကြီးနဲ့ သွားလိုက်လို့ကတော့ ကျွန်မကို ဆိုက်ကိုဆိုပြီး အဖမ်းခံရလောက်တယ်!”
အဲဒါကို ပြောပြီးနောက် သူမဟာ ရင်ဘတ်ကို ပုတ်ပြီး နည်းနည်း ၀မ်းသာသွားတယ်။
လိမ္မာပါးနပ်တဲ့ စကားအနည်းငယ်လောက်နဲ့ သူမဟာ အလွယ်တကူပဲ လေထုကို ရှင်းလိုက်နိုင်တယ်။
ရှန်ရန်ချင်းဟာ သူမကြောင့် ပျော်ရွှင်သွားတယ်။ သူဟာ သူ့ရဲ့လက်ကြယ်သီးတွေကို ဂရုတစိုက် ဘေးကို ရွှေ့လိုက်ပြီး “ကျေးဇူးပါ။ ကိုယ် တကယ်ကြိုက်တယ်”
“ကြိုယ်တယ်ဆိုလို့ ကောင်းပါတယ်” သူ ပြုံးနေတာကို မြင်တော့ နန်ကောဟာလည်း လိုက်ပြုံးမိတယ်။
ဟင်းပွဲတွေဟာ တစ်ခုပြီးတစ်ခု ရောက်လာတယ်။ နန်ကောဟာ ချီးမွမ်းမှုအပြည့်နဲ့။
ဒီက လေထုဟာ တကယ်ကို ကောင်းတယ်။ ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး ဟိုက်မြို့ရဲ့ညရှုခင်းကို ကောင်းကောင်းငုံ့ကြည့်လို့ရတယ်။
သူမ စားလို့ပြီးခါနီးတော့ ရှန်ရန်ချင်းဟာ ပြီးပြည့်စုံတဲ့ပြတင်းပေါက်ကို ရှာပြီး သူ့ကျောကို မတ်လိုက်တယ်။
“နန်ကော”
“ဟမ်” နန်ကောဟာ ခက်ရင်းကို ချပြီး သူ့ကို ကြည့်တယ်။
“ကိုယ်ပြောချင်တာက ကိုယ်တို့ အချင်းချင်းသိလာတာလည်း ကြာပြီဆိုတော့ မင်း ကိုယ့်အကြောင်း နည်းနည်းလေး ဖြစ်ဖြစ် သိထားသင့်တယ်”
“မင်းရဲ့နှလုံးသားထဲမှာ မင်းရဲ့ အနာဂတ်ကောင်လေးအတွက် အဖြေစာရွက်လေး ရှိနေမယ်ဆိုရင် ကိုယ် အခုဖြတ်လို့ရပြီလား”
******